Tuesday, September 29, 2009

အန္တာတိက



အန္တာတိက ဆိုတာ အပူချိန် သုည ဒီဂရီအောက်မှာ အမြဲ လိုလို ရှိနေတတ်ပြီး ကမ္ဘာမြေရဲ့ အအေးမြဆုံးအခြမ်းပေါ့။







ကမ္ဘာမြေမှာ ရှိတဲ့ ရေခဲပြင်ထုရဲ့ ကိုးဆယ်ရာနှုံးဟာ အန္တာတိကပါ။


















ကမ္ဘာမြေရဲ့ သန့်ရှင်းတဲ့ ရေသန့်အရင်းအမြစ်အတွက် အဓိကကျတဲ့ ဒေသ တစ်ခုပေါ့။








အန္တာတိကရဲ့ ကိုးဆယ့်ကိုးရာနှုံးဟာ ရေခဲပြင်နဲ့ ရေခဲတောင်တွေ ဖုံးလွှမ်းလို့။









တစ်ချို့ ရေခဲပြင်ထုတွေဟာ မီတာ နှစ်ထောင့်ငါးရာထိ ထူထပ်နေတတ်သလိုတစ်ချို့နေရာတွေဆို မီတာ လေးတောင့်ခုနှစ်ရာကျော် ထူထပ်သိပ်သည်းစွာ ရှိနေတတ်ကြတယ်။
















ဒီရေခဲပြင်တွေသာ အရည်ပျော်ကျလာရင် ကမ္ဘာမြေရဲ့ ပင်လယ် ရေမျက်နှာပြင်ဟာ လက်ရှိထက် မီတာ ခုနှစ်ဆယ်ထိ ပိုမို မြင့်တက်လာနိုင်ပါတယ်တဲ့။














အခုလို မြန်နှုံးမြင့်မြင့်နဲ့ ဒီရေခဲပြင်ထုတွေ အရည်ပျော် ကျနေတဲ့ အခါ ဒီလို လှပတဲ့ သဘာဝ အလှတရားတွေ ဆိတ်သုဉ်းရုံသာမက.......






(အီးမေးလ်က ရတဲ့ ပုံလေးတစ်ချို့ကို ခံစားမျှဝေခြင်း သက်သက်မျှသာရယ်ပါ။ ဆားချက်ထားတာ သွေးတော့ မတိုးလောက်ဘူး ထင်ပါရဲ့။)






မေတ္တာဖြင့်
မိုးကုတ်သား

Sunday, September 27, 2009

ပန်းကဗျာ

ကျွန်တော် ရိုက်ထားတဲ့ ပန်းပုံလေးတစ်ချို့ကို အမ အိန္ဒြာ က ကဗျာလေးတွေ ရေးထားပေးခြင်း ဖြစ်ပါတယ်။


ကြော်ငြာ


အဲသလို
ရေနဲ့မိုးနဲ့ ခမ်းခြောက်နေခဲ့ရ
တစ်ပွင့်တည်းပဲ..
ဒါပေမယ့်...
"ကြာ"..ပြီ..။








မြက်ပန်း

မျှော်လင့်ချက်လည်တိုင်ကိုဆန့်လို့

တိမ်တွေကိုမော်ဖူးနေပုံက အိပ်မက်ဆန်နေမယ်

မြေစာမြက်သာသာရယ်ပါ..

ဒါပေမယ့်

ပွင့်တတ် ဝေတတ်ခဲ့...









ပန်းပါးပျဉ်း


ပန်းတစ်ပွင့်ပါပဲ..
ပါးပျဉ်းနဲ့ အဆိပ်နဲ့
သူ့အကြည့်သေးသေးလေးထဲမှာ
အ၀ါတွေ
မီးလျှံလို လောင်ငြီးလင်းပလို့...။










အဖြူကြွေ

တိတ်တိတ်ကလေး

ကြွေကျပေးထားတာပဲ..ကောင်းပါတယ်

ငါ့ အားနည်းချက်ကို..က

အဖြူရောင်လေ..

ငါ့ခမျာ..

စွန်းလွယ်..ပေလွယ်..
ထိခိုက်လွယ်လွန်း..ခဲ့.။




စက္ကူလွှာ

ဟင့်အင်း

စက္ကူမဟုတ်ပါဘူး

ဟောဒီ့ရိုးတံတစ်လျှောက်မှာသာ..

