Thursday, April 30, 2009

အပြန်မရှိတဲ့လမ်း


ကိုယ့်မှာ
မေတ္တာ အပြည့်ပါ ချစ်သူ။
မထိုက်ရင် မရဘူး ဆိုတဲ့စကား
ဟော့ဒီ နှလုံးသားအတွက်
အေးစက်.. ခါးသက်နေလို့။
မတန်လိုက်တာ
ဒါဟာ... ပေးဆပ်မှုတွေနောက်က
အသွားအပြန် လမ်းအတွက်ဆိုရင်တော့
ရက်စက်တဲ့ မိုင်တိုင်တခုပါ။
ကျေနပ်ပါတယ်..
မင်းပျော်မယ်ဆို ထားခဲ့ပါ့
လွမ်းတကြေကွဲနေမှာထက်
ဓားထက်ထက်နဲ့သာ
အဲ့ဒီ ကြိုးမျှင်တွေ ဖြတ်ချခဲ့ပါ။
မင်းကို လက်လွှတ်ဖို့အတွက်
ကိုယ် ရင့်ကျက်လိုက်ပါ့မယ်။

ရေးသားသူ - မိုးကုတ်သား



1 comment:

မယ့်ကိုး said...

အလွမ်းတွေ မိုးမှောင်ကျနေခိုက်မှာမှ
သတိရခြင်း ဆောင်းလေတွေက
တဝုန်းဝုန်းတိုက်ခတ်လို့၊...
မင်းကို လက်လွှတ်ဖို့အတွက်
ကိုယ် ရင့်ကျက်လိုက်ပါ့မယ်။....

ကဗျာတစ်ပုဒ်လုံးကို ကြိုက်ပါတယ် တကယ်...