Saturday, April 18, 2009

ပိုးဖလံ

ပိုးဖလံ

မုသားစကား ပျားရည်စက် တွေကိုမှ
ကိုယ်က ချိုမြိန်လှချည်ရဲ့ပေါ့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းဖို့သက်သက်
အဲဒီမီးလျှံထဲ ခုန်ခုန်ချ
အချစ်တွေနဲ့ လင်းပလာမလားရယ်။

ယုံကြည်မှုတွေ နေ၀င်သွားတဲ့
အိပ်မက်တစ်ခုထဲမှာ
ငါ့ ၀ိဥာဉ်တစ်ခု ပျောက်ဆုံးခဲ့ရ
အလင်းကွယ် ညတွေက ခါးသက်လိုက်တာ။

နာကျည်းမှုတွေ အထပ်ထပ်ကပဲ
မင်းကို မမေ့စေရော့လေသလားကွယ်
မင်းကိုမုန်းတယ်
သိပ်သည်းဆ ကြီးလွန်းလှတဲ့
အဲ့ဒီ လောင်ကျွမ်းမှုသံစဉ်ကို
ဖန်တလဲလဲ ရေရွတ်နေရင်းက
မင်းကို လွမ်းရတာများ......

ရေးသားသူ - မိုးကုတ်သား

3 comments:

မယ့်ကိုး said...

"မင်းကိုမုန်းတယ်
သိပ်သည်းဆ ကြီးလွန်းလှတဲ့
အဲ့ဒီ လောင်ကျွမ်းမှုသံစဉ်ကို
ဖန်တလဲလဲ ရေရွတ်နေရင်းက
မင်းကိုလွမ်းရတာများ......"

ရင်ဘတ်ထဲထိ တကယ်ပဲ သက်ရောက်တယ်။

Unknown said...

နယ်ရေ ကဗျာလေးနှစ်သက်မိတယ်
ကောင်းသောနေ့ပါ :)

tune said...

စိတ်မကောင်း .. စိတ်မကောင်း
နောက်တစ်ခေါက်ဆို ကံကောင်းပါစေလို့ :P
မရောက်တာ ကြာပြီ
အများကြီး ရေးထားတာ ၀မ်းသာပါ၏