Friday, January 30, 2009

EQ လား IQ လား

EQ လား IQ လား

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဥာဏ်ရည်အဆင့်(IQ)
မဟုတ်။ နှလုံးရည်အဆင့်အတန်း (EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ
စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း
အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ) ကြောင့်အောင်မြင်သူ
၂၅%၊ (EQ) ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။
ဦးနှောက်ဥာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။
ထိုအလုပ်ကို ဦးနှောက်ဥာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့်
အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည်
လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌
တွေ့ရှိခဲ့ရသည်။
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော
သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ………………………

စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ
အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည်
အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ
နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။
သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို
သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင်
သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည်
သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင်
သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန်
ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ
ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ
ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။
ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ
(ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင်
နေထိုင်ကြီးပြင်းခဲ့သူ၊ ဥာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင်
ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀%
(မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည်
ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဥာဏ်ရည်အနိမ့်အမြင့်
ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။
ဦးနှောက်ဥာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း
ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဥာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ
စေလိုပါ။ လူတစ်ယောက်သည် ဥာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဥာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း
ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဥာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်
အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ
မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို
အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင်
ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန်
အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ
တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို
သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး
ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့်
ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင်
တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်
သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော
ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု
ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။

အီးမေးလ်ထဲ ရောက်လာသော စာတစ်စောင်ကို ကူးယူဖော်ပြပါသည်။
မူရင်းရေးသားသူ၊ ပေးပို့သူ အားလုံးကို ကျေးဇူးတင်လျှက်
မျှဝေသူ - မိုးကုတ်သား

Wednesday, January 28, 2009

ဗန်းမော်က လှပတဲ့ မြန်မာ့ရှုခင်းလေးတွေ



ဗန်းမော်က လှပတဲ့ မြန်မာ့ရှုခင်း လေးတွေကို ညီလေး တစ်ယောက်က ပို့ပေးလာလို့ အားလုံးနဲ့ မျှဝေ ပေးလိုက် ပါတယ် ခင်ဗျာ။


အိမ်ပြန်ချိန်










တာပိန်မြစ် ရှုခင်းအလှ (၁)













တာပိန်မြစ် ရှုခင်းအလှ (၂)















တာပိန်မြစ် ရှုခင်းအလှ (၃)















တာပိန်မြစ် ရှုခင်းအလှ (၄)











နွားလှည်း (၁)
















နွားလှည်း (၂)














နွားလှည်း (၃)
















ရေကန်သာနဲ့ ကိုတံငါ












အိမ်ပြန် အိပ်တန်းတက်ချင်ပေမဲ့ ခိုနားရာက











ဘယ်ပန်းချီရေးလို့မမှီတဲ့
တို့များတောရွာဆီက
အရိုးခံအလှတွေ
မပြယ်မပျက်သေးပေမဲ့
ခိုနားရာရိပ်မြုံလေးတွေကတော့
အရိုးပျိုင်းပျိုင်းထလို့...။

မေတ္တာဖြင့်
မိုးကုတ်သား

Thursday, January 22, 2009

Don't Worry, Be Happy

ပျော်ပျော်နေ သေခဲတဲ့။ တစ်နေ့ထက်တစ်နေ့ ပူနွေးဆူဝေလာတဲ့ ကမ္ဘာကြီးမှာ စိတ်သောကရောက်စရာ၊ ပူပန်စရာ၊ စိတ်ဖိစီးမှုတွေက အများသား။ လူပဲ၊ စိတ်ညစ်စရာရှိ ညစ်မှာပေါ့။ စိတ်ညစ်နေပါတယ်ဆို ဘယ်လို ပျော်ပျော်နေမလဲ လို့ပြန်ပြောချင်နေကြမယ်ထင်တယ်။ စားမဝင်၊ အိပ်မပျော်အောင် သောကများနေတဲ့ အချိန်တွေ ကြုံရမယ်။ တစ်ခါတစ်ခါ ရင်ဘတ်ထဲက ကလီစာတွေ အကုန်လုံး လှုပ်မရအောင် နာကျင်တဲ့အထိ စိတ်ဆင်းရဲ ပူပန်ရတဲ့ အချိန်တွေလဲ ရှိမယ်။ ဒါပေမဲ့ ဒါတွေအားလုံးဟာ တစ်ချိန်မှာတော့ ရင်ဆိုင် ဖြတ်ကျော် သွားနိုင်ကြမှာပါပဲ။ ဘယ်လောက်ကြီးပဲ ဘေးဒုက္ခတွေနဲ့ ကြုံကြုံ၊ ယုံကြည်ချက်အလံကို မလှဲပဲ အပြုံးမပျက် ရင်ဆိုင် ကျော်လွှားနိုင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ရော ဘယ်လောက်ထိ၊ ဘယ်အတိုင်းအတာအထိ၊ ဘယ်အချိန်အထိ စိုးရိမ်ပူပန်စရာတွေ ပိုပို များပြားလာတဲ့ ဒီခောတ်ကာလကြီးကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်မလဲ။ စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲပ အကြောင်းတွေကိုတော့ နောက်မှ သေချာ ဆွေးနွေးကြရအောင်ဗျာ။ အခု ကျွန်တော် ပြုံးမိတဲ့ စိတ်အားတက်စရာ သီချင်းလေး တစ်ပုဒ်အကြောင်း ပြောမလို့။ မနေ့က 'Don't Worry, Be Happy' ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီးတော့ ပြုံးမိတယ်။ ဒီသီချင်းလေးက 1988လောက်တုန်းက ဘော်ဘီ (Robert "Bobby" McFerrin Jr.) ရဲ့ အကျော်ကြားဆုံး၊ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ပေါ့။ သီချင်းလေးက နားထောင်ရတာ ပျော်စရာ ကောင်းသလို စိတ်ခွန်အားကိုလဲ ဖြစ်စေ၊ တက်ကြွစေတယ်။ ဒါကြောင့်မိတ်ဆွေရောင်းရင်းတွေ အားလုံးနဲ့ မျှဝေခံစားကြည့်တာပါ။






