JANUARY: CARNATION
ဂုဏ်သိက္ခာ ကြီးမြင့်ပြီး လေးစား ကြည်ညိုဖွယ် အဆင်းနဲ့ လှပခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကာနေးရှင်း ပန်းတွေဟာ လန်းဆတ်တဲ့ သူတို့အလှနဲ့ နှစ်ဦးကို ကြိုဆိုနေပါတယ်။ ဒါကြောင့် ဇန်နဝါရီလ မှာ မွေးဖွား သူများကို ကာနေးရှင်း ပန်းတွေက ကိုယ်စားပြုပါတယ်။











FEBRUARY: IRIS
မိုးပေါ်ထောင်မတ်နေတဲ့ IRIS ပန်းတွေရဲ့ နူးညံ့လှပတဲ့ ပွင့်လွှာသုံးချပ်က မျှော်လင့်ယုံကြည်မှု၊ ရဲစွမ်းသတ္တိရှိမှုနဲ့ ဥာဏ်ပညာ ကြီးမှု တို့ကို ကိုယ်စားပြုပါတယ်။ အရောင်အသွေးစုံတဲ့ ပွင့်ချပ်လေးတွေက လေထဲပျံတက်နေပြီး သွယ်လျတဲ့ ရိုးတံပင်စည်က ကောင်းကင်နဲ့ မြေပြင်ကို သွယ်ဆက် ပေးထားသလို ရှိတဲ့အတွက် ရှေးဟောင်း ဂရိလူမျိုးတွေက နတ်ဘုရားရဲ့ တမန်တော်ပန်း အဖြစ် သတ်မှတ်ကြပါတယ်။










MARCH: DAFFODIL
ဆောင်းလရဲ့ နောက်ဆုံးရက်တွေကို နှုတ်ဆက်လိုက်ပြီး အချိန်ကာလများစွာ စောင့်စားနေရတဲ့ မိတ်ဆွေ တစ်ဦးရဲ့ အိမ်အပြန်ကို ကြိုဆိုနေသလို ငွားငွားစွင့်စွင့် ပွင့်ဖူးနေတဲ့ အဝါရောင် ဒက်ဖဒလ်ပန်းဟာ မတ်ခ်ျလ ကို ကိုယ်စားပြုပါတယ်။ အသစ်တဖန် မွေးဖွားခြင်း၊ စတင်ခြင်းတွေ နဲ့ ဒက်ဖဒလ်ပန်းက အလေးထားမှု၊ နွေးထွေးမှု နဲ့ ပျော်ရွှင် ကြည်နူးခြင်းတွေကို ရည်ညွှန်းပါတယ်။









APRIL: DAISY
မြစ်စောင့်နတ်သမီးတစ်ပါးက သူမရဲ့အလှကြောင့် မလိုလားအပ်တဲ့ စိတ်ဝင်စားမှုတွေရဲ့ ဘေးရန်ကနေ ရှောင်ချင်တဲ့အတွက် မထင်ရှားပေမဲ့ ချစ်စရာကောင်းတဲ့ ပန်းကလေးအဖြစ် အသွင်ပြောင်းလိုက်တယ်။ ဒေစီပန်းကလေး အဖြစ်ပေါ့။ ခလေးဆန်တဲ့ အပြစ်ကင်းမှု၊ ပျော်ရွှင်မှု၊ နုနယ်ပြေပြစ်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းကလေးပေါ့။
MAY: LILY
LILY ပန်းကလေးတွေဟာ နတ်ဘုရားမ ဟီရာရဲ့ နို့ရည်ကနေ မွေးဖွားလာတယ်လို့ ရှေးခောတ် ဂရိလူမျိုးတွေက ယုံကြည်ကြတယ်။ စင်ကြယ်သော အကျင့်သီလ၊ နှိမ့်ချအောက်ကျို့ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းနဲ့ ချိုသာကြည်လင်မှု တို့ကို ညွှန်းဆိုတဲ့ ပန်းလေးပေါ့။ မေလဖွားတွေရဲ့LILY ပန်းကလေးက စိတ်နှလုံး ဖြူစင်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း နဲ့ အလေးအမြတ် ထားခြင်းတွေကို ကိုယ်စားပြုပါတယ်။










