WONDERFUL UNIVERSE
Mogok
Wednesday, March 11, 2015
"လူတွေ ညာတတ်ပေမဲ့ သမိုင်းဟာ ညာလို့ မရဘူး၊ လူတွေမေ့တတ်ပေမဲ့ သမိုင်းဟာ မမေ့တတ်ဘူး"
"လူတွေ ညာတတ်ပေမဲ့ သမိုင်းဟာ ညာလို့ မရဘူး၊ လူတွေမေ့တတ်ပေမဲ့ သမိုင်းဟာ မမေ့တတ်ဘူး"
......................................................................
မနေ့တုန်းက အဖြူရောင်နှင်းဆီပင်ရဲ့ မြရွက်စိမ်းတွေကြား အနီရောင်နှင်းဆီများ ပွင့်ဖူးသွားချိန်
လောကဟာ မှောင်အတိကျတယ်
တချို့လူတွေက အလင်းအတွက် ဖယောင်းတိုင်မီး ထွန်းငြိကြ တချို့က မှုတ်ငြိမ်းကြ
ဒီကနေ့ ကျွန်တော့်ကန်ထဲက ရွှေငါးကလေး သေသွားတယ်
မှောင်အတိကျနေတဲ့ ကောင်းကင်ဟာ သည်းကြီးမည်းကြီး ငိုကြွေးလို့ ကောင်းတုန်းမှာ
အောင်နိုင်သူဆိုကာ သူတို့ လက်ခမောင်းခတ် ပျော်ပွဲနွှဲနေခဲ့ကြ
သူတို့ ဂုဏ်သိက္ခာဟာ အလင်းမဲ့ မှေးမှိန်သေဆုံးသွားကြတာ သူတို့ဘာသာ မသိလိုက်ခဲ့ကြဘူး
ရှက်ဖွယ်...။
မိုးကုတ်သား
(၁၀ရက်နေ့ နံနက်ခင်း ၁၀နာရီ ၁၀မိနစ် မတ်လ ၂၀၁၅ အမှတ်တရ)
Wednesday, March 4, 2015
ကျွန်တော်နှင့် လက်စွပ်များက ပြောသောစကား
" ကျွန်တော်နှင့် လက်စွပ်များက ပြောသောစကား"
ကျွန်တော်က တော်တန်ရုံနဲ့ လက်စွပ်တွေ၊ ဆွဲကြိုးတွေ ရတနာပစ္စည်းတွေကို နှစ်လိုစွာ ၀တ်ဆင်တတ်သူမဟုတ်ပါ။
သို့သော် ကျွန်တော်က ဖက်ရှင်ကျသော ဖန်စီလက်ပတ်ကြိုးများ၊ ဆွဲကြိုးများ၊ လက်စွပ်များကို နှစ်သက်တတ်သူတစ်ယောက် ဖြစ်သည်။
လက်ပတ်ကြိုးဆိုလျှင်ပင် လက်ကောက်ဝတ်မှာ ပတ်ရသည်ထက် လက်မောင်းမှာ ပတ်ရသော လက်ပတ်ကြိုးများကို ပို သဘောကျတတ်သည်။
လက်စွပ်ဆိုလျှင်လည်း ဘယ်ဖက် လက်သူကြွယ် ဒါမှမဟုတ် လက်သန်းမှာမှ ၀တ်ဆင်ရတာကို ကြိုက်နှစ်သက်တတ်သူမျိုး။
မှတ်မှတ်ရရ
ကျွန်တော့် ဘယ်ဖက် လက်သန်းမှာ ပထမဆုံး ၀တ်ဆင်ဖူးသည့်လက်စွပ်က
အစိမ်းညိုအရောင်ရင့်ကျောက်ကို ငွေနှင့်ကွင်းထားသော လက်စွပ်ဖြစ်သည်။
ကျွန်တော့်သူငယ်ချင်း ပန်းထိမ်ဆရာတစ်ယောက်က ကျွန်တော်ဆယ်တန်းအောင်တော့ အမှတ်တရ ဆုချသော လက်စွပ်လည်း ဖြစ်ပါသည်။
ထို လက်စွပ်လေးကို ကျွန်တော် တမြတ်တနိုး ၀တ်ဆင်သော်လည်း ကျွန်တော့်အသားက ငွေနှင့်မတည့်ချေ။
ထိုလက်စွပ်ကို ၀တ်ထားလျှင် ကျွန်တော့်လက်သန်းရော လက်စွပ်လေးပါ ရက် အနည်းငယ်အတွင်းမှာပဲ မဲသွားလေ့ ရှိသည်။
သို့သော် ထိုလက်စွပ်လေးကို ကျွန်တော် နှစ်ပေါင်းများစွာမြတ်မြတ်နိုးနိုး ၀တ်ဆင်ခဲ့ဖူးသည်။
ညီမလေးက ထိုလက်စွပ်လေးကို ၀တ်ချင်လွန်းလှသည် ဆိုသောကြောင့် နှမျောသော်လည်း ပေးခဲ့လိုက်ရပါသည်။
နောက် ဒုတိယအကြိမ်မြောက် ၀တ်ဖြစ်သော လက်စွပ်မှာလည်း လက်သန်းမှာပဲ ဖြစ်သည်။
ဒီတစ်ခါတော့ ဖက်ရှင်ကျပြီး ရိုးရှင်းသော ပလက်တီနမ်လက်စွပ်ပါးပါးလေးနှစ်ကွင်းဖြစ်သည်။
သူငယ်ချင်းတစ်ယောက်က အမှတ်တရ လက်ဆောင်ပေးထားခဲ့ခြင်း ဖြစ်သည်။
ထိုလက်စွပ်လေးကို
ကျွန်တော် အင်မတန်သဘောကျသော်လည်း တစ်နှစ်လောက်ပင် မကြာခင်မှာပဲ
ပျောက်ရှသွားခဲ့သည်လား၊ အိမ်ပြောင်းရွှေ့ရင်း အထားမှားသည်လား မသိ။
ရှာ မတွေ့တော့ချေ။
တတိယမြောက်ကတော့ ဒီဇိုင်နာသူငယ်ချင်းတစ်ယောက်က ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး လုပ်ထားသောသုံးကွင်းဆက် လက်စွပ်ကလေးဖြစ်သည်။
ထိုလက်စွပ်ကလေးကိုလည်း
ကျွန်တော် အတော်ချစ်ပါသည်။ သို့သော် လက်စွပ်မှ နာမည်ဝှက်ပုံဖော်ထားသော
စာတန်းမှာ တစ်ချို့သောအဝတ်များနှင့် ငြိမိတတ်သောကြောင့် တခါတရံမှသာ
ဝတ်ဖြစ်သည်မှာ စိတ်မကောင်းစရာဖြစ်သည်။
စတုတ္ထမြောက် လက်စွပ်ကတော့ ရွှေဖြူနှင့်ကွင်းထားသော ကျောက်စိမ်းလက်စွပ်ဖြစ်ပီး ကျွန်တော် အင်မတန် တန်ဖိုးထားသော လက်စွပ်ဖြစ်သည်။
ထိုလက်စွပ်ကိုလည်း သူငယ်ချင်းတစ်ယောက်ထံမှ လက်ဆောင်ရခဲ့ခြင်းဖြစ်ပြီး ပျောက်သွားပြန်သည်။
လက်စွပ်တွေနဲ့
အကျိုးမပေးပါဘူးဟု သဘောထားခဲ့ပြီး မည်သည့်လက်စွပ်ကိုမျှ ၀ယ်ယူဝတ်ဆင်ဖို့
စိတ်ဆန္ဒ မရှိသော်လည်း လက်စွပ်ဝတ်ရဖို့ အကြောင်းက ဖန်လာခဲ့ပြန်သည်။