Bobby McFerrin

Don't Worry, Be Happy Lyrics




Here is a little song I wrote
You might want to sing it note for note
Don't worry be happy
In every life we have some trouble
When you worry you make it double
Don't worry, be happy......

Ain't got no place to lay your head
Somebody came and took your bed
Don't worry, be happy
The land lord say your rent is late
He may have to litigate
Don't worry, be happy
Lood at me I am happy
Don't worry, be happy
Here I give you my phone number
When you worry call me
I make you happy
Don't worry, be happy
Ain't got no cash, ain't got no style
Ain't got not girl to make you smile
But don't worry be happy
Cause when you worry
Your face will frown
And that will bring everybody down
So don't worry, be happy (now).....

There is this little song I wrote
I hope you learn it note for note
Like good little children
Don't worry, be happy
Listen to what I say
In your life expect some trouble
But when you worry
You make it double
Don't worry, be happy......
Don't worry don't do it, be happy
Put a smile on your face
Don't bring everybody down like this
Don't worry, it will soon past
Whatever it is
Don't worry, be happy


အားလုံး ပျော်ရွှင် ငြိမ်းချမ်းကြပါစေ။
မျှဝေခံစားသူ - မိုးကုတ်သား

Tuesday, January 20, 2009

ပြုံးလိုက်ကြစို့ သူငယ်ချင်း

ပြုံးကြပါ။ များများ ပြုံးကြပါ။ အပြုံး တစ်ခုက ကျွန်တော်တို့ရဲ့စိတ်ကိုရော ကိုယ်ခန္ဒာကိုပါ သက်တောင့်သက်သာ ဖြစ်စေသလို သွေးလေ လည်ပတ်လှုပ်ရှားမှုကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။ ကျန်းမာဖို့၊ စိတ်ဖိစီးမှုတွေ လျှော့ချဖို့၊ ဆွဲဆောင်မှု ရှိဖို့ ပြုံးလိုက်ကြစို့ သူငယ်ချင်း။ အသက်ရှည်ရာ ကျန်းမာစေကြောင်း ဆေးကောင်းတစ်လက်လို အပြုံးကို မှီဝဲလို့ နေ့စဉ် ပြုံးပျော် ရယ်မောနိုင်ကြပါစေ။

၁။ အပြုံးတစ်ခုက ကျွန်တော်တို့ကို ပိုပြီး ဆွဲဆောင်မှု ရှိစေတယ်

ပြုံးနေတဲ့ သူတွေကို အလွယ်တကူပဲ ကျွန်တော်တို့ သတိထားမိတတ်ကြတယ်။ ပြုံးပျော်ရွှင်နေတဲ့ လူတစ်ယောက်ကို မြင်ရင် အပျော်တွေ ကူးစက်လာသလို သူဘာကြောင့် ဒီလို ပျော်ရွှင်နေလဲ၊ ငါလဲ သူ့လို အပူအပင်ကင်းကင်းနဲ့ ပြုံးနေချင်လိုက်တာလို့ တခါတခါ တွေးမိသွားတတ် ကြတယ်မလား။ စိတ်ပူပန်မတွှေု၊ စိတ် အလိုမကျတာတွေ၊ စိတ်နာကျင်ပင်ပန်းတာတွေဟာ လှိုက်လှဲတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိရင်ပဲ စိတ်သက်သာရာ ရသွားတယ်လေ။

၂။ အပြုံးက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု အခြေအနေကို ပြောင်းလဲ ပေးနိုင်တယ်

စိတ်ညစ်ရတာတွေ၊ စိတ်ဓာတ်ကျတာတွေ ကြုံလာတဲ့အခါ အပြုံးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားလိုက်ပါ။ ဒါဟာ ကိုယ် ရင်ဆိုင်နေရတာကို အကောင်းဘက်က မြင်လာနိုင်အောင် စိတ်ကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေး ပိုရတယ်။

၃။ အပြုံးဆိုတာ ကူးစက်တတ်ပါတယ်

တစ်စုံ တစ်ယောက်က ပြုံးနေပြီဆိုရင် သူ့ အပြုံးဟာ သူ့ ဘေးပတ်ဝန်းကျင်ကို ဖြာလင်းနေစေပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေရဲ့ စိတ်ခံစားမှုတွေကိုလဲ သက်တောင့်သက်သာ ဖြစ်စေသလို စိတ်ကို ပျော်ရွှင်စေတယ်။ ဘာကြောင့်လဲဆိုတော့ ပြုံးနေတဲ့သူဟာ အပျော်တွေကို ဆောင်ယူ မျှဝေပေးတတ်လို့ပဲပေါ့။ များများပြုံးပြီး ကိုယ့်ဘေးက လူတွေကို အပျော်တွေ မျှဝေပေးကြပါစို့။

