ကျွန်တော်နဲ့သူမ
သူမက မုန်းစရာကောင်းသော ကျွန်တော့် ချစ်သူငယ်ချင်း မမဖြစ်သည်။
သူငယ်ချင်းတစ်ယောက် စတင် မိတ်ဆက်ပေးတော့ အွန်လိုင်းမှာ သူမနှင့်ကျွန်တော် စတင်ရင်းနှီးခဲ့သည်။ အင်မတန်ရစ်သည် ဆိုသော သူမကို ကျွန်တော်က ရစ်သည်ဟုမခံစားရ။ လေပေးဖြောင့်လို့ပင် နေကြသေး၏။ နောက်တော့ အွန်လိုင်းမှာ မဟုတ်ပဲ အပြင်မှာ တွေ့ဖို့ ချိန်းဖြစ်ကြသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ချိန်းတွေ့ကြခြင်းသည် အများအမြင်မှာတော့ အီစီကလီ ဖြစ်ချင်ဖြစ်မည်။ သို့သော် သူမနှင့်ကျွန်တော်က မိတ်ဆွေဖြစ်ခြင်းသည် လိင်ကွဲပြားမှုနှင့် မဆိုင်ဟု ယူဆထားကြသူများသာ။ တခု ကွဲပြားသည်က သူမသည် သူမ၏ သိက္ခာနှင့် မာနတရား၊ မိန်းမတစ်ယောက်၏ စောင့်စည်းထိန်းသိမ်းမှု ဘောင်တခုထဲမှာ လျှို့ဝှက်သိပ်သည်းစွာ နေလိုပုံရပြီး ကျွန်တော်က ဘာ စည်းဘောင်ကန့်သတ်မှုမျိုးကိုမှ မလိုလားသူဖြစ်သည်။ သူမက စကားလေးတစ်ခွန်းကအစ အရာရာကို အလေးအနက်ထားတတ်သူ၊ ကျွန်တော်က ရွှတ်နောက်နောက်နိုင်သလောက် ပေါ့ပေါ့ပါးပါးနှင့် အရာရာကို အလေးအနက် မခံယူသူ။
ကျွန်တော်တို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ရစဉ်က အနည်းငယ် အူကြောင်ကြောင် နိုင်ပြီး ရယ်ရွှင်ဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထင်တာနှင့် နဲနဲ လွဲနေခဲ့သည်။
ထိုနေ့က မမျှော်လင့်ပဲ မိုးတွေ သည်းနေခဲ့၏။ သူမချိန်းထားသော သူမသင်တန်းအနီးရှိ လဖ္ဘည့်ရည်ဆိုင် မှာ ထိုင်စောင့်ရင်း စာတစ်အုပ်ကို ဖတ်နေခဲ့သည်။ ချိန်းထားချိန်ထက် တော်တော် နောက်ကျပီးမှ သူမက ရောက်လာ၏။
ထီးကို ပိတ်ပီး ကျွန်တော်ထိုင်နေရာ စားပွဲဝိုင်းတဘက် ခုံဘေးးမှာ ယို့ယို့လေး လာထိုင်သည်။ သူမ ရှက်နေတာလား၊ ကြောက်နေတာလား ကျွန်တော် မသိသော်လည်း ကုပ်ကုပ်လေး ထိုင်နေသော သူမကို ကျွန်တော် ရယ်ချင်သွားရပါသည်။
စကားပြောရင်း သူမ၏ မျက်လုံးတွေနှင့် ဆုံနိုင်ဖို့ ကျွန်တော် ကြိုးစားတော့ သူမက မျက်လွှာချနေတော့သည်။ သို့သော် ဖြတ်ခနဲ တွေ့တွေ့နေရသော သူမ၏မျက်လုံးတွေက သူမနာမည်လိုပဲ ညိုညိုလေးနဲ့ ရှင်းသန့် လှပပါသည်။