အမေ့ ဆန္ဒနှင့် ဗေဒင်သွားကြည့်တော့ ဗေဒင်ဆရာက ဥဿဿဖယား လက်စွပ်ကို အဆောင်အဖြစ် ၀တ်ရမည် ဆိုသောကြောင့် လက်စွပ်လုပ်ရပြန်သည်။
ထိုလက်စွပ်ကိုလဲ သူငယ်ချင်းတစ်ယောက်က လက်ဆောင်အဖြစ် လုပ်ပေးခြင်း ဖြစ်သည်။
(ဟမ် ရှိသမျှ လက်စွပ်အားလုံး သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာချည်းပါပဲလား)
ကျွန်တော့်သူငယ်ချင်းတစ်ဦး၏
ရွှေဆိုင်မှာ ပန်းထိမ်ဆရာနှင့် လက်စွပ်အပ်တော့ ဘာရယ်မဟုတ် ဘယ်ဖက်
လက်သူကြွယ်ကိုသာ လက်စွပ်အတိုင်း ပေးခဲ့လိုက်မိလေသည်။
ထိုလက်စွပ်ကို
စွပ်လျက် စလုံးသို့ ပြန်ရောက်လာတော့ လုပ်ဖော်ကိုင်ဖက်များက ကျွန်တော်
အိမ်ထောင်ကျလေပြီဟု ထင်ကြလေသောအခါမှ 'ဟိုက်၊ ပြဿနာပဲ' တွေးမိကာ
သင့်တော်မည့် လက်ချောင်းများဆီ ပြောင်းဝတ်ဖို့ လိုက်စွပ်ကြည့်သော်လည်း
လက်စွပ်လေးက ဘယ်ဖက် လက်သူကြွယ်တစ်ခုထဲသာ ဝတ်ဆင်လို့ ရလေသည်။ ခက်ပြီ။
မိုးကုတ်သား တို့ ဘူ ပိတ်သထက် ပိတ်လေပြီ။
ညာဖက်
လက်သူကြွယ်နှင့် မဆိုစလောက်လေး တော်သောကြောင့် ပြောင်းဝတ်သော်လည်း
တစ်ရက်၊ နှစ်ရက်မှာပင် လက်စွပ်နှင့်ထိနေသော အသားများ ပွန်းကာ
လက်စွပ်ရာတစ်လျှောက် ညိုမည်းနေတတ်သောကြောင့် နောက်ဆုံး ဘယ်ဖက်
လက်သူကြွယ်မှာသာ ဝတ်ဆင်ရလေတော့သည်။ ဘူပိတ်လဲ ပိတ်စေတော့ပေါ့။
ထိုအခါကျမှ လက်ချောင်းနှင့် လက်စွပ်များက ပြောသော စကားကို နားလည်ဖို့ ကျွန်တော်က ကြိုးစားမိတော့တာဖြစ်သည်။
ကျွန်တော်တို့
ဝတ်ဆင်ထားသော လက်စွပ်များက ကျွန်တော်တို့၏ ပုံရိပ်ကို ထင်ဟပ်နေကြောင်း
နားလည်လာတော့ လက်စွပ်တွေကို ကျွန်တော့်စိတ်နှစ်သက်ရာအတိုင်း ဝတ်ချင်သလို
ဝတ်လို့ မဖြစ်တာ သဘောပေါက်လာရသည်။
( အသေးစိတ်ကို ဆက်ဖတ်လိုရင် ဒီ လင့်ခင့်တွေမှာ ဖတ်လို့ ရပါတယ်ခင်ဗျ။
- လက်သန်း (Pinky Finger) မှာ မာကျူရီနတ်ဘုရား ကို ကိုယ်စားပြုပြီး အသိဥာဏ်ပညာ၊ ယုံကြည်သက်ဝင်မှု တို့ကို ကိုယ်စားပြုပါတယ်။ moonstone, amber, or citrine အစရှိတဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ လက်စွပ်မျိုးကို ဝတ်ဆင်သင့်ပါတယ်။
- လက်သူကြွယ်(Ring Finger) ဟာ အပိုလိုနတ်ဘုရား ကို ကိုယ်စားပြုပြီး ချစ်မေတ္တာဆက်နွယ်မှု ၊ လှပခြင်း၊ တီထွင်ဆန်းသစ်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ စိန်လက်စွပ်ကို လက်ထပ်လက်စွပ်အဖြစ် သတ်မှတ်ပြီး တခြား moonstone, jade, amethyst, sapphire, turquoise အစရှိတဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ လက်စွပ်များကိုလည်း ဝတ်ဆင်လို့ ရပါတယ်။
- လက်ခလယ် (Middle Finger) ဟာ စေတန်နတ်ဘုရား ကို ကိုယ်စားပြုပြီး တရားမျှတမှု ၊ ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှု၊ ၊ စိတ်ဝိဥာဉ်ရှာဖွေခြင်း တို့ကို ကိုယ်စားပြုပါတယ်။ စိတ်/ ကိုယ်ခန္ဓာ ကို ငြိမ်းချမ်းအေးမြစေတဲ့ rose quartz, coral, aquamarine အစရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ လုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်သင့်ပါတယ်။
- လက်ညှိုး (Index Finger) ဟာ ဂျူပီတာနတ်ဘုရား ကို ကိုယ်စားပြုပြီး မိမိကိုယ်ကို ယုံကြည်မှု ၊ ခေါင်းဆောင်ခြင်း ၊ ရည်မှန်းချက် နဲ့ စိတ်ဝိဥာဉ် တို့ကို ကိုယ်စားပြုပါတယ်။ lapis lazuli, amethyst, blue topaz အစရှိတဲ့ ကျောက်မျက်များကို လက်စွပ်လုပ်ဝတ်ဖို့ သင့်လျော်ပါတယ်။
- လက်မ (Thumb) ဟာ ဘယ် ဂရိနတ်ဘုရားကိုမှ ကိုယ်စားမပြုထားတဲ့ လက်ချောင်းဖြစ်ပြီး စိတ်တန်ခိုးနဲ့ အာဏာ ကို ကိုယ်စားပြုပါတယ်။ carnelian, garnet, ruby အစရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ လုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်ဖို့ သင့်လျော်ပါတယ်။
http://jewelry.lovetoknow.com/What_Is_the_Meaning_of_Each_Finger_for_Rings
http://www.realmenrealstyle.com/ring-finger-meaning/
....)
