Sunday, October 18, 2009

ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ချစ်ခြင်းတည်ရာ
(သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ညနေခင်းတစ်ခုရဲ့ ခရမ်းရောင် မိုးသားကောင်းကင်က မှော်ပဉ္စလက်ဆန်ဆန် လှပ လို့နေတယ်။ ငေးမောနေမိတဲ့ ခပ်ဝေးဝေးက တိမ်ညိုတွေတောင် ဘာကြောင့်ရယ်မှန်းမသိ ကျွန်တော့်ရင်ကို ဗလောင်ဆူနေ စေပြန်ကော။
တံတားဘောင်ဘေးမှာ ခြေဆင်းချ ထိုင်ပီး လေကို တ၀ ရှူရှိုက်မိတော့ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ရနံ့တချို့ ရလိုက်တယ်။ တငြိမ့်ငြိမ့်စီးနေတဲ့ မြင်ပြင်ဟာ ညနေခင်း နေခြည်အောက်မှာ အပြာရောင်တွေ လက်လက်ထလို့။ ပင်လယ်ထဲ တိုးမ၀င်ခင် အစပ်ဖျားက ကျူပင်ရိုင်းတွေကြား နစ်လျှိုးကွယ်ပျောက်ဖို့ အဆင်သင့် ဖြစ်နေသလိုမျိုး ညင်သာစွာ စီးမျောလို့နေလေရဲ့။
ကျွန်တော့်စိတ်တွေဟာလဲ တစ်စုံတစ်ယောက်ဆီ စီးမျောရင်း အာရုံတွေ နစ်ကျွံ ပျောက်ကွယ်လုနေတာ အလန့်တကြား တွေ့ရတယ်။ သူက ခုတလောမှာမှ တစတစ ကျွန်တော့် ဘ၀ကို စိုးမိုးနိုင်လွန်းတာ ဘာသာ သိနေတာ့ ကွန်တော် တုန်လှုပ်မိတာ သိပ်ဆန်းကြယ်တယ် မထင်ပါ။ ဆန်းကြယ်တာက ထို စိုးရွံ့စိတ်တွေသည် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန် မဆုတ်စေပဲ ရှေ့တိုးလို့သာ ရင်ခုန်ကြည်နူးလို့ နေချင်တာပါပဲ။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

အချစ်တစ်ခု ဆိုတာကို ကျွန်တော့် နှလုံးသားက ဒီလောက် မွတ်သိပ်ခဲ့တတ်မယ် မှန်း မသိခဲ့ရိုး အမှန်ပါ။
သူ့ကို သတိရတိုင်း ဘယ်အချိန် အဆုံး သတ်တော့မလဲ ဆိုတဲ့ စိုးစိတ်တွေနဲ့ နာကျင်ပူလောင်ရတာ အတွေးစတွေတောင် မွမွကြေလို့ နေတတ်ခဲ့ပြီ။
အချိန်တို အတောအတွင်းမှာပဲ သူက ကျွန်တော့်နှလုံးသားမှာ ချစ်တယ် ဆိုတဲ့ မြည်တမ်းမှုတွေကို ကျောက်စာ တစ်ချပ်လိုအဖန်ဖန် အထပ်ထပ် ရေးထိုးထားခဲ့ပြီ။
ဒီ့ထက်ဒီသာ စူးနစ်ချစ်မိတော့မယ် ဆိုရင်တော့ ကျွန်တော်ဟာ သွေးသင်ထားတဲ့ သင်တုံးဓား တစ်လက်ကို စိတ်နှလုံးနဲ့ ဆုပ်ကိုင်မိသလိုမျိုး ချစ်တတ်တဲ့ စိတ်ဝိညာဉ်ဟာ ဒဏ်ရာ အနာတရ ဖြစ်တော့မယ်ထင်ရဲ့။
စိုးစိတ်တ၀က် ချစ်စိတ် တ၀က်နဲ့ ကျနော့်အိပ်မပျော် ညတွေက လင်းတလှည့် မှောင်တချီ။ မှုန်ရီ ပြာလဲ့လို့နေတယ်။


ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

တကယ်ပါ။ ဘယ်အရာကိုမဆို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်ချင်ခဲ့တဲ့ ကျွန်တော့် စိတ်ဝိဉာဉ် ဟာ ချစ်ခြင်းဆိုတာကို အသက်သွင်းဖို့ မကြိုးစားခဲ့ဖူးပါဘူး။
ခံစားပွန်းရှလွယ်တဲ့၊ အစွဲအလန်း ကြီးတတ်လွန်းတဲ့ နှလုံးသားလေး အနာတရ ဖြစ်မှာ ကြောက်လွန်းလှလို့ အချစ်ဆိုတာနဲ့ ဝေးဝေးမှာ ကျွန်တော် နေထိုင်ခဲ့ပါတယ်။
ခုတော့ အဆိပ်သင့်မှာစိုးလို့ မစားရဲခဲ့တဲ့ သစ်သီး တစ်လုံးဆီကို ကျွန်တော့်လက်တွေ လှမ်းလို့ နေမိပြီ။
အမှတ်တမဲ့တွေကနေ အမှတ်တရတွေ ဖြစ်လာတော့မှ ထိရှတတ်တဲ့ ဓားသွားထက်မှာ ကျွန်တော့်ချစ်လိပ်ပြာလေး သေဆုံးသွားမှာ တုန်လှုပ်ကြောက်ရွံ့ နေတယ်။

