Wednesday, June 10, 2009

ကျွန်တော်တို့ရဲ့ အိမ်












Lake Powell, Utah, USA













Boats in the port of Mopti on the Niger River, Mali



စိတ်တောင်ပံတွေကို
လွှင့်ထုတ်ပျံသန်းရင်း
မြင့်နိုင်သမျှ အမြင့်ဆုံးကို လွှင့်တင်လိုက်
တိမ်တိုက်တွေက ချော့မြူကြည်စယ်။




Great Barrier Reef, Queensland, Australia













Iguazu Falls, Misiones Province, Argentina and Brazil

မြေပြင်တခွင်ကို အုပ်မိုးကြည့်တော့
ပင်လယ်ကပြာ
ခင်တန်းကစိမ်းညို့
မခို့တရို့ မြစ်နဒီတွေက
တောရိပ်တောင်စွယ်ကို
ကနွဲ့ကလျ ပတ်ခွေစီးဆင်း
နေခြည်မှာ လင်းလက်လို့။

Pantanal wetlands near Corumba, Mato Grosso do Sul, Brazil





စိုက်ပျိုးရေးခေတ်ကနေ
ကျွန်တော့်စိတ်တွေ လွင့်ဝဲ ပျံသန်းသွားလိုက်တဲ့အခါ
အေးတငြိမ့်ငြိမ့် မြူးတသိမ့်သိမ့်။




Wheat Harvest, Nepal



သက္ကရာဇ်တွေကို ဖြတ်ကျော် ပျံသန်းသွားလိုက်တာ
လောင်စာတွေ မရှိမဖြစ်တဲ့ ခေတ်ကာလကို ရောက်လေတော့
ရပ်တန့်သွားတဲ့ ဇီဝဖြစ်စဉ်များ


Caravan of dromedaries near Tichit, Mauritania





အလို......
ဟိုး မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျ
နေထိုင်ရာ ဂြိုလ်ကမ္ဘာကြီးက ပူနွေးဆူဝေလာ



Graphic Formation on frozen Lake baikl, Siberia, Russia






သွားလေရာရာ လောင်စာဆီ၊ လောင်စာဆီ
မိခင်ရဲ့ ရင်းမြစ်တွေကို မညှာမတာ ထုတ်ယူသုံးစွဲကြလေတော့





Blue Lagoon, Svartsengi geothermal power plant, near Grandavik, Rekjanes Peninsula, Iceland








အမေ့ ရင်ခွင်လဲ ဖုန်းဆိုးသဲတောတွေ ပြည့်နှက်
ကူကယ်ရာမဲ့တဲ့ ဒုက္ခသည်တွေက
မြို့ပြတွေ လင်းလက်ဖို့ အစတေးခံရ
လူလူချင်း သားကောင်ချနင်းနေလိုက်ပုံများ။


Landfill for oil residue from the Athabasca Oil Sands, Fort McMurray, Alberta, Canada






ကျယ်ပျံ့လာတဲ့ ကန္တာရမှာ
နားခိုစရာ အိုအေစစ်ကို ရှာရင်း
ပျံသန်းနေတဲ့ ကျွန်တော့် စိတ်တွေတောင်
လောင်စာဆီ ကုန်လုပေါ့။ ။