လက်စွပ်များကို
ဝတ်ဆင်သည့်အခါ ကျွန်တော့်လို စိတ်ကူးပေါက်ရာ ကိုယ်နှစ်သက်သလို ဝတ်ချင်ရာ
မဝတ်ပဲ သင့်လျော်ရာ ဝတ်ဆင်ကြစေဖို့ ဆန္ဒပြုလိုက်ပါသည်။
"ဘယ်စွံမလဲ
လက်သူကြွယ်မှာ ထင်ယောင်ထင်မှားဖြစ်အောင် လက်စွပ်ကြီး ဝတ်ထားတာကိုး။ ဘူ
ပိတ်ပီပေါ့" ဟု သူငယ်ချင်းများ၊ အသိမိတ်ဆွေများက ပြောလာတိုင်း
ကျွန်တော်ကတော့ ပြုံးလို့သာ နေမိပါတော့သည်။
ကျွန်တော် ဘာ့ကြောင့်ပြုံးသလဲ မည်သူ့ကိုမျှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။ ။
မေတ္တာဖြင့်
မိုးကုတ်သား
Sunday, March 1, 2015
တစ်စစီကွဲအက်ဆက်သီထားသော
"တစ်စစီကွဲအက်ဆက်သီထားသော"
အိပ်မက်ထဲကနေ လန့်နိုးလာတော့ ကိုယ့်ခေါင်းတစ်ခုလုံးဟာ ပူလောင်တင်းကျပ်လို့။ ကိုက်ခဲနာကျင်လို့။
ကုတင်ဘေးက ရေဗူးကို လက်လှမ်းယူဖို့ရာတောင် ကိုယ်ဟာလှုပ်မရဘူး။
လက်ချောင်းတွေချင်း ယှက်ကာ ခေါင်းကို အုပ်ကိုင်ရင်း လက်ဖမိုးနှစ်ဖက်နဲ့ နားထင်ကိုဖိထားလိုက်တယ်။
စိတ်ကို ငြိမ်ငြိမ်ထားဖို့ ကြိုးစားတယ်။
နားထင်ကနေ တစစ်စစ် ကိုက်ခဲ ခုန်လှုပ်နေမှုဟာ လက်ကောက်ဝတ်က သွေးကြောခုန်လှုပ်နေမှုဆီကို ကူးစက်လာတယ်။
လက်ကောက်ဝတ်ကနေ ဆန်တက်လာတဲ့ သွေးတွေဟာ စုံမှိတ်ထားတဲ့ မျက်လုံးတွေထဲမှာ
အနှေးပြကွက်တွေလို
ဖြတ်ခနဲ ဖြတ်ခနဲ တကွက်ချင်း ပေါ်လာတဲ့ အိပ်မက်ဆိုးနဲ့ ပေါင်းစည်းမိသွားတဲ့အခါ
ကိုယ့်နှလုံးသားဆီကို ရေခဲမြစ်တစ်ခုလို အငြိုးတကြီး စီးဆင်းလာတော့တာ။
ဖြတ်ခနဲ ဖြတ်ခနဲ တကွက်ချင်း ပေါ်လာတဲ့ အိပ်မက်ဆိုးနဲ့ ပေါင်းစည်းမိသွားတဲ့အခါ
ကိုယ့်နှလုံးသားဆီကို ရေခဲမြစ်တစ်ခုလို အငြိုးတကြီး စီးဆင်းလာတော့တာ။
ကိုယ် ပြန်မြင်ယောင်မိတဲ့ အိပ်မက်ကို အမြင်အာရုံက ဖျောက်ဖျက်နိုင်အောင် ကြိုးစားတယ်။ မရဘူး..။
အိပ်မက်ဟာ ပို ထင်ရှားလာတယ်။ ကိုယ့် နှလုံးသားဟာ ပို အေးခဲ နာကျင်လာတယ်။
တင်းကျပ် မှောင်ပိတ်သွားအောင် မျက်လုံးတွေကို အားကုန်ဖိမှိတ်ထားပေမဲ့
အိပ်မက်ထဲက ပုံရိပ်တွေဟာ ဖန်တလဲလဲ ပေါ်လာတယ်။ ပိုထင်ရှားလာတယ်။ ပိုမြန်ဆန်လာတယ်။
အိပ်မက်ထဲက ပုံရိပ်တွေဟာ ဖန်တလဲလဲ ပေါ်လာတယ်။ ပိုထင်ရှားလာတယ်။ ပိုမြန်ဆန်လာတယ်။
နောက် ပူလောင်နာကျင်မှုဟာ ကိုယ့်ဆံထိပ်ဖျားကနေ ဟိုး ခြေဖျားထိ ပျံ့နှံ့သွားခဲ့တယ်။
ဟင့်အင်း.... မင်း ဒီလို ခံစားမနေနဲ့၊ နာကျင်မနေနဲ့။
ကိုယ့် အသိစိတ်ဟာ ကိုယ့်အိပ်မက်ပုံရိပ်တွေကို လိုက်ဖျက်ဖို့ ကြိုးစားတယ်။
အိပ်မက်ထဲက အေးစက်စက်၊ မထိတထိအပြုံးတွေကို သယ်ဆောင်ပြီး
ရေခဲမြစ်လို ကိုယ့် နှလုံးဆီ စီးဝင်လာတဲ့ သွေးတွေကို စိတ်နာကျည်းမှုနဲ့ တိုက်ထုတ်ဖို့ သတိပေးတယ်။
အိပ်မက်ထဲက အေးစက်စက်၊ မထိတထိအပြုံးတွေကို သယ်ဆောင်ပြီး
ရေခဲမြစ်လို ကိုယ့် နှလုံးဆီ စီးဝင်လာတဲ့ သွေးတွေကို စိတ်နာကျည်းမှုနဲ့ တိုက်ထုတ်ဖို့ သတိပေးတယ်။
မရဘူး...။
တစ တစ နဲ့ ဝမ်းနည်းစိတ်၊ လွမ်းဆွတ်စိတ်တွေဟာ ပိုပိုပြီး အားကောင်းလာခဲ့တဲ့အခါ၊
ကိုယ့် အသိစိတ်ဟာ ကိုယ့် စိတ်ခံစားမှုနဲ့ ပဋိပက္ခ ဖြစ်နေမှုမှာ ရှုံးနိမ့်လာတဲ့အခါ၊
ဝုန်းခနဲ အိပ်ယာထဲက ခုန်ထမိတယ်။
အခန်းမီးကို ဖွင့်လိုက်ပီး အိပ်ယာပေါ် ပြန်ထိုင်ချရင်း မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ကိုင်ထားမိတယ်။
ကျောကို ရှေ့ထိုးနောက်ငင် ယိမ်းခါရင်း ကိုယ့် တကိုယ်လုံး
အေးခဲနာကျင်လာနေမှုကို တိုက်ထုတ်နွေးထွေးလာစေမလား ကြိုးစားတယ်။
အေးခဲနာကျင်လာနေမှုကို တိုက်ထုတ်နွေးထွေးလာစေမလား ကြိုးစားတယ်။
မထေ့တထေ့အပြုံးနဲ့ ကိုယ့်ကို အောင်နိုင်သူလို ကြည့်နေတဲ့ မျက်နှာဟာ ဖျောက်ဖျက်ထုတ်လို့ မရဘူး။
ကိုယ်ဟာ ဘယ်အချိန်ထိ ရှုံးနိမ့်နေရမှာပါလိမ့်။
အိပ်မက်ထဲထိ မင်းက ရက်စက်နိုင်တယ်။ ငါ့ကို ဥပေက္ခာပြုနိုင်တယ်။ မာကျောနိုင်တယ်။
ကိုယ်ကတော့ အိပ်မက်ထဲထိ ....
