Tuesday, August 4, 2009

စနေသား နဲ့ ခုတလော ... များ





ခုတလောမှာမှ လုပ်ချင်တာတွေ အများကြီး၊ ဖတ်ချင်တဲ့စာအုပ်တွေ၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ အများကြီး၊ သွားချင်တဲ့ နေရာတွေ အများကြီး၊ စားချင်တာတွေ အများကြီး။ ဒီကြားထဲ ကြွားချင်တဲ့ ရောဂါက ပြင်းနေပြန်တယ်။ ဒီတော့ သတိလေး ထားပီး ရေးပါမှပဲ။


ခုတလော

တွေးနေမိတာက

စိတ်တွေအကြောင်း
( ကိုယ့်စိတ်ကိုယ် တောင် နားမလည်တာ။ သူတပါး စိတ်တွေ လိုက် နားလည်ပေး ချင်နေမိတယ်။ )


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အချိန်တွေ သိပ်ပြီး ဖြုန်းတီးနေတယ်။


ကျန်းမာရေး

ကိုယ်၊ စိတ် ဖျားနာနေသူတွေကို အားပေးဖို့ ကိုယ်တိုင်က ကျန်းမာဖို့ လိုတယ်။ ကျန်းမာအောင် နေ နေပါတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ပိတောက်ပွင့်သစ်
မစန္ဒာ ရဲ့ ပန်းစကား ၊ အရိပ်။


ရောက်နေဖြစ်တာက

မချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အိပ်ခန်းလေး ( ၀ိဥာဉ်တစ်ခုနဲ့ အတူ နေရလို့ ခုတော့ နဲနဲ ပျော်စ ပြုလာပြီ)


ရေးဖြစ်နေတာက

လောလောဆယ် ဘာမှ မရှိသေးဘူးတဲ့


နားထောင်ဖြစ်နေတာက

Cry On My Shoulder
( ချမ်းသာတာက ချစ်ခြင်းမေတ္တာပဲလေ။ ဒါပေမဲ့ ကျွန်တော့် ပခုံးက သိပ်မကျယ်လှတော့လဲ ခက်သားလား။ )




ရွတ်နေမိတဲ့ကဗျာက

သင်တို့သည် ဘုရားကျောင်း၏ တိုင်လုံးများလို
အတူတကွ သီးခြား ရပ်တည်ကြပါ။
( ဆရာတာရာမင်းဝေ ဘာသာပြန်ထားတဲ့ ကဗျာလေး။ အရင်က အဲဒီကဗျာလေး အလွတ်ရနေအောင်ကို ရွတ်မိတတ်ပီး ခု မရွတ်တာ ကြာလို့ မေ့သွားတဲ့ ဒီခေါင်း၊ ရိုက်ခွဲပစ်ဖို့ပဲ ကောင်းတယ်။ ခါလီဂျီဘရမ်ရဲ့ ကဗျာ မူရင်းကိုတော့ Z က ရှာဖွေတင်ထားပေးတဲ့ အတွက် ကျေးဇူးပါ။ )




ဖြစ်ချင်နေတာက

မဆုံးတဲ့ အိပ်မက်တွေကို မက်ရင်း အိပ်မက်ကနေ ခဏ၊ ခဏ နိုးထဖို့ သတိတရ ရှိဖို့ပေါ့။ ( ကိုယ်ဘာဖြစ်ချင်နေမှန်း မသိတော့ဘူး။ ဖြစ်ချင်တာတွေ များလို့ မေ့တွားဘီ။ ဖြစ်ချင်တာလေး ရေးမယ်ဆို အမှတ်ရမိတာက အမည် မသိ သူတယောက် ပြောတဲ့ စကား။ သူက သူ့အိမ်မက်တွေကိုတောင် သူ့ဗိသုကာ ပညာတွေနဲ့ ထုဆစ်လို့မပြီးစီးသေး။ တဲ့ )

စားဖြစ်နေတတ်တာက

ခေါက်ဆွဲခြောက်ထုပ်တွေ ( အသီးအရွက် စိမ်းစိမ်း၊ လတ်လတ်ဆတ်ဆတ်ဆတ်တွေ ဆာလိုက်ထာ။ ကိုယ်တိုင် ချက်စားရတာ ပျင်းလို့ ခုတော့ သူတပါး ချက်တာ လိုက်စားနေပါတယ် )