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

အထီးကျန်တဲ့ ညတာတွေက ကျွန်တော့ အတွက်တော့ ခုမှ ရှည်လျားလွန်းနေ လေသလား။ တစ်ယောက်ထဲ ဘ၀မှာ နေသားတကျ ရှိခဲ့ချိန်တွေက အခုအခါများမှာတော့ အထီးကျန်ခြင်း ဝေဒနာတွေကို ပွေ့ပိုက်ထုပ်ပိုးရင်း လမ်းကျဉ်းလေးကို ဖြတ်သန်းကာ အိမ်ပြန်နေရတယ်။ လမ်းကလေးဆုံးရင် အခါများစွာ တယောက်တည်း အိပ်စက်ခဲ့တဲ့ ကျွန်တော့် အခန်းလေးထဲကို ရောက်မယ်။ ခုတော့ ဝေးဝေးက လင်းပ သာယာ ပြနေတဲ့ လမင်းလေးကို ငေးကြည့်ရင်းလဲ အခန်းလေးထဲမှာ တစ်ယောက်ထဲ ကျွန်တော် တိတ်တဆိတ် မျက်ရည်ကျတတ်နေပြီ။ လမင်းလေး မသာတဲ့ ဒီတညမှာလဲ ကျွန်တော် ငိုကြွေးရပြန်တာပါပဲလေ။ သူ ဘယ်တွေ သွားနေလဲ။ သူ ဘာတွေ လုပ်နေလဲ။ သူ ဘယ်သူတွေနဲ့ ရှိနေမလဲ။ ကျွန်တော် ကြိုက်လွန်းလှတဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ်က အခုတော့ ကျွန်တော့်ကို ပိုပြီး ကျွမ်းလောင်မြိုက်နေစေခဲ့ပေါ့။
သိပ်ချစ်လွန်းရင် အခုလိုပဲ စိတ်မချစွာ ပူပန်စေတတ်၊ သ၀န်တိုစေတတ်ပါသလား။
"ဘယ်သွားသေနေလဲ မသိဘူး" စောင့်ဆိုင်းခြင်းတွေကို စိတ်မရှည်နိုင်တော့ အဲ့ဒီလို စိတ်ချဉ်ပေါက်တွေးရင်း သက်ပြင်းတွေ တချချ။ သေချာတယ်။ ဒီညလဲ ကျွန်တော် အိပ်ပျော်နိုင်မည် မဟုတ်တော့။

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

သူ့ကို မြင်ရတဲ့ ညအခါများစွာတိုင်း ကျွန်တော့် ရင်ဟာ ချစ်ခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ တိုက်ပွဲဝင်ဖို့ စစ်ချီတဲ့ တေးသံလို ထောင်းလမောင်းခတ် မြည်ကျွေးတတ်တယ်။ သူ ကျနော့်ကို မြင်ရင် ခေါ်လိုက်မလား။ မီးနီလေး ပြရင်း တိတ်တဆိတ် စောင့်စားနေရတာကိုပဲ ကျွန်တော်က ရင်တွေ ခုန်လို့။ သူ ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့ အခါတိုင်း ပန်တျာဘုရင်မ တီးခတ်လိုက်တဲ့ စည်တော်သံကို ကြားလိုက်ရသလိုမျိုး ရင်ထဲ ကြည်မြ အေးချမ်းသွားတတ်ပေမဲ့ အချိန်အတော်ကြာ မခေါ်ပဲ နေရင်တော့ စွန့်ပစ်ခံရတဲ့ သားငယ်တယောက်လို ကျနော်က ၀မ်းပန်းတနည်း ငိုကြွေးချင်မိတယ်။
တဆိတ်တော့ ကျွန်တော် သူ့အပေါ် ချစ်စိတ်တွေ လွန်ကဲနေပြီ ထင်ရဲ့။ သူနဲ့ ပါတ်သက်ရင် ကျွန်တော်က သိပ် ပွန်းရှ လွယ်လို့ နေတယ်။
သူ့ကို တွေ့ရဖို့ ကျွန်တော့် အိပ်ချိန်တွေဖဲ့ခြွေရင်း စောင့်ဆိုင်းနေခဲ့သလို သူ့ကို မြင်ရပြန်တော့ ကျွန်တော့်ညတွေကို အိပ်စက်ပစ်လိုက်ဖို့ နှမျောနေပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်လဲ အအိပ်ပျက် အစားပျက် ကြာရင် သေရချည်ရဲ့။


ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

သူ့ကို ချစ်မိလေ၊ သူ မချစ်ပဲ ချစ်ဟန်ဆောင် လှည့်စားလေမလား တွေးကြောက်လေလေ။ သူ့ကို ကျွန်တော် တစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်။ သူ့ကို ကျွန်တော် ဆုံးရှုံးရမှာ သိပ်ကြောက်တယ်။
တဖြည်းဖြည်း နစ်ကျွံလာတဲ့ ချစ်ခြင်းတွေအောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ပျောက်ဆုံး ရပြန်တယ်။ ကျွန်တော့်ဘ၀မှာ သူ မရှိလို့ မဖြစ်တော့ဘူး။ သူ မချစ်ရင် ကျွန်တော် သေသွားနိုင်တယ်။ အဲဒီ အတွေးတွေ ၀င်လာတိုင်း ကျနော်ဟာ ခြောက်အိပ်မက် တစ်ခုက နိုးထ လာသလို တုန်လှုပ် မောပန်းနေတယ်။
တစ်ခါတစ်ခါမှာတော့ သူ့ကို ချစ်ရတာ အိပ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့လို့ တွေးမိတတ်တယ်။ သိပ်ကို ချိုမြလွန်းတဲ့ အဲ့ဒီ အိပ်မက်ချိုချိုတွေထဲ ကျွန်တော် ထာဝရ အိပ်စက် ပစ်လိုက်ချင်မိရဲ့။ နိုးထလာလို့ အိပ်မက်ကလေး ပျောက်ဆုံးသွားမှာ ကျွန်တော် သိပ်ကြောက်ပါတယ်။

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

အခုတော့ ကျွန်တော် စိုးကြောက်လှတဲ့ သံယောဇဉ်တွေကို ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို နှောင်ဖွဲ့လိုက်တယ်။ လွတ်လပ်ခြင်းတွေ ဆုံး ရှုံးချင် ဆုံးရှုံးစေတော့။ သူ့အပေါ် မြတ်နိုး တွယ်တာမိတဲ့စိတ်တွေက ရစ်ပတ်လာမဲ့ သူ့ကြင်နာမှုတွေကို တပ်မက်မောစွာ ဖိတ်ခေါ်လို့ အပြုံးနဲ့ ဆီးကြို နေမိပြီ။
"ကျွန်တော် လိုချင်တာ အချစ်တစ်ခုတည်းပါ။"
" ကျွန်တော့်ကို ချစ်ပါနော်။"
" ကျွန်တော့်ကို ထားမသွားပါနဲ့နော်။"
ဒီလိုတွေ ပြောနေတာ ကျွန်တော်မှ ဟုတ်ရဲ့လား။
အသည်းကွဲ ဝေဒနာကို ကြောက်လွန်းလှလို့ ဘယ်တုန်းကမှ ချစ်ခြင်းရင်ခုန်မှုတွေနဲ့ ယဉ်ပါးဖို့ မကြိုးစားခဲ့တဲ့ ကျွန်တော့် နှလုံးသားက သူနဲ့ကျမှ တိမ်းမူး ကခုန်လို့။ ချစ်ခြင်းတွေကို တစ်နေ့ပြီး တစ်နေ့ သင်အံလို့ နေလေရဲ့။


ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…

တကယ်လို့များ ကျွန်တော်ဟာ ဥယျာဉ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့် ပန်းခင်းလေးဟာ သူ့ကို လွမ်းမှန်းမသိ လွမ်းနေခဲ့ပြီ။
ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းနေတယ်။ သတိရနေတယ်။ တစ်ယောက်တည်း နေသားတကျ ဘ၀ဟာ ခုမှ ရုတ်ချည်း အသွင်ပြောင်းလို့ သူ့ချစ်ခြင်းမေတ္တာကို အသက်ဆက်ရာ မိုးရေစက်တွေလို ငတ်မွတ်မျှော်လင့် နေလေရဲ့။ သူ့ကြင်နာယုယမှုတွေကိုလဲ နေရောင် လရောင်လို ကျွန်တော် လိုအပ်နေတာပါပဲ။
သူ့အသံကို မကြားရတဲ့ နံနက်ခင်းတွေ ညတွေမှာ ကျွန်တော်က အောက်စီဂျင် မ၀သလို အသက်ရှူကျပ်နေတတ်တယ်။
ဒါဟာ အချစ်တဲ့လား။
ချစ်ခြင်းဆိုတဲ့ ပန်းကလေးတစ်ပွင့် ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ ဖူးပွင့်ခဲ့တယ်ဆိုရင် အဲဒီ ပန်းကလေးကို မျိုးစေ့ ချပေးခဲ့တာ သူပဲပေါ့။
ကံတရားက ဖေးမခဲ့မယ်ဆိုရင်တော့ အဲ့ဒီ အချစ်ပန်းကလေးဟာ ကျွန်တော့် ရင်တခွင်လုံး မွှေးမြ လန်းဆတ်လာအောင် ဝေေ၀ဆာဆာ ပွင့်ဖူး လာပါလိမ့်မယ်။



နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။

ဆောင်းရဲ့ နှင်းပွင့်ဖြူဖြူတွေနဲ့ အတူ ကြွေကျခဲ့တဲ့ ချစ်ခြင်းမျိုးစေ့လေးရေ၊ နှင်းခါးလို အေးခဲ နာကျင်စေတဲ့ အလွမ်းပွင့်တွေကြောင့် သေဆုံးမသွားအောင် ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးပါ။
တစ်ယောက်ထဲ နေ့တွေညတွေမှာ အထီးကျန်မှု ဝေဒနာတွေနဲ့ ငိုကြွေးနေရတဲ့ ရက်တွေ မနည်းတော့ပါဘူး။ ခုတော့ သူဟာ ကျွန်တော့်ရဲ့ အထီးကျန်ညတွေကို ဖြေဖျောက်ပေးသူလဲ ဖြစ်ရဲ့။ ကျွန်တော့် အနာဂါတ်တွေကို မျှော်လင့်ချက်တွေနဲ့ တောက်ပစေသူလဲ ဖြစ်ရဲ့။ လွမ်းလို့ ကျမိတဲ့ မျက်ရည်တွေအပေါ် ကျေနပ်စေသူလဲ ဖြစ်ရဲ့။
ချစ်ခြင်းမျိုးစေ့လေးကို ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ စိုက်ပျိုးပေးသွားသူဟာ တခြားသူတွေကိုရော အဲ့ဒီလို မျှော်လင့်ချက်တွေ ပေးထားတတ်လေမလား။ ပူလောင်စေတဲ့ အတွေးတွေက တခါတရံမှာ ကျွန်တော့်ကို နှိပ်စက်လာတိုင်း သူ့ကို ကျွန်တော် တယောက်ထည်း ပိုင်ချင်စိတ်တွေနဲ့ ပို အထီးကျန် မောပန်းရပြန်တယ်။
လွမ်းစိတ်၊ သူ့ကို စိတ်မချစိတ်တွေနဲ့ မယုံမရဲ ဖြစ်နေတဲ့ ကျွန်တော်ဟာ နွေဦးရာသီရဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာပြီး ကျွန်တော့် ဥယျာဉ် တစ်ခုလုံး လွှမ်းခြုံ မွှေးမြသွားစေဖို့ မျှော်လင့်အိပ်မက်နေမိတယ်။


မေတ္တာဖြင့်
မိုးကုတ်သား


ချစ်ညီလေး ဖိုးစိန်ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သူရဲ့ ကဗျာလေး တစ်ပုဒ်ကို စကားပြေ ဖန်တီးပြီး ရေးဖွဲ့ထားတာပါခင်ဗျာ။
မွေးနေ့ရှင်ရဲ့ ခံစားချက်ကို အပြည့်အ၀ ပုံဖော်နိုင်စွမ်း မရှိပေမဲ့ မွေးနေ့ရှင် ကျေနပ်မယ် လို့ မျှော်လင့်ပါတယ်။
အခု အချိန်တော့ မွေးနေ့ရှင်လဲ ကျွန်တော် ပို့ပေးထားတဲ့ ဒီလင့်ခ်က ဟောဒီ မွေးနေ့ဆုတောင်းလေး ကို ကြည့်ပီး စူပွပွ ခုန်ဆွဆွ ဖြစ်နေလောက်ပြီ ထင်တယ်။

29 comments:

Sein Lyan Tun said...

ကိုကို.......


မောင်ဟန်ရေးးးးးးးးးးးးးးး


ပျော်သွားပါတယ်.....


ညီ အတိုင်းမသိ အံ့သြဝမ်းသာပီတိဖြစ်ရပါတယ်...

ညီမွေးနေ့လေးကို ညီ့ကဗျာလေးနဲ့ ဂုဏ်ပြုတဲ့အတွက်ပေါ့လေ....


ညီရဲ့ကဗျာလေးကို စကားပြေ ပြန်ထားတာမြင်ရတော့

အံ့သြတယ်... အရေးအသားကောင်းတဲ့ ကိုမောင်ဟန်ကြောင့်


ကဗျာလေးက အသက်ဝင်လာတယ်ဗျားးးး


ကျေးဇူးတင်ပါတယ်...

ခုလိုမွေးနေ့ကို အမှတ်တရ နဲ့ ပိုစ့်တစ်ခုလုပ်ပြီး လက်ဆောင်ပေးတဲ့ ကိုမောင်ဟန်ကို ချစ်သွားပြီး...


