Tuesday, March 31, 2009

အလွမ်းချို

အလွမ်းချို

တခုတ်တရနဲ့ ရေးခြစ်ခဲ့တာပါ
ဘယ်တော့မှ ပီပီပြင်ပြင်
မဖော်နိုင်ခဲ့တဲ့ မင်းရဲ့ပုံရိပ်တွေသာ
ငါ့မှာ ပြန့်ကျဲလို့။
လရောင်က မိန်းမူးစရာကောင်းလောက်အောင်
အေးမြလှပတယ်။
သူ့အဖော် အကာလ ညတွေကတော့
ဖောက်လွှဲဖောက်ပြန် စိတ်တွေကိုလဲ အားပေးတတ်သေးရဲ့။
အဝေးက အုန်းမောင်းခေါက်သံဟာ
ငါ့ရင် တခွင်လုံးကို လှုပ်နိုးနေတယ်
ညီမျှခြင်းမဲ့၊ ကိန်းဂဏန်းမဲ့
အချစ်အတွက် သက်သက် ခေါင်းလောင်းလေးက
တံခါးဝမှာ ကြိုးဆွဲသူကို မျှော်လို့။
သေချာတယ်
အလွမ်းတွေရှိခဲ့ရင်တောင်
မခါးသက်တော့ဘူး။


မေတ္တာဖြင့် - မိုးကုတ်သား

1 comment:

အပြုံးပန်း said...

တယ်ဟုတ်ပါလား