သနားနေမိတာက

မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ


လွမ်းနေမိတာက

ထုံးစံအတိုင်း၊ အဖေ၊အမေ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးပေါ့


မေ့လျော့ပစ်နေမိတာက

အသက် နဲ့ ရက်စွဲများ


ခါးသက်နေမိတာက

အရိုးမရှိတဲ့ လျှာ တွေ


တမ်းတနေမိတာက

အမေ့ရဲ့ ရှမ်းထမင်းချဉ်၊ အဖေ့ရဲ့ ၀က်ခြေထောက် စွပ်ပြုတ်၊ ဘာဘူကြီး ဆိုင်က နံပြားနဲ့ မလိုင်၊ ဆိုက်ပရပ်စ်က စားဖိုမှူးတစ်ယောက်ရဲ့ စပါဂတီ (လေထဲမှာပဲ စားဖူးသေးတယ်) ၊ ဂရုဏာရှင်မလေးရဲ့ ၀က်သားမွကြော်၊ ကဗျာဆရာမရဲ့ ငါးခူနိုင်းချင်းနဲ့ မုန့်ဟင်းခါး၊ အမောင်ငယ်ရဲ့ ဒညင်းသီး လက်ဖက်၊ ကြက်သား ကလေးဖေချက် (အင်းးး၊ ဆက်ရေးရင် ဘယ်လောက် ငတ်လဲ ပို ပေါ်လွင်တော့မယ်)
အိမ်နဲ့ မြို့ကလေးကို တမ်းတနေမိတာ ရေးရရင် စာက ရှည်မယ်။
လျှောက်ခဲ့တဲ့ လမ်းလေး တစ်ခုတော့ တမ်းတနေမိတယ်။ သုံးနှစ်ကျော်လောက် နေ့တိုင်းလျှောက်ခဲ့တဲ့ အဓိပတိ လမ်းမပေါ်က တစ်ယောက်ထဲသော ညတွေဆီ။


ကြိတ်ပြီးချီးကျူးနေမိတာက

တဖြည်းဖြည်း ခက်ခဲ ကျပ်တည်းပြီး၊ ပူလောင်မွန်းကျပ်လာတဲ့ ဘ၀တွေမှာ ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ


ဆန္ဒမရှိတဲ့နေရာ

ဆေးရုံ


ဆန္ဒရှိနေတဲ့ကိစ္စ

Face Book ထဲက လယ်ကွက်ထဲမှာ ရတဲ့ ပိုက်ပိုက်တွေ၊ မာဖီးယား ဂိုဏ်း ၀င်မိလို့ ပိုင်ထားတဲ့ ပိုက်ပိုက်တွေ အပြင်မှာ တကယ်ထုတ်သုံးလို့ ရရင် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ၀ယ်ပီး လူတွေ အကုန် ပေးပလိုက် ချင်တယ်။ ကမ္ဘာကြီး စိမ်းလန်း စိုပြေစေချင်တယ်။


မုန်းတီးနေမိတာက

ကမ္ဘာကြီးကို ဖျက်စီးနေကြသူများ


ချစ်နေတာက

လယ်တောလေးး
ကိုယ်ပိုင်လယ်တောလေး အပြင်၊ မကြီးက မျောက်တစ်ကောင်ကို အမွေပေးထားမိတဲ့ လယ်တောလေး သွား သွားပြီး ထိန်းသိမ်းပေးရင်း ခု ချစ်စရာက လယ်နှစ်ကွက် ဖြစ်နေဘီ။


စိတ်ပျက်နေမိတာက

ကိုယ့် ကိုယ်ကိုယ်
(ဘာတွေ လျှောက်လုပ်နေမှန်းမသိဘူး...)


