Friday, June 12, 2009

ချစ်သူ အနမ်း၊ အလှမ်းမတော် ဒဏ်ငွေ ငါးရာ

Wednesday, June 10, 2009

လုပ်ကြပါအုံး ကွယ်ရို့။
မနေ့ညကပဲ မေလေး ရေးတဲ့ စာကို ဖတ်ပီး အော်.. အဲဒီလိုတွေလဲ ရှိတတ်ပါလား တွေးနေမိတာ။ မေလေး တွေ့တဲ့သူကိုလဲ ဘယ်လောက်များ အရှက်နဲပြီး နှမသားချင်း မစာနာတတ်သူ လဲလို့။ ကိုယ်တွေ ယောက်ျားလေးတိုင်း အဲဂလိုတော့ မဟုတ်ကြပါဘူး စိတ်ထဲ ပြောနေမိတာ။
ဒီနေ့မနက်မှာတော့ ထုံးစံအတိုင်း ရထားကို လူကျပ်သိပ်နဲ့ စီးရပြန်ပါတယ်။ ရထားပေါ်ရောက်ပြီး သိပ်မကြာဘူး။ ဖုန်းကလာရော။ နံပါတ်မပေါ်တော့ မြန်မာပြည်ကနေ ချစ်သူဆက်တာလား ဆိုပြီး ဖုန်းကို မကိုင်ပဲ မနေရဲဘူး။ တော်ကြာ ဖုန်းမကိုင် စိတ်ကောက်နေရော့မယ်။ ဒါနဲ့ ဖုန်းကိုင်လိုက်တော့ ထင်တဲ့အတိုင်း ချစ်သူ့ဖုန်း။
ချစ်သူ့ အသံလေးကြားတော့ ကျနော် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ရှေ့မှာ၊ ဘေးမှာ ကျပ်ညှပ်နေတဲ့ လူအုပ်ကြီးတွေနေရာ ပျားပိတုန်းနဲ့ ရောင်စုံပန်းခင်းလေးတွေ၊ စိမ့်စမ်းရေတံခွန်၊ ရေကန်လေးတွေနဲ့ ကောင်းကင်ပြာပြာတွေထဲ ရောက်သွားလိုက်ထာ။
ချစ်သူက ကျနော့်အသံ တိုးနေတယ် မကြားရဘူး ဆိုတာနဲ့ လေသံကိုလဲ နဲနဲ မြင့် ပြောနေရသေးတယ်။
ဖုန်းချခါနီးတော့ ချစ်သူက တောင်းဆိုတယ်။ “အာဘွားပေး” တဲ့ဗျာ။ ကျနော် အခက်တွေ့ရော။ ခုမှ ရထားပေါ်မှာဆိုတာ သွား သတိရတော့တာကိုး။
ရထားပေါ်မှာ လူတွေ အများကြီးနဲ့မို့ ပေမရဘူး ပြောတာကို ချစ်သူက “မရဘူး၊ ပေးရမယ်။ အာဘွားဆိုပီးလဲ မပြောရဘူး။ ပြွတ်ခနဲပေးရမှာ” တဲ့ ဂျီကျပါလေရော။
ရော် ခက်ကပြီ။ အဲတာမှ။ ကျနော် ပြွတ် လိုက်တာနဲ့ ဘေးလူတွေက ၀ိုင်းကြည့်ကြအုံးမယ်။ ဒါနဲ့
“လူတွေ ကျပ်ညှပ်နေတာ၊ လှုပ်လို့ မရဘူး ချစ်ရ။ အဲလို အသံကြားချင် ရှေ့က ကောင်မလေးကို နမ်းမှ ရမယ်” လို့ ပြောလိုက်မိပါတယ်။ ပြောရင်းေ၇ှ့ကို ကြည့်လိုက်တော့ တကယ်ပဲ ကျနော့်ရှေ့မှာ တရုတ်မလေးတစ်ယောက်။ ကျနော်က သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ မဟုတ်တော့ သတိလဲ မထားမိပါဘူး။ ချစ်သူက အူတိုပီး “အဲလိုဆိုလဲ ပီးရော။ သူတပါးကို သွား မနမ်းရဘူးနော်” ဘာညာ ဖြစ်သွားတာပေါ့။ ကဲ၊ ကျနော့် အကြံမပိုင်လား ဆိုပြီး ကိုယ့်ကိုကိုယ် ဘ၀င်မြင့်လို့ မဆုံးသေးဘူး။ ဘေးက သူငယ်ချင်းက ပြောတယ်။
“အကို့ရှေ့က ကောင်မလေးက မြန်မာလား မသိဘူး။ အကို ဖုန်းပြောနေတာကို နားလည်တယ်ထင်တယ်။ ပြုံး ပြုံး နေတယ်ဗျ” တဲ့။
ဒီတော့မှ ကျနော့်ရှေ့က ကျောပေးထားတဲ့ ကောင်မလေးကို ရှေ့မှာ ရှိတဲ့ မှန်ကနေ တဆင့် ကြည့်မိတော့ တရုတ်မ လှလှလေး တစ်ယောက်။ မြန်မာ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထဲလဲ လိပ်ပြာသန့်ပါတယ်။ သူ့ ရည်ရွယ်ပြစ်မှားပြီး ပြောတာမှ မဟုတ်တာ ပေါ့ဗျာ။
အဲဒီအချိန်မှာ ဖြတ်ခနဲ ခေါင်းထဲ ပေါ်လာတာက မေလေး။ မေလေးက သူ့ကိုယ်သူ တရုတ်စစ်စစ်လို့ ပြောထားတယ်။ အင်း၊ မေလေးသာဆိုရင်တော့ ကျနော့် ဘယ်လိုမြင်ပီး ဘယ်လို ပြောခံရမယ် မသိတော့ဘူး။
ဒါနဲ့ မနေနိုင်မထိုင်နိုင် မရည်ရွယ်ပဲလဲ အဲလိုတွေ ဖြစ်တတ်ကြောင်း မေလေး အိမ်မှာ သွားပြောမိပါတယ်ဗျာ။
အားးး လားးးးး မားးးးးးး။ ကျနော့် စီပုံးကို ကြည့်ပြီး ခေါင်းနဘမ်း ကြီးကော။
ဖတ်သာ ကြည့်ကြပါတော့။ ကောင်းကြသေးရဲ့လား ကွယ်ရို့ရေ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်၊ ပလပ်ပေါက်သာ ပြေးကိုင်လိုက်ချင်တော့တယ်။

