Tuesday, January 13, 2009

ခေါင်းစဉ်မသိ (၀၂)

မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က လှိုင်းကို ငြိမ်းလိုက်ပြီ။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ဘူး...။
ဆူးပြွမ်းအတွေးတွေ
ဆွေးမြေ့မှုတွေကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လဲ
ငါ့အသံထဲ
လွင့်လွင့်မျောပါနေချိန်ပေါ့။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ဘူး...။
မိုင်ထောင်သောင်းဝေးလံအရပ်က
ရေနံတွင်း၊ ရွှေနဲ့စိန်ထွက်ရာမြေကြီးတွေ
ငါ့သီချင်းကိုစုပ်ယူကြ
အဲ့ဒီရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ...
အဲ့ဒီရနံ့တွေ
ငါ... ရိုက်ခွဲပစ်လိုက်တယ်။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ပါဘူး...။
နှင်းဆီကို ချစ်တတ်အောင်သင်ကြားဖို့
ဆောင်းတွေက
ဆူးကိုကြိုးငြိပေးခဲ့ရတာပေါ့။
တစ်ညနေခင်းလုံး
ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ
အလွမ်းကကျွတ်လွတ်ဖို့
မြှူဆွယ်အားကောင်းကောင်း
ကံတရားလှပတာလိုချင်ရဲ့။
ဒိထက်ပိုဝေးလဲ
ဒိထက်ပို မဝေးတော့ပါဘူး...။
ကိုယ့်အရိပ်ကိုကိုယ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့လောင်ကျွမ်းနေသူ
ဆောင်းလေ..
ငါ့...ကို..ရှာ..ဆဲ..။

ဆရာ တာရာမင်းဝေရဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ။ စာအုပ် အဟောင်းထဲမှာ ကူးထားတာလေးကို စာပေ မိတ်ဆွေတွေနဲ့ မျှဝေ ပေးလိုက်ပါတယ်ဗျာ။

မျှဝေသူ - မိုးကုတ်သား

No comments: