Wednesday, December 17, 2008

အပြောင်းအလဲ တစ်ခု

တစ်ခုသော ညနေခင်း ဆည်းဆာမှာ ကျွန်တော် မက္ကဆီကန်က ကမ်းခြေတစ်ခုဆီ လမ်းလျှောက် ထွက်လာခဲ့တယ်။ ကမ်းခြေအတိုင်း လျှောက်သွားရင်း ခပ်ဝေးဝေးမှာ လူတစ်ယောက်ကို တွေ့တယ်။ အဲ့ဒီလူနဲ့ တစ်ဖြည်းဖြည်း နီးလာတော့ သူဟာ သဲသောင်ပြင်ပေါ်က တစ်ခုခုကို ကုန်းကောက်လိုက်၊ ရေထဲကို လွှင့်ပစ်လိုက် လုပ်နေတာကို တွေ့တော့ တော်တော် စိတ်ဝင်စားသွားတယ်။ ကျွန်တော် ကြည့်မိလိုက်တဲ့ အချိန်တိုင်းလိုလို အဲ့ဒီ လူက သောင်ပြင်ပေါ်မှာ ကုန်းကောက်လိုက်၊ ရေထဲ လွှင့်ပစ်လိုက် လုပ်နေတာကိုပဲ တွေ့နေရတယ်။ ကျွန်တော် သူနဲ့ တော်တော် နီးလာတော့မှ ဒီလူက ကြယ်ငါးတွေကို တစ်ကောင်ပြီး တစ်ကောင် ကောက်ပြီး ပင်လယ်ထဲ လွှင့်ပစ်နေတာကိုး။ ကြည့်ရတာတော့ ဒီနယ်သား ပုံစံမျိုး ပါပဲ။ ကျွန်တော်လဲ တော်တော် အံ့ဩသွားတာနဲ့ သူ့ကို မေးကြည့်တယ်။
“ကောင်းသော ညနေခင်းပါ ခင်ဗျာ။ ခင်ဗျား ဘာတွေလုပ်နေတာပါလိမ့်လို့ ကျွန်တော် စဉ်းစားနေတာ”
“ငါလား၊ ဒီ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန် ပို့ပေးနေတာလေ။ ဒီရေတွေ ကျနေတာ မင်း မြင်တယ်မလား။ တကယ်လို့ ငါသာ သူတို့ကို ပင်လယ်ထဲ ပြန် လွှင့်မပစ်ရင် သူတို့ ဒီ သောင်ပြင်ပေါ်မှာ အောက်စီဂျင် ပြတ်ပြီး သေကုန်ကြမှာပေါ့”
“ငါသိပီ” ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီနေရာမှာတောင် ကြယ်ငါးတွေ ထောင်နဲ့ ချီပြီး ရှိနေတာ။ ဒီ အနီးအနား တစ်ဝိုက်က ကမ်းခြေ တွေမှာလဲ အတူတူပဲ ရှိမှာပေါ့။ ခင်ဗျား ဒီလို လုပ်နေရုံနဲ့ ဒါတွေ အကုန်လုံးကို ပြောင်းလဲလို့ မရဘူးဆိုတာတော့ နားလည်ရမှာပေါ့”
ရွာခံ လူက တစ်ချက် ပြုံးလိုက်တယ်။ ခါးကို ကိုင်းညွှတ်ပြီး နောက်ထပ် ကြယ်ငါးတစ်ကောင်ကို ကောက်ယူပြီး ပင်လယ်ထဲ လွှင့်ပစ်လိုက်ရင်း ကျွန်တော့်ကို ပြန်ပြောတယ်။
“ကဲ ဒီတစ်ကောင်ကိုတော့ ငါ ပြောင်းလဲလိုက်ပြီ”

Everyone thinks of changing the world, but no one thinks of changing himself. ~Leo Nikolaevich Tolstoy

I have found the paradox that if I love until it hurts, then there is no hurt, but only more love. ~Mother Teresa

Nobody can do everything, but everyone can do something. ~Author Unknown

To put the world right in order, we must first put the nation in order; to put the nation in order, we must first put the family in order; to put the family in order, we must first cultivate our personal life; we must first set our hearts right. ~Confucius

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

1 comment:

noblemoe said...

ပိုစ်ကောင်းလေး

သာယာချမ်းမြေ့ပါစနော်
မိုး