အငုံ့စိတ်တွေ..စိမ်းမြနေခဲ့တာ







ပွင့်အနီ

ဒီကနေ့
ပတ္တမြားရည်မိုးတွေများ
ရွာသွန်းဖြိုးခဲ့သေးလို့လား
ပွင့်လွှာမှာ..
အနီတွေ

စီးကျမလို

စိုလက်လို့








စိန်ပန်းပြာ

အဖေါ်အသင်းနဲ့မို့

ကြွေကျဖို့ဆိုလည်း ပွင့်ရဲတယ်

အတူတကွ.

ခုန်ချလိုက်ကြတဲ့ လောကဓံပလက်ဖေါင်းပေါ်မှာ..

ဘ၀တွေ ပြာနှမ်းနေအောင်လှပနေကြပေါ့..။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, September 17, 2009

သုံးဆယ့်တစ်ဘုံ အလွမ်း


သုံးဆယ့်တစ်ဘုံ အလွမ်း


နွေ၊မိုး၊ ဆောင်းတွေနဲ့ ဝေးနေခဲ့တာ
အချိန်အတော်ကြာခဲ့ပြီ။
တစ်ရာသီမှာမှ တစ်ခါတောင် မပွင့်ဝေနိုင်ခဲ့
အဲ့ဒီ အိမ်မက်ဖူးတွေက စိုစွတ်လှုပ်ခါလို့။

အိပ်တန်းပြန်ငှက်တွေကို စီးနင်းပျံသန်း
အိမ်အပြန်လမ်းတွေ ငေးရီနေခဲ့ရတာ
ရာသီစာ သုံးခု ကျော်ခဲ့ပြီ။

ငါ့ အိမ်အပြန်လမ်းတွေက မခက်ခဲလှပေမဲ့
ဒုတိယ နတ်ဘုရားကျိန်စာသင့်နေခဲ့လေတော့
သုံးဆယ့်တစ်ဘုံမှာ

စိတ်တွေသာ ခြေရာကျန်ရစ်...

အော်...

........

စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။

**************

မေတ္တာဖြင့်
မိုးကုတ်သား

Sunday, September 13, 2009

မက်မက်မွေးနေ့အတွက် မုန့်ဟင်းခါး

September 13th, Sunday မှာ ကျရောက်မဲ့ ဖွားမေ့ (ခေါ်) တီဒွင်းခေါ် မက်မက် မွေးနေ့အတွက် မုန့်ဟင်းခါးနဲ့ မွေးနေ့ဧည့်ခံလိုက်ပါတယ်။ မိတ်ဆွေတို့အားလုံး ကြိုက်သလောက် စားသွားကြပါခင်ဗျား။
ကျွန်တော်ကတော့ ဖွားမေ့ ကျွေးမဲ့ ကြက်သားအာလူးပလာတာကို မကြာခင်မှာ သွားစားပါတော့မယ်။ မလိုက်နိုင်၊ မလာနိုင်တဲ့ သယ်ရင်းတွေအတွက်ပါ ပိုစား၊ ပိုပျော်ခဲ့ပါမယ်။


မုန့်ဟင်းခါး


မုန့်ဖတ်




ကြက်ဥ နဲ့ ပဲကြော်



ငါးဖယ်




ပဲသီး၊ နံနံပင်၊ ကြက်သွန်မိတ်၊ သံပုရာသီး
ကြိုက်သလောက် ထည့်စားပါ။
အော်၊ မေ့လို့


နဲနဲလေးပဲ ချက်ထားတယ် ထင်ပြီး အ၀ မစားရဘူး ပြောမှာ စိုးလို့။
အများကြီး ချက်ထားတယ်။ အ၀စားသွားပါဗျား။
ခူးခပ် မစားချင်သူတွေ အတွက်ကတော့



အဆင်သင့် ခူးခပ်ပြင်ဆင်ပြီးသားသာ
စားသွားကြပါခင်ဗျား။

မုန့်ဟင်းခါး စားပြီးရင်တော့


လဖ္ဘက်သုပ် နဲ့





သီးစုံ အချိုပွဲလေး
အားပေးသွားကြပါခင်ဗျာ။

မက်မက်၏ မွေးနေ့မှသည် ထာဝရ ပျော်ရွှင်ငြိမ်းချမ်းသော ဘ၀တစ်ခုကို ပိုင်ဆိုင် ပြီး အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလျှက်