မေလေး "အကို မိုးကုတ်သားရေ"
"ကြည့်လုပ်ပါဗျို့...ချစ်သူကို လဲမှာထားပေါ့ စင်ကာပူမှာနောက်ဥပဒေထပ်ထုတ်မှနဲ့တူရဲ့"
"ရထားပေါ် ကားပေါ်တွင် လေလှိုင်းထဲမှ အာပွားမပေးရ ဒဏ်ငွေ ၅၀၀ လို့လေ"
"မကောင်းဘူးလား"
"တကယ်လို့ ချစ်သူကပြောမရရင်လဲ ရှေ့ ၇ ဘေးကလူတော့ မပေးလိုက်ပါနဲ့"
"ဒီလိုလေးလုပ်လေ မေလေးသူငယ်ချင်းလိုပေါ့"
"ဘွားဘွားဘွားးးးးးးးးးးးး"
"အဲလို ပေးလိုက်နော်"
"မနက် ကမေလေးတော့ထင်သား နောက်ကလူကို မြင်ဘူးတယ်မှတ်တာ အကို မိုးကုတ်သားကို
...ဒီလိုမှန်း သိ မနက်စာ လိုက်ကျွေးခိုင်းပါတယ်"
"နောက် တွေ့ရင်ခေါ်လေ...မုန့်လိုက်ကျွေး..ဒါဘဲနော်"
မိုးကုတ်သား "တကယ် မေလေး လား။ သေဘီဆရာ"
"ကျနော်မျိုး ကျားရှေ့ မှောက်ရက်လဲပါပေါ့"
"ဗမာပြည်ကဆက်တော့ လိုင်းမကောင်းလို့ လေသံ နဲနဲ မြင့်ပီး ပြောနေရတာ.. အီးဟီးးးဟီးး။
ပြာစရော၊ ပြောစရာထဲ ပါတွားဘီ...."

နောက်ဆို အဲလို “ဘွားဘွားဘွား” ပဲ ပေးဖို့ မှတ်သားသွားပါပြီ ခင်ဗျာ။
မေလေးရေ၊ တကယ် မေလေး အစစ်သာ အဲဒီ တရုတ်မလေး ဖြစ်မယ် ဆိုရင်လဲ ကျနော် နှမသားချင်း မစာနာ ဘာမှ မပြောဘူး ဆိုတာ သိမှာပါဗျာ။ အဲဒီ တရုတ်မ လှလှလေးရဲ့ ချစ်သူကလဲ အင်မတန် ကံကောင်းသူ ဖြစ်ပါလိမ့်မယ်။
ကျနော့်ကို မေလေးက လာနောက်သွားတယ် ဆိုရင်လဲ မေလေး ပို့ခိုင်းတဲ့ KFC တစ်ဗူး ကျနော့်ကိုသာ ပို့ပေးပါဗျို့။
ခု လောလောဆယ်တော့ မေလေး ဒီအကြောင်း မရေးခင် ကျနော် အပြေး တင်လိုက်ပါပြီခင်ဗျားးးး။ ။

အားလုံး ပြုံးပျော်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား
့်

5 comments:

မယ့်ကိုး said...

ကြုံမှ ကြုံတတ်တယ်နော် :D
နောက်တစ်ခါ ရထားပေါ်မှာ ဘွား ဘွား ဆိုရင် အစ်ကိုပေါ့ :D :D :D

မေလေး said...