ထိုမျက်ဝန်းညိုညိုများမှာ အားငယ်မှုတွေ တွေ့ရသည်။ မလုံခြုံမှုတွေ တွေ့ရသည်။
အထီးကျန်မှုတွေ တွေ့ရသည်။ ရိုးရှင်းမှုကို တွေ့ရသည်။
သူရဲကောင်းမဟုတ်သော်လည်း ထိုခဏမှာပင် ကျွန်တော်က သူမ အားကိုးရာ မိတ်ဆွေရင်းတစ်ယောက် ဖြစ်လိုခဲ့ပါသည်။
ဒီကြားထဲမှာ သူမ အလုပ်ကိစ္စအတွက် ခရီး ခဏခဏ သွားရသည်။ နေသားမကျသော လူမှုရေး နယ်ပယ်မှာ သူမ အနည်းငယ် နေတတ်လာဟန် ရှိသည်။ သူမလုပ်ငန်း အခြေအနေအရ မလှပသော ဘ၀ တော်တော်များများကို မြင်ခဲ့ပြီးပြီပဲ။ အရင်လို တချိန်လုံး စိတ်ဓာတ်တွေ ကျနေပြီး သူမကိုယ်တိုင်ကိုပင် အကောင်းမမြင်လောက်အောင် အမုန်းတွေနှင့် ပြည့်မနေတော့။ သူမကိုယ်သူမ ယုံကြည်စိတ်တွေလဲ ပြန်ရလာခဲ့ပြီ။ ဒါကြောင့်လဲ သူမ နိုင်ငံရပ်ခြား အဝေးကြီးကို ပညာတော်သင် သွားရတော့ စိတ်တွေ ပိုခံနိုင်ရည် ရှိခဲ့ဟန် တူပါသည်။ စာမေးပွဲ နီးသည့်အခါမျိုး၊ စိတ်ညစ်လာသည့် အခါမျိုးတွေမှာတော့ သူမက ထုံးစံအတိုင်း ပေါက်ကွဲကာ လောကကြီးမှာ ပုန်းခိုစရာ နေရာလေး ပျောက်လို့နေတတ်ဆဲ။ သို့သော် သူမ စာမေးပွဲ တစ်ခု ပြီးသွားတိုင်း ရမှတ်တွေက အမြဲ ကောင်းလို့ နေခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို ကိုယ်စားပြုနေရသော သူမ၏ ထူးချွန်မှုများက ကျွန်တော့်ကို ပျော်ရွှင် ကျေနပ်စေခဲ့ပါသည်။ ခုတော့ သူမ မအားလပ်သည့်ကြားက စာတွေ ပြန်ရေးလို့ နေခဲ့ပြီ။ သူမ၏ ဘ၀ အပိုင်းအစနှင့် စိတ်ခံစားမှုများကို ဒီနေရာလေးမှာ ရဲရဲတင်းတင်း ချပြနေပြီ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေကိုလဲ သူမ မြင်တတ်လာပြီ။
ခုတော့ သူမသည် သူမကိုယ်သူမလက်ခံလာနိုင်ပြီ။ လောကကြီးက သူမထင်သလောက် မုန်းစရာ မကောင်းတေါ့ဘူး ဟု သူမသိနေခဲ့ပြီလား။ သူမနှင့်အပြင်မှာ လူချင်း သုံးကြီမ်မျှသာ တွေ့ဖူးသော ကျွန်တော်၊ သူမ၏ စာတွေကို ချစ်မြတ်နိုးသော ကျွန်တော်သည် တခါတခါမှာတော့ ဖတ်ပြီး မေ့သွားသော သူမ၏ စာတစ်ချို့လို သူမ၏ အပိုင်းအစ တစ်ချို့ကို မေ့လျော့ကောင်း မေ့လျော့မည်။ ဥပမာ သူမ၏ မွေးနေ့လိုမျိုး ( Don't kill me :-P ) ။ သို့သော် သူမကို