ဧည့်ခန်းလေးထဲ ခွန်းတုံ့စကားမဆို
စကားပိုတွေ မပြောပေမဲ့
အသံမဲ့ သံစဉ်တွေကြား
စည်းဝါးလိုက်ရင်း ရင်ခုန်ကြည့်မွေ့။
အပြုံးတွေနဲ့ နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်
နှလုံးအိမ်ထဲမှာတော့ နှစ်လိုဖွယ် စေတနာတွေ အပြည့်နဲ့ရယ်
မပီမသ မထင်မရှား
ဧည့်ဆောင်တံခါးဝမှာ
အခါခါ သွားလာလည်ပတ်လို့။
သံယောဇဉ်တွေက တစစပတ်ရစ်ပေမဲ့
ဖြူစင်တဲ့ ရှင်းသန့်ခြင်းတွေနဲ့ရယ်ပါ
မျက်ကွယ်မှာ ပျက်ရယ်တွေလဲ မပြုခဲ့ပါဘူး
ကျောရိုးစူးစေမဲ့ နောက်ကွယ်ကဓားချက်တွေနဲ့
မထိုးနှက်ခဲ့ပါဘူး။
တစ်ချို့ဧည့်ခန်းမတွေက
တံခါးပိတ်တိတ်ဆိတ်သွားတဲ့အခါ
မျှော်လင့်ခြင်းတွေနဲ့လူးလားခေါက်တုန့်
ဖြတ်လျှောက်လိုက် ရပ်စောင့်လိုက်
တိတ်တဆိတ် နားဆင်ခဲ့တဲ့
သူတို့ရဲ့သံစဉ်တွေကို
နှစ်လိုတမ်းတသူတွေ ရှိနေခဲ့တာ
သိနိုင်ခဲ့ပါရင်.....။ ။
(It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation.)
You're signed in as #########@####.com - Sign in with a different account
ပုံကလေးကို ဒီက ယူထားပါတယ်ခင်ဗျာ
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
20 comments:
ွကောင်းတဲ့အိုင်ဒီယာ၊ ကောင်းတဲ့အရေးပဲ။ လျှက်တပြက်အတွေးဟာ အဲဒီလို တခါတလေ အရေးကောင်းတွေ ရစေတယ်နော်။
ကဗျာလေး ကောင်းလိုက်တာ အစ်ကိုရေ...ပြီးတော့ ဒီခံစားမှူလေးကို သိပ်စာနာလို့ရတာပဲ။
နားလည်ခံစားရပါတယ်။
တံခါးဖွင့်ပေးပါ....
ထွက်ပေါက်တွေ ပိတ်နေလို့...
ချစ်တဲ့
ညီ
အကို ကစာရေးကောင်းတယ်နော်..
ကဗျာလေးကကောင်းပါတယ်..
တကယ်တော့
တံခါးဆိုတာ
မလုံချုံမှုတွေကို တိတိကျကျ..ဖေါ်ဆောင်ထားတယ်..
ဖျတ်ကနဲ..အဲဒီ့တံခါး..ကို...
အချိန်မရွေး...တွန်းဝင်လာမလား....
တွန်းထွက်သွား..မိမလား....
ကဗျာကောင်းလေး ခံစားဖတ်ရှုသွားပါတယ် ကိုမိုးကုတ်သားရေ..
yu ya
သဘောကျ လွန်းလို့ နှစ်ခေါက်လောက်ပြန် ဖတ်လိုက်မိတယ်။
တစ်ချို့ဧည့်ခန်းမတွေက
တံခါးပိတ်တိတ်ဆိတ်သွားတဲ့အခါ
မျှော်လင့်ခြင်းတွေနဲ့လူးလားခေါက်တုန့်
ဖြတ်လျှောက်လိုက် ရပ်စောင့်လိုက်
တိတ်တဆိတ် နားဆင်ခဲ့တဲ့
သူတို့ရဲ့သံစဉ်တွေကို
နှစ်လိုတမ်းတသူတွေ ရှိနေခဲ့တာ
သိနိုင်ခဲ့ပါရင်.....။ ။
ဒီအပိုဒ်လေးကို ပိုပြီး သဘောကျမိတယ်။
ချစ်တဲ့ ညီလေး ရီနို
အဲတော့..ကောင်းလိုက်တဲ့ကဗျာလေး..တွေးတတ်တယ်နော်။။တော်ပ
ကိုဘိုရေ
အဲလို တံခါးပိတ်ထားတဲ့ အိမ်လေးတွေကို ကြုံရင် စိတ်မကောင်းဘူးဗျာ..
ဒီအတိုင်းလေးတိုင်း ထားခဲ့ရင်ကောင်းမှာလို့တွေးမိတယ်..
ဒီလိုပါပဲအကိုရေ..
ဖြတ်လျှောက်လိုက်
ရပ်စောင့်လိုက်ပါပဲလေ..
