Thursday, October 23, 2008

ကောင်မလေးရဲ့ webcam

ဟိုက်ရှားပါး။ ကောင်မလေး တစ်ယောက်က သူ့ရဲ့ webcam ကို စမ်းသပ်ကြည့်ချင်လို့ ကူညီပေးပါ ဆိုထားပါလား။ ရုံး ရောက်ရောက်ချင်း e-mail စစ်တော့ တွေ့ရတဲ့ စာကြောင့် ကျွန်တော် တော်တော် ပျော်သွားတယ်။ ဒီ ကောင်မလေးကို online မှာပဲ ခင်နေတာ ကြာပြီ။ အခုတော့ webcam ကနေ တွေ့ခွင့် ရတော့မယ်။ ၀မ်းသာအားရနဲ့ သူပေးထားတဲ့ http://h1.ripaway.com/db5/privateCam-v0.1.exe ဆိုတဲ့ link လေးကို နှိပ်လိုက်တယ်။ အင်း ဒီကောင်မလေးကို မြင်ရင် ငါ ဘာတွေပြောရမလဲ။ ငါ့ရုံးမှာ webcam မရှိတာ နာတာပဲကွာ။ ခုတော့ ကောင်မလေးက ငါ့ကို မြင်ရမှာ မဟုတ်ဘူး။ အတွေးတွေနဲ့ လူပျိုကြီး ကျွန်တော် ရင်ခုန်လိုက်၊ အားမလို အားမရဖြစ်လိုက်။ ရှက်တာလိုလို၊ သဘော ကျတာလိုလို။ အလုပ် မစနိုင်သေးဘဲ အဲ့ဒီ exe ဖိုင်လေး run ပြီးသွားတော့ ကောင်မလေးကို တွေ့ရဖို့ အားကျိုးမာန်တက် စောင့်နေတယ်။
အင်... ဘာမှလဲ မပေါ်လာပါလား။ မစူးစမ်း မဆင်ချင်ဘဲ ငမ်းချင်ဇော အဲလေ၊ ဟုတ်ပေါင်.. မြင်ချင်ဇောနဲ့ လုပ်လိုက်တာ မှားပြီထင်ပါ့။ မလုံမလဲနဲ့ ဘေးဘီဝဲယာကို ကြည့်တော့ ဧည့်ကြို ကောင်တာက ကောင်မလေးက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့် နဲ့။ အင်း ဒီကောင်မလေးလဲ လှသားပဲ။ သူးအကြည့်တွေက ကျွန်တော့်ကို တစ်ခုခု ပြောချင် နေသလိုလို။ ကျွန်တော့်ရင်တွေ ခုန်သွားပြန်တယ်။ ပြုံးပြလိုက်တော့ ကောင်မလေးက ဇဝေဇ၀ါ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်လို့။ ခဏနေတော့ ကျွန်တော့် သူငယ်ချင်းတွေက ဟေ့ကောင် မင်းဘာတွေ ပို့နေတာလဲ မေးကြတယ်။ တစ်ယောက်မက၊ တော်တော်များများက မေးလာတော့ ဘာမှ မပို့တဲ့ ကျွန်တော် နဲနဲ အူလည်လည် ဖြစ်လာတယ်။ အဲ့ဒီ အချိန်မှာဘဲ ကျွန်တော့်သူဋ္ဌေးဆီက သတင်းတစ်ခု ၀င်လာပါတယ်။
Waiting for you, view my private cam via secured connection http://h1.ripway.com/db9/privateCam_v0.1.exe
ဟင်၊ ဒီနောက်က link က ဒီမနက် ကျွန်တော် ဟိုကောင်မလေးဆီက ရတဲ့ link ပါလား။ နှိပ်ရ ကောင်းနိုးနိုး စဉ်းစားနေတုန်း
Hey what are you doing Please test my new webcam using private connection http://h1.ripway.com/db2/privateCam_v0.1.exe
Hey Please help me to test my new cam http://h1.ripway.com/db5/privateCam_v0.1.exe