သူမ၏ စာများလို ကျွန်တော် ဆက်လက် ဖတ်နေဦးမည်သာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချစ်ခင်သော သူငယ်ချင်းဆိုလဲဟုတ်၊ အမဆိုလဲ ဟုတ်သော သူမ လဲပြိုမှုများစွာမှ အကြိမ်ကြိမ် ပြန်ထကာ လျှောက်နိုင်သမျှ လှမ်းနေသော သူမ၏ ပန်းတိုင်၊ သူမ၏ လုံခြုံသော နေရာလေးတစ်ခု၊ နောက်ပြီး ငြိမ်းအေးမှုလေးတွေ အချိန်များများမှာ ရနေဖို့ တိတ်တဆိတ် ဆုတောင်းပေးနေပါအုံးမည်။ သူမ ပျော်ရွှင်ပါစေ။
ရေးသားသူ - မိုးကုတ်သား
ကျွန်တော်တို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ရစဉ်က အနည်းငယ် အူကြောင်ကြောင် နိုင်ပြီး ရယ်ရွှင်ဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထင်တာနှင့် နဲနဲ လွဲနေခဲ့သည်။
ထိုနေ့က မမျှော်လင့်ပဲ မိုးတွေ သည်းနေခဲ့၏။ သူမချိန်းထားသော သူမသင်တန်းအနီးရှိ လဖ္ဘည့်ရည်ဆိုင် မှာ ထိုင်စောင့်ရင်း စာတစ်အုပ်ကို ဖတ်နေခဲ့သည်။ ချိန်းထားချိန်ထက် တော်တော် နောက်ကျပီးမှ သူမက ရောက်လာ၏။
ထီးကို ပိတ်ပီး ကျွန်တော်ထိုင်နေရာ စားပွဲဝိုင်းတဘက် ခုံဘေးးမှာ ယို့ယို့လေး လာထိုင်သည်။ သူမ ရှက်နေတာလား၊ ကြောက်နေတာလား ကျွန်တော် မသိသော်လည်း ကုပ်ကုပ်လေး ထိုင်နေသော သူမကို ကျွန်တော် ရယ်ချင်သွားရပါသည်။
စကားပြောရင်း သူမ၏ မျက်လုံးတွေနှင့် ဆုံနိုင်ဖို့ ကျွန်တော် ကြိုးစားတော့ သူမက မျက်လွှာချနေတော့သည်။ သို့သော် ဖြတ်ခနဲ တွေ့တွေ့နေရသော သူမ၏မျက်လုံးတွေက သူမနာမည်လိုပဲ ညိုညိုလေးနဲ့ ရှင်းသန့် လှပပါသည်။
ထိုမျက်ဝန်းညိုညိုများမှာ အားငယ်မှုတွေ တွေ့ရသည်။ မလုံခြုံမှုတွေ တွေ့ရသည်။
အထီးကျန်မှုတွေ တွေ့ရသည်။ ရိုးရှင်းမှုကို တွေ့ရသည်။
သူရဲကောင်းမဟုတ်သော်လည်း ထိုခဏမှာပင် ကျွန်တော်က သူမ အားကိုးရာ မိတ်ဆွေရင်းတစ်ယောက် ဖြစ်လိုခဲ့ပါသည်။
"နေမကောင်းလို့ မလာတော့ဘူးလုပ်နေတာ။ အားနာလို့ "ဟု စပြောလာသော သူမစကားမပွင့်တပွင့်ကို မိုးသံ၊ လူသံတွေကြားမှာ ကျွန်တော် တော်တော်နားထောင်ယူရပါသည်။
