Monday, April 13, 2009

April Lover






ပိတောက်တွေရယ် ပွင့်လိုက်ပါ့
မင့်အလှနဲ့ ရွှေလမ်းခင်းဖို့။
သပြေခက်က ရေစက်တွေ ဖျန်းလိုက်ပါ့
ဟော့ဒီလောက အေးချမ်းစေတဲ့ တေးသီကျွေးဖို့။
ပရိတ်တရားတွေ လှိုင်လှိုင်ရွတ်လိုက်ပါ့
သတ္တ၀ါ အပေါင်း ဘေးရန်ကင်း ရှင်းကြစေဖို့။
လှောင်အိမ်လေးတွေရယ် ဖွင့်လိုက်ကြပါ့
လွတ်လပ်ခြင်းတွေနဲ့ မေတ္တာတရား စည်ပင်ဝပျောဖို့...။
ကောင်းခြင်းမင်္ဂလာ အဖြာဖြာ
အတာအလှ
ရှာမရအောင် မူးကြတဲ့ခောတ်မှာ
ငွေဖလားလေးနဲ့ အေးမြစေကြောင်းဆုတောင်း
ငါတို့ ရေလောင်းပေါင်းသင်ကြစို့ရဲ့။

(ပုံကလေးကို ဒီနေရာက ယူထားတာပါ)

ရေးသားသူ - မိုးကုတ်သား

1 comment:

အပြုံးပန်း said...

အေးမြတဲ့အတာ
ယဉ်ကျေးတဲ့အတာ
ရိုးရာမပျက်တဲ့အတာ ဖြစ်ဖို့
ကိုယ်တို့ ဘာလုပ်ပေးကြမလဲ
ဘာလုပ်ပေးနိုင်မလဲ။