စွဲလန်းနေမိတာက

သဘာဝ လောကကြီးကို


သဘောကျနေမိတာက (မပါလဲ ရေးချင်လို့ ထည့်လိုက်ပါတယ်ခင်ဗျာ)

ဂျီကျ ကောက်လိမ်ပြရင်း ကလေးပေါကြီး လုပ်ကာ စိတ်ဆိုးပြီး ငိုတိုင်း မျောက်အိုကြီးနှင့် တူနေတတ်သော တစ်ယောက်ကို ကြည့်ကြည့်ပြီး ထိုင်၊ ထိုင် ရယ်နေရတာ (သူတပါး ငိုတာကို အနော်က ရယ်စရာ ဖြစ်နေတာက ကောင်းတော့ မကောင်းဘူးပေါ့ဏော)


လိုအပ်နေတာက

အချိန်
( မိတ်ဆွေ၊ သယ်ရင်းတွေကို သူတို့ လိုအပ်ချိန်တိုင်း၊ သတိတရ ရှိချိန်တိုင်း အတူ ရှိပေးချင်တယ်။ မအားဘူး ပြောရလွန်းလို့ စိတ်ဆိုးသူတွေ များနေဘီ။ )


တောင်းနေမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အိမ်ပြန်ချင်တယ်


ဝန်ခံချင်တာက

ဂဂျိုးညီနောင် ဂဂျောင် တစ်ယောက် အမတော် မဂေါက်နဲ့ ညီမတော် မယ်ပေါက် ထက် အရင် ဦးအောင် မကြီးနော် (မနော်ဟရီ) ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။

မကြီးနော် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။


အချစ်အကြောင်း ရေးဖို့ ပြောထားတာ မရေးပေးသေးတဲ့ အတွက် ချစ်ညီမလေး မက်မက် ရေ၊ ရေးပေးမှာပါဏော။ ချိတ်ချိုးနဲ့။ (ခုလောလောဆယ် အချစ်နဲ့ ဝေးဝေး နေချင် နေမိလို့ပါကွယ်)
ခုတလော ဘာတွေများ လုပ်နေကြသလဲ ကျွန်တော် သိချင်နေသူတွေကတော့

၁။ ချစ်ခင်လေးစားရပါသော ဆရာမ အပြုံးပန်း

၂။ ကဗျာဆရာလေး ညိမ်းညို (ရေးဖို့ အချိန်အားလေး ရှိမယ်ဆိုရင်ပေါ့ နယ်ရေ)

၃။ ညီလေး မင်းအိမ်ဖြူ (အမြန်ဆုံး ရေးပေးပါ)

၎။ စာဖတ်အားကောင်း၊ စာရေးကောင်းသလောက် စာကို ဇိမ်ဆွဲ ရေးတတ်လေသော ဖန်သကြိုး

၅။ ကျွန်တော့်ကြောင့် ခရမ်းရောင်ဘ၀ ပြောင်းသွားရ ရှာလေသော ကောင်းကင်ပြာ

၆။ လလခ လို့ ကျနော်ခေါ်တဲ့ ညီမလေး မေလေး

၇။ ကလေးအဖေ သီဟသစ်

၈။ ရေးချင်တာလေးတွေ ရေးနေတဲ့ ညီမလေး နောင့်

၉။ မော်လမြိုင်သားလေး တလနွန်

ဆက်ပြီး Tag ရရင်ဖြင့် ရှည်ရော့မယ်။ ကိုးန၀င်းနဲ့တင် ချေထားလိုက်ပါတယ်။

ဆက် tag တဲ့ထဲမှာ မပါလို့ စိတ်ဆိုးကြမဲ့ မိတ်ဆွေတွေ ....

ဒီအောက်ထိ ဆက်ဖတ်လာပြီးကတည်းက တက်ဂ်ပီးသား ပါ တဲ့ ခင်ဗျားးးးးးးးးးးးး။

tag မှာပဲ၊ tag မှာပဲ.. အနော့်ကို လာမတားနဲ့..... :-P

အားလုံးရဲ့ ခုတလော တွေကို သိချင်နေတဲ့

မေတ္တာဖြင့်
မိုးကုတ်သား

20 comments:

Sein Lyan Tun said...

တစ်...

ကိုမောင်ဟန်ရယ်…

(၁)ကြွားချင်တဲ့စိတ်ရှိတယ်ဆိုတာကတော့ ညီလုပ်သူ မျောက်မျောက်နဲ့ အနေနီးများတော့ ဓာတ်ကူးတာပေါ့….

