Showing posts with label သီချင်း ခံစားမှု. Show all posts
Showing posts with label သီချင်း ခံစားမှု. Show all posts

Friday, March 5, 2010

Insomnia (by Craig David)




အိပ်မရတဲ့ရောဂါ



အိပ်မရတဲ့ညတွေက လူတစ်ယောက်ကို ဘယ်လောက်ထိ နှိပ်စက်နိုင်လေသလဲ....
တွေဝေထိုင်းမှိုင်းသွားစေသလား....
နာမကျန်း ဖြစ်စေနိုင်သလား...
တမြေ့မြေ့နဲ့ သေဆုံးသွားစေတဲ့ထိ ဖြစ်စေနိုင်သလား.....
အိပ်မရတဲ့ရောဂါက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တာကိုတော့ ကိုယ်တိုင် ကြုံခဲ့လိုက်ရပြီ...။

အတွေးစတွေ နှိပ်စက်လွန်းလှလို့ နာကျင်ထုံခဲမှုတွေကို ရင်ဘတ်တစ်ခုလုံးနဲ့ မဆန့်အောင် ကြိတ်ချေရင်းက သွေးကြောမျှင်တွေ ပေါက်ပြတ်ထွက်မတတ် စူးစူးရှအောင် နာကျင် လို့....။
အိပ်ယာထက်မှာ ခွေခေါက်ရင်း..ကျွန်တော့်လက်တွေက ဘယ်သူမှ မရှိတဲ့ နံဘေးကို မကြာခဏ သွားရောက်ထိတွေ့လို့။ လေဟာနယ်တစ်ခုသာ ဖမ်းဆုပ်မိတိုင်း ဟောဒီရင်ဘတ်က ဟာခနဲ အာကသထဲ လွင့်ကျသွားပြန်ရော...။

အချစ်မှာ ဒီလောက် နစ်ကျွံသွားခဲ့မိတဲ့သူဟာ ကျွန်တော်ကိုယ်တိုင်ပဲတဲ့လားးး။
“ကိုယ် ဘယ်တုန်းကမှ မချစ်တတ်ခဲ့ဘူး” လို့ အရင်က လက်ခမောင်းခတ်ခဲ့တာ ကျွန်တော်မှ ဟုတ်လေရဲ့လား။
“မချစ်တတ်တဲ့သူ” လို့တောင် ကျွန်တော့်ကိုယ်ကျွန်တော်တင်မက..သူမကရော.... တစ်ချိန်လုံး ထင်နေခဲ့တာလေ....။
ရိုးရှင်းတဲ့ ငြိတွယ်မှုတစ်ခုကနေ သံယောဇဉ်ကြိုးတစ်မျှင်က တစ်စတစ်စ ခိုင်မာလာခဲ့တာ...
နောက်တော့ ကျွန်တော့်ဘဝထဲကို ကောင်မလေးက တစ်စတစ်စ ဝင်ရောက်လို့လာခဲ့တာ...
ကောင်မလေးရောက်လာမှ “ကျွန်တော်” ဆိုတဲ့ တစ်ယောက်တည်းဘဝကနေ “ကျွန်တော်တို့” ဆိုတဲ့ နှစ်ယောက်ဘဝကို ရင်ခုန်ကြည်မွေ့တတ်လာခဲ့တာ...
အိုးးး... ညပေါင်းများစွာမှာ အနာဂါတ်အတွက် အိပ်မက်တွေတောင် တူတူမက်ကြလို့ပေါ့.....။

“တော်လောက်ပါပြီ၊ လုံလောက်ပါပြီ”
အဲဒီလိုနဲ့ ကျွန်တော့် အိမ်လေးထဲက သူမ ရုတ်တရက်.. ထွက်ခွာသွားပြီးကတည်းက ဒီ အိပ်မရတဲ့ရောဂါဆိုးဟာ ကျွန်တော့်ဆီ ရောက်လာခဲ့တော့တာပဲ...
နောက်ပြီး ကျွန်တော့်ဘဝတစ်ခုလုံး ကသောင်းကနင်းနဲ့ လှုပ်ခတ်ပြီး ကျန်နေရစ်ခဲ့ရပုံများ.......
တကယ် မျှော်လင့်မထားခဲ့ပါဘူး။

