"ကိစ္စမရှိပါဘူး။ ဒါပာာ အဖြစ်အပျက်ဆိုးတစ်ခု ဆိုပေမဲ့ တခြား တစ်ဘက်က ကြည့်ရင်ကတော့ ကောင်းဖို့အတွက်ပဲ နေမှာပါ။"
တစ်ညတော့ အဖိုးအိုက မြင်းခွာသံတွေ ကြားလို့ ဘာလဲ သွားကြည့်လိုက်တဲ့အခါ တော်တော် အံ့ဩသွားခဲ့တယ်။ သူ့ရဲ့ မြင်းနဲ့အတူ တခြား လှပတဲ့ မြင်းတစ်ကောင်ကိုပါ အတူတွဲပြီး တွေ့လိုက်ရလို့ပါ။
ရှင်းရှင်းလေးပါ။ သူ့မြင်းကတော့ အိမ်ကို အဖော် ခေါ်လာပြီ။ သတင်းကြားတော့ အိမ်နီးနားခြင်းတွေက လာပြီး အဖိုးအိုရဲ့ ကံကောင်းပုံကို ချီးကျူးထောပနာ ပြုကြတယ်။ ဒါပေမဲ့ အဖိုးအိုက အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ တွေးတွေးဆဆ ပြောတယ်။
"အင်း၊ ငါ မြင်းတစ်ကောင်ကို အလကား ရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကောင်းသလား၊ ဆိုးသလား ပြောဖို့ခက်တယ်။ ကံမကောင်းတာလဲ ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။"
အဖိုးအို ပြောတာ မှန်နေတယ်။ အဲ့ဒီ မြင်းကို အဖိုးအိုရဲ့သားက တော်တော် သဘောကျတယ်။ တစ်နေ့တော့ မြင်းစီးရင်း လိမ့်ကျပြီး ခြေထောက်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလိုက်တာ။ အဲ့ဒီ ခြေထောက်က ပြန်ကောင်းမလာပဲ ဒုက္ခိတ ဖြစ်သွားရရှာတယ်။ "စိတ်မကောင်းပေမဲ့ သောကဖြစ်နေဖို့ မလိုပါဘူးကွယ်။ ဒါဟာ ကောင်းကျိုးတစ်ခုခု ဖြစ်ဖို့ပဲ နေမှာပါ" လို့ အဖိုးအို က ထုံးစံအတိုင်း အေးအေးချမ်းချမ်းပဲ အဖြစ်အပျက်ကို လက်ခံလိုက်တယ်။
တစ်နှစ်လောက်ကြာတော့ စစ်ပွဲအတွက်ဆိုပြီး လူငယ်တွေ အကုန်လုံးကို စစ်တပ်က ခေါ်သွားလိုက်တာ၊ တော်တော်များများ တိုက်ပွဲမှာ ကျပြီး သေဆုံးခဲ့ရတယ်။ အဖိုးအိုရဲ့သားကတော့ ဒုက္ခိတ ဖြစ်နေတဲ့အတွက် တိုက်ပွဲမှာ ပါဖို့ အခေါ်မခံခဲ့ ရလို့ အသက်ဘေးက လွတ်ခဲ့ပါတယ်။
ဘာသာပြန်သူ - မိုးကုတ်သား
No comments:
Post a Comment