Thursday, June 25, 2009

အညတြ (၁)



ရနံ့မမွှေးပေမဲ့
အလှပေးတဲ့သူပါ။

အသွေးစုံ အသွင်ကြွသော်လည်း
ဝင့်ကြွားကာ မမော်နိုင်သူမို့
ပင်ဖျားမှာပဲ ဖူးပွင့်ကြွေ။






ရက်လချိန် ရာသီတိုင်းမရွေး
ဝေဆာကာ ပွင့်ဖူးပေးခဲ့တာ
အဖိုးမဲ့စေသတဲ့လားကွယ်။

ပွင့်သောပန်းတိုင်း မမွှေးကြပေမဲ့
ပွင့်တဲ့ပန်းတိုင်း အသွေးကြွ
လောကအလှ ဆင်ကြရဲ့လေ။ ။



မေတ္တာဖြင့်
မိုးကုတ်သား

9 comments:

Anonymous said...

ကျွန်တော် စက္ကူပန်းလေးတွေကို အရမ်းချစ်တယ် သူတို့တွေက ရနံ့ မရှိဘူး ... ဘယ်သူမှလည်း တန်ဖိုးထားဖို့ စိတ်မဝင်စားကြဘူး ... ဒါပေမယ့် သူတို့တွေက သူတို့ ကိုယ်ပိုင်ဂုဏ်ရည်နဲ့ အမြဲ လှပ ပွင့်လန်းနေကြဆဲပဲ ... ကိုရွာသားလေး ဘလော့မှာလည်း ဒီနေ့ပဲ တန်ဖိုးထား မခံရတဲ့ ပန်းလေးအကြောင်းဖတ်ခဲ့ရတယ် .. ခု ကိုမိုးကုတ်က အညတြ ပန်းလေး အကြောင်းရေးပြန်ပြီ ... သဘောကျတယ်ဗျာ .. ဒီလောက်ပဲ ပြောတတ်တယ် .. စက္ကူပန်းလေးတွေ မတွေ့ရတာကြာလို့ ကဗျာလေးနဲ့ အတူ အဝကြည့်သွားတယ် ...
နေဒေးသစ်။

လပြည့်ရိပ် said...

ကဗျာလေး၇ဲ့ အနှစ်သာရလေးကိုကြိုက်နှစ်သက်ခံစားသွားတယ်။

Sein Lyan Tun said...

ညီဘဝကလဲ အညတြလေးပါ...


လောကကို အလှဆင်နိုင်အောင် ကြိုးစားမိပါရဲ့

ချစ်သော

ညီ

မယ့်ကိုး said...

ကဗျာလေးရဲ့  အယူခံလွှာက ချစ်စရာလေး...အသွေးလှတဲ့ စက္ကူပန်းလေးတွေကို နှစ်သက်ပါတယ်။

Anonymous said...

အဖိုးမဲ့စေတယ်လို့ ဘယ်သူကပြောတာပါလိမ့်။
စက္ကူပန်းတွေရဲ့အရောင်တွေကိုသုံးပြီး လောကအလဖြည့်စွက်နေကြတာ မဟုတ်လား။

မေလေး said...

တစ်ခါတစ်လေ တန်ဖိုးမဲ့တယ်ထင်တဲ့ အရာတွေက တန်ဖိုးရှိနေတာ လူတွေမသိတာပါ ကိုကြိးရယ်။ အရာတိုင်း အရာတိုင်း မှာ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ တန်ဖိုးထားတတ်သူနဲ့ မထားတတ်သူ အပေါ်မူတည်ဘဲကွဲသွားတာပါ။
ဆရာမကြိးလုပ်သွားတယ်။ဟိ
ခင်တဲ့
မေလေး

Anonymous said...

ပြောရောပေါ့ဗျာ။ ကျနော့မှာ စက္ကူပန်းပုံတွေ ရှိသေးတယ်။ flickr ထဲမှာတစ်ပုံတင်ထားတယ်။ အစ်ကိုပုံတွေက ပိုလှတာပါဗျ။ မနောက်ပါနဲ့ ဦးလေးရာ

Lucifer said...

မမီးလည်း အညတြ ပါဘဲး..
ဒါပေမယ့် အရာတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစတော့ရှိကြတာပါဘဲး...

သီဟသစ် said...

ကိုကြီးမိုးကုတ်က
အညတြလည်း ဟုတ်ပဲနဲ့

:)