သွားစမ်းပါ။ အဓိပ္ပါယ်မရှိတော့တဲ့ အဲဒီ အချစ်ဆိုတာကြီးကို မင်းရင်ဘတ်ထဲက ဆွဲထုတ်ပစ်လိုက်စမ်းပါ။
ဟင့်အင်း... သူ ဘာဖြစ်နေနေ ငါ သူ့ကို ချစ်တယ်၊ ဆက်ချစ်မယ်...။
သတ်ပစ်လိုက် အဲဒီ အချစ်ဆိုတာကို.. သူက အခု မင်းကို မချစ်တော့ဘူး.. တခြားတစ်ယောက်နဲ့...
မပိုင်ဆိုင်ရတဲ့အခါ မချစ်ရတော့ဘူးဆိုတာ မဟုတ်သေးပါဘူး ....
သူ့ကို ချစ်တဲ့သူတွေ သူ့ဘေးမှာ ဒီလောက် ပေါများနေတာ.. မင်းအချစ်ကို တန်ဖိုးမှ မထားတာ...
ဒါပေမဲ့ ငါက သူ့ကို တန်ဖိုးထားတယ်၊ ချစ်တယ်လေ...
သူ့မှာ မင်းအပြင် တခြား ချစ်သူတွေ ရှိနေသေးတာ။ ဒါကို မင်း လက်မခံနိုင်ဘူးမလား
ငါ့ကို အချစ်ဆုံးပါလို့ သူ အမြဲ ပြောပါတယ်..
မင်းဟာ အရူးပဲ... မင်းကို ဘာပျော်ရွှင်မှုမှမပေးနိုင်သူကို
ဆက်ချစ်နေတဲ့ မင်းဟာ အချစ်ရူးပဲ။
တကယ် အသုံးမကျတဲ့ကောင်ပဲ။ ဘာမှ မရေရာတဲ့ အဲဒီအချစ်ဆိုတာကြီးကို....
တကယ် အသုံးမကျတဲ့ကောင်ပဲ။ ဘာမှ မရေရာတဲ့ အဲဒီအချစ်ဆိုတာကြီးကို....
ကိုယ့် အသိစိတ်နဲ့ ကိုယ့် စိတ်ခံစားမှု ပဋိပက္ခ ဖြစ်နေတာ ပို ဆိုးဝါးလာတယ်။
အသိစိတ်ဟာ နာကျင်နေတဲ့ စိတ်ခံစားမှုကို အရှုံး မပေးလိုဘူး။
ခါးကို မတ်မတ်ထားပြီး ထိုင်တယ်။ အသက်ကို ပြင်းပြင်းရှူတယ်။ စိတ်ကို ငြိမ်အောင်ကြိုးစားတယ်။
မင်းမရှိလဲ သူဟာဘာမဖြစ်ဘူး။ မင်းကို သူ မလိုအပ်ဘူ။
ငါ သူ့ကို ချစ်တယ်။ သူလဲ ငါ့ကို ချစ်ပါတယ်။
သူချစ်တာ မင်းတစ်ယောက်ထဲ မဟုတ်ဘူး..။
အိပ်မက်ထဲက ပုံရိပ်တွေဟာထပ်ခါ ထပ်ခါ ပေါ်လာပြန်တယ်။
အသိစိတ်က အဲဒီ ပုံရိပ်တွေကို လိုက်ဖျက်ဖို့ မတတ်နိုင်မှန်း သိလာတဲ့အခါ ကိုယ့်ခေါင်းကို ကိုယ် ထုနှက်နေမိတယ်။
သတိမရနဲ့.. မလာခဲ့နဲ့.... မပျော်ရွှင်တဲ့ အတိတ်တွေဆီ မသွားနဲ့
အိပ်မက်ဟာ တားဆီးလေ ပိုထင်ရှားမြန်ဆန်စွာနဲ့ အထပ်ထပ် ပြန်ပေါ်လာတယ်
သိစိတ်ဟာ ဆောက်တည်ရာ မဲ့လာတယ်။
တင်းတင်းစေ့ပိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။
ကုတင်ဘေးက စာကြည့်စားပွဲပေါ်မှာ မှန်ဘောင်သွင်းပီး ထောင်ထားတဲ့
ကိုယ်တို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို ဆွဲယူပြီး နံရံကို အားကုန်
လွှဲပေါက်လိုက်တယ်။
ခွမ်းခနဲ မှန်စတွေ ကွဲကြေ ပျံ့ကြဲသွားပေမဲ့ အိပ်မက်ထဲက အေးစက်စက် အကြည့်နဲ့ မထေ့တထေ့ အပြုံးဟာ
မမေ့နိုင်ပါဘူးကွာ လို့ ပြောနေပြန်တယ်။
ကုတင်ပေါ်ထိုင်နေရာက ဝုန်းကနဲ့ ထပြီး နံရံကို လက်သီးနဲ့ အားကုန် လွှဲလွှဲပြီး ထိုးပစ်လိုက်တယ်။
လက်ရိုးတွေ ကျိုးထွက် ပြုတ်ထွက်သွားမတတ် နာကျင်လာပေမဲ့ အဲဒီ နာကျင်မှုဟာရင်ဘတ်ထဲက နာကျင်နေမှုကို မကျော်လွှားနိုင်ဘူး
လက်က ထွက်တဲ့ သွေးတွေဟာ နံရံကို ပေကျံကုန်တယ်
ခြေကုန်လက်ပန်းကျလာတယ်
အိပ်မက်ထဲမှာ ကိုယ်က အဲဒီ အေးစက်စက် အကြည့်နဲ့ မထေ့တထေ့ အပြုံးရှိရာကို တရွေ့ရွေ့ တိုးသွားနေခဲ့တာ။
အရှုံးပေး ဒူးထောက်လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာ။
ဟင့်အင်း..... မင်း.... ဆီ ငါ ပြန်မလာဘူး...