အခုတော့ ကျွန်တော့်ဘေးမှာ သူမ ရှိမနေရင် အိပ်မပျော်တော့ဘူး...
သူမနေရာမှာ လပ်ဟာနေတိုင်း ကျွန်တော့အာရုံတွေဟာ အိပ်စက်ခြင်းကို သူမနဲ့အတူရောက်လာမလား စောင့်မျှော်နေမိတယ်...။
အရင်လို ကျွန်တော့် အိမ်ကလေး၊ ကျွန်တော့် အိပ်ခန်းလေးဟာ သူမရဲ့အငွေ့အသက်တွေနဲ့ ဘယ်တော့များမှ လွှမ်းခြုံမွှေးပျံ့တော့မှာလဲကွယ်.....။
အခုတော့ အရာအားလုံးဟာ ဆိတ်ငြိမ်စွာနဲ့ တစ်စတစ်စ သေဆုံးနေကြသလို....

“ပြန်လာခဲ့ပါ ကောင်မလေးရယ်...”
အခန်းလေးထဲမှာ တိတ်တဆိတ်ငေးငိုင်နေရင်းက အရာအားလုံး ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲလို့ ကိုယ့်ဘာသာ ယူကျုံးမရဖြစ်ရင်း...
အတိတ်တွေကို ပြန်သွားပြီး အမှားတွေပြင်လို့ရတဲ့အခါ အရာရာကို အသစ်က ပြန်စဖို့သာ တဖွဖွ တမ်းတကြေကွဲရင်း..
အိပ်မရတဲ့ရောဂါဟာ ကျွမ်းရင့်လောင်မြိုက်လို့ လာတယ်။

ကောင်မလေးရေ.. မင်းကို လွမ်းတာ အချစ်ကြောင့်တော့ မဟုတ်ပါဘူး။ သံယောဇဉ်ကြောင့်ပါကွာ...
အဲဒီလို ကိုယ့်ကိုကိုယ်.. လှည့်ဖျားရင်းကလည်း... ကျွန်တော်ဟာ တစ်စတစ်စ ရူးသွပ်လာခဲ့တယ်..။
ဟုတ်တယ်...
အိပ်မရတဲ့ညတွေကြောင့် ကျွန်တော် ရူးသွပ်သွားခဲ့ပြီ...။
အဲဒီလို ရူးသွပ်ခဲ့လို့လဲ ကျွန်တော်က ကောင်မလေးကို ခုလောက်ထိ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့တာပေါ့။
အခုတော့ ကျွန်တော်ဟာ သူမဆီမှာ ကျရှုံးသွားခဲ့ပါပြီ...
သူမဟာ ကျွန်တော့်ဘဝရဲ့ အရာရာတိုင်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက် နေရာယူထားခဲ့ပါပြီ...
အိပ်မရခြင်းများစွာနဲ့ ကျွန်တော် ရူးသွပ်ခဲ့ရတာဟာ “အချစ်” ကြောင့်လို့ ကျွန်တော် သိခဲ့လိုက်ရပါပြီ...

“ပြန်လာခဲ့ပါ ကောင်မလေးရယ်”
နှလုံးအိမ် ကွဲထွက်သွားအောင် ရင်ထဲမှာ ပဲ့တင်သံ အထပ်ထပ်မြည်အောင် အသံတိတ် ရူးသွပ်စွာ... ပေါက်ကွဲနေရင်းက...

အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ဘဝကို တစ်ဖဲ့စီ ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ဘဝကို ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ကို ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ......

((((((((((((((အားးးးးးးးးးးးးးးးးးးးးး))))))))))))))))







Insomnia

Craig David



I never thought that I'd fall in love, love, love, love
But it grew from a simple crush, crush, crush, crush
Being without you girl, I was all messed up, up, up, up
When you walked out, said that you'd had enough-nough-nough-nough

Been a fool, girl I know
Didn't expect this is how things would go
Maybe in time, you'll change your mind
Now looking back i wish i could rewind

Because i can't sleep til you're next to me
No i can't live without you no more
Oh i stay up til you're next to me
Til this house feels like it did before
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah

Remember telling my boys that I'd never fall in love, love, love, love
You used to think I'd never find a girl I could trust, trust, trust, trust
And then you walked into my life and it was all about us, us, us, us
But now I'm sitting here thinking I messed the whole thing up, up, up, up

Been a fool (fool), girl I know (know)
Didn't expect this is how things would go
Maybe in time (time), you'll change your mind (mind)
Now looking back i wish i could rewind