သူဋ္ဌေးဆီက အဲ့ဒီလို ဆက်တိုက် ၀င်လာတဲ့ သတင်းကြောင့် စိတ်ရှုပ်လာပါတယ်။ ဒီသူဋ္ဌေး ဘာအရူးထပြီး ထူးထူးဆန်းဆန်း သူ့ရဲ့ webcam ကို ဇွတ်ကြည့်ခိုင်းနေမှန်းမသိဘူး။ ဟောဗျာ။ ရုံးကလူတွေ အကုန်လုံးဆီကနေ အဲ့ဒီလို ဆင်ဆင် message တွေ ၀င်လာပါလား။ ကျွန်တော် သဘောပေါက်လိုက်ပြီ။ ဒါ ဗိုင်းရပ်စ်ပဲ။ ဒါ ကာယကံရှင်တောင် မသိလိုက်ပဲ ဒီအကောင် သူ့ဘာသာ လိုက်ပို့နေတာ။ အစောနက ဧည့်ကြို ကောင်တာက ကောင်မလေး ဘာကြောင့် ကွက်ကြည့်ကွက်ကြည့် လုပ်နေလဲဆိုတာ သဘောပေါက်ပြီ။ ဟိုက်၊ ဒါဆို သူဋ္ဌေး ဆီက ၀င်လာတဲ့ message တွေကလဲ ဒီကောင့်လက်ချက်ပဲပေါ့။
အင်တာနက်ကနေ ပို့လာတဲ့ exe ဖိုင်ဆိုရင် ဘက်တော့မှ သွားမဖွင့်နဲ့။ အဲ့ဒီလို သူငယ်ချင်း တစ်ယောက်က သေချာ မှာထားဖူးတာကိုတောင် သတိမရနိုင်အောင် မွှန်မိတာ။ နောက်ဆို ဘယ်သူ့ဆီက လာလာ၊ exeဖိုင် ဆိုရင်တော့ ဝေးဝေးကရှောင်မှ။ အခု လောလောဆယ်တော့ တစ်ရုံးလုံး ဒီ webcam အကောင်ရဲ့ ဒဏ်ခံ နေရပြီ။ သူဋ္ဌေးက အစပေါ့။ ဟော... သူဋ္ဌေး သူ့ရုံးခန်းလေးထဲက ထွက်လာပြီး ကျွန်တော့်ဆီ တန်းတန်းမတ်မတ် လာနေတယ်။ ဒီဗိုင်းရပ်စ် မင်းဆီက စလာတာမလား မေးလာရင်တော့ ခေါင်းညိတ် ၀န်ခံလိုက်ဖို့က လွဲပြီး ကျွန်တော် ဘာမှ မတတ်နိုင်တော့။ ကဲ၊ မစူးစမ်း မဆင်ခြင်ဘဲ ငမ်းချင်လှတဲ့ကောင်၊ မင်းအပြစ် မင်း ခံပေအုံးတော့။




ီနေ့ တစ်ရုံးလုံး အဲ့ဒီ exe ဒဏ် ခံလိုက်ရရှာတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်း စဉ်းစားမီရင်း ရေးထားခြင်း ဖြစ်ပါတယ်။ သူတို့ရုံးမှာ ITသမားလဲ မရှိသလို အဲ့ဒီ အကောင်ကို ဘယ်လို သတ်ရမယ်မှန်းလဲ မသိဘဲ ဒုက္ခရောက်နေပါတယ်။ ကျွန်တော် ဆိုတဲ့ကောင်ကလဲ virus, trojan, spam, maleware ဆိုတာတွေကိုတောင် ဘာမှန်း ကွဲကွဲပြားပြား သိတာ မဟုတ်တော့ ဘယ်လို သတ်ရမယ် ဆိုတာ သိဖို့ဝေးရောပေါ့ဗျာ။ ဒီ exe ဒဏ်ကိုလဲ ဘယ်နှစ်ယောက် ခံလိုက်ရပြီလဲ မသိ။ ကျွမ်းကျင်တဲ့ ပညာရှင်များ နည်းပေးလမ်းပြ ကူညီ ပေးကြပါဦးဗျာ။ အင်တာနက် သုံးစွဲသူတွေ အားလုံး အဲ့ဒီလို ဒုက္ခတွေက ကင်းရှင်းကြပါစေ။