၎။ အပြုံးက စိတ်ဖိစီးမှုတွေကို သက်သာရာ ရစေပါတယ်

စိတ်ဖိစီးမှုဒဏ် ခံစားနေရရင် မျက်နှာမှာ ပေါ်လွင် နေတတ်ကြပါတယ်။ အပြုံးဟာ ကျွန်တော်တို့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှု၊ ကျဆင်းမှုတွေကနေ ကာကွယ်ပေးသလို စိတ်ကိုလဲ ပေါ့ပါးစေတယ်။ စိတ်ဖိစီးမှုတွေ များနေချိန်မှာ ပြုံးနိုင်ဖို့ အကြောင်းအရာကို ရှာဖွေပြီး ပြုံးရယ်လိုက်ပါ။ စိတ်ဖိစီးမှုတွေ လျော့ပါးသွားပြီး မကြာခင်မှာပဲ အခက်အခဲက လွတ်ရာ အကြံကောင်းတွေ ပေါ်လာပါလိမ့်မယ်။

၅။ အပြုံးက ကိုယ့် ကိုယ်ခန္ဒာရဲ့ သဘာဝဇီဝ ထိန်းညှိပေးမှုကို မြှင့်တင်ပေးတယ်

အပြုံးက ကျွန်တော်တို့ ကိုယ်ခန္ဒာရဲ့ သဘာဝဇီဝ ထိန်းညှိပေးမှုကို ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးပါတယ်။ ပြုံးနေတဲ့အခါ စိတ်က သက်တောင့်သက်သာ ဖြစ်နေတဲ့ အတွက် သဘာဝဇီဝ ထိန်းညှိပေးမှုက အကောင်းဘက်ကို ပိုပြီး မြှင့်တင်ပေးပါတယ်။ နောက်ပြီး အပြုံးက ထုတ်ပေးတဲ့ အတွင်းခန္ဒာ အနွေးဓာတ်ကြောင့် အအေးမိ ဖျားနာတတ်တာ တွေကိုတောင် ကာကွယ်ပေးပါသေးတယ်တဲ့။

၆။ အပြုံးက သွေးဖိအားကိုလဲ လျှော့ချပေးတယ်

အပြုံးကြောင့် သွေးဖိအား လျှော့ကျသွားတာကို တိုင်းတာလို့ ရနိုင်ပါသတဲ့။ အိမ်မှာ သွေးဖိအား တိုင်းတဲ့စက် ရှိရင် စမ်းသပ်ကြည့်ကြတာပေါ့။ ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်ပြီး သွေးဖိအားကို တိုင်းကြည့် မှတ်သားထားလိုက်ပါ။ ပြီးရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး နောက်တစ်ကြိမ်ကို ပြုံးပြုံးလေး ပြန်တိုင်းကြည့်လိုက်ပါ။ ကွာခြားချက် ရှိမရှိ သတိပြုမိလား။

၇။ အပြုံးဆိုတာ သဘာဝကပေးတဲ့ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးပါ

လေ့လာစမ်းစပ်မှု တွေအရ အပြုံးဟာ သဘာဝက ပေးတဲ့ အကိုက်အခဲ ပျောက်ဆေးပါတဲ့။ နောက်ပြီး ပြုံးနေတဲ့အခါ Endorphins လို့ ခေါ်တဲ့ ဟော်မုန်းတစ်ချို့ကို ဦးဏှောက်က ထုတ်ပေးပါတယ်။ Endorphins ဟော်မုန်းဓာတ်က လူရဲ့ ဦးဏှောက်ထဲမှာ အများဆုံး တွေ့ရပြီး နာကျင်တဲ့ စိတ်ခံစားမှုတွေကို သက်သာစေပါတယ်။ နောက်ထပ် ရှိသေးတယ်။ ပြုံးနေတဲ့အခါ Serotonin လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးကို ကိုယ်ခန္ဒာက ထုတ်ပေးပါသေးတယ်တဲ့။ Serotonin ဆိုတာကတော့ C10H12N2O ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ဖြစ်ပြီး သူက ကိုယ်ခန္ဒာ ကြွက်သားတွေကို ပြေလျော့စေသလို ကိုယ်ခန္ဒာရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့ပြေပြစ်စေပါတယ်။ ဒါတွေအားလုံး ပေါင်းလိုက်တော့ အပြုံးတစ်ခုဟာ ပျော်ရွှင်စိတ်ကြည်နူးမှု တစ်ခုတည်းပေးတာ မဟုတ်၊ သဘာဝက ပေးတဲ့ဆေး အဖြစ်လဲ အသုံးဝင်နေပါတယ်။