Because i can't sleep til you're next to me
No i can't live without you no more (without you no more)
Oh i stay up til you're next to me (to me)
Til this house feels like it did before (Because it)
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah (Ah), Feels like insomnia ah ah

Ah, i just can't go to sleep
Cause it feels like I've fallen for you
It's getting way too deep
And i know that it's love because

I can't sleep til you're next to me
No i can't live without you no more (without you no more)
Oh i stay up til you're next to me (to me)
Til this house feels like it did before
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah

Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah




(သီချင်းလေးထဲက စာသားတွေကို ပြန်ဆွဲထုတ်ခံစားပြီး ရေးထားတာပါ။ ဒီသီချင်းလေးကို နားထောင်မိပြီး... အိပ်မရတဲ့ မိတ်ဆွေများအတွက် တင်လိုက်ပါတယ်....)

မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, December 22, 2009

When You Love Someone

တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ.... အရာရာကို လုပ်မိသွားလိမ့်မယ်။
ရှင်းပြမရနိုင်တဲ့ ရူးသွပ်ခြင်းတွေနဲ့ အဲတာတွေကို မင်း လုပ်မိမယ်။
လမင်းကိုပဲ ပစ်မလား၊ နေမင်းကိုပဲ ဆွဲထုတ်ပစ်လိုက်ရမလားး
တစ်ယောက်ယောက်ကို မင်း ချစ်မိသွားတဲ့ အခါမှာပေါ့.....။

အမှန်တရားတွေကို မေ့ပြစ်လိုက်ပီး.. လိမ်ညာမှုတွေထဲ ယုံကြည်နစ်ကျွံ
မင်းကိုယ်မင်း ပျံသန်းနိုင်တယ်လို့ ယုံကြည်မိတဲ့အချိန်တွေလဲ ရှိခဲ့အုံးမယ်
ဒါပေမဲ့.. မင်းရဲ့ အထီးကျန်ညတွေကတော့ စတင်ခဲ့ပြီပေါ့
တစ်ယောက်ယောက်ကို မင်း ချစ်မိသွားတဲ့ အချိန်ကနေလေ...။

တစ်ယောက်ယောက်ကို မင်း ချစ်မိသွားတဲ့ အခါ.. ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ခံစားလာရ
ဘယ်အရာတွေကမှ မင်းရဲ့စိတ်ကိုပြောင်းလဲ မပြစ်နိုင်တော့ပါ
မင်းတစ်စုံတစ်ယောက်ကို လိုချင်တဲ့အခါ...မင်းတစ်စုံတစ်ယောက်ကို လိုအပ်တဲ့အခါ...
မင်းတစ်စုံတစ်ယောက်ကို လိုအပ်တဲ့အခါမှာ......

တစ်ယောက်ယောက်ကို မင်း ချစ်မိသွားတဲ့ အခါ.. အရာရာကို မင်းစွန့်လွှတ်နိုင်လိမ့်မယ်...
မင်းမှာ ရှိသမျှ အရာရာကို နှစ်ခါပြန်မစဉ်းစားတော့ပဲ ပေးပစ်လိုက်ဖို့ ၀န်မလေးတော့ဘူး...
ဘာတွေပဲ ဖြစ်လာခဲ့ ဖြစ်လာခဲ့ မင်း... စွန့်လွှတ်စွန့်စားပစ်ဖို့ အဆင်သင့် ရှိနေခဲ့ပြီ။

တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ....
လမင်းကိုပဲ ပစ်မလား.... နေမင်းကိုပဲ ဆွဲထုတ်ပစ်လိုက်မလားး.....
တစ်ယောက်ယောက်ကို မင်း ချစ်မိသွားတဲ့ အခါမှာပေါ့.....။




When You Love Someone

(Bryan Adams)



When you love someone - you'll do anything
you'll do all the crazy things that you can't explain
you'll shoot the moon - put out the sun
when you love someone

you'll deny the truth - believe a lie
there'll be times that you'll believe you can really fly
but your lonely nights - have just begun
when you love someone

when you love someone - you'll feel it deep inside
and nothin else can ever change your mind
when you want someone - when you need someone
when you need someone...

when you love someone - you'll sacrifice
you'd give it everything you got and you won't think twice
you'd risk it all - no matter what may come
when you love someone
you'll shoot the moon - put out the sun
when you love someone


မိတ်ဆွေတို့ နားဆင်ဖို့

ခင်မင်လျှက်

မိုးကုတ်သား