နောက်တော့ ကျွန်တော်တို့ စကား အနည်းငယ်သာ ပြောဖြစ်ကြပီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်နေကြချိန်က ပိုများသည်။ သူမနှင့် ချက်တင်း ပြောတုန်းကလို အဆိုးမြင်ဝါဒီတစ်ဦး မဟုတ်တာကိုတော့ ကျွန်တော် သတိထားမိသည်။ သို့သော် သူမ ဘာကြောင့် သူ့ကိုယ်သူ မုန်းတီးသလဲ ကျွန်တော် သေချာမသိသေး။ လောကကြီးက သူမ ယူဆထားသလောက် မဆိုးဘူးဆိုတာကိုတော့ သူမသိအောင် ကျွန်တော် ပြောပြချင်ပါသည်။ သို့သော် စကားလုံးများနှင့် ပြောပြလို့ ရနိုင်မည် မဟုတ်မှန်းလဲ ကျွန်တော် သိနေသည်။ အချိန်တော့ ယူရမည်။ ပထမဦးဆုံးအကြိမ် လူချင်းတွေ့ပြီး နောက်ပိုင်းမှာတော့ သူမနှင့် ကျွန်တော် ဆက်ဆံရေးက ပိုတိုးတက်လာသည် ထင်ရ၏။ သူမ၏ ဘ၀ အပိုင်းအစ တစ်ချို့ကို ကျွန်တော်သိလာတော့ သူမကို ပို နားလည်လာရသည်။ လူမှုပေါင်းသင်းဆက်ဆံမှုရေးရာမှာ မညက်ညောသော သူမက စကားလုံး ဖောင်းပွမှု၊ အနှစ်သာရ ကင်းမဲ့မှုတွေကို မကြိုက်တတ်မှန်း သိသည်။ သို့သော် ကျွန်တော်က သူမကိုယ်တိုင် ပျောက်ဆုံးနေသော သူမ၏ ကောင်းကွက် လေးတွေကို မြင်စေချင်လှပါသည်။ ဥပမာ သူမက သူမကို ဂရုစိုက်မှုပေးသူတွေ လိုအပ်သည်။ သို့သော် နှောင်ဖွဲ့မှုတွေကို မလိုချင်။ ဒါဟာ လွတ်လပ်စွာ ရပ်တည်လိုသော သူမရဲ့ စိတ်ထားလေး မဟုတ်လား။ သူမက အကူအညီ တောင်းရမှာကို မကြိုက်။ တတ်နိုင်သမျှ သူမကိုယ်တိုင် ရပ်တည်ချင်သည်။ သူမကို အကူအညီတောင်းလျှင်တော့ (စိတ်ပါလျှင်၊ တကယ်လိုအပ်သူ ဖြစ်နေလျှင်) ကူပေးမည်။ သို့သော် အကူအညီ လာတောင်းသူ ကိုယ်တိုင် လုပ်နိုင်သည့် ကိစ္စမျိုး ဆိုလျှင်တော့ ငြင်းပစ်လိုက်ဖို့ အားမနာတတ်။ တချို့ကတော့ လူမှုရေး ခေါင်းပါးသူလို့ ယူဆမည်။ ကျွန်တော်ကတော့ အဲလို ရဲရင့်တတ်သော သူမစိတ်လေးကို ထောက်ပြပြီး သူမထင်သလောက် မပျော့ညံ့ကြောင်း ပြောပြချင်သည်။ တခါတခါမှာတော့ သူမက ရင်ဖွင့်စရာတွေ ရှိလျှင် စကားတွေ အရှည်ကြီး ပြောသလောက် တခါတခါကျ ဘာသံမှမထွက်အောင် တိတ်ဆတ် နေတတ်သည်။ အစအနောက်သန်သော ကျွန်တော့်ကို စိတ်ဆိုးပြီး အခါများစွာ ဘလော့က် (block) ခံရဖူးသည်။ သူမ စိတ်ညစ်စရာတွေကို ဘယ်လိုမှ မခံစားနိုင်တော့ပဲ ထွက်ပေါက်မဲ့နေလျှင်တော့ဘယ်လောက် စိတ်ဆိုးနေပါစေ၊ ကျွန်တော့်ကို ပြန်ခေါ်ကာ ရင်ဖွင့်လေ့ရှိပါသည်။ "နင်မှ နားမထောင်ပေးရင် ငါရူးသွားလိမ့်မယ်" ဒါက သူမဆီက ကြားနေကျ စကားတစ်ခွန်းပင်။ ဟန်ဆောင်ခြင်း အတတ်ကို မကျွမ်းကျင်သော သူမကို တခါတခါ စိတ်မရှည် ဖြစ်ရသည်ကလွဲပြီး စိတ်ဆိုးကြည့်လို့ပင် မရပါ။ တစ်ခု သတိထားမိသည်ကတော့ သူမသည် စိတ် အနိမ့်အမြင့် အတက်အကျ အင်မတန် မြန်ခြင်း ပင် ဖြစ်သည်။ "ညိုရာ၊ ကိုယ်က သူတပါးတွေကို ကူညီအားပေးနေရတဲ့သူလေ။ ညိုကိုယ်တိုင်က စိတ်ဓာတ်တွေကျနေရင် သူတို့ကို ဘယ်လို စောင့်ရှောက်မလဲ" NGO တစ်ခုက လူမှုကူညီရေး ပရိုဂရမ်မှာ ၀င်အလုပ် လုပ်နေပြီဖြစ်သော သူမကို အဲလို ဖျောင်းဖျလျှင်တော့ သူမက ခလေးဆိုးကြီးလို ကျွန်တော့်ကို ပြန်ပြီး ဂျီကျမြဲ။ သို့သော် သူမ၏ တိုးတက်မှုများကိုတော့ ကျွန်တော် မြင်နေရသည်။ ဆိုးဝါးလှသော ဘ၀တွေကို သူမ လက်တွေ့ မြင်ရ ကြားရတော့ စိတ်မကောင်းခြင်းများစွာနှင့် အကြိမ်ကြိမ် သူမ ငိုရသည်။ သို့သော် ထို ပြိုလဲနေသော ဘ၀လေးများကို တတ်နိုင်သမျှ ဖေးကူထူမရင်း အဆိုးမြင်စိတ်တွေ ပါးလျှားလာတာ သူမကိုယ် သူမ သတိပင် ထားမိပုံမရချေ။ အလုပ်တွေ ကြိုးစားလုပ်၊ နိုင်ငံခြား ပညာတော်သင် သွားဖို့အတွက်လဲ တဖက်က ကြိုးစားနေရင်း စိတ်ဖိစီးမှုတွေ များလာလျှင်တော့ သူမက အွန်လိုင်းကို ရောက်ရောက်လာတတ်ပါသည်။ ထိုအခါတိုင်းမှာလဲ သူမ၏ ပေါက်ကွဲမှုများကို ကျွန်တော်ခံရမြဲ။ လောကကြီး ၊ သူငယ်ချင်းတွေ အပေါ် စိတ်တိုင်းမကျ ရုံနှင့် အားမရ။ သူမက သူမကိုယ်သူမလည်း မုန်းနေသေး၏။ တစ်ခါတော့ သူမက အွန်လိုင်းပေါ်မှ အလိမ်အညာ စကားများကြောင့် စိတ်ကုန်ပြီး ထွက်ပြေးသွားခဲ့ ဖူးသည်။ သို့သော် သူမခင်တွယ်သော သူငယ်ချင်းလေး အနည်းငယ်ကို မစွန့်ခွာနိုင်စိတ်တို့ဖြင်း သူမက အွန်လိုင်းကို ပြန်ရောက်လာပြန်၏။ဒီကြားထဲမှာ သူမ အလုပ်ကိစ္စအတွက် ခရီး ခဏခဏ သွားရသည်။ နေသားမကျသော လူမှုရေး နယ်ပယ်မှာ သူမ အနည်းငယ် နေတတ်လာဟန် ရှိသည်။ သူမလုပ်ငန်း အခြေအနေအရ မလှပသော ဘ၀ တော်တော်များများကို မြင်ခဲ့ပြီးပြီပဲ။ အရင်လို တချိန်လုံး စိတ်ဓာတ်တွေ ကျနေပြီး