၈။ အပြုံးက ကျွန်တော်တို့ကို နုပျိုစေတယ်

ပြုံးလိုက်တဲ့ အခါတိုင်း ကျွန်တော်တို့ မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေကို ပင့်တင်ပေးတဲ့ အတွက် လူကို နုနယ်ပျိုမြစ်စေပါတယ်။ ကဲ၊ မျက်နှာပေါ်က ကြွက်သားတွေကို တင်းတင်းရင်းရင်း ဖြစ်လာစေဖို့ အလှပြင်ဆိုင် သွားမနေနဲ့တော့။ နေ့တိုင်းလိုလို ပြုံးနေနိုင်အောင် ကြိုးစားပေတော့။ နုပျို ရွှင်လန်း နေစေဖို့ ပြုံးလိုက်ကြစို့ တူပျော်ပျော် ပေါ့ဗျာ။

၉။ အပြုံးက အောင်မြင်မှုကို ဆောင်ယူလာစေတယ်

ပြုံးနေတဲ့ သူတွေကို ကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသူ၊ ချဉ်းကပ်ပေါင်းသင်းရ လွယ်ကူသူတွေလို့ စိတ်ခံစားရစေပြီး ထောက်ခံမဲတွေကိုလဲ ပိုရရှိစေ ပါတယ်။ အချိန်းအချက်၊ အစည်းအဝေး နဲ့ အလုပ်ခွင်မှာ အပြုံးတစ်ခုသာ မျက်နှာပေါ် ဆင်ထားလိုက်ပါ။ လူတွေရဲ့ တုံ့ပြန်မှုက အကောင်းဘက်ကို သိသိသာသာ ပြောင်းလဲ လာစေပါတယ်။

၁၀။ အပြုံးက အကောင်းမြင်စိတ်ကို ပိုပြီး ဖြစ်စေတယ်

စမ်းသပ်မှု အနေနဲ့ ပြုံးကြည့်လိုက်ပါ။ ပြီးရင် စိတ်ခံစားဖို့ မကောင်းတဲ့၊ စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်း တစ်ခုခုကို အပြုံးမပျက်ပဲ စဉ်းစားကြည့်လိုက်ပါ။ ခက်မနေဘူးလား။ ကျွန်တော်တို့ ပြုံးလိုက်တိုင်းမှာ အဲ့ဒီ အပြုံးကကျွန်တော်တို့ ကိုယ်ခန္ဒာကို သတင်းတစ်ခု ပို့နေပါတယ်။ "ဘ၀ဆိုတာ ကျေနပ်စရာ" တဲ့။ ကဲ... စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှု သောကတွေကို အပြုံးနဲ့ ဖယ်ရှား လိုက်ကြရအောင်။

ပြုံးရွှင်ရယ်မောစရာ အကြောင်းလေးတွေ ဖြစ်စေတဲ့ သူငယ်ချင်းတွေ၊ ဖတ်ပြီး၊ ကြည့်ပြီးရင် ပြုံးမိစေတတ်တဲ့ စာလေးတွေ၊ ပုံလေးတွေကို မျှဝေ ပေးပို့ကြတဲ့ သူငယ်ချင်းတွေ၊ စာပေမိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေ၊ ရောင်းရင်းတွေအားလုံး တစ်နေ့တာအတွက် ပြုံးနိုင်ဖို့ အကြောင်းကိစ္စလေးတွေ များစွာ ကြုံတွေ့ ပျော်ရွှင်နိုင်ကြပါစေ။

သင့်လျော်အောင်ဘာသာ ပြန်ပါသည်။
မိုးကုတ်သား

ဆရာမ ဒေါ်ခင်မာဏီ

ဆရာမ ဒေါ်ခင်မာဏီ ရဲ့ ကျန်းမာရေးက ပြန်မကောင်းနိုင်သေးပေမဲ့ အရင်လို စိတ်မာကျောဆဲလို့ သိရပါတယ်။ အခု လောလောဆယ် ဆရာမကို ကန်တော့ဖို့ အတွက် အလှူငွေ 820S$ ကောက်ခံရရှိနေပါပြီ။ 1$ ကို 780နှုန်းနဲ့ 640000ကျပ် တိတိကို ကိုထင်ကျော်မြင့်မှတဆင့် ဆရာမဆီကို လွှဲပို့ပေးမှာ ဖြစ်ပါတယ်။


1. -U Khine Win Latt+Daw Khin Shwe Oo .... 100
2. -Htut Tin Ohn + AyeSandar ………… 50
3. -Zaw Lin (Elder)………………………30
4. -Zaw Lin (Younger)………………….. 50
5. -Naing Aung Kyaw + Kalayar……… .50
6. -Shwe Pyi Tun……………………….. 20
7. -Myo Htik + Wah Wah Myint…………50
8. -Wah Wah Aung……………………….30
9. -Win Win Htay……………………… 30
10. -Than Zaw Myo………………………..20
11. -Khun Cho Maung……………………..30
12. -Thandar Myint…………………………20
13. -Nan Thu Thu Aung……………………50
14. -Pyone Pyone May……………………..30
15. Win win kyaw ……………………... 50
16. -Ma boke sone…………………. 50
17. -Aung myo kywe………………. 20
18. -Ma So Moe Than ............................... 40
19. -Htin Kyaw Myint ................................. 50
20. -Bo Bo Han Htun Naing ........................ 50
------------------------------------------------------------------