အစ်ကို မိုးကုတ်သား
တယ်ကြောက်သကိုး ကွဲ့ မေလေး မရေးအားသေးပါဘူး ကွယ်..နောက်မှ ရေးပေးမယ်
ချစ်သူလာရင်တော့ KFC လိုက်ကျွေးရမယ် ..
ဒါဘဲနော်
ခင်တဲ့
မေလေး

ဖိုးသင်္ကြန် said...

ဒါ ပဲ လား။

ဟဲ ဟဲ ဟဲ ဟဲ

သိနေတယ်နော်။

Sein Lyan Tun said...

အခုတော့လဲ ကိုကို အကြောင်းကို ညီသိသွားပြီး...
ဖြစ်မှဖြစ်ရလေဗျာ....
ချစ်တဲ့
ညီ
ဖိုးစိန်

မေလေး said...

အစ်ကို မိုးကုတ်သား
ကောင်းသောနံနက်ခင်းပါရှင့် မေလေးတစ်ရက်လောက် စိတ်ညစ်အောင်လုပ်မိတာ ဆောရီးပါနော်...ခင်လို့ စတာပါ အဲဒီနေ့ ကအကိုပြောတဲ့ထဲ ဘာမှရိုင်းရိုင်းဆိုင်းဆိုင်း မပါသလို စော်ကားလိုစိတ် အသားယူလိုစိတ်နဲ့ ပြောတာမဟုတ်မှန်း မေလေးသိပါတယ်
ချစ်သူကို တန်ဖိုးထားချစ်တတ်တဲ့ လေးစားစရာ ကောင်းတဲ့ ယောင်္ကျားတစ်ယောက် ဆိုတာ မေလေးအဲဒီနေ့ ထဲက လက်ခံထားပါတယ် ယောင်္ကျားတိုင်းကို အရှက်နဲပြီး စော်ကားတတ်တယ်လို့ မေလေးတစ်ခါမှ မပြောမိသလို တစ်ခါမှလဲ မတွေးမိပါဘူး
လောကမှာတန်ဖိုးရှိတာ မရှိတာ ဟာ ယောင်္ကျားမိန်းမ မဆိုင်ပါဘူးရှင်
မေလေး အဲဒီနေ့ ကပြုံးမိတာကလဲ အစ်ကို မိုးကုတ်သားကိုရော အစ်ကို့ ချစ်သူကို ရော စိတ်ထဲ သဘောကျမိလို့ ပါ ချစ်သူ့ အဝေးရောက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို လည်း မေလေး နားလည်ပါတယ် ကိုယ်ချင်းလဲ စာပါတယ် ဘာလို့လဲ ဆိုတော့ မေလေးကိုယ်တိုင် ချစ်သူနဲ့ ပြောရင် အရမ်းအချွဲသန် ပါတယ် ချစ်သူကလည်း မေလေးကများ ချွဲပြောရင် သဘောကို ကျလို့..အဲလိုလေးလဲ တွေးမိသွားလို့ ပြုံးလိုက်မိပါတယ် ..လှောင်ပြောင်လို စိတ်နဲ့ မဟုတ်ရပါဘူးရှင်..
“ချစ်သူ့ အသံလေးကြားတော့ ကျနော် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ရှေ့မှာ၊ ဘေးမှာ ကျပ်ညှပ်နေတဲ့ လူအုပ်ကြီးတွေနေရာ ပျားပိတုန်းနဲ့ ရောင်စုံပန်းခင်းလေးတွေ၊ စိမ့်စမ်းရေတံခွန်၊ ရေကန်လေးတွေနဲ့ ကောင်းကင်ပြာပြာတွေထဲ ရောက်သွားလိုက်ထာ။”
ဒီအပိုဒ်လေးကို အရမ်းကြိုက်ပါတယ် မေလေးကိုယ်တိုင်လဲ ချစ်သူ့ အသံလေးကြားလိုက်ရ ရင် ရှေ့က ကွန်ပြူတာ က Sandosa ဖြစ်သွားတတ်လို့ ပါ..မေလေးကတော့ သူများအိမ်ထိ လိုက်ကြေငြာတယ်လို့ မထင်စေချင်ဘူး..ကိုယ့် အကိုအိမ်မို့ လာသောင်းကျန်းရဲတာပါ..
ကဲ အကို ရေ ဒီကော့မန့် ကို ပို့စ်ထဲ နောက်ဆက်တွဲထည့်လိုက ထည့်ပါနော်...
အကို မိုးကုတ်သားဟာ အောက်တန်းကျတဲ့ ထဲမပါတဲ့ ယောင်္ကျားကောင်း တစ်ယောက်ဆိုတာ မေလေး အပြည့်အဝ ထောက်ခံပါတယ်ရှင်
အော် ဒဏ်ငွေ ၅၀၀ လဲ မယူတော့ပါဘူးနော်
ရော့ လာပြန်ပေးတယ်..၄၅၀ ..၅၀ကတော့ မေလေး KFC စားဖို့ ယူထားလိုက်ပြီနော်...အဟီးးးးးးး
ခင်တဲ့
ညီမလေး
မေလေး