Wednesday, May 27, 2009

သူတို့ ပိုင်တဲ့ မြန်မာ့အမွေ

ခုတလော အလုပ်များပြီး အိမ်ပြန် နောက်ကျနေတော့ စနေသား ဖြစ်စဉ်ကို အပြီးမသတ်နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။
လောလောဆယ် ကျွန်တော် အမှတ်တရ သိမ်းဖို့ ရိုက်ထားတဲ့ ပုံလေးတွေ မိတ်ဆွေတို့နဲ့ ဝေမျှ ချင်လို့ပါ။
ဒီအပါတ်ထဲမှာ ကျွန်တော်တို့ ရုံးက ပုံစံထုတ်ပေးထားတဲ့ အိမ်တွေထဲက တစ်ချို့ အိမ်လေးတွေကို တစ်ရုံးလုံး အလည်အပတ် ထွက်ကြပါတယ်။ ဆောက်လက်စ တန်းလန်းနဲ့ အိမ်တွေရော၊ ဆောက်ပြီးသား အိမ်တွေကိုရော သွားပြီး လည်ဖြစ်ကြတာပါ။
အိမ်ရှင်တွေက ကိုယ်တို့တွေ ဖန်တီးပေးထားတဲ့ အခန်းဖွဲ့ ပုံစံ၊ အလင်းပေးမှု စနစ်တွေနဲ့ အပန်းဖြေ အနားယူဖို့ ဖွဲ့စည်းပေးထားတဲ့ ဟင်းလင်းခွင်တွေကို ကျေနပ်ပျော်ရွှင်စွာ တကယ် နှစ်နှစ်သက်သက် အသုံးပြုကြတာ မြင်ရတော့ ရင်ထဲမှ ပီတိ ဖြစ်မိပါတယ်။ နောက်ပြီး သူတို့ကို ကြည့်ရတာ အိမ်မှာ နေပျော်ပြီး အင်မတန်မှလဲ သက်တောင့်သက်သာ ရှိနေကြပုံပါ။ သူတို့တွေကို ကြည့်ပြီး ကျွန်တော်ံစိတ်ထဲ ကြည်နူးနေမိတယ်။
နောက်တစ်ခုကတော့ ကျွန်တော် မျှော်လင့်မထားတဲ့ မြင်ကွင်းတွေပါ။ တွေ့မြင်ရလို့ ၀မ်းမြောက် ကြည်နူးရတာတွေရော၊ စိတ်ထဲမှာ နှမျောတာတွေရော၊ ဘာကိုမှန်းမသိ ဒေါသ ထွက်တာတွေရော၊ နောက်ပြီး အမြတ်တနိုး ထားကြတဲ့ သူတို့လို အနုပညာ မြတ်နိုး ထိန်းသိမ်းသူတွေကို ကျေးဇူးတင်တာတွေရော။ ခံစားရတာတွေ များတော့ စာလုံးတွေနဲ့တောင် ပီပြင်အောင် မရေးပြတတ်တော့ပါဘူးဗျာ။
သူတို့ နိုင်ငံခြားသားတွေ မြတ်စွာဘုရား လက်အုပ်ချီတော် မူနေတဲ့ ဆင်းတုတော် ပုံတွေကို လှေကားထစ်တွေမှာ ဘာကြောင့် ထားတတ်ကြတာလဲ ကျွန်တော် နားမလည်သေးပါ။ တချို့က လှေကား အောက်မှာပင် ထားထားလိုက်သေးသည်။ ကျွန်တော်ကတော့ ထိုလှေကား ထစ်တွေကို ဖြတ်သန်းရတိုင်း စိတ်က ဘယ်လိုမှ သက်တောင့်သက်သာမရှိလှ။ ထားပါ။ ဒီလို အတွေ့အကြုံတွေ နောက်မှ ကျွန်တော် ပြောပြချင်ပါသည်။ ခု ကျွန်တော် ပြောပြချင်သည်က ကျွန်တော် တခါဖူးမျှ ခုလို တွေ့ရမည် မမျှော်လင့်ခဲ့သော မြန်မာ့လက်ရာ စစ်စစ်များ။ တစ်ချို့က ကိုယ် မြန်မာလူမျိုးစစ်စစ်ပင် မမြင်တွေဖူးခဲ့သည့် လက်ရာတွေ။
အမြတ်တနိုး ထိန်းသိမ်းထားသော သူတို့ကို ကျေးဇူးတင်ရင်း၊ စိတ်ထဲ နှမျောတသရင်း၊ ကျွန်တော်တို့ မထိန်းသိမ်းနိုင်ခဲ့သော အမွှေအနှစ်တွေကို ခုလို ဓာတ်ပုံရိုက်ယူ သိမ်းဆည်းထားနိုင်ခွင့်နှင့်သာ ကျွန်တော် ကျေနပ်ရပါသည်။



