Tuesday, January 6, 2009

မင်္ဂလာ နှစ်သစ် 2009

ကျွန်တော် အသစ်တွေ မတင်နိုင်ပေမဲ့ လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်္ဂလာ နှစ်သစ် 2009မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေ။
1997 လောက်တုန်းက ရေးထားဖူးတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ အားလုံးကို နှစ်သစ်မှာ ဆုတောင်းပေးလုက်ပါတယ်ဗျာ.....။

".......... သို့"

.......... ရေ
တွေ့လာကြုံကြိုက်
ဆုံလာခိုက်တွင်
ပျော်ရွှင်ခြင်းသာ ပေးပါရစေ..။

.......... ရေ
ဘုရားသခင်ရဲ့
ပေးအပ်တဲ့ကောင်းခြင်း
မင်း... ပိုင်ဆိုင်ပါစေ။

.......... ရေ
ရှင်သန်ကာလတွင်း
ကံကောင်းခြင်းလက်တောင်
မင်း.. ရအောင်
စွမ်းဆောင်ကြိုးစား
လိမ္မာရေးခြားလဲ ရှိစေ။

.......... ရေ
မင်းရဲ့ အထုပ္ပတ္တိ
မင်းပြန်လှည့်ကြည့်တဲ့အခါ
လိပ်ပြာသန့်စွာ
ဂုဏ်ယူနိုင်ပါစေ...။

မေတ္တာဖြင့်
မိုးကုတ်သား

1 comment:

Lucifer said...

ဖတ်ရတာတစ်မျိုးဖြစ်နေပါတယ်လို့စဉ်းစားနေတာ..အရှေ့က နာမည်မပါဘဲး ရေ.. ရေ နဲ့ ဖတ်နေရတာကို..