(အင်း ပုံတွေကြည့်ပြီး စားဖို့ ဇွန်းမပါဘူး။ လဖ္ဘည်ရည်ကြမ်း သောက်ချင်တယ်။ အသံတွေ ကြားရတော့မယ်။ အသံတွေ ကြားရတော့မယ်။ လစ်ပြီ)

မေတ္တာဖြင့်
မိုးကုတ်သား



Thursday, September 10, 2009

ပန်း စွယ်တော်

“ပန်း စွယ်တော်”


နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ အရိပ်လေးရေ
ချစ်မြတ်နိုးမှုတွေအတွက်
ရင်ချင်းဆက်ခဲ့တဲ့မင်း
မာန်တင်းကာ မစိမ်းလိုက်လေနဲ့။

ရင်ခြင်းဆက် အဲဒီ သစ်ရွက်လေးကြားက
ဖြူလွှလွှ ပန်းငုံလေး
ဖူးရာကငုံ
ငုံရာက ပွင့်
ပွင့်ရာက ကြွေ ရလိမ့်ပေဦးမယ်။

ရင်ချင်းဆက် သစ်ရွက်လေးလဲ
စိမ်းရာက ၀ါကျင့်
လေနှင်ရာ လွင့်ပါးရဦးမယ်။

အရိပ်လေးရေ
ရင်ချင်းဆက်နေတဲ့ ငါ့ရဲ့ အရိပ်ကလေးရေ
တို့တွေ ရင်ထဲ အချစ်တွေဖူးငုံလိုက်
ရဲရဲကြီး ပွင့်အာကြွေလွင့်လိုက်စမ်းကွဲ့
အချစ်နဲ့ စတဲ့ပန်း
အမုန်းလမ်းတွေ မခွဲကြေး
အပြုံးတွေလဲ မနွမ်းကြေး။

စင်တော်ဖွင့်အမှီပေါ့
ဟော့ဒီရင်မှာ
စွယ်တော်တွေ ပွင့်နေခဲ့ပြီ။

•.¸¸.•♥☆´¨`☆♥•.¸ ¸.•` ♥•.¸¸

(မမ၀ါ ဖန်ဆင်းသောပန်းတစ်ပွင့်ကြောင့် ကျွန်တော့်ရင်ထဲက စွယ်တော်နဲ့ သူ့ပန်းကလေး အကြောင်း တစေ့တစောင်း ပွင့်ပြထားပါတယ်။ ဒီလောက်နဲ့ပဲ မမ၀ါ ကျေနပ်နိုင်လိမ့်မယ် ထင်ပါတယ်ဗျာ။ ဓာတ်ပုံလေးကတော့ ကိုယ်တိုင် ရိုက်ထားတာ ဖြစ်လို့ ကိုယ့်ကိုကိုယ်ပဲ ခရက်ဒစ် ပေးလိုက်ပြီ။ )


မေတ္တာဖြင့်
မိုးကုတ်သား

တိုတိုထွာထွာ မှတ်စရာ

အီးမေးလ်ထဲ ၀င်လာတဲ့ ပုံနဲ့ စာလေးတွေပါ။ မိတ်ဆွေတို့ နှစ်သက်မယ် မျှော်လင့်ပါတယ်။


























ဆားချက်ခြင်း (အဲလေ)
မျှဝေခံစားခြင်း

:-)
မိုးကုတ်သား

Thursday, September 3, 2009

" IF" (အကယ်၍)




IF
‘အကယ်၍’

If you can keep your head when all about you,
Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all men doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise,


အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster,
And treat those two impostors just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။







ရေးသူ မည်သူ မသိပါ။ ရသောမေးလ်ကို ပြန် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ မူရင်းကဗျာလေးကို ရှာကြည့်လိုက်တော့ ဒီမှာ သွားတွေ့ပါတယ်။



Its a new day (by NaPix)

Dreaming..... (by Nicolas Valentin)

Father and Son (by .Lal Khan.)




မေတ္တာဖြင့်
မိုးကုတ်သား