Sunday, August 2, 2009

ကြွားပါရစေ


ပုဇွန်ထုပ်ဆီပြန်


ကြက်တားနဲ့ဘူးတီး




ကျောက်ပွင့်သုပ် (ကြွားဖို့ကျန်ခဲ့တာ။ သတိပေးတာ ကျေးဇူးပါ ကြည်ဖြူပိုင်ရေ)


ဒညင်းသီးလက်ဖက်သုတ်


ဆတ်သားခြောက်ဖုတ်
ယခုတပတ် တနင်္ဂနွေနေ့ နေ့လည်စာကို ပုဇွန်ထုပ်ဆီပြန်၊ ကြက်တားနဲ့ဘူးတီး စားပြီးသကာလ ဒညင်းသီးလဖက်သုတ်နှင့် ဆတ်သားခြောက်ဖုတ်ကို Cameron HighlandမှBOH ရေနွေးကြမ်းလေးဖြင့်တွဲဖက်ပြီး ဖြစ်သလို ပြီးစလွယ် စားသောက်ခဲ့ပါတယ်ခင်ဗျာ....


ကြွားချင်လို့ပါ။
မိုးကုတ်သား




22 comments:

တလနွန် said...

ကြွားခံထိသွားပြီး။ :) မစားရ အညှော်ခံ သလို ဖြစ်သွားပြီး ဟဟ

ခင်မင်ခြင်းနှင့်
တလနွန်

မင်းအိမ်ဖြူ Minn Eain Phyu said...

မြင်သာမြင် မကြင်ရလေသူမို့

သာသာပင် တံတွေးကို မြိုလို့

( မပြန်ချင် ပြန်ချင်)

ဒီခြေလှမ်းတွေ အသာဆွဲလို့

ပြန်ပြီဗျာ..............

( အလှည့်ကျရင် မနွဲစတမ်းပေါ့ဗျာ ကိုယ့်အလှည့်ကျ မှ ထမင်းကို ဆီဆမ်းပြီး တင်အုံးမှာ ... P: )

Yu Ya said...

ကိုမိုးကုတ်သားတစ်ယောက်တော့ အစားအသောက်တွေနဲ့ စိတ်ချမ်းသာနေပြီထင်တယ်။ ပျော်ရွှင်တဲ့ အားလပ်ရက်လေးမှာ ကောင်းကောင်းစားပြီး ကောင်းကောင်းကြွားသွားတာကို ကျွန်တော်ယုယ ကောင်းကောင်းလာကြည့်သွားပါတယ် ...:P

yu ya

အိန္ဒြာ said...

စိတ်လေတယ်...

ရန်ကုန်အကြွား..
မန္ထလေးအစား..တဲ့

မိုးကုတ်က..အစားအကြွားဖြစ်မှန်းခုမှသိတော့တယ်..။

မယ့်ကိုး said...

ငိုယိုပြီး ပြန်သွားပြီ... :P

မိုးခါး said...

ဒီလိုမျိုးကျ ဒလိမယဘူး
တယောက်တည်းချားတယ်ပေါ့
x-(

မငုံ said...

အကြွားခံထိတာထက် နေ့လည်စာ မစားရသေးခင် လာဖတ်မိတာ နောင်တရတယ်။ :( ရက်စက်ပါ့။ သရေယိုသွားတယ်။
ဆိုးတော့မဆိုးဘူး။ ကြက်ဥကြော်လေးနဲ့စားရင်း ဒီမြင်သာမြင် မကြင်ရတဲ့ဟင်းကို ကြည့်ကြည့်ပြီး နေ့လည်စာလေး စားရတာ:)

ဖိုးသင်္ကြန် said...

ဒီလိုမှန်းသိ နေ့လည်ကလာပါတယ်။
နောက်တစ်ပတ်လည်း စုပြီး ဖြစ်သလိုလုပ်စားရင် သားသားကို ခေါ်ပါနော်...ဦးးး

အချစ်မဲ့ဂစ်တာ said...

ဖြစ်သလိုတဲ့ ပြောတာကိုကြည့်ဦး ကိုယ်တို့များတော့ အတုထွက်နေတဲ့ ဘဲဥနဲ့ စခန်းသွားနေရတာကြာပေါ့..:P
သွားရည်တောင်ကျလာတယ်...ကြည့်ရင်းကြည့်ရင်းနဲ့
ဒညင်းသီးနဲ့ လက်ဖက်ဆိုတော့လည်း မိုးကုတ်သားတွေလေ..
သိတယ်ဟုတ်... လက်ဖက်ဆိုကြိုက်ပြီးသား..ဟာဟ

ကြည်ဖြူပိုင် said...