သူမကိုယ်တိုင်ကိုပင် အကောင်းမမြင်လောက်အောင် အမုန်းတွေနှင့် ပြည့်မနေတော့။ သူမကိုယ်သူမ ယုံကြည်စိတ်တွေလဲ ပြန်ရလာခဲ့ပြီ။ ဒါကြောင့်လဲ သူမ နိုင်ငံရပ်ခြား အဝေးကြီးကို ပညာတော်သင် သွားရတော့ စိတ်တွေ ပိုခံနိုင်ရည် ရှိခဲ့ဟန် တူပါသည်။ စာမေးပွဲ နီးသည့်အခါမျိုး၊ စိတ်ညစ်လာသည့် အခါမျိုးတွေမှာတော့ သူမက ထုံးစံအတိုင်း ပေါက်ကွဲကာ လောကကြီးမှာ ပုန်းခိုစရာ နေရာလေး ပျောက်လို့နေတတ်ဆဲ။ သို့သော် သူမ စာမေးပွဲ တစ်ခု ပြီးသွားတိုင်း ရမှတ်တွေက အမြဲ ကောင်းလို့ နေခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို ကိုယ်စားပြုနေရသော သူမ၏ ထူးချွန်မှုများက ကျွန်တော့်ကို ပျော်ရွှင် ကျေနပ်စေခဲ့ပါသည်။ ခုတော့ သူမ မအားလပ်သည့်ကြားက စာတွေ ပြန်ရေးလို့ နေခဲ့ပြီ။ သူမ၏ ဘ၀ အပိုင်းအစနှင့် စိတ်ခံစားမှုများကို ဒီနေရာလေးမှာ ရဲရဲတင်းတင်း ချပြနေပြီ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေကိုလဲ သူမ မြင်တတ်လာပြီ။
ခုတော့ သူမသည် သူမကိုယ်သူမလက်ခံလာနိုင်ပြီ။ လောကကြီးက သူမထင်သလောက် မုန်းစရာ မကောင်းတေါ့ဘူး ဟု သူမသိနေခဲ့ပြီလား။ သူမနှင့်အပြင်မှာ လူချင်း သုံးကြီမ်မျှသာ တွေ့ဖူးသော ကျွန်တော်၊ သူမ၏ စာတွေကို ချစ်မြတ်နိုးသော ကျွန်တော်သည် တခါတခါမှာတော့ ဖတ်ပြီး မေ့သွားသော သူမ၏ စာတစ်ချို့လို သူမ၏ အပိုင်းအစ တစ်ချို့ကို မေ့လျော့ကောင်း မေ့လျော့မည်။ ဥပမာ သူမ၏ မွေးနေ့လိုမျိုး ( Don't kill me :-P ) ။ သို့သော် သူမကို သူမ၏ စာများလို ကျွန်တော် ဆက်လက် ဖတ်နေဦးမည်သာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချစ်ခင်သော သူငယ်ချင်းဆိုလဲဟုတ်၊ အမဆိုလဲ ဟုတ်သော သူမ လဲပြိုမှုများစွာမှ အကြိမ်ကြိမ် ပြန်ထကာ လျှောက်နိုင်သမျှ လှမ်းနေသော သူမ၏ ပန်းတိုင်၊ သူမ၏ လုံခြုံသော နေရာလေးတစ်ခု၊ နောက်ပြီး ငြိမ်းအေးမှုလေးတွေ အချိန်များများမှာ ရနေဖို့ တိတ်တဆိတ် ဆုတောင်းပေးနေပါအုံးမည်။ သူမ ပျော်ရွှင်ပါစေ။
ရေးသားသူ - မိုးကုတ်သား
16 comments:
စောင့်ဖတ်နေပါတယ်ဗျို့
you make me feel like i don't remember myself !