Total……………………………………......... 820 S$
Ko Min Ko Ko+Ma Kyi Thin Khine ...... 50
U Ngwe Soe ............................................. 50

ဆက်ပြီး ကောက်ခံရငွေကိုလဲ ဆက်လက် ဖော်ပြသွားပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ....။

အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
မိုးကုတ်သား

Wednesday, January 14, 2009

မူးရင်မမောင်းနဲ့၊ မောင်းရင် မမူးနဲ့

မေမေ၊ သား ပါတီပွဲ သွားတော့ မေမေ ပြောတာတွေ မှတ်မိပါတယ်။

မေမေ ပြောတယ်နော်။ အရက်မသောက်ရဘူးလို့။ ဒါနဲ့ သားလဲ တခြား အချိုရည်ကိုပဲ သောက်ပါတယ်။

မေမေရယ်၊ သားရင်ထဲမှာ ဂုဏ်ယူလိုက်တာ။ မေမေ ပြောထားတဲ့အတိုင်းပဲပေါ့။

အရက်မူးပြီး ကားမမောင်းနဲ့ တဲ့၊ မေမေ။ တခြားသူတွေက သားကို သောက်ဖို့ ပြောတာတောင် သားတစ်စက်မှ မသောက်ပါဘူး။

သားက လုပ်သင့်တဲ့ အမှန်တရားတစ်ခုကို လုပ်နေတာပဲ၊ နော် မေမေ။ မေမေပြောသမျှ အမှန်တွေဆိုတာ သားသိပါတယ်။

မေမေရေ၊ အခုတောု့ ပါတီပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ လူတွေလဲ မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်သွားကြပြီ။

သား ကားထဲ ဝင်ထိုင်လိုက်ပြီမေမေ။ မကြာခင်အချိန်မှာ သား အိမ်ကို ပြန်ရောက်တော့မှာပါ။

မေမေစိတ်ပူနေမှာ သားသိတယ်လေ။ မေမေက သားကို တာဝန်ယူစိတ် အပြည့်ရှိပြီး ချိုမြိန်နွေးထွေးတဲ့ မေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တယ် မဟုတ်လား။

အိမ်ကို ပြန်ဖို့အတွက် ကားကိုမောင်းထွက်လိုက်ပြီး ကားလမ်းမပေါ် အတက်မှာပေါ့။

တခြားကားတစ်စီးက သားကို မမြင်ဘူးမေမေ။ သားရဲ့ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တယ်။

သားအခု လမ်းဘေးက ပလက်ဖောင်းမှာ အသာလေး လဲလျောင်းခံထားရတယ်မေမေ။ ရဲသားကြီး ပြောနေတဲ့ စကားသံကိုလဲ ကြားနေရတယ်။

သားကို ဝင်တိုက်တဲ့ ကားမောင်းသူက အရက်မူးနေတယ် မေမေ။ ဒါပေမဲ့ အဲ့ဒီအတွက် ပေးဆပ်ရသူက သားဖြစ်နေပါရောလား။

သားလေ ဒီနေရာလေးမှာ လဲလျောင်းနေရင်း သေဆုံးရတော့မယ်ထင်ရဲ့။ မေမေရေ.... ဒီနေရာကို မေမေ အမြန်ရောက်ပါစေလို့ သားဆုတောင်းနေတယ်။

မေမေ၊ ဘာလို့ သား ဒီလို ဖြစ်ရတာလဲ၊ မေမေ။ သားရဲ့ အသက်က အခုတော့ ဖောက်ခွဲခံရတဲ့ ဘော့လုံးလေး တစ်လုံးလိုပါပဲလား။

သားရဲ့ ဘေးနားမှာ သွေးတွေချည်းပဲ မေမေရယ်။ အဲ့ဒီသွေးတွေ အားလုံးက သားရဲ့ သွေးတွေပဲပေါ့။

ဆေးမှူး ပြောနေတာ ကြားရတယ်မေမေ။ သားက သိပ်မကြာခင်အချိန်မှာ သေတော့မယ်တဲ့။

မေမေရယ်၊ သား မေမေ့ကို တစ်ခုပဲ ပြောချင်ပါတယ်။ သား အရက်လုံးဝ မသောက်ဘူးဆိုတာ ကျိန်ပြောရဲပါတယ်။

ဒါက တခြားသူကြောင့် ဖြစ်ရတာပါ မေမေ။ သူက မစဉ်းစားခဲ့ဘူးလေ။

သူက အခု သားပြန်လာတဲ့ ပါတီပွဲက လူတစ်ယောက်ယောက် ဖြစ်နိုင်တာပဲ။

တစ်ခုကွာတာက သူက အရက်သောက်သူ၊ သားက အဲ့ဒီအတွက် သေရမဲ့သူ။

လူတွေက ဘာလို့ အရက်ကို အဲ့ဒီလောက် မူးသွားအောင် သောက်ကြတာလဲ မေမေ။ အဲ့ဒါက ဘဝတစ်ခုလုံးကို ပျက်စီးသွား စေနိုင်တယ် မဟုတ်လား။

သားလေ အခု နာကျင်မှုဒဏ်ကို စူးစူးဝါးဝါး ခံစားနေရပြီ။ သားတစ်ကိုယ်လုံးကို ဓားထက်ထက်နဲ့ မွှန်းနေသလိုပဲ။

