Monday, June 1, 2009

ကျွန်တော့် သတို့သမီး

30.05.2009 Saturday

မောလိုက်ထာဗျာ။ တနေကုန် ပြေးပြေးလွှားလွှား သွားနေရတာ လူ့ကို ဟိုက်နေတာပဲ။ လျှောက်လိုက်ရတဲ့ လမ်းခရီးတွေကလဲ မနည်းပဲကိုး။ ပြုံးပြရတာလဲ ပါးတွေတောင် ညောင်းရော။ဒါပေမဲ့ဗျာ.. ကျွန်တော် ပျော်ပါတယ်။
ကြည့်လေ။ ကျွန်တော့် သတို့သမီး... မလှဘူးလား။




ဟားဟား။ မျက်စိတွေ လည်ကုန်ကြဘီ။ သယ်ရင်းတွေကို သူတို့မင်္ဂလာဆောင် အကြို ဓာတ်ပုံလိုက်ရိုက်ပေးရင်း အေးချမ်းတဲ့ မျက်နှာလေးပိုင်ရှင် ဒီ သတို့ သမီးကို အဲ့ဒီနေရာလေးမှာ တွေ့ပြီး သဘောကျလို့၊ ခွင့်တောင်း ရိုက်ယူထားတာပါ။
စနေနေ့ မနက် ရှစ်နာရီကနေ ထွက်လိုက်ထာ။ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်တော့တယ်။
သယ်ရင်း သတို့သား၊ သတို့သမီး အလောင်းအလျာတွေကတော့ ဘယ်လိုနေမယ်မသိ။ ကျွန်တော်တို့ကတော့ အိမ်ရောက်တာနဲ့ ကင်မရာတောင် ပြန် မကြည့်နိုင်တော့။ ရေနွေးနွေးနဲ့ ရေလည်း ချိုးပြီးရော။ ခဏ နားမယ် လှဲလိုက်ထာ။ မိုးလင်းကောဗျာ။


ဘာရယ်ဟုတ်ပါဘူး။ သယ်ရင်း သတို့သမီးလောင်းလျာကို ရိုက်ထားပေးတဲ့ ပုံတွေထဲက တစ်ပုံပါ။
ဝါသနိ ၀ါသနာတွေထဲမှာ ဓာတ်ပုံရိုက်တာလဲ ကျွန်တော် ၀ါသနာ ပါသေးတယ်။ (သယ်ရင်းတွေကတော့ ဓာတ်ပုံရိုက်ထွက်တိုင်း ကျွန်တော့်ကိုယ် ကျွန်တော်ချည်း ရိုက်ခိုင်း နေလို့ ဓာတ်ပုံရိုက် ၀ါသနာထက် ဓာတ်ပုံ အရိုက်ခံတာက ပိုတယ် ပြောကြတာပဲ။ အဲလောက် ၀ါသနာ ကြီးတာ။ တကယ်၊ တကယ်)
ကိုယ် ရိုက်ပေးတဲ့ ပုံလေးတွေ ဓာတ်ပုံ အရိုက်ခံသူတွေအတွက် အမှတ်တရ အချိန်လေးတွေ ဖြစ်ကျန်ခဲ့မယ်ဆို ကျွန်တော်က ကျေနပ်ပြီး ပျော်နေတတ်ထာရယ်။
ဓာတ်ပုံ အရိုက်ခံချင်သူများ ဆက်သွယ်ကြပါလို့။
(အိမ်လာ မလည်တဲ့သူတွေ ရိုက်ပေးဘူး။ ကွိကွိ။ အဲလို အဲလို ညစ်တာ။ စိတ် ပြောတာပါ။ :-P )

မေတ္တာဖြင့်
မိုးကုတ်သား





8 comments:

မယ့်ကိုး said...

အစက သားဦးစနေက အကြောင်းကြားစာ ပို့ တယ်မှတ်လို့ ...
သတို့ သမီးလေးက ချစ်စရာလေး။

Sein Lyan Tun said...

ကျနော့် ကျရင် အဲလိုလှအောင်ရိုက်ပေးပါ

Anonymous said...

လှလိုက်တာ။
ဆုတောင်းကောင်းခဲ့လေသလား။

Mogok Thar said...

ညီမလေး မယ်ကိုး.. ပုံမှားရိုက်ထာလေ။ ဟားဟား။
ညိလေးဖိုးစိန်.. စိတ်ချ။
ဆရာမ အပြုံးပန်း။ အနော့်ကို အဲလို အေးချမ်းလှပတဲ့ ကောင်မလေးတယောက်လောက် ရှာပေးပါ။

tune said...

တစ်ခုခု ပြောခဲ့ပါဆိုတာ တကယ်ကို desparate အသံထွက်နေတယ်။
ပျင်းလို့ ဘယ်မှ သိပ်မသွားချင်တာ။
အိမ် မလည်ချင်တော့လို့။
နောက်ထပ် တော်တော်နဲ့ ရောက်ဖြစ်မယ် မထင်ဘူး။
ပရိတ်သတ်တွေ အများကြီး ရှိနေပြီပဲ။
ကိုယ် မလာလဲ ဖြစ်တယ် မဟုတ်လား။
ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။
ဒါပေမယ့် ကံဆိုတာ ကိုယ်က လုပ်နေတာဟုတ် ?
အခုအချိန်အထိ ကောင်းနေသေးတဲ့ အရှောင်အတိမ်းလေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါစေလို့ :P.

tune said...

အဲဒါကြောင့် မလာချင်တာ။
ကိုယ် လာရင် လျှို့ဝှက်ချက်တွေ ပြောမိတယ်

Mogok Thar said...

မကြီးကျွန်းရေ.... လာလည်ပါဗျ။
ဆုတောင်းပေးတာ ကျေးဇူး ခင်ဗျ။
မကြီးကျွန်းလဲ စာတွေ ပြန်ရေးနိုင်ပါစေ။

မေလေး said...

လှလိုက်တာနော်။ဆုတောင်းကောင်းလို့ဖြစ်မယ်။