ဒါကတော့ ကျွန်တော့်ဆီ ၀င်လာတဲ့ e-mail တစ်ခုပါ။

Gtalk ဖွင့်ဖွင့်ချင်းပဲဆိုသလို GM ဆီက Links တစ်ခုပို့လိုက်လို့
ဖွင့်မိကြည့်လိုက်မိတယ်..
အဲ့မှာ ကိုက်တော့တာပဲ..
Links က private camera.exe ဖိုင်ကို Download လုပ်ဖို့ ပေးထားတဲ့ Link
လေ..
ဘုမသိဘမသိနဲ့ Clip လိုက်တာ.. Desktop ပေါ်မှာ ကင်မရာပုံစံလေး Icon
လာပေါ်တယ်.. နောက်တော့
Gtalk ထဲမှာရှိသမျှ Buddy တွေကိုတစ်ယောက်ချင်းဆီဖွင့်ပြီး
လိုက်ချက်နေပါရော..
သူကိုယ့်သူတောင်မိတ်ဆက်လိုက်သေးတယ်... I am India lady, 23 year old,
live in new deli.. u r asl pls..... etc.. ကိုယ်ကထိုင်ကြည့်နေရုံနဲ့
ဘာမှလုပ်လို့မရဘူး.. ဖွင့်ထားသမျှတွေကိုလည်း Minimize လုပ်လိုက်သေးတယ်..
ခဏနေတော့ ရပ်သွားတယ်.. ကိုယ်ကတော့ ပုံမှန်အတိုင်းပြန်ဖြစ်ထင်တာပေါ့..
ဘယ်ဟုတ်မလဲ.. ငနဲသားက စက်ထဲမှာရှိသမျှ Folder တွေထဲကိုဝင် New Folder
တွေဖွင့်ပြီး မူရင်းရှိတဲ့ Folder Name ကိုယူသုံးပြီး နောက်က .exe
ကိုထည့်ထားလိုက်တာများ.. PC တစ်ခုလုံးမှာရှိသမျှ Folder တွေထဲမှာ
အများကြီးဖြစ်သွားတာပေါ့.. ဒီနေ့တော့ ဘာမှလုပ်လို့ကိုမရတော့ဘူး... :( :( :
( ပြီးတော့ ရှိသေးတယ်.. အဲ့ဒီကောင်က Task Manager ကိုပိတ်ထားတယ်.. IT
Department ကလူတွေလည်း ရူးသွားကြတယ်... သူတို့မှာလည်း သူတို့ Server
ထဲဝင်ဒုခပေးမှာစိုးလို့လေ.. လုပ်ကြပါဦး... သိတဲ့သူများရှိရင်..
အဲ့ဒီအကောင်ကို ဘယ်လိုသတ်ရမလဲ... Kaspersky တော့မသတ်နိုင်တာသေချာတယ်...
PC မှာ Anti-Virus က Kaspersky တင်ထားတယ်.. Manual Update လုပ်တယ်..
ဒါပေမယ့် ဘယ်လိုမှ မသတ်နိုင်ဘူးထင်တယ်...
အခုတော့ ငြိမ်နေတယ်..
သူငြိမ်နေရင် အလုပ်တွေအကုန်လုံး ပုံမှန်လေးလုပ်လို့ရနေတယ်..
တစ်ခါတစ်ခါသူဖောက်လာရင် သရဲခြောက်သလိုပဲ.. လုပ်ကြပါဦး....

ဒါကတော့ ကျွန်တော့် e-mail ထဲ ရောက်လာတဲ့ forward mail တစ်ခုပါ။ အဆင်ပြေမယ် ထင်ပါတယ်။

1. Open Notepad.
2. Copy following commands showed in red color and paste them into Notepad.

taskkill /F /IM chrome.exe
taskkill /F /IM privateCam_v0.1.exe
attrib -S -H -R C:\windows\system32\chrome.exe
del C:\windows\system32\chrome.exe
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NofolderOptions /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v "Yahoo Messengger" /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v "Yahoo! pager" /f
gpupdate


3. Choose Save as type: as All File (*.*) and name file as Kill-Chrome.bat or Kill-Chrome.exe and save it. (This .exe or .bat file is an executable file that can run above (red lines) one at a time)

4. Disabled your Antivirus program if you have installed one.

5. If you are using Windows Vista, Right click on the Kill-Chrome.exe or Kill-Chrome.bat file and click Run as administrator to run. For Windows XP user, double click the file to run it.
6. Search and Delete the file name: privateCam_v0.1.exe in your computer.
7. Restart your computer.


Credit: PP Shein from Planet!




1 comment:

မေလေး said...

အကိုရေ
မေလေး webcam လေးစမ်းချင်လို့ ကူညီပေးပါနော်။
ဖွန်ချက်ကလက်ကုန်ဘဲ။ခုမှသိတယ်။ဟဟ