ဖြစ်တလိုချားတာ ဒီရိုကြီးရားဟင်?
ပုစွန်ထုပ်ဆီပြန်တဲ့။ ကြက်တားနဲ့ဘူးတီးတဲ့။ ဒညင်းတီးနဲ့လက်ဖက်တဲ့။
ဆတ်တားခြောက်ဖုတ်တဲ့။ အမရေး။။တူတို့ရဲ့ ဖြစ်တရိုကြီးက အနော့်ရဲ့
ပွဲတော်ရေးအတိုင်းပါပဲရား။ ပြောချင်ဘူး။ပြောကိုပြောချင်ဘူး။
(အမလေး...မပီအောင်ပြော...မောလိုက်တာ)
ကျောက်ပွင့်သုပ်ကျဘာလို့မထည့်? မစားရအညှော်ခံလေးတော့လုပ်ချင်သား။
ဖန်သကြိုးလိုပဲ သံယောင်လိုက်ပြစေ။။။။။။။။။။
ဦးဦးတို့နောက်တစ်ခါဖြစ်တရို
ိုလုပ်ချားရင်မီးကိုရဲ
ခေါ်ပါနော်..ဦး။။။(ဟဲဟဲ.. :D)

မေဇင် said...

ကြွားနိုင်သူတွေ ကြွားကြပါ ကြွားကြပါ.... ကြွားနိုင်ခွင့်မရှိတော့....ငေး ရတယ် ငေးရတယ်....း)

နွေးနေခြည် said...

ညီမလေးတွေကိုရော အဲလို ဖြစ်သလို ပြီးစလွယ်လေး လက်တွေ့ ဧည့်မခံချင်ဘူးလား...

ကောင်းကင်ပြာ said...

ဝမ်းနည်းထှာ တို့မကြိုက်တာတွေများရွေးချက်ရသလား ကိုကိုဘိုရယ်၊

ဂဂျိုး said...

ဂဂျောင်ရေ...
ဒညင်းသီး လ္ဘက်သုပ်လေး စားချင်တယ်ကွာ...

ဆတ်သားခြောက်ကတော့ ညကျ ကစ်ဖို့ နည်းနည်း သိမ်းထားပေးကွာ..

ဂဂျိုး..

Lucifer said...

စိတ်တိုလိုက်တာနော်... တကယ်လဲးစားရပဲးနဲ့..

Unknown said...

စိတ်နာတယ်..ဒီဘလော့ခ်ကိုနောက်တစ်ခါဘယ်တော့မှမလာတော့ဘူး.
ဟန်ပဲမြင်ရ..တကယ်မစားရတဲ့..ဘ၀ :(

MANORHARY said...

အံ့တာပဲ
မထင်ရဘူး
ရုပ်ကလေးနဲ့မလိုက်
ကြွားတတ်လိုက်တာလွန်ရော...း)))
တက်ဂ်ပို့စ်ပြီးပြီဆိုလို့လာတာ ခု ..
စိတ်နာနာနဲ့ပြန်သွားသည်။

MANORHARY said...
This comment has been removed by the author.
Zephyr said...

ဘယ်သူ့အလှူတုန်း ကိုမိုးကုတ်သားရဲ့ ...
အချင်းချင်းကပ်ကြွားနေပြန်ပြီ ..
စားခဲ့တဲ့ဆိုရင်လည်း အလှူရှင်လေးပါ ထည့်ပြောမှပေါ့ ...။ ။

Z

မေလေး said...

အိမ်တကာလည်စားနေနော်။
ပြောတော့ဖြင့် မုန့်ညင်းပေါင်းတဲ့။
အသုတ်တဲ့။
ဘယ်မလဲ။
စနေပေါင်း၊ တနင်္ဂနွေပေါင်းလဲ များနေပီ။

Mon Aung said...

ကိုဘိုရေ အဆောင်မှာ ကိုဘို လုပ်ကျွေးတဲ့ ရှမ်းထမင်းချဉ် လေးကိုအထူးသတိရမိတယ်ဗျ . . .

Angel Shaper said...

ကိုဘိုဘိုဟန်..... ကြွားလိုက်တာဂျာ
စားချင်ပါတယ်ဆိုမှ... ကျွေးဦးနော်။