ငါ မင်းနဲ့ ဝေးရာကို ပြေးထွက်နိုင်ရမယ်....
ကိုယ့် အသိစိတ်ဟာ သတိဝင်လာချိန်မှာ ကိုယ်ဟာ ကိုယ့် နဖူးနဲ့ နံရံကိုတိုက်ရင်း၊
လက်ပန်းကျလာရာက နောက်ဆုံးလက်ကျန် အားကုန်သွားတဲ့ အထိ နံရံကို ဆက်ထိုးနေရင်း၊
လက်ပန်းကျလာရာက နောက်ဆုံးလက်ကျန် အားကုန်သွားတဲ့ အထိ နံရံကို ဆက်ထိုးနေရင်း၊
ငိုကြွေးနေမိတယ်၊
ကိုယ်.... ငိုကြွေးနေခဲ့တယ်။ ။
ကိုယ်.... ငိုကြွေးနေခဲ့တယ်။ ။
မေတ္တာဖြင့်
မိုးကုတ်သား
Friday, September 12, 2014
ဆာလောင်မှု
၁။
သူမက သိပ် ရင်ခုန်နေခဲ့သည်။
အခန်းထဲကို ၀င်ခါနီးတော့ ကိုကြီးရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားရင်းက ဒူးတွေက တုန်ချင်နေသေးသည်။
အို ဘေးမှာ ကိုကြီး ရှိနေတာပဲ။ ဒီ အသိနှင့် သူမ အခန်းထဲ လှမ်းဝင်လိုက်သည်။
ထုံးစံအတိုင်း အခန်းထဲကို ၀င်ဝင်ချင်း သူမ ရင်ဆိုင်နေရကျ မျက်ဝန်းများကို ကြုံရ ရင်ဆိုင်ရပြန်သည်။
လူတွေက ဒီလိုပါပဲ။
သူမလို ငယ်ငယ်လှလှ ချောချော မိန်းမပျိုလေးတစ်ယောက်နှင့် အသက် ခြောက်ဆယ့်ငါးနှစ်အထက် လူကြီးတစ်ယောက်တို့ရဲ့ ချစ်မြတ်နိုးမှုကို လက်ခံနိုင်ကြမည် မဟုတ်မှန်း သိသိကြီးနှင့် ကိုကြီးကို သူမ ချစ်မြတ်နိုးစွာ လက်တွဲခဲ့သည်ပဲ။ သူစိမ်းတွေရဲ့ ထိုအကြည့် ထိုမျက်ဝန်းများမှ ပြောသော စကားများ အပေါ် တုန်လှုပ်မနေဖို့ သူမက အချိန်များစွာ ယူခဲ့ရသည်။
အခုလည်း ရင်ဆိုင်ရပြန်ပြီ။
သက်ပြင်းဖွဖွကို လူမသိ သူမသိ ကြိတ်ကာချရင်း ဒိုင်လူကြီးတွေအကြည့်ကို မသိကျိုးကျင် ပြုကာ သူမတို့နှစ်ယောက် အကြိမ်ကြိမ် လေ့ကျင့်ထားခဲ့သော သီချင်းကိုသာ အကောင်းဆုံးဖြစ်အောင် သိဆို သရုပ်ဆောင်နိုင်ဖို့ အာရုံတွေကို စုစည်းထားလိုက်ရသည်။
သူမ ရွေးချယ်ခံရမှ ဖြစ်မည်။
ပြည့်စုံသာယာသော မိသားစုဘ၀၊ နောက်ပြီး အောင်မြင်သော အဆိုတော်ဘ၀သည် သူမရဲ့ အိပ်မက်သာ ဖြစ်သည်။
ကိုကြီးကလည်း သူမကို သူတတ်နိုင်သမျှ ပံ့ပိုး ကူညီရှာပါသည်။
အခုပဲ ကြည့်လေ။
သူမ ၀င်ပြိုင်ချင်သည်၊ တစ်ယောက်ထဲလဲ ၀င်မပြိုင်ရဲ ဆိုလေသောကြောင့် ကိုကြီးခမျာ သူမနှင့်အတူ အပင်ပန်းခံကာ သီချင်းလိုက်ကျင့်ရသည်။ ကရသည်။
ဘယ်လောက် ချစ်ဖို့ကောင်းပြီး အားကိုးရတဲ့ ယောက်ျားတစ်ယောက်လဲ။
ဘယ်သူတွေ ဘာပဲပြောပြော သူမကတော့ ကိုကြီးကို ချစ်မြတ်နိုးပါသည်။
၂။
တီးလုံးသံ စသည်နှင့် သူမ ရောက်နေရာ အခန်းလေးကို မေ့သွားသည်။
ရှေ့မှ အကဲခတ် ဒိုင်လူကြီးများကို မေ့သွားသည်။
ချိန်ထားသော ကင်မရာများ၊ မီးဆလိုက်များကို မေ့သွားသည်။
ကိုကြီးမျက်နှာကိုသာ သူမ မြင်သည်။
ကိုကြီးရဲ့ လက်ဖျောက်တီးကာ လှုပ်ရှားကခုန်နေမှုမှာသာ သူမ စီးမျောကခုန်သည်။
နောက်ပြီး သူမ ရင်ခုန်သံတွေက တီးလုံးတွေနှင့် တသားထဲ ဖြစ်နေခဲ့သည်။
၃။
"ရှင်တို့နှစ်ယောက်တွဲပြီး အတူတူ သီချင်းဆိုလို့တော့ အဆင်ပြေနိုင်မယ် မထင်ဘူးလို့ ကျမ အရိုးသားဆုံး အကြံပေးချင်ပါတယ်"
ပထမဆုံး ကြားရသော ဒိုင်လူကြီးတစ်ယောက်ရဲ့ စကားသံကြောင့် သူမ အတော်လေး အားငယ်သွားသည်။
ကိုကြီးလက်ကို လှမ်းကာ အားကိုးတကြီး ဆုပ်ကိုင်ရင်း ဆက်လာမည့် ဝေဖန်သံတွေကို နားထောင်ဖို့ အားမွေးရ၏။
"ရှင်ကတော့ ထူးခြားတဲ့ ပါရမီ ရှိသူတစ်ယောက်ပါ။ ကျမက ရှင့်အသံ အတက်အကျနဲ့ ထိန်းချုပ်မှုတွေကို ဒီထက်ပို ပညာရှင်ဆန်လာအောင် အတူ ကြိုးစားကြည့်ချင်ပါတယ်"
ထိုသို့ဆက်ပြောနေသော ဒိုင်လူကြီး အမျိုးသမီး၏ မျက်နှာမှာ သူမကို သနားကြင်နာဟန်၊ အားနာရိပ်၊ စိတ်မကောင်းဖြစ်မှုတွေကို မြင်နေရသည်။
ဒါဆို သူမက ကိုကြီး ဆိုတာကို သဘောမကျဘူးပေါ့။
