Thursday, August 13, 2009

ချစ်ခဲ့မိတဲ့ ညနေခင်းတစ်ခုအကြောင်း



တစ်ခုသော ညနေချမ်းမှာပေါ့။
ကောင်းကင်ကြီးက တိမ်တစ်အုပ်နဲ့ ပြာမှောင်မှောင် ဖူးဝေလို့။ အိပ်တန်းပြန် ငှက်တစ် ချို့က ပင်လယ်ပြင်ကြီးကို ဖြတ်လို့ ပျံသန်းနေလိုက်ကြတာ။
သုတ်ခနဲ တိုက်ခတ်လာတဲ့ ပင်လယ်လေထဲက ဆားငွေ့ တွေကို အားပါးတရ ရှူရှိုက်ရင်း ပင်လယ်ထဲ ဆင်းဆော့ကာ ပျော်မြူးနေကြသူတွေဆီ အာရုံတွေ ရောက်သွားတယ်။

သူတို့ ပျော်ရွှင်နေကြတာတွေကြည့်ပြီး ကျွန်တော်လဲ ပျော်လာတယ်။ ရေထဲမှာ လူ အယောက်သုံးဆယ်လောက် ရှိတဲ့ အုပ်စု တစ်စု။ ၀တ်စုံ အနီနဲ့တစ်ဖက်၊ အနက်နဲ့တစ်ဖက် ရေကစားနေကြတယ်။ ကမ်းစပ်က ရေမစိုသူတွေကို ဖမ်းချုပ်ဆွဲခေါ်ပြီး ရေထဲကို ချီမသွားကြ၊ ၀ုန်းကနဲ ရေထဲပစ်ချလိုက်ကြ၊ ဝေးးကနဲ အော်ဟစ်ရယ်မောကြ။ သူတို့ကို ကြည့်ပီး ကျွန်တော့်ရင်ထဲမှာလဲ ဟေးကနဲ ဟစ်အော် ပျော်ရွှင်လို့။

ညနေစောင်းနေပြီမို့ ကျွန်တော် ငေးမောနေမိတဲ့ ပျော်စရာ လူအုပ်တွေလဲ ပင်လယ်ထဲမှာ ကျဲပါးသွားခဲ့ပြီ။
ကောင်းကင်ကလဲ ဆည်းဆာနဲ့ လှပလို့။ တိမ်တွေလဲ ပန်းရောင် လိမ္မော် ရွှေဝါ မီးခိုး အရောင်မျိုးစုံ တောက်စားလင်းလက်။ ပင်လယ်ကြီးတောင် လှိုင်းကြက်ခွပ်တွေနဲ့ လက်လက်ထလို့ နေတယ်။

အဲဒီအချိန်လေးမှာပဲပေါ့။ သူငယ်ချင်းတစ်ယောက်က လက်တို့ပြောတဲ့အတွက် မျက်နှာမူရာ တူရူဘက် ပင်လယ်ကြီးနဲ့ ကောင်းကင်ကြီးကို ငေးမောကြည့်နေရာက လည်ပြန် လှည့်ကြည့်မိတော့...။ လှပတဲ့ ဆည်းဆာကမ်းခြေဟာ လှပတဲ့ ချစ်ခြင်းတစ်ခုနဲ့ ပြည့်စုံတဲ့ ပန်းချီကားတစ်ခုအသွင် ပြောင်းလဲ သွားတော့တယ်။

သိပ်လိုက်ဖက်တဲ့ စုံတွဲလေး။ ချစ်ခင်ကြင်နာမှု၊ မြတ်နိုးယုယမှုတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ မြင်ကွင်းလေး တစ်ခုက ကျွန်တော် ကျောပေးထားရာဘက် တည့်တည့်မှာ။ သူတို့ ဘယ်အချိန် ကတည်းက ဒီနားမှာ လာထိုင် နေကြသလဲ ကျွန်တော် မစဉ်းစားအား။ ဖြည်းဖြည်းငြိမ့်ငြိမ့် ဆော့ကစား သွားတဲ့ ညနေခင်းရဲ့ လေပြည်တွေကြောင့် လှုပ်ခတ်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ဆံနွယ်စတွေ၊ ချစ်ခြင်းနဲ့ နူးညံ့ပျော်ဝင်နေတဲ့ မျက်လုံးတွေ၊ အပြုံးတွေ နောက် ကျွန်တော် လွန့်လူး မိန်းမောသွားတယ်။ သိမ်မွေ့တဲ့ ကြည်နူးမှုလေး တစ်ခုက ကျွန်တော့် ရင်ဘတ်ထဲမှာ လှိုင်းစီးနေသလို သိမ့်သိမ့်ငြိမ့်ငြိမ့်။
တမေ့တမော ကျွန်တော် သူတို့ ချစ်သူနှစ်ဦးကို ငေးမောနေမိတယ်။