JUNE: ROSE
ချစ်မြတ်နိုးမှုရဲ့သင်္ကေတ ဖြစ်တဲ့ နှင်းဆီပန်းမှာ အဓိပ္ပါယ် သမိုင်းကြောင်း များစွာ ရှိပါတယ်။ ဂရိ အချစ်နတ်ဘုရားမ အဖရိုဒိုက်က သူမရဲ့ ချစ်လှစွာသော သား အီရို့စ် အတွက် နုင်းဆီကို လက်ဆောင် ဖန်ဆင်းပေးခဲ့တယ်။ အလှဘုရင်မ ကလီယို ပန်ထွာ က မာ့ခ်အန်ထော်နီကို ဆွဲဆောင်ဖို့အတွက် နှင်းဆီ ပွင့်ချပ်တွေကို ဒူးဆစ် မြှုပ်တဲ့အထိ ခန်းလုံးပြည့်ခင်းပြီး ကြိုဆိုခဲ့ဘူးတယ်။ အသွေးစုံတဲ့ နှင်းဆီတွေက အရောင်အလိုက် အဓိပ္ပါယ်တွေ ရှိပေမဲ့ အားလုံးက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားပါတယ်။ ဂျွန်လ ဖွားတွေရဲ့ နှင်းဆီဟာ အပြစ်အနာအဆာကင်းသော အလှ နဲ့ ချစ်ခြင်းမေတ္တာရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။











JULY: DELPHINIUM
လင်းပိုင် ပုံနဲ့ ဆင်တူပြီး စိမ်းညို့သန်စွမ်းလှသော DELPHINIUM ပန်းလေးတွေက ပွင့်လင်းဖော်ရွေတဲ့ နှလုံးသားနဲ့ လှိုက်လှိုက်လှဲလှဲ ရှိတဲ့ သံယောဇဉ်တို့ရဲ့ သင်္ကေတဖြစ်တယ်။ နူးညံ့သိမ်မွေ့တဲ့ အရောင်၊ အဆင်း၊ ရနံ့နဲ့ ပေါ့ပါးလန်းဆန်းစေတဲ့ ဒီ နွေရာသီ ပန်းကလေးတွေဟာ အမောပြေ လန်းဆန်းစေတဲ့၊ ပြတ်သား ထင်ရှားတဲ့ သဘာဝအလှတရားကို ကိုယ်စားပြုပါတယ်။
AUGUST: GLADIOLA
ဩဂုတ်လဖွား တွေအတွက် GLADIOLA ပန်းကတော့ သန်မာကြံခိုင်မှု နဲ့ဖြောင့်မတ်မှု တို့ကို ကိုယ်စား ပြုပါတယ်။ လက်တင်ဘာသာ “gladius” ဆိုတဲ့ “ဓား” ကနေ ဆင်းသက်လာပြီး ရိုမန်သူရဲကောင်း တွေကို ညွှန်းဆိုပါတယ်။ အသဲနှလုံးကို ဖောက်ထွက်သွားမတတ် စူးရှတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ GLADIOLA ပန်းဟာ ရူးသွပ်မတတ် စွဲလန်းစေတတ်တဲ့ Romantic သင်္ကေတလဲ ဖြစ်ပါတယ်။