ဒီတော့ ကိုမောင်ဟန် မကြီးနော်စီဘုံးမှာ ပေးခဲ့တဲ့

အီးမွေးမွေးရေမွှေးကို ကိုမောင်ဟန်တစ်ကိုယ်လုံး အားရပါးရ ဆွတ်ပေးခဲ့ပါတယ်နော်....


ညီဆိုးတိုင်း စိတ်ကောက်တိုင်းကို စိတ်ရှည်တဲ့ အကို့ကို ညီထာဝရချစ်ခင်လေးစားလျှက်ပါ

နောက်လဲ များများဆိုး ပါ့မယ်လို့ ကတိပေးပါတယ်...


ဟွန်းနော်..... ခုန်ဆွဆွ မလုပ်ဘူး.....


ပြောင်နေတဲ့ ထိပ်ကို မျောက်က အုန်းသီးနဲ့ ထုမယ်... ဒါပဲ...



အတိုင်းမသိသော ထာဝရခင်မင်လေးစား

ချစ်ခင်ခြင်းများဖြင့်

ညီ

(စိတ်သဘောထားဖြူစင်တဲ့ အကိုမိုးကုတ်သားကို ချစ်ခင်လေးစာလျှက်ပါ)

Sein Lyan Tun said...

ကျေးဇူးတင်တယ်နော်းးးး


အကိုကြီးးး မိုးကုတ်းးးးးးးးးးးးး



ညီပျော်သွားပါတယ်...

Sein Lyan Tun said...

ခုပြန်ဖတ်တော့ ပြန်မန့်တယ်အကို


ကဗျာလေးက ဘာမှမဟုတ်ခဲ့ပါဘူး...


ဒါပေမယ့် အရေးအသားက ကဗျာထက်ပိုပြီးကောင်းနေတယ်...

ခံစားချက်ကို ပိုပြီးပေါ်လွင်စေတယ်လေ....


ခံစားချက်တွေ များ ပြင်းထန်နေသလားးးးး


း)


အရေးအသား ကောင်း၏

တော်၏

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sein Lyan Tun said...

ညီ့ ခံစားချက်တွေ တပိုင်းတစပါတဲ့ ခံစားချက်တွေကို

အကိုမိုးကုတ်သားပေါ်လွင်အောင်ရေးနိုင်တယ်


အပိုစ်တစ်ပုစ်နဲ့တပုစ် ဆက်စပ်မှု မရှိတဲ့ လွင့်မျောနေတဲ့ ခံစားချက်တွေကို အကို ကလိုက်ကောက်ပြီး ခံစားချက်တွေကိုဖော်ထုတ်ပေးနိုင်တယ်.. အကို...


ဒီအတွက် ဒီပိုစ့်လေးက အမှတ်တရဖြစ်မှာပါနော်....



ကျေးဇူးတင်တယ်အကိုရေ...


မန့် တာများနေပြီး မွေးနေ့ရှင်အပျော်လွန်နေလို့

စိတ်မဆိုးရ


ချစ်ခင်စွာဖြင့်

ညီ

Sein Lyan Tun said...

မွေးနေ့ ရှင် က အိမ်မှာလဲ မွေးနေ့ ကူပွန်လေး လုပ်ထားတယ်


ချစ်တဲ့သူနဲ့  မက်ဒေါနယ်မှာစားလို့ရတယ်

ကူပွန်လာနှိုက်အုံးနော်

အကိုရေးးး


နောက်ကျမှာကြောက်လို့ အရင်ဆုံးခေါ်တယ်

လာခဲ့ပါ...

william said...
This comment has been removed by the author.
william said...
This comment has been removed by the author.
မေလေး said...

ဟွန်းးးးးးးးးးတော်တော်ဆိုးတဲ့ မွေးနေ့ရှင်...တူတစ်ယောက်ထဲ အပြည့်။ ကဗျာလေးရော ဘာသာပြန်ပေးတဲ့ အကိုရော ကောင်းတယ် အဲလေ တော်တယ်။ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာနိုင်ပါစေ။

မေလေး said...

ဟွန်းးးးးးးးးးတော်တော်ဆိုးတဲ့ မွေးနေ့ရှင်...တူတစ်ယောက်ထဲ အပြည့်။ ကဗျာလေးရော ဘာသာပြန်ပေးတဲ့ အကိုရော ကောင်းတယ် အဲလေ တော်တယ်။ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာနိုင်ပါစေ။

Lucifer said...

ဟာ... အကို က စာရေးတော်တော်ကောင်းတယ်.. ကဗျာတွေကို ကောင်းကောင်းရေးနိုင်ရုံအပြင်.. သူများရေးထားတာကိုပါ.. အဓိပ္ပါယ် ပေါ်လွင်အောင်ဖော်ပြတတ်တယ်..

မယ့်ကိုး said...