တစ်ယောက်ခြေထောက်ကို တစ်ယောက်ခြေထောက်က သောင်ပြင်ပေါ်က သဲကလေးတွေနဲ့ ဖုံးအောင် ဆော့ကစားနေလိုက်ကြ၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးနေလိုက်ကြ၊ လက်ကလေးတွေ ဆုပ်ကိုင်ထားရင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်ကြပြန်တယ်။ ကောင်ကလေးရဲ့ မြတ်မြတ်နိုးနိုး အကြည့်တွေထဲမှာ ကောင်မလေးက ကျေနပ်နှစ်သိမ့်စွာနဲ့ ကောင်ကလေးပခုံးကို မှီနွဲ့လိုက်ပြန်တယ်။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲ။

ဒီမြင်ကွင်းလေးမှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတဲ့ မသင်္ကာမှုတွေ မပါဘူး။ အမျက်ဒေါသသင့်နေတဲ့ နားမလည်ပေးမှုတွေ မပါဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်မချနိုင်တဲ့ ၀န်တိုမှုတွေ မပါဘူး။ အတ္တတွေ ပွက်ပွက်ဆူထနေတဲ့ အနိုင်ယူလိုမှုတွေ မပါဘူး။

ဆော့ကစားနေတဲ့ လေပြေပြေလေးတွေက သူတို့ နှစ်ဦးရဲ့ လူးလူးလွင့်လွင့် ဆံနွယ်တွေကြား ခရီးတထောက် နားနေကြရင်း နူးညံ့လှပတဲ့ ချစ်ခြင်းဖွဲ့ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုနေသလို။

ပင်လယ်ဆိုတာ ခုလို လေပြေ တဖြူးဖြူးနဲ့ သာယာကြည်နူးဖွယ်တော့ အမြဲမဟုတ်ဘူး။ မုန်တိုင်းထန်တဲ့နေ့တွေ၊ လှိုင်းကြမ်းတဲ့ ညတွေလဲ ရှိနိုင်သေးရဲ့။ ဖွဲ့သမျှကဗျာတွေတိုင်းဟာ ချစ်ခြင်းတွေချည်း အတိပြီးမယ် မဟုတ်မှန်း သိလဲ။
ကျွန်တော် သူတို့ချစ်သူနှစ်ဦးအတွက် မုန်တိုင်းထန် လှိုင်းကြမ်းတွေ ဘယ်တော့မှ မတွေ့ရပါစေနဲ့လို့ တိတ်တခိုး ဆုတောင်းပေးနေမိတော့တယ်။


မေတ္တာဖြင့်
မိုးကုတ်သား

28 comments:

Sein Lyan Tun said...

အိုင် အမ် သည် ဖတ်စ်စ်စ်စ်



အိုးး


ရီရားးလီးးးး


အိုင်အမ် တစ်


အဟိ

ခွိခွိ


မျောက်မျောက်

Sein Lyan Tun said...

အိုင် အမ် သည် ဖတ်စ်စ်စ်စ်



အိုးး


ရီရားးလီးးးး


အိုင်အမ် တစ်


အဟိ

ခွိခွိ


မျောက်မျောက်

Sein Lyan Tun said...

””””””တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတဲ့ မသင်္ကာမှုတွေ မပါဘူး။ အမျက်ဒေါသသင့်နေတဲ့ နားမလည်ပေးမှုတွေ မပါဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်မချနိုင်တဲ့ ၀န်တိုမှုတွေ မပါဘူး။ အတ္တတွေ ပွက်ပွက်ဆူထနေတဲ့ အနိုင်ယူလိုမှုတွေ မပါဘူး။”””””””


ဒါကတော့ ကိုမောင်ဟန်ရယ်...

ချစ်နေကြတဲ့ ကြည်နူးနေကြတဲ့ အချိန်ကိုးး....


အင်းးးး


ပုံလေးကိုကြည့်လိုက်တော့ ကောင်လေးက ကောင်မလေးကို တော်တော်ချစ်မှာပဲနော်....