ကျွန်တော့်ကို ဖမ်းစားခဲ့တဲ့ ရုပ်ထုတွေပေါ့





မြန်မာမှု၊ မြန်မာ့ဟန်လေးတွေ



အိမ်အ၀င်ဝက အဲမောင်း ထမ်းထားတဲ့ မြန်မာအမျိုးသားနှစ်ဦး ရုပ်ထု။ အနောက်ဘက်က မြတ်စွာဘုရား ဆင်းတုတော်ကလည်း မြန်မာ့လက်ရာ အစစ် (ပုံက ၀ါးသွားလို့ သည်းခံပေးပါ ခင်ဗျာ)

ဒီရဲ့ ရုပ်ထုတွေကတော့ မြန်မာ့လက်ရာလို့ အိမ်ရှင်က ပြောပါတယ်။ ကျွန်တော်ကတော့ မသေချာလို့။









အားလုံးကို ချစ်ခင်လေးစားလျှက်
မေတ္တာဖြင့်
မိုးကုတ်သား


5 comments:

ကြယ်သောကြာ said...

brother ရေ နှမြောစရာလေးတွေပေါ့ဗျာ။ တန်ဖိုးထားတတ်တဲ့ သူ လက်ထဲ ရောက်နေတာ တော်သေးတာပေါ့။ ဒါတွေမှ ဟုတ်ပါဘူး ရှိ ရှိသမျှသော အရင်းအမြစ် ကိုယ်ကိုတိုင်မှ မထိန်းသိမ်းနိုင်တော့ အင်း ကျွန်တော်တို့လည်း ညံ့ ပါသေးတယ် ဗျာ

Sein Lyan Tun said...

ဟုတ်တယ်အကို
ဒီနိုင်ငံမှာလဲ ဆင်းထုတော်တွေကို ထားချင်တဲ့နေရာထးတာတွေရတာ
အရမ်းကိုစိတ်မကောင်းမိပါတယ်
တစ်ခါတော့ပြောဖူးပါတယ် စားသောက်ဆိုင်တစ်ခုမှာ
အဝင်ဝတံခါးနားမှာ ဘုရားပုံထားထားလို့
စီးပွားတက်ချင်ရင်ပြောင်းလို့
နောက်မဟုတ်ရင် စီးပွားပျက်မယ်ပြောမှ
ပြောင်းလိုက်တယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

YuuWaThone said...
This comment has been removed by the author.
YuuWaThone said...

အတော်ကိုစိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ့်နိုင်ငံရဲ ရှေးဟောင်းပြတိုက်မှာရှိရမဲ့
တန်ဘိုးကြီးမားတဲ့ ဗမာ့ယဉ်ကျေးမှု အမွေအနှစ်တွေလေ။
ပုံလေးတွေကူးသွားတယ်။

မယ့်ကိုး said...

့မြန်မာတွေ ဆီမှာတောင် မရှိတဲ့ မြန်မာ့အနုလက်ရာလေးတွေ....
ကျွန်မလည်း ဘာမှန်းမသိ နှမျောမိပါတယ်။