ကောင်းလိုက်တာ အစ်ကိုရယ်။ ဒီလောက်ကောင်းတဲ့ စာလေးရေးထားတော့ မွေးနေ့ ရှင်တော့ ပျော်လွန်းလို့  ရူသွားနိုင်လောက်တယ်နော် :P
စကာလုံးတိုင်း။ စာကြောင်းတိုင်းကြိုက်လွန်းလို့  နောက်လည်း လာလာဖတ်ပါဦးမယ်။

tune said...

personal တွေကို ရေးမိတယ် ဖြစ်ဦးမှာ စိုးတယ်။
တကယ့် အဖြစ်အပျက်ကလေးကို ရေးပါဦး။
အားလုံး ငိုကုန်ကြမယ် ထင်တယ်။
မေတ္တာတွေရော ကရုဏာတွေပါ အများကြီး ရမှာပါ။

Sein Lyan Tun said...

အကိုရေ....

ဖတ်လို့ ကောင်းလို့ နောက်တစ်ခေါက်ကို လာဖတ်တယ်...


ရေးတတ်တယ်ဗျားးး

ခံစားချက်ကိုပေါ်လွင်အောင်လေးးး
အပေါ် မြတ်နိုး တွယ်တာမိတဲ့စိတ်တွေက ရစ်ပတ်လာမဲ့ သူ့ကြင်နာမှုတွေကို တပ်မက်မောစွာ ဖိတ်ခေါ်လို့ အပြုံးနဲ့ ဆီးကြို နေမိပြီ။
"ကျွန်တော် လိုချင်တာ အချစ်တစ်ခုတည်းပါ။"
" ကျွန်တော့်ကို ချစ်ပါနော်။"
" ကျွန်တော့်ကို ထားမသွားပါနဲ့နော်။"
ဒီလိုတွေ ပြောနေတာ ကျွန်တော်မှ ဟုတ်ရဲ့လား။

ဆိုတဲ့ အပိုစ်လေးကို ကဗျာလေးထဲ ထည့်ရမှာ

ကဗျာကို ခုလိုစာပိုစ်မျိုးနဲ့ ပေါ်လွင်အောင်ရေးနိုင်တယ်...

သိပ်ချစ်လွန်းရင် အခုလိုပဲ စိတ်မချစွာ ပူပန်စေတတ်၊ သ၀န်တိုစေတတ်ပါသလား။
"ဘယ်သွားသေနေလဲ မသိဘူး" စောင့်ဆိုင်းခြင်းတွေကို စိတ်မရှည်နိုင်တော့ အဲ့ဒီလို စိတ်ချဉ်ပေါက်တွေးရင်း သက်ပြင်းတွေ တချချ။ သေချာတယ်။ ဒီညလဲ ကျွန်တော် အိပ်ပျော်နိုင်မည် မဟုတ်တော့။


ကောင်းလိုက်တဲ့ စာသားတွေ....

ခံစားချက်တွေ...း)

ဖတ်ရတာ ကဗျာကိုယ်တောင်မေ့နေတာလေ



ချစ်ခင်လေးစားစွာဖြင့်


ညီ


ဖိုးစိန်

မေဇင် said...

အဲ့ဒါ ကိုဖိုးစိတ်ရေးတဲ့ ကဗျာလား.... တကယ်မှတ်လို့... တကယ်ဆိုရင်လဲ....ချစ်တတ်လိုက်တာ ထင်မလို့...း) တစ်ချို့ကဗျာလေးတွေကို....အဲ့လို ပြန်ပြီးဘာသာ ပြန်ပေးမယ့် ဘလော့လေး ရှိရင်ကောင်းမယ် .... တစ်ချို့ကဗျာတွေကို နားမလည်လို့လေ....း)


ခင်တဲ့
မေဇင်

ကိုရင်နော်ခင်လေးငယ် said...

လှပြီးသား ကဗျာလေး ပိုလှသွားအောင်
ဖွဲ့သီလိုက်တဲ့ စကားပြေလေးတစ်ခုကို
နှစ်သက်စွာ ဖတ်ယူသွားတယ်..
ကိုဂျောင်ဂျောင်ဂြီးရေ...

ဖတ်ရတာ ချစ်ခြင်းတွေနဲ့ ချောမွေ့လှပနေလိုက်တာ....

ကဗျာရှင်ကြီးကော စကားပြေရှင်ကြီးကော... အိပ်မက်လေးတွေကနေ တကယ့်လက်တွေ့ဘဝတွေထဲအထိ သာယာချိုမြိန် လှပနိုင်ပါစေ...

ခင်မင်ခြင်းများစွာဖြင့်...

MANORHARY said...

မိုးကုတ်သား စာရေးကောင်း၏။
စကားပြေလှ၏။
သေချာသည်
မွေးနေ့ရှင်တစ်ယောက် စိတ်ကူးထဲမှ
အကြိမ်ကြိမ်ဖက်နမ်းပြီးလောက်ပြီး)း)

Dream said...