ကောင်မလေးက လည်း ကောင်လေးကို တော်တော် သံယောဇဉ်ကြီတဲ့ပုံပေါ်တယ်နော်...


အင်းးးး သတိရစရာလေးတွေပေါ့....


ကိုမောင်ဟန်ကြီးဆုတောင်းလေးလဲ ပြည့်မှာပါ....


သူများချည်းပဲ မဆုတောင်းနဲ့


ကိုယ့်အတွက်လဲ ဆုတောင်းပါအုံးးးး

မသကာၤမွဴေတြ

အမျက်ဒေါသတွေ

နားမလည်မှုတွေ

စိတ်မချမှုတွေ

ဝန်တိုမှုတွေ....

ဒီတွေ ... တွေ ... မရှိတဲ့သူနဲ့ ရပါစေလို့ ဆုတောင်းလိုက်အုံး....


အဟီးးးး

ဆုတောင်းပြည့်ပါစေ ညီ့အကိုကြီး....

ဒါပေမယ့် မထင်တော့ မထင်ဘူး...

ခွိခွိ ဂီဂီးးးးးး



ချစ်တဲ့

မျောက်မျောက်


(အားပေးနေပါတယ်... စာများများရေးပါ... လယ်ပဲထွန်မနေနဲ့.... အကိုလယ်ကိုပြောတာာ... ညီလယ်ကိုပဲထွန်ပေးပါ...း)))

မယ့်ကိုး said...

ဟုတ်တယ်။ အဲဒီလို ချစ်ကြတဲ့သူတွေ မြင်ရတာ ကြည်နူးစရာ။
လူဘယ်လောက်ကျပ်တဲ့ ရထားပေါ်မှာ ဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေကို ဘယ်တုန်းကမှ မငြူစူခဲ့ပါဘူး။

အစ်ကိုရေးထားတာလည်း စိတ်ချမ်းသာစရာကောင်းလိုက်တာ။

နောက်ဆို စာရေးဆရာကြီးကိုယ်တိုင်ပုံနဲ့ ကြည်နူးနေပုံလည်း မြင်ရတော့မှာပေါ့နော်။ :)

မေလေး(ဆုံနိုင်ခွင့်) said...

ကြည့်နူးစရာ မြင်ကွင်းလေးကို လာရောက်ခံစားသွားပါတယ်။

Ree Noe Mann said...

ညီ သိတယ် နော်

ငါ့အကိုကြီး အားကျနေတယ် ဆိုတာ။

ဟဲဟဲ နောက်တာနော် အကို

စိတ်ဆိုးပြီး နောက်ဆို ထမင်းခေါ်မကြွေးရင်
ဒုက္ခ

ချစ်ညီ
ရီနို

ကောင်းကင်ပြာ said...

ဒီ ကောင်းကင်ကြီးလဲ အားကျသွားတယ် ၊ တရက်တော့ ရောက်အောင်သွားပြီး ကိုယ့်ခြေထောက်တွေကိုယ် သဲနဲ့ ဖုံးပြီး ကောင်းကင်ပြာပြာနဲ့ ပင်လယ်ပြာပြာ ကို ခံစားကြည့်ဦးမှပါလေး)

စိုင်းစိုင်းလားရှိုး said...

ကျွန်တော်က တစ်မျိုးလေး ပြန်ခံစားကြည့်တယ်။
ကောင်လေးနေရာမှာ ကိုမိုးကုတ် ရယ် ကောင်မလေးနေရာမှာ.......... ရယ်ဆိုခဲ့ရင် ဘယ်လိုနေမလဲပေါ့နော်.... အမိုက်သားရယ်ဗျ။

ရေတမာ said...

အခုတလေ ဒီအကိုတွေ အမတွေ အိမ်သွားလည်ပြီး စာတွေဖတ်ရင် အသံတွေပါနေတယ် :P

ဒီပိုစ့်ဖတ်ရတော့ နှစ်ကိုယ်တူ ချစ်သမျှ ဆိုတဲ့ သီချင်းတောင် သတိရသွားတယ်။

ချစ်သူတွေကြား ဒီလိုနေ့လေးတွေများပါစေလို့ပဲ ဆုတောင်းပါတယ်

မြစ်ကျိုးအင်း said...

ချစ်ခြင်းဟာ အဖြူထည်သက်သက်ဖြူစင်နေရင် မြင်ရတဲ့ ဘေးလူတွေပါ ကြည်နူးစရာပေါ့

ဒီလိုမှမဟုတ်ပဲ.......................

