Wednesday, April 15, 2009

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဆေးပညာ လေ့လာချက်တွေအရ အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ ဟာသလေးတွေက

၁။ ကိုယ်ခန္ဒာက အလိုအလျောက်ထုတ်ပေးတဲ့ ခုခံအားတွေကို တိုးတက် ကောင်းမွန်စေတယ်။

၂။ သွေးဖိအားကို သမ မျှတစေဆယ်။

၃။ ကိုယ်တွင်းကလီစာတွေကို ဖြေလျှော့ပေးတယ်။

၎။ သွေးလေ လည်ပတ်မှု မှန်ကန်စေတယ်။

၅။ ကိုယ်ခန္ဒာက ကြွက်သားတွေထဲ အောက်စီဂျင်ကို ပိုမို ရရှိအောင် လှုံ့ဆော်ပေးတယ်။

ဒီတော့ စိတ်တင်းကျပ်မှုတွေကို အဲဒီ ဟာသတွေက ဖြေလျော့ပေးနိုင်တာ မဆန်းပါဘူး။


နောက်တစ်ခုက - အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ အပျော်အပါးတွေက

၁။ စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ပေးတယ်။ လူမှုရေး ပြဿနာတွေ၊ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ၊ အိပ်မပျော်တဲ့ညတွေကိုလဲ လျှော့သွား စေပါတယ်။

၂။ အလုပ်ပျက်အကိုင်ပျက်၊ မကျန်းမမာ ခံစားနေရတာတွေကိုလဲ လျှော့ချပေးတယ်။

၃။ အလုပ်၊ ကျောင်းစာ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ အောင်မြင်စေတယ်။ မိသားစုအတွက် အားလပ်ချိန်တွေ ပိုရလာမယ်။ ဘ၀ရဲ့ ကိုယ့်အချိန်လေးတွေ ပိုတန်ဖိုးရှိလာမယ်။

၎။ ကိုယ့်ကိုယ်ကို ကျေနပ် နှစ်သက်စေတယ်။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင် နှစ်လိုဖွယ်ကောင်းသူ တစ်ယောက် ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀မှာ ဘာတွေပဲ ကြုံရရ၊ ဖြစ်ခဲ့ခဲ့ မိနစ်တိုင်း၊ အချိန်တိုင်းမှာ ဘယ်လို စိတ်ချမ်းမြေ့ပျော်ရွှင်အောင် နေနိုင်သလဲဆိုတဲ့ သော့ချက်ကလေးကို ဖွင့်ထားခဲ့လို့ပါ။

အပျော်စိတ်ကလေး မွေးလိုက်တာဟာ ကိုယ့်ဘ၀ နေထိုင်မှုပုံစံ တစ်ခုလုံးကို ပြောင်းလဲဖို့မလိုအပ်ပေမဲ့ ရတဲ့ အကျိုးတွေကတော့ အများသား။

အဲတာလေးတွေကို သိလိုက်ရတော့ အနော် ဒီလို စိတ်ဖြစ်သွားတယ်။ ပျော်စရာ ဟာသလေးတွေ ပြောတတ်တဲ့ သယ်ရင်းတွေနဲ့ပဲ စကားပြောတော့မယ်။ ပြီးတော့ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ (ကိုရီးယားဇာတ်လမ်းထဲက သူရဲကောင်း) သော့ဝိဇ္ဇာ ငတက်ပြား ကို လိုက်ရှာပီး ဆရာတင်မယ်။ အချိန်တိုင်း ပျော်ရွှင်မှုကို ပေးမဲ့ သော့လေး ဖွင့်နိုင်အောင်လို့လေ။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

4 comments:

မယ့်ကိုး said...

ရုံးဖွင့်ရက်။ရုံးဖွင့်ချိန်မှာ blog ရေးနိုင်တယ်နော်။
အားကျလိုက်တာ။:)
မျှဝေပေးလို့  ကျေးဇူး...

Mogok Thar said...

အားမကျနဲ့မယ်ကိုးရေ။ ရုံးမှာ ဖရီး ရိုက်ရိုက်ပီး တခါတလေ 109/110 ဖြစ်နေရတာ ရှက်ဖို့ကောင်းတယ်။

Anonymous said...

ဘာတုန်း၊ ၁၀၉။၁၁၀၊ သိပါဘူး။
ဖြောင့်ဖြောင့်ဖြူးဖြူး မဟုတ်ဘူးလား။

Mogok Thar said...

ဆရာမ အဲပြုံးပန်းရေ.. သတ်ပုံအမှား ပြင်ပေးတာ ကျေးဇူးပါ။