မနေ့ နေ့လည် 20th, December 2009, 12:30 (Sg Time) မှာ ခရီးကနေ ပြန်ရောက်လာပါပြီ။
ခရီးစဉ်တစ်လျှောက်မှာ အင်တာနက် သုံးဖို့ အဆင်မပြေတဲ့အတွက် အားလုံးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာလဲ ကြာပါပြီ။
သုခရိပ်မြုံ ဂေဟာ အတွက် ထပ်ပြီး လှူဒါန်းထားကြတဲ့ အလှူရှင်တွေရဲ့ စာရင်းကိုလဲ Update လုပ်ပေးပါ့မယ်။
ခရီးစဉ် အသေးစိတ်ကိုတော့ ဖိုးစိန်က ဓာတ်ပုံနှင့်တကွ တ၀ကြီး ကြွားလုံး ထုတ်မယ် ကြိမ်းဝါးထားတဲ့အတွက် ကျနော်လည်း အားကျမခံ ကျွန်တော့် အလွဲတွေ ကြွားလုံးထုတ်ရမလား စဉ်းစားနေပါတယ်။ :-P
ခု လောလောဆယ်တော့ ခရီးစဉ်နဲ့ ပါတ်သက်တာတွေ ဖတ်ချင် ကြည့်ချင်ကြသော မိတ်တွေတွေအတွက် ပုံလေး တစ်ချို့ကို နမူနာပဲ ပြထားပါအုံးမယ်။ ဒီလ မကုန်ခင် အိမ်ပြောင်းဖို့ ကိစ္စနဲ့ အလုပ် ရှုပ်နေအုံးမှာ ဖြစ်တဲ့အတွက်...ခရီးစဉ် ပို့စ်တွေက... မကြာမှီ လာမည်........ မျှော်........ ပေါ့ဗျာ....။
(မျှော်နေတဲ့သူတွေ တစ်ယောက်မှာ မရှိတာ သိလည်း ဓာတ်ကူးပြီး ခပ်တည်တည် ကြွားလုံး ထုတ်ထားအုံးမှ)
Phuket
Ayutthaya
Phuket မှာ လေးရက်လေးည၊ ဘတ်စ်ကားပေါ်မှာ တစ်ည၊ Ayutthaya မှာ တစ်ရက်ခွဲနဲ့ တစ်ည၊ Pattaya မှာ နှစ်ည နေလိုက်ထာ.. Bangkok မှာ နေ့တစ်ပိုင်းနဲ့ တစ်ညပဲ နေခဲ့ရတဲ့အတွက် ဘယ်မှ သိပ်မရောက်လိုက်ရပါဘူး။
ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးတွေအကြောင်း ဆက်ကြွားဖို့.. အဲ..... ပြန်မျှဝေပေးဖို့ ဖိုးစိန် တာဝန်ယူထားပါတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရထားပါတယ်။ အားပေးကြပါခင်ဗျားးး...။ ။
ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးတွေအကြောင်း ဆက်ကြွားဖို့.. အဲ..... ပြန်မျှဝေပေးဖို့ ဖိုးစိန် တာဝန်ယူထားပါတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရထားပါတယ်။ အားပေးကြပါခင်ဗျားးး...။ ။
မေတ္တာဖြင့်
မိုးကုတ်သား