ညီအများကြီးမပြောတော့ဘူးနော် အကိုနားလည်မှာပါ

အကိုလည်း အဆင်ပြေပါစေ
(အနော့်လယ်လေးလည်း စောင့်ရှောက်ပေးအုံးနော်)

မိုးခါး said...

အားကျနေသလား အစ်ကိုဂျီး
စာထဲမှာ အားကျသံတွေနဲ့နော်
ကိုသီဟသစ်ကြီးမြင်ရင်ပြောဦးမယ်
လူဗျိုဂျီး ရောဂါလို့ :P
အဲလိုလိုက်ဖက်တဲ့ အတွဲလေး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရပါစေဗျို့ :D
(ရှိပြီးသားလားမသိ .. ရှိပြီးသားဆိုလည်း လူသိအောင် ထုတ်ပြဗျို့ :D)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟုတ်ပါတယ် .... ပင်လယ်ဆိုတာ တခါတခါ ကြည်နူး ဖို့ ကောင်းသလို တခါတခါတော့လည်း လှိုင်းထန်တဲ့ အချိန် ရှိတာပဲလေ

အင်း ကိုကြီးဆုတောင်းသလိုပဲ ဆုတောင်းပေးခဲ့ပါတယ်

လှိုင်းထန်ချိန်တွေ မဆုံပါစေနဲ့လို့


ဟီဟိ တို့ကိုကြီးအားကျနေတယ် ..... Charging လုပ်လိုက်ပါ P:

တလနွန် said...

ကြည်နူးဖို့ ကောင်းတဲ့ မြင်းကွင်းလေးကို အခုထိ မျက်စိမြင်ယောင်တုန်း :)
အစ်ကိုမိုးကုတ် ရေးလိုက်တော့မှ R ဇာနည် ဆိုထားတဲ့
ဂန္တဝင်ဆည်းဆာ ကိုပါ ဘာမဆိုင်ညာမဆိုင် သတိရသွားတယ်။
အဲဒီလို ပျော်ရွင်မှုကို စာရေးဆရာလည်း အမြန်ဆုံးပိုင်နိုင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

Lucifer said...

မမီးလည်း မျက်စိလည်လမ်းမှားပြီး ချစ်သူတစ်ယောက်လောက်ရ ရင် သွားလည်မယ်

လင်းဒီပ said...

ချစ်သူတွေအတွက်တော့ ကမ္ဘာမြေဟာ အချိန်တိုင်း လှနေပါတယ်ဗျာ..။

စည်သူ said...

အော်..............
ကိုမိုကုတ်သားပြောမှ
ပိုတောင် ပြည့်စုံသွားသလိုပဲ

ရိုက်ချက်က လိုက်တွက်စရာ မလိုအောင်
ကွပ်စတိပဲဗျာ..

ခံစားသွားပါတယ်..
ကိုတွေနဲ့များ.. ကွာပါ့ဗျာ..

ပြောတော့ပါဘူး

ခင်မင်စွာဖြင့်
စည်သူ။

မခ said...

ဘယ်လောက်တောင်အေးချမ်းနေမလဲနော်

သီဟသစ် said...

ကိုကိုဘိုဘိုရေ

စိတ်ကူးတွေယဉ်ထားပါဗျာ
ကောင်းကင်ကြီးနောက်ခံနဲ့ ကိုဘိုတို့ ချစ်သူနှစ်ဦး ဆုံဆည်းကြတဲ့ပုံလေး ပါနောက်ကျမြင်ရတော့မယ်ထင်ပါ့

ခင်မင်စွာဖြင့်
သီဟသစ်

ဖိုးသင်္ကြန် said...

အဲ့လို အတွဲမျိုးတွေရင် လူသတ်ချင်သလိုလို၊ ထိုင်ငိုချင်သလိုလို၊ ဟားတိုက်ရယ်လိုက်ချင်သလိုလို ဖြစ်ဖြစ်နေဒယ်...

ဒါပဲ

အိန္ဒြာ said...

သူများအတွဲတွေလိုက်ကြည့်ပြီး..

သုံးထပ်ကွမ်း အသည်းကွဲလူပျိုကြီးတစ်ယောက်

အားတွေကျပြီး..မထိမ်းနိုင်မသိမ်းနိုင်

ဓါတ်ပုံတွေတောင်ခိုးရိုက်လာသတဲ့.....းP

ရေးထားတာလေး..သိပ်လှတယ်..မိုးကုတ်ရေ

ကြည်ဖြူပိုင် said...