"အမျိုးသား လုပ်တဲ့သူက ကိုယ့်ဇနီးမယားကို ရှေ့တန်းတက်ခွင့် ပေးပြီး ကိုယ် မလုပ်နိုင်တာအတွက် နောက်ဆုတ်ပေးသင့်တယ်"
နောက်ထပ် ဒိုင်လူကြီး အမျိုးသမီး၏ ပြင်းထန်သော ထိုစကားကြောင့် သူမ ရင်တွေ တဒိုင်းဒိုင်း ခုန်ကာ ဆူညံသွားရသည်။
ဟင့်အင်း၊ ကိုကြီးက သူမအတွက် ဒီနေရာကို ရောက်နေရတာပါ။
ကိုကြီးက သူမအတွက် စွန့်စားပြီး အကူအညီပေးဖို့ ဘေးမှာ ရှိနေတာပါ။
ကိုကြီး ရှိနေလို့သာ သူမ အကောင်းဆုံး သီဆိုသွားနိုင်ခဲ့တာ မဟုတ်လား။
ဒါတွေကို သူတို့ နားမလည်ဘူး။
"သူက အင်မတန် တော်တဲ့ လူတစ်ယောက်ပါ"
ကိုကြီးကို ခပ်တင်းတင်း ဖက်ထားပြီး သူမက ဒိုင်လူကြီးဆီ အယူခံ ၀င်လိုက်သေးသည်။
"သူဟာ အင်မတန်တော်တဲ့ အဖေတစ်ယောက်လဲ ဖြစ်ချင်ဖြစ်မယ်၊ လင်ယောကျာ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူ သီချင်းမဆိုနိုင်ဘူး"
သူမ ဘယ်လိုပင် ကိုကြီးဖက်မှ ၀င်ကာ ပြောပေးပေး ဒိုင်လူကြီး အမျီုးသမီးကတော့ တင်းမာပြတ်သားစွာပင် ဒီစကားကို တွင်တွင်ပြောလေသည်။
ဒီလိုဆို ဒိုင်လူကြီး လေးယောက်မှာ နှစ်မဲကတော့ သွားပြီပေါ့။ မျှော်လင့်ချက် မရှိတော့ဘူးပေါ့။
သူမအိပ်မက်လေးတွေကို တစစီ ချိုးဖဲ့ခံနေရသလို ခံစားရကာ ၀မ်းနည်းလို့လာလေသည်။
"ငါ့အတွက်ကတော့ ဒါဟာ အလုပ်လုံးဝ မဖြစ်ဘူး"
နောက် ဒိုင်လူကြီးအမျိုးသားက ထိုတစ်ခွန်းထဲဖြင့် သူမ၏ လက်ကျန် မျှော်လင့်ချက်ကို သေဆုံးသွားစေခဲ့လေပြီ။
လေးမဲမှာ သုံးမဲကတော့ဖြင့် မျှော်လင့်ချက်မရှိတော့မှတော့ နောက်ဆုံး ကျန်သော အမျိုးသားဒိုင်လူကြီးက သဘောကျသည် ဆိုခဲ့လျှင်တောင် သူမတို့ ရွေးချယ်ခံရနိုင်စရာ လမ်းမရှိတော့ပေ။
မျှော်လင့်ချက် လမ်းဆုံးသို့ ရောက်သွားပြီ။
မငိုမိအောင် ကြိုးစားအားတင်းကာ ထိန်းရင်း နောက်ဆုံးကျန်သော ဒိုင်လူကြီး၏ စကားကို နားထောင်ရပြန်သည်။
"ဒါက နဲနဲတော့ ထူးဆန်းမနေဘူးလား။ ခင်ဗျားတို့ ချစ်ကြိုးသွယ်မိကြတယ်။ ခလေးတွေ မွေးတယ်....."
"အို ဒါက မထူးဆန်းပါဘူး" ဒိုင်လူကြီး စကားမဆုံးခင်မှာ သူမက ဖြတ်ပြောပစ်လိုက်ရင်း ကိုကြီး ပခုံးကို ဖျစ်ညှစ်ထားမိတယ်။
သူမကြောင့် ကိုကြီးခမျာ ရစရာ မရှိအောင် အရှက်တကွဲ ဖြစ်နေရရှာပြီ။
သူမတို့ရဲ့ ဘ၀ရှေ့ရေး၊ သူမတို့ရဲ့ သားကလေးအတွက် နောက်ပြီး သူမရဲ့ အဆိုတော် ဖြစ်ချင်လွန်းလှတဲ့ ၀ါသနာကြောင့်သာ မဟုတ်ခဲ့ရင် ကိုကြီး လက်ကိုဆွဲပြီး ဒီအခန်းထဲက အပြေး ထွက်သွားချင်နေခဲ့ပြီ။
ခုတော့ ပထမရရင် ဆုချမဲ့ ဆုကြေးနဲ့ အခွင့်အလမ်းတွေအပေါ် သူမ မျှော်လင့်နေချင်သေးတယ်။
ဒါ ဟာ သူမ တို့ မိသားစုဘ၀ကို ပြောင်းလဲပေးနိုင်မဲ့ အခွင့်အရေး တစ်ခုပဲ မလား။
လက်လွှတ် ဆုံးရှုံးရမှာ သူမ နှမျောနေမိတာ သဘာဝကျပါတယ်။
၎။
"ကဲ ကဲ၊ ပြိုင်ပွဲဝင်ဖို့ ရွေးမယ် မရွေးဘူး ဆုံးဖြတ်လိုက်ကြရအောင်"
သူမ ဖြတ်ပြောလိုက်တဲ့ စကားကြောင့် နောက်ဆုံးဖြစ်တဲ့ ဒိုင်လူကြီးဟာ မျက်နှာတစ်ချက် ပျက်သွားပြီး ချက်ချင်းပဲ တခြား ဒိုင်လူကြီးတွေကို ဆော်သြလိုက်လေတယ်။
သူမကတော့ မျှော်လင့်ချက် လက်ကျန်လေးမျှပင် မကျန်ရှိတော့။
ဆုရလျှင် သားလေးကို ကျောင်းကောင်းကောင်းမှာ ထားနိုင်မည်။
သူမတို့ အကြွေးတွေကျေကာ အိမ်ကို ပြန်ရွေးနိုင်မည်။
နောက်ပြီး သီချင်းအယ်လ်ဘမ် ထုတ်လုပ်နိုင်မည့် အခွင့်အရေးများ... အားလုံး..... သွားပြီ။
"မင်းမှာ သီချင်းဆိုနိုင်တဲ့ အရည်အချင်းရှိသလို ပရိတ်သတ်ကို ဖျော်ဖြေနိုင်တဲ့ ပါရမီလည်း ရှိတယ်။ တကယ်လို့များ ဒီပြိုင်ပွဲကို မင်းတစ်ယောက်ထဲ ဆက်ပြီး ယှဉ်ပြိုင်သွားချင်စိတ်ကလေးများ ရှိမယ် ဆိုရင်ဖြင့်...."