SEPTEMBER: ASTER
ပေါများ ကြွယ်ဝတဲ့ အရောင်အဆင်းနဲ့ အရိုင်းဆန်ဆန်အလှ ရှိတဲ့ ASTER ပန်းလေးတွေကို ကြည့်မြင်လိုက်ရုင်္နဲ့ ဘာကြောင့် သူတို့က မှော်ဆန်ဆန် ပြုစားနိုင်ရတာလဲ ဆိုတာ သိနိုင်ပါတယ်။ ASTER ပန်းပင်က အရွက်တွေကို မီးရှို့လိုက်ရင် ထွက်တဲ့ ရနံ့က မကောင်းဆိုးဝါတွေ ပြေးစေတယ်ဆိုတဲ့ အယူအဆ ရှေးတုန်းက ရှိဘူးပါတယ်။
ဆောင်းဦး ရာသီပန်းဖြစ်တဲ့ ASTER ပန်းလေးတွေဟာ ချစ်ခြင်းကို ဆွဲဆောင် ညှို့ယူဖမ်းစားနိုင်တဲ့ အလှတရားရဲ့ သင်္ကေတ ဖြစ်ပါတယ်။
ဆောင်းဦး ရာသီပန်းဖြစ်တဲ့ ASTER ပန်းလေးတွေဟာ ချစ်ခြင်းကို ဆွဲဆောင် ညှို့ယူဖမ်းစားနိုင်တဲ့ အလှတရားရဲ့ သင်္ကေတ ဖြစ်ပါတယ်။










OCTOBER: MARIGOLD
MARIGOLD ပန်းလေးတွေဟာ သူတို့ရဲ့ လှပတဲ့ ဆောင်းရာသီ အဆင်အသွေး တွေနဲ့ အောက်တိုဘာ လဖွားတွေကို ကိုယ်စားပြုပါတယ်။ အလွန်တောက်ပတဲ့ အရောင်အသွေးရှိပြီး သီးနှံရိတ်သိမ်းချိန်လို နွေးထွေး လှပတဲ့ MARIGOLD ပန်းလေးတွေဟာ ချစ်ခင်နှစ်သက်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းတိုပရဲ့ သင်္ကေတ ဖြစ်ပါတယ်။
NOVEMBER: CHRYSANTHEMUM



NOVEMBER: CHRYSANTHEMUM
ဂန္ဓမာပန်းလေးတွေဟာ နေမင်းကို ကိုယ်စားပြုတယ်လို့ တစ်ချို့ ရိုးရာ ယဉ်ကျေးမှု ပုံပြင်တွေမှာ ရးသားကြတယ်။ လှပတောက်ထိန်တဲ့ သူတို့ရဲ့ အရောင်အဝါတွေက စိတ်ရွှင်လန်းချမ်းမြေ့မှုရဲ့ သင်္ကေတ ဖြစ်တယ်။ နိုဝင်ဘာလ ဖွားတွေရဲ့ မွေးလပန်းဖြစ်တဲ့ ဂန္ဓမာပန်းပွင့်ရဲ့ ပွင့်ချပ်လေး တစ်လွှာကို ဝိုင်ခွက်ရဲ့ အောက်ခြေမှာ အသာလေး ထားပေးလိုက်ရင် ကျန်းမာရွှင်လန်းပြီး သက်တော် ရာကျော်ရှည်ဖို့ ချီးမြှောက် ဆုတောင်း လိုက်တာပါပဲ။








DECEMBER: POINSETTIA
POINSETTIA တွေဟာ ခရစ်စမတ်ပန်း ဖြစ်သလို မိမိကိုယ်ကို နှိမ့်ချသော ပေါင်းပင်တစ်မျိုး လဲဖြစ်တယ်။ တစ်ခါက မိန်းမငယ်လေးတစ်ယောက်ဟာ ပန်းဥယာဉ်မှူးတွေ အထူးပြုလုပ်ထားတဲ့ ပန်းမံတွေ ကို မတတ်နိုင် တဲ့အတွက် ခြံထဲက ပေါင်းပင်တစ်မျိုကို ဘုရားကျောင်းမှာ သွားပြီး လှူလိုက်တဲ့အခါမှာ ပေါင်းပင်က အရွက်တွေဟာ လှပတဲ့ အနီရောင်ပန်းပီင့်တွေအဖြစ် အသွင်ပြောင်းသွားခဲ့တယ် တဲ့။ မြူးထူးပျော်ရွှင်ဖွယ် ကောင်းတဲ့ ကောင်းချီးသြဘာပေးမှုကို ကိုယ်စားပြုတဲ့ ဒီဇင်ဘာလဖွားတွေရဲ့ POINSETTIA ပန်းဟာ အောင်မြင်မှု၊ ဂုဏ်ပြု ချီးမြှင့်မှု နဲ့ ပျော်ရွှင်မှုတွေရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။














