Wednesday, November 4, 2009

ချစ်သူ့လက်ဆောင်


ရာဘင်ဒြာနသ်တဂိုး
“ချစ်သူ့လက်ဆောင်”



(၃၀)

နွေဦး ပန်းပွင့်တွေဟာ
အုံ့ပုန်းချစ်ရဲ့ သောက ဝေဒနာလို
ဖျတ်ခနဲ ပွင့်လာကြတယ်။

သူတို့ရဲ့ တီးတိုးသံ နဲ့အတူ
ကိုယ့်ရဲ့ ငယ်ဘ၀က
လွမ်းသီချင်းတွေကို
အမှတ်ရမိတယ်။

ကိုယ့်နှလုံးသားဟာ
ဖြုန်းဆို
ဆန္ဒရွက်စိမ်းတွေကို ဆင်မြန်းလိုက်တယ်။

ကိုယ့်ချစ်သူကဖြင့်
ပေါ်မလာတော့ပါဘူးကွယ်။

ဒါပေမယ့်
ချစ်သူ့ အထိအတွေ့က
ကိုယ့် ကိုယ်လက်အင်္ဂါထဲမှာ
ရှိနေတယ်။

ချစ်သူ့ အသံက
ဆွတ်ပျံ့တဲ့ ကွင်းပြင်တွေကို
ဖြတ်သန်းရောက်လာတယ်။

ငေးငေးလေး ကြည့်တတ်တဲ့
ချစ်သူ့အကြည့်က
မိုးကောင်းကင်ရဲ့
ကြေကွဲဖွယ် နက်ရှိုင်းမှုထဲမှာ
တည်နေတယ်။
ဒါပေမယ့်
သူ့မျက်လုံးလေးတွေ
ဘယ်မှာလဲကွယ်။

သူ့အနမ်းတွေက
လေထဲမှာ လှစ်ခနဲ ပြေးသွားကြတယ်။
ဒါပေမယ့်
သူ့နှုတ်ခမ်းလေးတွေ
ဘယ်မှာလဲကွယ်... အချစ်ရယ်။ ။



(၃၁)

ကိုယ့်ပန်းပွင့်တွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ကိုယ်က
ပန်းပွင့်တွေကို
ပန်းစည်းဖြစ်အောင်
ရွှေကြိုးနဲ့ စုစည်းကြည့်တယ်။

ဒါပေမယ့်
ကိုယ်မလွတ်တမ်း
စောင့်ကြည့်နေတဲ့ကြားက
ပန်းကလေးတွေ
လွတ်မြောက် ထွက်ပြေးကြပြီး
ရွှေကြိုးကလေးသာ
ကြွင်းကျန်ရစ်ခဲ့တယ်။

ကိုယ့်တေးတွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ခုန်နေတဲ့ ကိုယ့်နှလုံးသား
စည်းချက်ထဲမှာ
သူ့ကို ဖွဲ့နှောင်ထားတယ်။

ဒါပေမယ့်
ပျင်းစရာ အချိန်နာရီတွေရဲ့
ချစ်သည်း ချစ်သက်ဖြစ်တဲ့
သူတို့က
တောင်ပံဖြန့်ပြီး
ပျံထွက်ပြေးတော့
ကိုယ့်နှလုံးသားဟာ
တိတ်ဆိတ်စွာ
ခုန်ကျန်ရစ်ခဲ့တယ်။

ကိုယ် မြတ်နိုးတဲ့ အလှရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

သူ့နှုတ်ခမ်း နှစ်လွှာက
အရုဏ်နှင်းဆီ။

သူ့မျက်လုံးအစုံက
ပိတုန်းနက်။

သူထိတ်လန့်မှာစိုးလို့
ကိုယ့်နှလုံးသားကို
နှုတ်ပိတ်ထားရတယ်။

ဒါပေမယ့်

သူဟာ
ကိုယ့်ပန်းပွင့်တွေ
တေးတွေလိုပဲ
ကိုယ့်ကို
တိမ်းရှောင် စွန့်ပြေးတယ်။

ကိုယ့်အချစ်သာ
အထီးတည်း
ကြွင်းကျန်ရစ်ခဲ့ရပါတယ်။

******************************

ရာဘင်ဒြာ နသ်တဂိုး ရေးသားပြီး
မြင့်စိုးလှိုင် ဘာသာပြန်ထားတဲ့
ချစ်သူ့လက်ဆောင် ကဗျာထဲမှ
နှစ်သက်မိရာ ကဗျာပိုဒ်လေးတွေ ဖြစ်ပါတယ်။
စွဲမိတာတွေ အများကြီး။
ခုတော့ စာရိုက်ရတာ လက်ညောင်းလာလို့... ;-P ...