စာအရေးအသား အရမ်းကောင်းတယ်...ကဗျာကို
စကားပြေက တော်တော်စွဲဆောင် ထားတယ်...

ဦးမိုခိုသားကလဲ အရမ်းတော်တယ်....

အရမ်းအရေးကောင်းတယ်...ဦးဦးရေ
ကဗျာလေးလဲ အသက်ဝင်တယ်..ဦးဦးကလဲ အရေးအသားက လူကို မျောသွားစေနိုင်တယ်....


(အူးအူးဖွတ်ချိန်ကလဲ အပျော်လွန်နေသလားမသိဘူး..

အဟတ်.... ) :P

သတိထားနော်..တော်နေ စိတ်ဖောက်ပြန်ပြီး..အာဝါးးတွေ ပေးနေလို့ ပါးတွေချိမ့်ကုန်မယ်...အဟား....

:P

Dream said...

စာအရေးအသား အရမ်းကောင်းတယ်...ကဗျာကို
စကားပြေက တော်တော်စွဲဆောင် ထားတယ်...

ဦးမိုခိုသားကလဲ အရမ်းတော်တယ်....

အရမ်းအရေးကောင်းတယ်...ဦးဦးရေ
ကဗျာလေးလဲ အသက်ဝင်တယ်..ဦးဦးကလဲ အရေးအသားက လူကို မျောသွားစေနိုင်တယ်....


(အူးအူးဖွတ်ချိန်ကလဲ အပျော်လွန်နေသလားမသိဘူး..

အဟတ်.... ) :P

သတိထားနော်..တော်နေ စိတ်ဖောက်ပြန်ပြီး..အာဝါးးတွေ ပေးနေလို့ ပါးတွေချိမ့်ကုန်မယ်...အဟား....

:P

Dream said...

စာအရေးအသား အရမ်းကောင်းတယ်...ကဗျာကို
စကားပြေက တော်တော်စွဲဆောင် ထားတယ်...

ဦးမိုခိုသားကလဲ အရမ်းတော်တယ်....

အရမ်းအရေးကောင်းတယ်...ဦးဦးရေ
ကဗျာလေးလဲ အသက်ဝင်တယ်..ဦးဦးကလဲ အရေးအသားက လူကို မျောသွားစေနိုင်တယ်....


(အူးအူးဖွတ်ချိန်ကလဲ အပျော်လွန်နေသလားမသိဘူး..

အဟတ်.... ) :P

သတိထားနော်..တော်နေ စိတ်ဖောက်ပြန်ပြီး..အာဝါးးတွေ ပေးနေလို့ ပါးတွေချိမ့်ကုန်မယ်...အဟား....

:P

Dream said...

စာအရေးအသား အရမ်းကောင်းတယ်...ကဗျာကို
စကားပြေက တော်တော်စွဲဆောင် ထားတယ်...

ဦးမိုခိုသားကလဲ အရမ်းတော်တယ်....

အရမ်းအရေးကောင်းတယ်...ဦးဦးရေ
ကဗျာလေးလဲ အသက်ဝင်တယ်..ဦးဦးကလဲ အရေးအသားက လူကို မျောသွားစေနိုင်တယ်....


(အူးအူးဖွတ်ချိန်ကလဲ အပျော်လွန်နေသလားမသိဘူး..

အဟတ်.... ) :P

သတိထားနော်..တော်နေ စိတ်ဖောက်ပြန်ပြီး..အာဝါးးတွေ ပေးနေလို့ ပါးတွေချိမ့်ကုန်မယ်...အဟား....

:P

Dream said...

ဦးဦးမိုးခိုသားရေ...ကွန်မန့်က ဘာလို့ထပ်သွားတာလဲ
မသိဘူး...ဖိုးစိန်ကို အားကျပီး ပေးမိသလိုဖြစ်နေပြီ..

ဟိဟိ...တကယ်က မက်မက်ကွန်နက်ရှင် မကောင်းလို့
ဖြစ်နေလို့ပါနော့်... စိတ်မဆိုးနဲ့...

အဲဒါပြန်လာပြောတာ...သွားတော့မယ်..တာ့တာ..

kaungkinpyar said...

မွေးနေ့ရှင်တော့ မသိ၊ ရေးထားတာတော့ မိုက်တယ်၊ ထိတယ်

မငုံ said...

ရေးထားတာ တအားကောင်းတယ်။ ကိုမိးုကုတ်သားတို့ ရေးလိုက်ရင် နုနေတာပဲ။ တော်တော်လေး ကောင်းတယ်။

မင်းအိမ်ဖြူ said...