(၂)အချိန်တွေကို သိပ်ပြီး ဖြုန်းတီးနေတယ်ဆိုတော့ ဂျစ်ကျနေတဲ့ မျောက် အတွက် အချိန်ကုန်တဲ့ သဘောလားးး ဟွင်းးး….
(၃) မချစ်သော်လည်းအောက်ကာနမ်းရတဲ့ အခန်းမှာ ဝိဥာဉ်တဲ့… ဘုရားရေ..
ကိုမောင်ဟန်တစ်ယောက် ဝိဥာဉ်ကိုတောင် မလွတ်မပေးပါလားးးး၊ဝ
(၄) ခေါက်ဆွဲခြောက်တွေတဲ့လေ… လူသနားအောင်ပြောနေတာပါ.. သိနေတယ်လေ
အရင်အပတ်က မုန့် ဟင်းခါးဆွဲရေး… ဒီတပတ်က စားရတဲ့ ဟင်းတွေက ဘလော့ပေါ်တောင်တင်သေးတယ်…
အံ့ပါရဲ့…အားလုံးအသိကိုများးးး…. ညာချက်ကတော့ ကမ်းကုန်းတယ်…
(၅) ဆိုက်ပရပ်စ် က စားဖိုးမှုး လက်ရာ စပါဂတီ ဆိုတော့ တဦးတည်း မူပိုင် ချစ်ကိုမောင်ဟန် အတွက် စပယ်ရှယ်ချက်ကြွေးမှာပါနော့်….. တကယ်ပြောတာပါ….( အင်း ဇက် ကတော့ ပြုံးနေမှာပေါ့… ) စိတ်တိုတဲ့ အချိန်တော့ ဖြစ်စေနဲ့ပေါ့လေ…
(၆) လယ်တောကိုချစ်တယ်ပေါ့…. မျောက်မျောက် လယ်တော့ ကို မသွားရင် မျောက်မျောက်က မျောက်ငိုငို ပြီး လိန်ပိန်ကောက်ကွေး ဂျစ်ကျနေတာဆိုတော့ …. အင်း….. ချစ်တယ်ပြောတော့လဲ စိတ်ချမ်းသာသွားပါတယ်..

ခုစိုက်ထားတာတွေ ရိတ်ဖို့ မမေ့နဲ့နော်… ဟွင်းး
(၇)စွဲလန်းစရာရှားလို့ … လောကကြီးကိုစွဲလမ်းရတယ်လို့ လေးးး အံ့ပါရဲ့.. တမျိုးပဲ
(၈) ဘာာာာာာာာာာာာာာာာာာာာာာာာာ………..

မျောက်အိုကြိးငိုတဲ့ရုပ်ဟုတ်လား… မျောက်ငိုတာပဲကို ကလေးပေါကြီး ကျနေတာပဲတဲ့လားးးး…
ဟုတ်လားးးးးးးးးးးးးးးးး…… ကိုမောင်ဟန်ကြီးနော်…. မျောက်မျောက် လူရွှင်တော် ဟုတ်ဖူးးးးးးးးးး

(၉)) အိမ်ပြန်ချင်တယ်လားးးး….. အင်းးး တကယ်ရောဟုတ်လို့လားလေ.. ယုံပါဘူးနော်..

ဘာဖြစ်ဖြစ်လေ…. ကိုမောင်ဟန် တစ်ယောက် ညီ ညစ်နေတဲ့ ခုတလောမှာ အားပေးနှစ်သိမ့်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ…. စိတ်ရှည်.. သီးခံ.. အားပေး..တဲ့ အတွက်..ဂျစ်ကျ ရန်လုပ်သမျှ အားလုံးအတွက်.. တကယ့်ကို အကိုကြီး ပီသပါတယ်လေ… ကိုကြီး ဂဂျိုးကတော့ ခုတစ်လော … ပြောတော့ဘူးနော်းးး မန့် တာက ရှည်နေပြီး..
အားလုံးအတွက် ကျေးဇူးတင်ပါတယ်… ဝမ်းလဲသာတယ်… ပျော်လဲပျော်ရပါတယ်..
အဲဒီအတွက် Merci Beaucoup!!!!
ချစ်ခင်လေးစားခြင်းများစွာဖြင့်
ညီ
မျောက်မျောက်
ဖိုးစိန်

MANORHARY said...

အံ့ရော..း((
တင်တာခုမှကို ဒီမျောက်က တစ် တဲ့း(
အဓိပတိလမ်းကိုသုံးနှစ်လျှောက်ခဲ့တယ်တဲ့
နည်းတယ်
ကိုယ်တို့က ....နှစ်များစွာ.း)
ကျေးဇူးတင်ပါတယ် ခုလို အကြွားတွေသပ်ပြိး
ရေးပေးတဲ့အတွက်..