(ပုံလေးတွေကတော့ အီဖေကို့ လက်ရာမို့ ခရက်ဒစ် ပေးတော့ဘူး)

မေတ္တာဖြင့်
မိုးကုတ်သား


13 comments:

Sein Lyan Tun said...

ချစ်သူ့ လက်ဆောင်


ကိုယ့်အတွက်ပဲ နေမှာပါလေ...


အရင်ပိုစ့်ကို ပြန်ချော့တယ်လို့ သဘောထားပါတယ်း..

ကဗျာလေးရော ပုံလေးရောလှတယ်..

တကယ်တော့ပုံ ကမမြင်ရသေးဘူး

တစ်လိုချင်လို့ ပြေးမန့် တာ

ချစ်ခင်ခြင်းများစွာဖြင့်

ချစ်ညီ

မျောက်ငို

Sein Lyan Tun said...

ချစ်သူ့ လက်ဆောင်လေး ယူသွားပါတယ်....


ကဗျာလေးတွေက လှတယ်

ပုံလေးတွေကလှတယ်

အရမ်းတော်တာပဲ....

ဓာတ်ပုံဆရာ ကိုကိုမောင်ဟန်ရယ်...


ချစ်ခင်ခြင်းများစွာဖြင့်


ချစ်ညီ

မျောက်ငို

kaungkinpyar said...

ချစ်သူ့ လက်ဆောင် ဆိုလို့ ၁ များရမလား ပြေးမန့်ပါတယ် စိန် နဲ့ ပဲ တန်းတိုးနေတယ်၊ တို့ ကိုကို ဘိုဘိုက လည်းကြိုက်လိုက်ရင် အချစ်ကဗျာလေးတွေ ချည်းပဲ မိုက်ချက်၊ ပုံလေးတွေကလဲ လှပတော်...

အိန္ဒြာ said...

မိုးကုတ်သားရေ..

လာဖတ်သွားပါတယ်..။

ဓါတ်ပုံလေးတွေလည်း သိပ်လှပါတယ်..။

Thandar said...

nice poems as well as fotos :)

ခရေညို said...

ကဗျာလေးနဲ့ ဓာတ်ပုံလေးတွေက လိုက်ပါ့တော်

မေလေး said...

ချစ်သူလက်ကောက်ကိုဘာလို့ ရောင်းရတာလဲ ကိုဘိုရ
းP :P :P
နောက်တာ နောက်တာ
အဲလို ကိုဘိုရေးနေကျ အနုအရွလေးတွေဘဲရေးပါ ကိုဘိုရာ
အေးချမ်းပါတယ်။

မေဇင် said...

ဒီ တစ်ခါမှ ဦးဘို လက်ရာ နဲ့ တူသွားသလိုပဲ...း)

စည်သူ said...

ဒဒီရက်ပိုင်းအတွင်း
စာသားအနု အရွလေးတွေကို သဘောကျနေပုံထောက်တော့..

မဟုတ်မှလွဲရော..
မဟုတ်မှတော့ လွဲပြီပေါ့နော်....:P

တို့ကိုကြီး စိတ်ပျိုပြီး ကိုယ်နုနေတင်ထင်တယ်..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ

Anonymous said...

ရာဗင်ဒြာနသ်တဂိုးရဲ့ ကဗျာက အရမ်းလှပနူးညံ့တယ်နော်။ ပန်းလေးတွေနဲ့ present လုပ်တော့ ပို အသက်ဝင်လှပစေတယ်။
အဲဒီပန်းတောထဲမှာ နေချင်သွားတယ်။

ဆောင်းချမ်းမိုး said...

အင်း .. ကဗျာတွေက တအားလှနေပြီ..
ကိုကြီး..အလွန်အကျွံမခံစားနဲ့..အလွန်အကျွံမခံစားနဲ့

မငုံ said...

ကဗျာတွေ နုဖတ်နေတာပဲ ကိုမိုးကုတ်သားရေ။ ဆက်ဝေမျှပါဦး.

lwinthang said...

ကောင်းတယ်ကဗျာတွေ