အော် မိုးကုတ်သားပါဆို မငုံရယ် နုတာပေါ့ ( ဘာမှလည်း ဆိုင်ဘူးနော် အဟိ )

မွေးနေ့ရှင်လည်း ချစ်နိုင်ပါစေ

ကိုကြီးမိုးကုတ်လည်း ချစ်နိုင်ပါစေ

အကယ်မှတ်လို့ ဖတ်နေတာ ပြီးမှ ကဗျာလေးကို ခံစားပါသည်တဲ့

ဘာဖြစ်ဖြစ် ချစ်တာက မုန်းတာထက် ကောင်းတယ်

သို့သော် .................. မကောင်းဘူး Also hehe

ပျော်ရွှင်ပါစေ

အိန္ဒြာ said...

ဟယ်....

ဘယ်နားသွာအိပ်ပျော်နေမိလဲ...
ဒီပိုစ့်တင်တာ ခုမှသိတယ်...

(ကဗျာက ဖိုးစိန်ရေးတာ...
တော်လိုက်တာ သူကဒါမျိုးလဲရသား..)

စကားပြေကတော့
သက်ဆိုင်သူများ..ဖတ်မိရင်ဖြင့်....
မျက်ရည်တောက်တောက်ကြွေစေမယ့် လက်ရာပါ..

စန္ဒယားသံ တိုးတိုးဖွဖွလေးလို...
လေပြည်ထဲမှာ ပါလာတဲ့ ပန်းရနံ့လေးကိုရလိုက်သလို
စမ်းချောင်းကြည်ကြည်လေး..ကရေစီးနေပုံလို...

သိပ်သဘာဝဆန်တဲ့ ခံစားချက်ကို
သိပ်သိပ်သည်းသည်း လှလှပပချပေးထားတာမို့
စကားပြေ အရေးကောင်းတဲ့လက်လို့..
လေးလေးနက်နက် ချီးကျူးမိပါတယ် မိုးကုတ်သားရေ

Orange Chit Thu said...

Ko Bo yay,
Taw taw ko kg tae ah yay ah thar par lar...
I just wanna copy မယ်ကိုး word: "ဒီလောက်ကောင်းတဲ့ စာလေးရေးထားတော့ မွေးနေ့ ရှင်တော့ ပျော်လွန်းလို့  ရူသွားနိုင်လောက်တယ်နော်"
(same as my feeling, hee hee :P)

By the Way, Mr. William ta yout, comment ko yay lite phyat lite nat....decision ma cha ng phit nay dae htin par yat :P

minn thuka said...

ညီရေ...ဘန်နာလေးတွေ့လိုက်ကတည်းက ကြီးခဲ့တဲ့ ဒေသလေးကို အရမ်းလွမ်းလိုက်တာ..
မိုးကုတ်မှာ နှစ်၂၀ကျော်နေခဲ့တာ...အစ်ကိုလဲ
စနေသားပဲ...အထက(၁)က မိမိခိုင်..ခြူးဆေးလိပ်ခုံက ခင်ဖုန်းချစ်တို့နဲ့ တတန်းထဲပဲ...ခြင်္သေ့ခင်စိန် ကျားခင်စိန် အဲဒီဆရာမကြီးတွေ လက်ထက်က..
ညီခွင့်ပြုချက်ရမှပဲ ကောမန့် ရေးတော့မယ်..
လေးစားစွာဖြင့်

စည်သူ said...

ကိုမိုးကုတ်သားရေ..
အရေးအသား.. ကဗျာဆန်ဆန် ဖွဲ့ဆိုမှုတွေ တင်စားမှုတွေက အရမ်းကို ပြောင်မြောက်ပါပေတယ်..

မသိပါဘူးဗျာ..
ဖတ်နေလိုက်တာ ကိုမိုးကုတ်သားကိုတောင် သနားလာမိတယ်.. အော်.. ကိုယ်ဆိုလည်း အဲလိုဖြစ်မှာပဲလေ ဆိုပြီးတော့ပေါ့..

ပြီးသွားတော့မှ သိတာ..
အတော်လေးကိုကောင်းပါတယ်ဗျာ..

ကဗျာလေးကလည်းကောင်း
အဓိပ္ပါယ် ဖွင့်ဆိုချက်ကလည်းကောင်း ဆိုတော့
ဖတ်ရသူ ခံစားလိုက်ရတာပေါ့ဗျာ..

ခင်မင်စွာဖြင့်
စည်သူ

Angel Shaper said...

အားးးးးးးပါးးးးးးးးးးးး
အပေါ်က ကိုကြီးစိန် အပျော်လွန်သင့်ပါပေတယ်ဗျာ။ ကိုဘိုကြီးက ကဗျာလေးတွေ အနက်ပြန်ဖွင့်တာလဲ တယ်ကောင်းသကိုးးးးးးး
ကဗျာကောင်းလေးကို ပြည့်ပြည့်စုံစုံ မွမ်းမံသွားတာ လေးစား အားကျသွားတယ် အကိုရေ...