ဖိုးသင်္ကြန် said...

ကျိတ်ပျော်နေတာ...
စာရေးဖို့ ခေါင်းစဉ်တွေ ပလုံစီနေလို့ ဘာရေးရမှန်း မသိဖြစ်နေတာလေ
ကော်တာပဲ
ပေါက်ကရတွေ ရေးခွင့်ရပြီ
:D

ကိုရင်နော်ခင်လေးငယ် said...

း)
ဒီလိုလေးပဲ ပြုံးပြလို့ စိတ်ဆိုးမယ်လို့ မထင်ပါဘူး..

သေချာကို ဖတ်သွားတာပါ..

အဲ့ဒီ ဂဂျိုး တို့ ဂဂျောက်တို့ မဂေါက်တို့ မယ်ပေါက်တို့ နာမည်တွေ.. တကယ် ပေါက်ကုန်မယ်နော်..း)


ချစ်ခင်စွာဖြင့်

kaungkinpyar said...

u r so naughty boy!!!!!!!! i cant type Myanmar font:(
i don`t know what happened sooooooo

မင်းအိမ်ဖြူ said...

Morning Bro !

I will try to p0st today !

Ok .

MinneainPhyu

မေလေး said...

ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
လွန်းလွန်တယ်နော်။ နာမည်လဲဖျက်သေးတယ်။
သူလောက် လူသိများနေတာလဲသူဘဲ။
စားလိုက်တာလဲ သူများအိမ်တွေစုံလို့
ဒါနဲ့များ ဇာတ်နာအောင် ခေါက်ဆွဲပြုတ်လေးဘာလေးနဲ့
ဟွန်းးးပရိတ်သတ်ကမသိရှာဘူးကို။ ဟိုအိမ်လိုက်စား၊ ဒီအိမ်လိုက်စားနဲ့၊ဘယ်နဲ့ ဘလော့ပေါ်တင်ပီးလဲ ကြွားသေး။
ဝိဥာဉ်ကို ကိုယ်ဘာသာခေါ်ချင်လို့ အတင်းခေါ်ထားတာ မသိဘူးထင်နေလား။
ဝက်သားမွကြော်ကလဲ အခုထိမပြီးနိုင်သေးဘူးလားး။
လက်နာနေတယ်။မရေးပေးနိုင်ဘူး။ဒါဘဲ။စိတ်တိုတယ်။လူကိုနာမည်ဖျက်တယ်။

တလနွန် said...

ကိုမိုးကုတ် တို့  အပြောခံထိနေပြီး။ ဟင်းတွေကြွားမိလို့  :)
အခန်းထဲမှာ ဝိညာဉ်ရှိနေတယ်ပေါ့။ ဝိညာဉ် က အိပ်တဲ့အခါကျရင် ခြေထောက်မဆွဲဘူးလား :)
တဂ်ထားတာ ကြိုးစားရေးပါ့မယ်ဗျာ။ ကိုးနဝင်း မှာ ပါသွားတော့လည်းးးးးး

ခင်မင်ခြင်းနှင့်
တလနွန်

မေဇင် said...

သြော်...ဒီအစ်ကို တော်ကလဲ ကိုယ့်ကိုယ်ကိုယ် စိတ်မပျက် နဲ့လေ.... သဘာဝ လောကကြီးကိုလဲ မစွဲလန်းနဲ့...... ဟိဟိ တစ်ချက်ချင်းစီ လိုက်ဖျက်ရင် ကုန်တော့မယ်...။ နောက်တာနော်.... ခုတလော စိတ်ကူးလေး သိရလို့ ကျေနပ်ပါတယ် ရှင်...။

နွေးနေခြည် said...

အောက်ကပိုစ့်မှာ ဟင်းတွေ တင်ပြီး အပေါ်ရောက်တော့မှ ခေါက်ဆွဲခြောက်ဆိုတော့ မသနားကြတဲ့ အပြင် ပြောခံရပြီပေါ့... ကိုယ့်အတတ်ကိုယ်စူးး)

Anonymous said...