"ဟုတ်ကဲ့..၊ ကျမ တစ်ယောက်ထဲဆိုလဲ ၀င်ပြိုင်ပါ့မယ်"
သနားကြင်နာတတ်ဟန် ရှိတဲ့ ဒိုင်လူကြီး အမျိုးသမီးရဲ့ စကားမှ မဆုံးသေးခင် ခေါင်းတွင်တွင်ညိတ်ကာ ဒီလို ပြောလိုက်မိလေတာ သူမ မှ ဟုတ်ပါလေစ။
ကိုကြီးကို သူမ ခေတ္တ မေ့လျော့သွားသည်။
အောင်မြင်မှုကို သူမ အာသာငမ်းငမ်း ဆာလောင်လာသည်။
သူမတို့ မိသားစု ဘ၀အတွက် ဒီပြိုင်ပွဲမှာ ပထမဆုရအောင် သူမ ကြိုးစားချင်သည်။
သူမရဲ့ ရုတ်တရက် ထင်မှတ်မထားသော အဖြေကြောင့် ဒိုင်လူကြီးတွေ ရုတ်တရက် ကြောင်သွားသည်။
သူတို့ကလည်း သူမ ဒီလောက် မြန်မြန်ဆန်ဆန် ခေါင်းညိတ်ကာ ကိုကြီးမပါပဲ ပြိုင်ပွဲဝင်မယ် ဖြေလိမ့်မယ် မျှော်လင့်ထားပုံ မရသလို သူမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် ထင်မှတ်မထားခဲ့ပါ။
"ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားရရ၊ ဘာအခက်အခဲတွေပဲ ရင်ဆိုင်ရရ ကျွန်မ အကောင်းဆုံး ကြိုးစားသွားမှာပါ"
"ကျွန်မ ဒီပြိုင်ပွဲမှာ ရရှိနိုင်မဲ့ အခွင့်အလမ်းတွေ၊ အောင်မြင်မှုတွေကို သိပ်ဆာလောင်ပါတယ်"
သူမကိုယ်ထဲ တစုံတရာက ၀င်ပူးနေသလိုမျိုး ဒီစကားတွေကို သူမက တွင်တွင် ပြောနေမိခဲ့သည်။
"ဒါဆိုရင် ကျမတို့က ပြိုင်ပွဲကို ဆက်လက်ပါဝင်ဖို့ ရှင့်ကို ဖိတ်ခေါ်ပါတယ်"
"လှပပီး ငြို့ငင်ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်ရှိတယ်၊ အသံလဲကောင်းတယ်။ အစစအရာရာ ပြည့်စုံနေတဲ့ မင်းကို ငါတို့က ရွေးချယ်တယ်ကွာ။ ဒါပေမဲ့ မင်း အမျိုးအသားကိုတော့ ဆက်ပြိုင်ဖို့ ငြင်းဆိုရပါလိမ့်မယ်"
"မင်းကို ဆက်ပြိုင်ဖို့အတွက် ရွေးချယ်ပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ မရွေးချယ်နိုင်ပါဘူး"
ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်စကားတွေမှာ သူမက ၀မ်းသာခြင်းတဖက်၊ ၀မ်းနည်းခြင်းတဖက်တွေနဲ့ လူက လှုပ်ခတ်လို့။
အာရုံတွေက လင်းလာလိုက်၊ ဟာလာဟင်းလင်း လွင့်ကျသွားလိုက်၊ မှောင်သွားလိုက်။
ပျော်ရွှင်မှုများ၊ စိုးရိမ်မှုများ
အားလုံးက ရောထွေးနေလေတယ်။
ကိုကြီးကလည်း သူမအတွက် ကျေနပ်ပျော်ရွှင်လို့။ သူ့အရှုံးကိုပင် သူ မေ့လျော့နေသလိုမျိုး။
လေးယောက်လုံးသော ဒိုင်လူကြီးတွေက သဘောကျ ရွေးချယ်ဖို့ မလွယ်ကူမှန်း သူမ သိသော်လည်း သူမကို တညီတညွတ်ထဲ အားလုံးက ရွေးချယ်လိုက်ကြတော့ သူမမှာ ပီတိတွေ ဖြစ်ရသေးသည်။
ဆုံးဖြတ်ချက်တွေကလဲ ပို ခိုင်မာလာသည်။
ကိုကြီးလက်ကို တွဲပြီး အခန်းငယ်လေးထဲက ထွက်လာတော့ သူမမှာ အိပ်မက် အသစ်တွေ အများကြီး ပါလာခဲ့ပြီ။
၅။
"ဒီကောင်မလေးက အရွယ်ငယ်ငယ်နဲ့ အဖိုးကြီးကို ယူထားတာ ငွေကြောင့်ပဲ ဖြစ်မှာပေါ့။ ခုလဲ ကြည့်ပါလား၊ ပြီုင်ပွဲမှ မစရသေးဘူး။ အဖိုးကြီးကို ထားပြီး တစ်ယောက်ထဲ ပြိုင်ပွဲ ၀င်မယ်တဲ့လေ။ သစ္စာရှိမဲ့ မိန်းမ မဟုတ်ပါဘူး"
"အဖိုးကြီးနဲ့ သားလေးရှေ့ရေး ဗန်းပြပီး ဒိုင်လူကြီးတွေ သနားအောင် လုပ်ပြနေတာပါကွာ။ အောင်မြင်မဲ့သူ မဟုတ်ပါဘူး။ ကြည့်နေပါ"
"ငယ်ငယ် ချောချော လှလှလေးနဲ့ကွာ။ အဖိုးကြီးကို ထားခဲ့ပြီး ငါနဲ့ လိုက်နေစမ်းပါ။ မင်း သီချင်းဆိုမစားရအောင် ငါ တာဝန်ယူနိုင်ပါတယ်ကွာ"
"ထင်ပါတယ်၊ ဒီကောင်မလေး သူ့ဘဲကြီး မပါပဲ ဆက်မပြိုင်ဘူးလို့ ငြင်းလိမ့်မယ် မဟုတ်ဘူး ဆိုတာ၊ ဒိုင်လူကြီးက နှစ်ခွန်းတောင် မမေးရသေးဘူး။ ချက်ချင်းခေါင်းညိတ်လိုက်တာ ကြည့်ပါလား"