သားကို ကားနဲ့တိုက်ပစ်ခဲ့တဲ့ သူကတော့ အခု လမ်းလျှောက်နေနိုင်တယ်။ ဒါကို တရားတယ်လို့ သားမထင်ဘူး မေမေ။

သားကတော့ ဒီနေရာမှာ မလှုပ်မယှက် လဲလျောင်းနေရပြီး သူကတော့ အခု သားကို ငေးကြည့်နေရုံက လွဲပီး ဘာမှ မတတ်နိုင်တော့ဘူး မလား။

သားရဲ့ ညီလေးကို မငိုဖို့ ပြောပေးပါ။ ဖေဖေ့ကိုလဲ သတ္တိရှိဖို့ ပြောပေးပါ။

သား ကောင်းကင်ဘုံကို သွားတဲ့အခါ၊ သားရဲ့ အုတ်ဂူမှာ "ဖေဖေ့သား" ဆိုတာကိုသာ ရေးထိုးပေးပါ။

တစ်ယောက်ယောက်က အဲ့ဒီလူကို ပြောသင့်တယ်လို့ မေမေ တွေးနေမလား။ မောင်းရင် မမူးနဲ့ လို့။

သူတို့တွေသာ သတိပေးခဲ့ကြမယ်ဆိုရင်၊ သား အသက်ရှင်ခွင့်ရမယ်လို့ မေမေ မျှော်လင့်နေမှာပဲနော်။

သားရဲ့ အသက်ကို တော်တော် ခက်ခက်ခဲခဲ ရှူနေရပြီမေမေ။ သား တဖြည်းဖြည်း ကြောက်လာသလိုပဲ။

ကျေးဇူးပြုပြီး သားအတွက် မငိုပါနဲ့ မေမေရယ်၊ နော်။ သား မေမေ့ကို လိုအပ်တဲ့အချိန်တိုင်း မေမေက အမြဲ သားအတွက် အဆင်သင့် ရှိနေပေးခဲ့တာပဲ။

သား အားလုံးကို နှုတ်ဆက်မသွားခင် နောက်ဆုံး မေးခွန်းတစ်ခု မေးချင်တာ ရှိတယ်။

"သား အရက်မူးပြီး ကားမမောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဘာကြောင့် သားက အဲ့ဒီအတွက် သေရမဲ့သူ ဖြစ်နေခဲ့တာလဲ"

ဒါ နောက်ဆုံးပါပဲ မေမေ

ခုချိန်မှာ သား ဆန္ဒက တစ်ခုထဲ... အဲ့ဒါ

မေမေ့ရဲ့ မျက်လုံးတွေထဲ တည့်တည့် ကြည့်ရင်း...

ဒီစကားကို ပြောခဲ့ချင်တယ်။

"မေမေ့ကို သားချစ်တယ်။ နှုတ်ဆက်ခဲ့ပါတယ် မေမေ"

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Tuesday, January 13, 2009

အရှုံးထဲက အမြတ်

ဟိုး ရှေးတုန်းက နယ်စပ်မြို့လေး တစ်မြို့မှာ အဖိုးအိုတစ်ဦး နေထိုင်နေတယ်။ တစ်နေ့တော့ သူ့ရဲ့မြင်း ပျောက်ဆုံးသွားခဲ့တယ်။ သူ့ရဲ့မြင်းက နယ်စပ်ကနေ တခြားနိုင်ငံဘက်ကို ကူးဖြတ်ပြေးသွားခဲ့တယ် လို့ သူ ကြားရတယ်။ အိမ်နီးနားချင်းတွေက အဖိုးအိုရဲ့ ဆုံးရှုံးမှုကို စိတ်သက်သာရာရစေဖို့ လာပြီး နှစ်သိမ့်စကား ပြောကြတယ်။ ဒါပေမဲ့ အဖိုးအိုက သူတို့ထင်ထားသလို ပူဆွေးမနေဘဲ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပဲ သူတို့ကို ပြန်ပြောပါတယ်။
"ကိစ္စမရှိပါဘူး။ ဒါပာာ အဖြစ်အပျက်ဆိုးတစ်ခု ဆိုပေမဲ့ တခြား တစ်ဘက်က ကြည့်ရင်ကတော့ ကောင်းဖို့အတွက်ပဲ နေမှာပါ။"

တစ်ညတော့ အဖိုးအိုက မြင်းခွာသံတွေ ကြားလို့ ဘာလဲ သွားကြည့်လိုက်တဲ့အခါ တော်တော် အံ့ဩသွားခဲ့တယ်။ သူ့ရဲ့ မြင်းနဲ့အတူ တခြား လှပတဲ့ မြင်းတစ်ကောင်ကိုပါ အတူတွဲပြီး တွေ့လိုက်ရလို့ပါ။