ဓာတ်ပုံမြင်လိုက်တုန်းက ကိုမိုးကုတ်သားများလားလို့
ပြေးလာပြီး ကြည့်လိုက်တာ. လျှာကိုအပြားလိုက်ထွက်ကရော

ဒီရောက်လို့စာကိုအစဖတ်တုန်းလဲထင်တုန်း
နောက်ကျတော့မှတိတယ်။တူအားကျနေတာကိုးးးးးးးး
:P

ကိုမိုးကုတ်သားက လျှိုထားတာ နော်..သူများပုံတွေအရင်ပြပြီးမှကိုယ်နဲ့ကိုယ့်ကောင်မလေးပုံပြမှာနော်.နှိုင်းယှဉ်ရအောင်လို့။ဟုတ်တယ်ဟုတ်စ်

ဇော် said...

ဘာမှန်းတော့မသိဘူး။ တစ်ခုခုတော့ ရင်ထဲရောက်လာတယ်။ ဒါပေမယ့် အဓိပါယ်ဖွင့်ရခက်နေတယ်။ အရမ်းသိမ်မွေ့နေလို့။ =)

မေဇင် said...

ဝေးးးးးးးး အားကျရင် စွံအောင် လုပ်ပါဗျို့.... ဦးဘို ကအနုအရွလေး ဆိုတော့....း) ... သေချာတော့ စဉ်းစားနော်

မေဇင် said...

ဝေးးးးးးးး အားကျရင် စွံအောင် လုပ်ပါဗျို့.... ဦးဘို ကအနုအရွလေး ဆိုတော့....း) ... သေချာတော့ စဉ်းစားနော်

Angel Shaper said...

ကိုဘိုကြီးရေ...
ကြည်နူးစရာမြင်ကွင်လေးနဲ့ ပိုစ့်လေးနဲ့ အလိုလိုပျော်လာတယ်။ တကယ်။
ကိုကြီးလဲ မိုးကုတ်သူနဲ့ အဲ ဟုတ်ဘူး
ကိုမိုးကုတ်သားကြီးလဲ အဲလိုလေး ပြည့်စုံကြည်နူးစရာကောင်းတဲ့ ဘ၀လေး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေဗျာ။

Anonymous said...

အင်း။
ကြည်နူးစရာပဲ။
ကိုယ်တောင် အားကျသွားတယ်။
မိုးကုတ်သား ငေးနေခဲ့မယ့်ပုံကို မြင်ယောင်သွားတယ်။
မိုးကုတ်သားက စာလေးနဲ့ အမွှန်းတင်သွားတော့ သူတို့နှစ်ယောက်က ပိုစိုပြေသွားတာပေါ့။
ကောင်မလေးက အဲဒီအချိန်မှာ ဘာပြောပြနေသလဲ သိလား။ သူ့အိမ်က ခွေးလေးအကြောင်း။ (ခန့်မန်းကြည့်တာ)

တောင်ပေါ်သား said...

အဟား မိပြီးကွ နာ့အကိုကိုးးးးး ကင်မရာဆရာ လိုက်ရှာနေတာ ခုမှပဲ မိတော့မယ်း) သေချာရိုက်ထားတဲ့ ပုံတွေ အကုန်ပြး) ပျော်စရာ ကြည်နူးစရာ စုံတွဲလေးကို ကြည့်ပြီး ငါ့အကိုအတွက် ရှာပေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဗျာ.. ကိုသီဟသစ်ရဲ့ သမီးလေးကို မစောင့်တော့နဲ့ ကျနော်ရှာပေးမယ်း) သူ့သမီးလေးသာ မွေးရင်တော့ ကျနော်တို့ပဲ ယောက္ခမ တော်လိုက်မယ် အဟီးးးး

လေးစားလျက်
တောင်ပေါ်သား

ရွှေပြည်သူ (ShwePyiThu) said...

စာက နူးညံ့ရိုးရှင်းတဲ့ ညနေခင်းတစ်ခုရဲ့ အလှတွေမှန်သမျှကို စာဖတ်သူ မြင်လာစေတဲ့အထိ ကောင်းပါတယ် ကိုမိုးကုတ်သားရေ... ချစ်သူနှစ်ဦးကို အစ်ကို တိတ်တခိုး ဆုတောင်းပေးသလို အစ်ကိုလည်း မုဒိတာ ရောင်ပြန်ဟပ်ပါစေ...