ခုတလောလား၊ ဘာမှမလုပ်ချင်ဘူး၊ပျင်းနေတယ်၊
အချိန်တွေကလည်းဘယ်ရောက်ကုန်မှန်းမသိဘူး။
ရေးပေးပါ့မယ်၊
လယ်တောတို့ဘာတို့သာသွားရင် အိပ်တောင်အိပ်ရမှာ မဟုတ်တော့ဘူး။ အနားတောင်မသီရဲဘူး၊ ဖိတ်ထားတဲ့သူက များနေပြီ။
ချစ်ခင်လေးစားရပါသောတွေ မလုပ်ပါနဲ့ဟယ်၊ ကိုယ်က ဘာမှ မဟုတ်တာ၊ သူများတွေ ပြောနေပါအုံးမယ်။

Ree Noe Mann said...

ကို မိုးကုတ်

ကျနော် လည်း လာဖတ် သဘောကျသွားပါတယ်။

အလုပ်များနေလို့ အောက်ဆုံဒးထိတော့ မဖတ်
သွားတော့ဘူးနော်။
ဟဲဟဲ သိတယ်ဟုတ်။

ရီနို

မယ်ကိုး said...

အစ်ကိုရေ...မအားတဲ့ကြားက လစ်ထွက်ပြီး အိမ်လာလည်တာ။

ခါးသက်နေမိတာက

အရိုးမရှိတဲ့ လျှာ တွေ ဆိုလို့  နောက်တစ်ခါတွေ့ ရင် ပါးစပ်ကို အပ်နဲ့ ချုပ်ထားတော့မယ်နော်။ :)

အခုတော့နည်းနည်းပြောဦးမယ်။ နာမည်ကို လူသိရှင်ကြား ကင်ပွန်းတပ်လို့ .... ခြေဆောင့်လို့ ငိုမယ် :D ( အဲ အစ်ကိုရေးထားတဲ့ ဟိုတစ်ယောက်ထက် ရုပ်ဆိုးနေမလားဘဲ :P )

Lucifer said...

မမီးကတော့ပြေးလွှားနေလိုက်တာ.. လွမ်းနေမိတာက....
တမ်းတနေမိတာက....
ဖြစ်ချင်နေတာ.....
ဒါတွေကို တဒင်က မေ့ထားခဲ့ရတယ်...

လင်းဒီပ said...

ကျွန်တော်လည်း အချိန်တွေ မလောက်ဘူး ဖြစ်နေတယ်ဗျာ...။
အားလုံးကို ငြိမ်းချမ်းပျော်ရွှင်စေချင်တယ်။
နောက် အိမ်ကလေး...။

ကြည်ဖြူပိုင် said...

ဝိဥာဉ်မွေးထားတယ်ဆိုတာဘာလဲဟင်.သူများကိုနာမည်ပေးထားတာ မျောက်အိုကြီးတဲ့..ဟိဟိ..ရီရတယ်။

ဒီပို့စ်လေးကစိတ်ဝင်စားဖို့လဲကောင်း.ရီဖို့လဲကောင်း.ဂွတ်ဒ်

Anonymous said...

But if you wanna cry, CRY on my shoulder.. လူကပိန်တယ်ထင်ပါ့.. :P

မိုးခါး said...

ဟိဟိ
မျောက်ချင်းကိုထပ်နေတာပဲ
:P
ပျော်ရွှင်ကျန်းမာပါစေ
ဆန္ဒတွေလည်း ပြည့်ဝပါစေဗျို့
(ခုတလော လူတွေကြည့်လိုက်ရင် လယ်ထဲပဲဆင်း လယ်စိုက်နေကြတယ်နော် .. :P)

သီဟသစ် said...

ကိုကိုဘိုဘို
:D

အနော့်ဆီမှာ ကောမန့်ပို့စ်လာရေးသွားလို့ ကျေးဂျူးတင်ပါကြောင်း

:P

အချိန်တွေသိပ်ဖြုန်းတီးနေတယ်ဆိုတာ အနော့်ကို စောင်းရေးထားသလား

အနော်လည်းလိုက်တမ်းတသွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

Angel Shaper said...

ကိုဘိုကြီးခင်ညာ
တမ်းတတာလေးတွေတူတယ်ဂျ။
ခုမှ လာဖတ်ဖစ်တာ ဟိဟိ။
ငတ်ကြီးကျတာချင်းတူတယ်လို့ ။ ဟိဟိ
ခုတလောလေး ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပြီး တမ်းတာတွေအမြန်ပြည့်စုံလို့ တောင်းတဲ့ဆုတွေ ပြည့်စေဗျာ...