ရှင်းရှင်းလေးပါ။ သူ့မြင်းကတော့ အိမ်ကို အဖော် ခေါ်လာပြီ။ သတင်းကြားတော့ အိမ်နီးနားခြင်းတွေက လာပြီး အဖိုးအိုရဲ့ ကံကောင်းပုံကို ချီးကျူးထောပနာ ပြုကြတယ်။ ဒါပေမဲ့ အဖိုးအိုက အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ တွေးတွေးဆဆ ပြောတယ်။
"အင်း၊ ငါ မြင်းတစ်ကောင်ကို အလကား ရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကောင်းသလား၊ ဆိုးသလား ပြောဖို့ခက်တယ်။ ကံမကောင်းတာလဲ ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။"

အဖိုးအို ပြောတာ မှန်နေတယ်။ အဲ့ဒီ မြင်းကို အဖိုးအိုရဲ့သားက တော်တော် သဘောကျတယ်။ တစ်နေ့တော့ မြင်းစီးရင်း လိမ့်ကျပြီး ခြေထောက်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလိုက်တာ။ အဲ့ဒီ ခြေထောက်က ပြန်ကောင်းမလာပဲ ဒုက္ခိတ ဖြစ်သွားရရှာတယ်။ "စိတ်မကောင်းပေမဲ့ သောကဖြစ်နေဖို့ မလိုပါဘူးကွယ်။ ဒါဟာ ကောင်းကျိုးတစ်ခုခု ဖြစ်ဖို့ပဲ နေမှာပါ" လို့ အဖိုးအို က ထုံးစံအတိုင်း အေးအေးချမ်းချမ်းပဲ အဖြစ်အပျက်ကို လက်ခံလိုက်တယ်။

တစ်နှစ်လောက်ကြာတော့ စစ်ပွဲအတွက်ဆိုပြီး လူငယ်တွေ အကုန်လုံးကို စစ်တပ်က ခေါ်သွားလိုက်တာ၊ တော်တော်များများ တိုက်ပွဲမှာ ကျပြီး သေဆုံးခဲ့ရတယ်။ အဖိုးအိုရဲ့သားကတော့ ဒုက္ခိတ ဖြစ်နေတဲ့အတွက် တိုက်ပွဲမှာ ပါဖို့ အခေါ်မခံခဲ့ ရလို့ အသက်ဘေးက လွတ်ခဲ့ပါတယ်။

သတိပြုဖို့ ကောင်းတာက အဆိုးနဲ့အကောင်း၊ ဘေးဒုက္ခနဲ့ ပျော်ရွှင်မှု ဆိုတာတွေဟာ တစ်ခါတစ်ရံမှာ ပုံစံပြောင်းလဲသွားတတ်ကြတယ် ဆိုတာပါပဲ။ အဆိုးကြောင့် ကောင်းတာတွေ ဖြစ်လာတတ်သလို ဘေးဒုက္ခကို ရင်ဆိုင် တွေ့ရလို့ ပျော်ရွှင်စရာ အဖြစ်တွေ ကြုံတွေ့လာရတတ်ပါတယ်။ အဆိုးတွေ၊ ဘေးဒုက္ခတွေကို ကျွန်တော်တို့ ပုံစံတစ်မျိုးနဲ့ ပြောင်းလဲ လက်ခံနိုင်ဖို့ ဒီပုံပြင်လေးက သတိ ပေးနေသလိုပါပဲ။

အားလုံး..... ငြိမ်းချမ်းကြပါစေ။
ဘာသာပြန်သူ - မိုးကုတ်သား

ခေါင်းစဉ်မသိ (၀၂)

မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က လှိုင်းကို ငြိမ်းလိုက်ပြီ။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ဘူး...။
ဆူးပြွမ်းအတွေးတွေ
ဆွေးမြေ့မှုတွေကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လဲ
ငါ့အသံထဲ
လွင့်လွင့်မျောပါနေချိန်ပေါ့။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ဘူး...။
မိုင်ထောင်သောင်းဝေးလံအရပ်က
ရေနံတွင်း၊ ရွှေနဲ့စိန်ထွက်ရာမြေကြီးတွေ
ငါ့သီချင်းကိုစုပ်ယူကြ
အဲ့ဒီရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ...
အဲ့ဒီရနံ့တွေ
ငါ... ရိုက်ခွဲပစ်လိုက်တယ်။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ပါဘူး...။
နှင်းဆီကို ချစ်တတ်အောင်သင်ကြားဖို့
ဆောင်းတွေက
ဆူးကိုကြိုးငြိပေးခဲ့ရတာပေါ့။
တစ်ညနေခင်းလုံး
ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ
အလွမ်းကကျွတ်လွတ်ဖို့
မြှူဆွယ်အားကောင်းကောင်း
ကံတရားလှပတာလိုချင်ရဲ့။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ပါဘူး...။
ကိုယ့်အရိပ်ကိုကိုယ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့လောင်ကျွမ်းနေသူ
ဆောင်းလေ..
ငါ့...ကို..ရှာ..ဆဲ..။

ဆရာ တာရာမင်းဝေရဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ။ စာအုပ် အဟောင်းထဲမှာ ကူးထားတာလေးကို စာပေ မိတ်ဆွေတွေနဲ့ မျှဝေ ပေးလိုက်ပါတယ်ဗျာ။