ကျွန်တော်လဲ ဒီ ဆယ့်နှစ်လရာသီ အတွက် ပန်းတွေကို လိုက်ပြီး စုရင်းနဲ့မှ ပန်း နာမည်တော်တော်များများကို မသိဘူး ဖြစ်နေတယ်ဗျာ။ ဘော်ဘော်တွေ သိတယ်ဆိုရင်လဲ ကျွန်တော့် ကို လက်တို့ကြပါဦးဗျာ။ ခုလောလောဆယ်တော့ ကျွန်တော် သိသလောက် နာမည်တွေပဲ ရေးထားတာ။ မှားနေတာရှိရင်လဲ ပြောပြ ကြပါဦးခင်ဗျာ။
CARNATION =ကာနေးရှင်းပန်းIRIS = အိုင်းရစ်ပန်း
DAFFODIL =
DAISY = ဒေစီပန်း
LILY = လီလီ
ROSE = နှင်းဆီပန်း
DELPHINIUM =
GLADIOLA = သစ္စာပန်း
ASTER =
MARIGOLD = ကုလားပန်း
CHRYSANTHEMUM = ဂန္ဓမာပန်း
POINSETTIA = ခရစ်စမတ်ပန်း
ပန်းနာမည်တွေကို ပြောပြပေးကြတဲ့ မိတ်ဆွေ တွေကို အထူး ကျေးဇူးတင်ရှိပါတယ်။
စုဆောင်းတင်ပြသူ - မိုးကုတ်သား
3 comments:
မွေးတဲ့လက December ဆိုတော့ .ဘယ်လိုပန်းလေးဖြစ်မလဲးဆိုပြီး ရင်ခုန်စွားနဲ့ ကြည့်လာလိုက်တာ..
ရွေဝါရောင်နေကြာရိုင်းခင်းကြီးနဲ့ အလှချင်းပြိုင်နေကြ ခရစ်စမတ်ပန်း
ဖြစ်နေတယ်..
(အောင်မြင်မှု၊ ဂုဏ်ပြု ချီးမြှင့်မှု နဲ့ ပျော်ရွှင်မှုတွေရဲ့ သင်္ကေတ) ဆိုတာကိုတွေ့တာနဲ့ ဘာရယ်မဟုတ်ဘူး ကျေနပ်နေမိတယ်..
DAFFODIL = နွေဦးပန်း (အဲ့လိုဘဲးသိထားတယ်.. )
DEIPHINIUM အဲ့ဒါကတော့နာမည်မသိဘူး.. များသောအားဖြင့်အပြာရောင်ရှိတတ်တယ်.. ရိုးတံရှည်ရှိတယ်ဆိုတာဘဲးသိတယ်..
ASTER = အက်စ်တာ (လို့ဘဲးခေါ်ကြတယ်.. ပြင်ဦးလွင်မှာလည်းစိုက်ကြတယ်... ဒေစီပွင့်နဲ့ဆင်တယ်..)
အတိအကျသိချင်ရင်တော့ ပန်းခြံကိုသွားမေးပေးမယ်
မွေးလအလိုက် ပန်းတွေကို ကြည့်ရတာ
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်
Post a Comment