Thursday, March 5, 2009

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ


What happens when a fly falls into a coffee cup?

coffee-cup-01.jpg

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ

အီတာလျံ : ကော်ဖီခွက်ကိုလွှင့်ပစ်လိုက်ပြီး နာလိုခံခက်တဲ့ စိတ်တွေနဲ့ အဝေးကို ထွက်သွားခဲ့တယ်။

ပြင်သစ်: ယင်ကောင်ကို ဖယ်ထုတ်လိုက်ပြီး ကော်ဖီကို သောက်လိုက်တယ်။

တရုတ်: ယင်ကောင်ကို စားလိုက်ပြီး ကော်ဖီကို သွန်ပစ်လိုက်တယ်။

ရုရှား: ကော်ဖီကို ယင်ကောင်နဲ့ တွဲသောက် ပစ်လိုက်တယ်။ ငွေပိုမပေးရပဲ အလကားရတဲ့ အပိုဆုလို့ သူက သတ်မှတ်ထားတယ်လေ။

အစ္စရေး : ကော်ဖီကို ပြင်သစ်ကို ရောင်းတယ်။ ယင်ကောင်ကို ကျတော့ တရုတ်ကို ရောင်းလိုက်တယ်။ ရတဲ့ငွေနဲ့ ကော်ဖီ အသစ်တစ်ခွက် ပြန် ၀ယ်သောက်တယ်။ ပိုတဲ့ ငွေကိုတော့ ကော်ဖီထဲ ယင်ကောင် မကျအောင် ကာကွယ်တဲ့ စက်ပစ္စည်း ထုတ်လုပ်ဖို့ ရင်းနှီး မြှုပ်နှံလိုက်တယ်။

ပါလက်စတိုင်း : ကော်ဖီခွက်ထဲ ယင်ကောင် ကျတဲ့အတွက် အစ္စရေးကို အပြစ်တင်တယ်။ အကြမ်းဖက်မှုတွေ အတွက် UN ကိုဆန္ဒ ပြတယ်။ EU ကနေ ငွေချေးပြီး ကော်ဖီ အသစ်တစ်ခွက် ၀ယ်တယ်။ ငွေတွေကို ဖောက်ခွဲရေး လက်နက်တွေ ၀ယ်ပြီး ကော်ဖီဆိုင်ကို ဖောက်ခွဲ ပစ်လိုက်တယ်။
အီတာလျံ၊ ပြင်သစ်၊ တရုတ် နဲ့ ရုရှား တို့က သူတို့ရဲ့ ကော်ဖီခွက်ကို ပါလက်စတိုင်းကို ပေးပစ်ခဲ့သင့်တယ်လို့ အစ္စရေးကို ၀ိုင်းပြောနေကြပါတယ်။

ကျွန်တော်တို့ရော... ကိုယ့်ကော်ဖီခွက်ထဲ ယင်ကောင် ကျသွားခဲ့ရင် ဘာလုပ်ကြမှာပါလိမ့်။

ဖတ်မိတဲ့ စာတိုလေးတစ်ပုဒ်ကို ဘာသာပြန်ကြည့်တာပါ။

မိုးကုတ်သား

6 comments:

Anonymous said...

ကော်ဖီခွက်ထဲ ဘာပဲကျကျ
ဆိုင်မှာဆိုရင် ပြန်လဲခိုင်းလိုက်တယ်၊
အိမ်မှာဆိုသွန်ပစ်လိုက်တယ်၊
အဲဒီနေ့အတွက် ကော်ဖီသောက်တော့မှာ မဟုတ်ဘူး။
အရာရာ အကောင်းကိုပဲ လိုချင်တတ်လို့။

Anonymous said...

အမြဲတမ်းတော့မဟုတ်။

Anonymous said...

လေးမ....
ကော်ဖီရော ယင်ကောင်ကိုပါ သောက်လည်းမသောက်.. သွန်လည်းမသွန်... ရောင်းလည်း မရောင်းဘဲ... ကော်ဖီခွက်ထဲ ယင်ကောင်ကျသွားတဲ့ မိမိရဲ့ ကံတရားကို အပြစ်တင်နေမိမယ်ထင်တယ်...။

မှတ်ချက်.။ ။ ကိုမိုးကုတ်သားက လူမျိုးတစ်မျိုးချင်းရဲ့ စရိုက်တွေကို ရေးထားတော့ လေးမက မြန်မာ ကိုယ်စားပြုရေးချင်တာပါ.. သို့ ပေမယ့် တခြားမြန်မာတွေကို အားနာလို့ ... လေးမ လို့ ပဲ ရေးလိုက်တယ်..။

Anonymous said...

1 more coffee! :P

Lucifer said...

ယင်ကောင်လေးရယ်.. ဘာလို့များငါကြိုက်တဲ့ coffee ခွက်ထဲးကိုမှ ဆင်းချင်ရတာလဲးလို့ မေးမယ်...

မေလေး said...

ယင်ကောင်နဲ့ ဘာလို့ ငါနဲ့လာရှယ်ချင်ပါလိမ့်