Tuesday, April 7, 2009

မိုးတိမ်ဒိုင်ယာရီ

ဆိုင်သူကိုယ်စီ ရှိကြတဲ့
မင်းနဲ့ငါ့ကြားက သံယောဇဉ်၊
မကွယ်မ၀ှက်တမ်း
ရင်ဖွင့်မိကြတော့
ကောင်းကင်တခု ဖြစ်သွား။
အဲဒိကောင်းကင်မှာ
တိမ်တွေကို ဆေးခြယ်
တမ်းတခြင်းတေးတွေကိုသီကုံး
အပြန်အလှန် ဖေးကူထူမကြ၊ နှစ်သိမ့်အားပေးကြ
တယောက်ကိုတယောက် လိုအပ်ကြ။
ဗြုန်းဆို
စောင့်စည်းအပ်တဲ့
သစ္စာတရားမြေပြင်ကို သတိရတော့
မစွန့်လွှတ်နိုင်ခြင်းမိုးတိမ်တွေ
ပြိုလဲအိကျလာ..
ခုတော့ကွယ်..

မေတ္တာဖြင့် - မိုးကုတ်သား

2 comments:

Unknown said...

ဆိုင်သူကိုယ်စီ သံယောဇဉ်တွေနဲ့လားနယ် စည်သူလွင်သီချင်းလေးတောင်သတိရသွားတယ် :)
အဆင်ပြေပါစေ နယ်ရေ ကောင်းသောနေ့ :)

Lucifer said...

ဒီကဗျာဖတ်ရတာ စိတ်မကောင်းလိုက်တာ .. ရင်နင့်စရာ..