A well near Khudiala, Rajasthan, India













Lakagigar Volcanic System, Iceland





YOUTUBE ကနေ Home Projects Channel ကို ကြည့်မိပြီး ရင်ထဲ ရောက်လာတဲ့ အတွေးတွေပါ။





Grand Prismatic Spring, Yellowstone national Park, Wyoming, USA


တစ်နာရီသုံးဆယ့်သုံးမိနစ်နဲ့ ဆယ့်ရှစ်စက္ကန့် ကြာတဲ့ ဒီ ပြကွက်လေး တစ်ခုက ကျွန်တော့် စိတ်တွေကို ဆွဲခေါ်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေ အကျိုးအတွက်ကိုသာ တိုးတက်ဖို့ ကြိုးစားရင်း နေထိုင်ရာ ရိပ်မြုံကမ္ဘာကြီးကို အသုံးချနေခဲ့ကြတာ။ မိခင်ကမ္ဘာကြီး ဘယ်လောက် ချိနဲ့နေရှာပြီလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း မီးမာင်းထိုး ပြလိုက်သလိုပါပဲ။
ကျွန်တော်တို့ နေထိုင်ရာ ရိပ်မြုံလေးကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ။ အမိကမ္ဘာမြေကို ကယ်တင်ဖို့ အသည်းအသန် လုံးပမ်းနေကြချိန်မှာ ကျွန်တော်တို့တတွေ တတ်စွမ်းသမျှ တစ်ထောင့် တစ်နေရာက ဘယ်လို ပါဝင်ကြမလဲ။
ကျွန်တော်တို့အားလုံးမှာ အမိကမ္ဘာမြေကို ကယ်တင်ဖို့ တာဝန်တွေ ရှိကြပါတယ်။





ကျွန်တော် ပျံသန်းကြည့်မိတဲ့ ဒီ ပြကွက်ကလေးကို ဒီကနေတဆင့် ကြည့်လို့ရအောင် ချိတ်ထား ပေးပါ တယ်ခင်ဗျာ။



Tree of Life, Tasvo national park, Kenya

မိတ်ဆွေတို့ရော ဘယ်လို ခံစားရသလဲ။ ဘယ်လို မြင်သလဲ။ ဘာတွေ လုပ်ကြမလဲ။ တတ်နိုင်သမျှ လက်ဆင့် ကမ်းပေးကြပါခင်ဗျာ။

အောက်က စာပိုဒ်ကတော့ Yann Arthus-Bertrand ရဲ့ စာပိုဒ်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။


homeproject

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate.


The stakes are high for us and our children. Everyone should take part in the effort, and HOME has been conceived to take a message of mobilization out to every human being.


For this purpose, HOME needs to be free. A patron, the PPR Group, made this possible. EuropaCorp, the distributor, also pledged not to make any profit because Home is a non-profit film.


HOME has been made for you : share it! And act for the planet.


Yann Arthus-Bertrand



Photos credits to home-2009.com & GoodPlanet.org


ကျွန်တော်တို့ နေထိုင်ရာ အိမ်ဖြစ်တဲ့ အမိကမ္ဘာမြေကို တစ်ထောင့်တစ်နေရာက ကယ်တင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

4 comments:

Sein Lyan Tun said...

စိတ်ဝင်စားတယ်အကိုကြီး...
အမိကမ္ဘာမြေကို မကယ်တင်ခင်
ချစ်ညီကိုအရင်ကယ်တင်ထားပါလား
အဟီးးးးးးးးးးးးးးး
ဘယ်လိုလဲ
ကယ်တင်မှာလား
ချစ်ညီ
ဖိုးစိန်

မခ said...

လာဖတ်သွားတယ်
အင်း........
သက်ပြင်းချသွားတယ်
တွေးမိနေတယ်
ဘယ်လိုလုပ်ရပ့ါမလဲလို့

မယ့်ကိုး said...

ကျွန်မကတော့ နည်းပညာတွေ မသိပါဘူး။ ငယ်ငယ်ကတည်းက အပင်တွေ အများကြီးစိုက်ဖို့ တော့ စိတ်ကူးယဉ်ဖူးတယ်။

Mogok Thar said...

ညီ ကောက်ကောက်စိန်.. ကယ်တင်ပါရစေ၊ ကယ်တင်ပါရစေ ခင်ဗျ။
မခရေ... ကိုတိုပတွေ တတ်နိုငသမျှ ကာကွယ်ရမှာပေါ့။
ီမလေးမယ်ကိုး.. စိတ်ကူးယဉ်ဖူးတာခြင်း တူနေတယ်။
အပင်တွေ များများ စိုက်မယ်။ လောင်စာဆီနဲံ သဘာဝ စွမ်းအင် သုံးစွဲမှုတွေ ချွေတာမယ်.... နောက် ကိုယ်တွေ လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ တနိုင်တွေသာ လူတိုင်း လုပ်ဆောင ပါဝင်နိုင်ရင်......