quick.. i can't wait to hear what u think of me
နယ်သားရေ နိပ်ဟ သူရဲကောင်းကြီး :)
စာလာဖတ်တယ် ဘာတွေဆက်ဖြစ်မလဲ နယ်ရေ .....:)
ကောင်းသောနေ့ပါ :)
ဆရာမ ဂျူးရဲ့ ဇာတ်ကောင်တွေလိုပါပဲလား၊ ဟမ်။
ဟီး။ ဆက်ရေးမယ်နော။ လောလောဆယ်တော့ ပွဲလေးတွေ ဆက်နေလို့ မူးလိုက်.. အဲလေ ပျောက်လိုက်အုံးမယ်လေ။
ဒီမှာ ပြန်လာ ပြီး ဆက်လိုက်တော့ ဆက်ထားမှန်း မသိဘူး။
ပို့စ် အသစ်တင်မယ်လို့ ထင်ထားတာ
ကျေးဇူးပါ
အကောင်းရေးပေးလို့
တစ်ခုပဲ
အပြင်မှာ ၁ခေါက်ပဲ တွေ့ဖူးတာ။
အင်း၊ သုံးခေါက်မှတ်ထားတာ။ ကျွန်းရ။ သေချာ ပြန် စဉ်းစားတော့မှ နှစ်ခေါက်လေ။ ပထမဆုံးတစ်ခေါက်ရယ်၊ နောက်ပီး ကျွန်တော် ခရီးမထွက်ခင် နှုတ်ဆက်တဲ့ တစ်ခေါက်ရယ်။ နှစ်ခေါက်။ ပိုသွားတဲ့ တစ်ခေါက်ကတော့ အိပ်မက်ထင်ပါ့။ ကျွန်းရေ.. ကိုယ့်ကိုကိုယ် အဆိုးတွေပဲ မမြင်နေနဲ့။ လူသားပီသတာလို့ပဲ မှတ်ထား။ ကျွန်တော်က လူသားဆန်ရတာ ကြိုက်တယ်။ ဟန်ဆောင်ထားရတာတွေက ပင်ပန်းတယ်လေဗျာ။
မခ၊ နယ်သားရယ် ဆရာမရယ်၊ ဖတ်တယ် ပြောသွားလို့ကျေးဇူး။
ညက်ညောတဲ့ အရေးအသားနဲ့  စိတ်ဝင်စားစရာကောင်းလိုက်တာ။
မယ်ကိုးရေ။ လာဖတ်တာကျေးဇူး။
Tune,
Hope we all know the value of friendship and we appreciate being the best for our friends.
သူငယ်ချင်းဆိုလဲဟုတ်၊ အမဆိုလဲ ဟုတ်သော ဆိုတာလေးကို ထပ်ဖြည့် ပေးထားလိုက်မယ်ဗျာ။ နော.. ။
Don't woryy people will not confuse with something else, my sister. :-) PEACE
comment တစ်ချို့ ပြန်လာ ဖျက်သွားတယ်။
အဲဒီအချိန်က စိတ်ထဲမှာ မကျေနပ်တာတွေ နည်းနည်းများနေတော့။
နောက်တော့ တွေးမိတယ်။
ကိုယ့်ကို ဘယ်သူက ဘာ ထင်မယ်ဆိုတာ ကိုယ် လုပ်လို့ရတဲ့ အရာမှ မဟုတ်တာလို့နော်။
အားလုံးကို အရှူံးပေးထားပါတယ်။
အနိုင်ပဲ ယူတော့မယ် :P
အလကား စတာပါ။
ကိုယ့် အခြေအနေနဲ့ အနေအထားက တစ်ခါတစ်လေ ကိုယ့်ကို defensive ဖြစ်စေဆဲပဲ ထင်ပါရဲ့။
actually, i thank u for being my friend ပါ။
ကောင်းလိုက်တဲ့ အရေးအသားလေး။ စာလုံးမှိန်မှိန်တွေကိုတော့ မနည်းအားစိုက်ဖတ်လိုက်ရတယ်။
နာ့ အကိုစွံမှန်းခုမှသိတယ်။
အားပေးသွားတယ် ..
တိတ်တဆိတ်
ဆုတောင်းပေးနေတယ်
ဆိုတာကို
သူမ သိပါစေ လို့
ဆုတောင်းပေးသွားပါတယ် ..။
Is she same with blogger ma ma?
just want to know if u don't mind
Post a Comment