ဘ၀နဲ့ယှဉ်ရင် ဒါဟာ ရေပွက်လေးထပွက်တဲ့ အဖြစ်လေး ပါပဲ...။
ရေပွက်လေးငြိမ်သက်သွားတယ် တိတ်တဆိတ်ပဲ ပြန် လှည့်ခဲ့ရတယ်...။
ဘယ်သူတွေရော ဘယ်အချိန်မှာ ကျွန်တော်တို့ အိမ်ကနေ တိတ်တဆိတ်နဲ့ ပြန်လှည့်ချိန်ရောက်မလဲ...။
မသေခြာဘူးမရေရာပါဘူး...။
ထပွက်ခွင့် ရတဲ့အချိန်လေး အေးချမ်းမှုပဲ ပေးချင်လို့
အဆူအပူ စာတွေမရေးမိအောင် ကြိုးစားနေရတယ်။
ဘယ်တံခါးမှ ပိတ်မသွားစေချင်ဘူး၊ တို့သာဆို တို့အိမ်လေးကို ကိုယ်မရှိတော့ရင်တောင် ဖွင့်ထားခဲ့မယ်ထင်တယ်၊
ရေးတတ်လိုက်တား)
နောင့် တံခါးလေး ပိတ်ချင်နေတယ်..။ အိမ်ရှင် မရှိ၊ ကြိုသူမဲ့တဲ့ အိမ်ထဲ ဘယ်သူကလဲ ၀င်ချင်မလဲ... ကိုယ်တိုင်လဲ အားနာ လို့............။
ကဗျာလေး ကောင်းတယ်နော်။
လာခဲ့ ဒီတခါလာရင် မေ၇ာင်လည်း အိမ်တံခါးပိတ်ထားမယ်။ :P
ကဗျာလေး ကောင်းတယ်။
knock knock knock
ဒေါက် ဒေါက် ဒေါက်
ဂလောက် ဂလောက် ဂလောက်
အင်ဗိုက် မလုပ်တာ ဘယ်သူတုန်း။
မရှင်း မရှင်း မလုပ်ပါနှင့် စာဖတ်သူများ
ဟိုတစ်ယောက်လား ဒီတစ်ယောက်လား
ခေါင်းပူရပါသည်
ခေါင်းပူသွားသူ ပြည်သူတစ်ဦး
တရားနဲ့ဖြေပေါ့ကွယ်
........................း)
အံ့သြထိရှစေတဲ့ အရေးအသားပါပဲ ကိုမိုးကုတ်ရေ ..
ပထမ တစ်ခေါက် ဖတ်ကြည့်မိတော့ ကျွန်တော် တကယ်ကို ဘာကိုဆိုလိုမှန်း မသိခဲ့ဘူး .. မော်ဒန်လား .. ဘာလား .. ကျွန်တော်ကလည်း ကဗျာဆို ကိုယ်တိုင်ကလည်း မရေးတတ်တော့ ဟုတ်တိပတ်တိ နားမလည်ချင်ဘူး .. ဖတ်ကြည့်တယ် .. ဖတ်ရင်းနဲ့ နောက်ဆုံး စာကြောင်းလေးကို ရောက်သွားတော့မှ ကျွန်တော် ထပ်ခါထပ်ခါ ဖတ်ရင်းနဲ့ သဘောပေါက်ခဲ့တယ် .. အဲ့အချိန်မှာ ကျွန်တော် ကဗျာကို နောက်တစ်ကြိမ်ပြန်ဖတ်မိတယ် .. နှလုံးသွေး ရပ်သွားသလိုပါပဲ .. စာရေးသူနဲ့ ခံစားသူရဲ့ နှလုံးသား ၂ ခု ထပ်တူကျတယ် ဆိုတာ ဒါမျိုးများလား ..
သဘောကျတယ် ဗျာ ..
နေဒေးသစ်။
တခြားဘက်က ပြန်ကြည့်မယ် ဆိုရင်ရော။
ထွက်ပြေးချင်လောက်တဲ့ နာကျင်မှုတွေ ကြားမှာ ကြိုးစားပြီး ရှင်သန်နေခဲ့ဖူးတဲ့ သူတစ်ဦးအနေနဲ့ ပိတ်သွားတဲ့ တံခါးတွေကို နားလည်လို့ ရတယ်လို့ ပြောရမလား။
ဒီလိုပါပဲ။
ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်နဲ့ တူတဲ့ သူတွေကို သာ နားလည်ပေးလို့ ရတာ မဟုတ်လား။
အင်း .. ကိုယ်တွေးမိတာကို ကိုယ် အရင်ရေးမိပြန်ပြီ။
ဘာတွေ ဖြစ်နေမှန်းတော့ မသိဘူး။
ကိုယ့် ကိစ္စတွေနဲ့ ကိုယ် ရှုပ်နေတော့ ..
အဆင်ပြေပါစေလို့ပဲ။
Post a Comment