Thursday, May 21, 2009

ဦးပုည ရဲ့ ကဗျာ တချို့


ဖတ်မိတဲ့ ဦးပုည ရဲ့ ကဗျာ တစိချို့ ကို ဒီမှာ သိမ်းထားရင်း မိတ်ဆွေတို့လည်း နှစ်သက်မယ် မျှော်လင့်ပါတယ်။


သစ္စာပျက်မှာတမ်း

သနစ်စုံ
ဖြစ်ပုံဖြင့် ခက်သား ။
မလေးခင် ပေလွှာရေးတယ်
ဝေးတရပ်ခြား ။ ။

ဦးပုည

ရှုလေယဉ်လေ

နန်းရံတရာ ပဏ္ဏာခ
မန်းမန္တလ ဗွေရိပ်စံ။
စန်းစန္ဒရ ငွေဗိမာန်လို
ပင်ရွှေထိပ်ပန် ယဉ်များပန်း။
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။
ကပိုကရို့ သူ့အမူငယ်
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း။
အမူ့အယူ လှိုင်ကြူပန်းသို့
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်။
ရှုလေယဉ်လေ မြင်သူငေး
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်
ယဉ်တတ်ပါတဲ့နောင်။
ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်
တကျော့ထုံးနှောင် ကေသီလျော့နှင့်
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်
ပိတုန်းမင်ညွန့်ဆိုင်။
စံပုံရှားတဲ့ သိကြားမှိုင်ငယ်
သနားပိုင်ပိုင် ခံစမ်းချင်လှလေး။

ဦးပုည




သစ္စာတိုင်

ကြက်ညီနောင် ရေဝယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။

အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။

ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘဝကူး။ ။

ဦးပုည


မေတ္တာဖြင့်
မိုးကုတ်သား

4 comments:

Anonymous said...

ရူလေယဉ်လေကဗျာလေးက လှတယ်။
အဲဒီလို သိပ်လှချင်ခဲ့တယ်၊ ပေါ်ပြူလာဖြစ်ချင်လို့။
ငယ်ငယ်တုန်းကပါ။

မယ့်ကိုး said...

တင်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်။ နောက်လည်း တင်ပေးရင် အရမ်းကောင်းမှာပဲနော်။
ဦးပုညစာပေါင်းချုပ်ကြီး ဝယ်ထားပြီး ပျောက်သွားလို့  စိတ်မကောင်းဖြစ်ရတာ အခုချိန်အထိ။

Lucifer said...

ဦးပုည ကဗျာတွေကို google search မှာရှာရင်းဒီ blog ကိုပထမဆုံးရောက်လာတာ.. ဟီး.. အဲ့ဒီတုန်းက လိုချင်လို့ ကူးသွားတယ်ဆိုတာမပြောခဲ့မိဘူး..

Zephyr said...

မယ်ကိုး ...
ကိုဘို ကောက်ရထားတာများဖြစ်နေမလား။
မေးကြည့်လိုက်ဦး။

Zephyr