မျှဝေသူ - မိုးကုတ်သား

Wednesday, January 7, 2009

ကိုယ်ကျိုးစွန့်ခြင်း

ဂျင်မ် နဲ့ မယ်ရီတို့က စိတ်ရောဂါကု ဆေးရုံတစ်ခုက လူနာတွေပေါ့။

တစ်နေ့တော့ ဆေ;ရုံဝင်းထဲမှာ ရှိတဲ့ ရေကူးကန် တစ်ခုကိုပတ်ပြီး သူတို့ လမ်းလျှောက်နေတုန်း ရေနက်တဲ့ဘက်မှာ ဗြုန်းဆို ဂျင်မ်က ခုန်ချသွားတယ်။ နောက်ပီး ဟိုး ရေအောက် ကြမ်းပြင်ထိ သူ နစ်မြှုပ်သွားတယ်။ မယ်ရီလဲ ဖျတ်ခနဲ ရေထဲ ခုန်ဆင်းပီး ဂျင်မ်ကို သွားကယ်တာပေါ့။ သူမက ရေအောက်ကြမ်းပြင်ထိ ကူးခတ်သွားခဲ့ပြီး ဂျင်မ်ကို မရ ရအောင် ကယ်တင်ခဲ့တယ်။

ဆေးကုသရေးမှူးက မယ်ရီရဲ့ သူရဲကောင်း ဆန်ပြီး ကိုယ်ကျိုးစွန့်တဲ့ ကယ်တင်မှုကို မြင်ရတော့ သူမဟာ စိတ်အခြေအနေ ပြန်ကောင်းသွားပြီလို့ ယူဆပြီး ဆေးရုံကနေ လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မယ်ရီကို သတင်းစကား ပြောချင်လို့ သူခေါ်တွေ့ပြီး မေးတယ်။

"မယ်ရီရေ၊ ငါ့မှာ မင်းအတွက် သတင်းကောင်းနဲ့ သတင်းဆိုး ပြောစရာ ရှိတယ်။ သတင်းကောင်းကတော့ မင်းဟာ ဒီ စိတ်ရောဂါကု ဆေးရုံကနေ လွတ်မြောက်ပါပြီ။ ရေနစ်နေတဲ့ လူနာတစ်ယောက်ကို အသက်စွန့်ပြီး မင်း ကယ်လိုက် ကတည်းက မင်းရဲ့ စိတ် အခြေအနေတွေအားလုံး ပုံမှန် ပြန်ဖြစ်နေပြီ မဟုတ်လား။ သတင်းဆိုးကတော့ ဂျင်မ်ပေါ့။ မင်း ကယ်ပေးခဲ့တဲ့ လူနာလေ။ သူက သူ့ ရေချိုးခန်းထဲက အဝတ်လှန်းတဲ့ တန်းမှာ သူ့ကိုယ်သူ ဆွဲကြိုးချပြီး သေသွားရှာပြီ"

မယ်ရီပြန်ပြောလိုက်ပုံက "အို၊ သူက သူ့ကိုယ်သူ ဆွဲကြိုးချတာ မဟုတ်ပါဘူး။ သူ့တစ်ကိုယ်လုံး စိုရွှဲနေလို့ ကျွန်မက လှန်းထားပေးတာပါရှင့်"


ဘာသာပြန်သူ - မိုးကုတ်သား
အပျင်းပြေ၊ ပြုံးစေ၊ ပျော်စေသောဝ်

Tuesday, January 6, 2009

မင်္ဂလာ နှစ်သစ် 2009

ကျွန်တော် အသစ်တွေ မတင်နိုင်ပေမဲ့ လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်္ဂလာ နှစ်သစ် 2009မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေ။
1997 လောက်တုန်းက ရေးထားဖူးတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ အားလုံးကို နှစ်သစ်မှာ ဆုတောင်းပေးလုက်ပါတယ်ဗျာ.....။

".......... သို့"

.......... ရေ
တွေ့လာကြုံကြိုက်
ဆုံလာခိုက်တွင်
ပျော်ရွှင်ခြင်းသာ ပေးပါရစေ..။

.......... ရေ
ဘုရားသခင်ရဲ့
ပေးအပ်တဲ့ကောင်းခြင်း
မင်း... ပိုင်ဆိုင်ပါစေ။

.......... ရေ
ရှင်သန်ကာလတွင်း
ကံကောင်းခြင်းလက်တောင်
မင်း.. ရအောင်
စွမ်းဆောင်ကြိုးစား
လိမ္မာရေးခြားလဲ ရှိစေ။

.......... ရေ
မင်းရဲ့ အထုပ္ပတ္တိ
မင်းပြန်လှည့်ကြည့်တဲ့အခါ
လိပ်ပြာသန့်စွာ
ဂုဏ်ယူနိုင်ပါစေ...။

မေတ္တာဖြင့်
မိုးကုတ်သား

HAPPY NEW YEAR 2009 (Wishes for You)

New Years MySpace Comments and Graphics
New Years MySpace Layouts Photobucket Login - Upload Pics and Videos
Free Comments and Graphics



I wish you Health...
So you may enjoy each day in comfort.

I wish you the Love of friends and family...
And Peace within your heart.

I wish you the Beauty of nature...
That you may enjoy the work of God.

I wish you Wisdom to choose priorities...
For those things that really matter in life.

I wish you Generosity so you may share...
All good things that come to you.

I wish you Happiness and Joy...
And Blessings for the New Year.

I wish you the best of everything...
That you so well deserve.