အမျိုးမျိုးသော ဝေဖန်သံတွေကြားမှာ သူမ ရှေ့ဆက်လျှောက်ရမည့် ခရီးက လမ်းပျောက်သွားလို့ မဖြစ်ပါ။
သူမ ဘယ်လောက်အထိ အောင်မြင်စွာ လျှောက်လှမ်းနိုင်မလဲ။
ကိုကြီးနှင့် လက်ထပ်ကာစတုန်းကလို အမျိုးမျိုးသော ဝေဖန်မှုတွေကြားမှာ သူမ ပြိုလဲကျနေလို့ မဖြစ်ဘူး။
ဒီပြိုင်ပွဲမှာ အနိုင်ရရှိဖို့ သူမက အစွမ်းကုန် အားထုတ် ကြိုးပမ်းရဦးမည်။
အနိုင်ရခဲ့လျှင်လည်း ဒီခရီးလမ်းက ဆုံးပြီ မဆိုနိုင်။
ရှေ့ဆက်လျှောက်ရမည့် လမ်းတွေက ရှေ့မှာ စောင့်နေကြဦးမည်။
ခုလောလောဆယ်မှာတော့ ဘယ်လိုမှ သူမဘ၀မှာ အိပ်မက်ပင် မမက်ဖူးလေသော အခွင့်အလမ်းတစ်ခုအပေါ် ရောက်နေခဲ့ပြီ။
အောင်မြင်မှုများကို မဆာလောင်သူ ဘယ်သူရှိမလဲ။
ဒီ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရာ သူမ ခွန်အားများစွာ လိုအပ်ပါသည်။
သူမ၏ သားကလေးကို ပွေ့ချီလိုက်သည်။
ကိုကြီးလက်ကို တွဲလိုက်သည်။
ပိုလှလာတော့မည့် အနာဂါတ်သစ်တွေဆီ သူမ ခြေလှမ်းတို့ကို ဦးတည်လိုက်လေသည်။ ။
မေတ္တာဖြင့်
မိုးကုတ်သား
Truth & Trust ဘလော့ပိုင်ရှင် ညိုလေးနေ က Challange လုပ်ပီး ရေးဖို့ ဖိတ်ခေါ်ထားတဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။
ဒီ ယူကျုဘ် လင့်ခ်ထဲက http://www.youtube.com/watch?v=_lBnXlr7pHI&feature=youtu.be The X-Factor UK ကို ကြည့်မိနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ဒီလင့်ခ်ကို အဆင်ပြေသလို ဇာတ်လမ်းလုပ်ကာ ရေးလိုက်ပါတယ်ခဗျ။
Friday, April 4, 2014
ချစ်သူ့အိပ်မက် ခရေသက်သေ
ဒီ စာစုလေးကို ကျွန်တော် မိုးကုတ်သားရယ်၊ မျောက်လွှဲကျော် ဖိုးစိန်ရယ်၊ ညီမလေး မိုးခါး (ထာဝရကြယ်စင်) ရယ် မေသူ (နားချိန်) ရယ် မောင်နှမတွေ စုပေါင်းပြီး ရေးခဲ့ကြတာပါ။ ရေးထားတာတော့ အတော် ကြာခဲ့ပါပြီ။ ခါတော်မှီ ပိတောက်တွေ ပွင့်နေချိန်မှာ ခရေအကြောင်း အမှတ်တရလေး တင်လိုက်ချင်စိတ် ပေါ်လာလို့ပါ။
နှစ်သစ်သင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
---------------------------------------------------------------------------------ချစ်သူ့အိပ်မက် ခရေသက်သေ
------------------------------
အိပ်မက် အစ
လမင်းပန်ဖို့ ပန်းတွေပျိုးရင်း
တစ်ရေးနိုးတဲ့ ကြယ်ပွင့်တွေပြုတ်ကျ
အဲဒီညက ငါအိပ်မရခဲ့ဘူး။
အိမ်မက်တွေကို တံခါးခေါက်
တစ်ယောက်စာ ဒဏ်ရာကိုကုစားတဲ့
နာရီများလည်း အသုံးမ၀င်ခဲ့ဘူး။
ကောင်းကင်ထက်က ပန်းတစ်ခင်း
အလင်းပွင့်တွေနဲ့ဝေဆာလို့
ချစ်သူအတွက် ပန်းတစ်ပွင့်ခူး
အဲဒါ ငါ့ရဲ့အိမ်မက်ဖူးတွေပါပဲ။
တစ်ရေးနိုးတဲ့ ကြယ်ပွင့်တွေပြုတ်ကျ
အဲဒီညက ငါအိပ်မရခဲ့ဘူး။
အိမ်မက်တွေကို တံခါးခေါက်
တစ်ယောက်စာ ဒဏ်ရာကိုကုစားတဲ့
နာရီများလည်း အသုံးမ၀င်ခဲ့ဘူး။
ကောင်းကင်ထက်က ပန်းတစ်ခင်း
အလင်းပွင့်တွေနဲ့ဝေဆာလို့
ချစ်သူအတွက် ပန်းတစ်ပွင့်ခူး
အဲဒါ ငါ့ရဲ့အိမ်မက်ဖူးတွေပါပဲ။
ဒီလမ်းကလေး၏ အမည်ကို ကျွန်တော် မသိပါ။ သိဖို့လဲ ကျွန်တော် မကြိုးစား။ အလုပ်နှင့် နီးသော နေရာသို့ ပြောင်းရွှေ့လာကတည်းက ရုံးသွား၊ ရုံးပြန် ဘတ်စ်ကားဂိတ်ကနေ အိမ်ကို ရောက်ဖို့ ဒီလမ်းကလေးကို နေ့စဉ် ဖြတ်သန်းသွားရသည်။ ဒီလမ်းကလေးနှင့် စတင် ရင်းနှီးစ ပြုလာကတည်းက “ခရေပင်လမ်းကလေး” ဟု ကျွန်တော့်ဘာသာ နာမည်ပေးထားခဲ့သည်။ လမ်းမနှင့် ပလက်ဖောင်းကြား လမ်းလေး တစ်လျှောက်လုံးမှာ ခရေပင်တွေက စီရရီ..။ နောက်ပြီး ခရေပန်းနံ့တွေက သင်းသင်း မွှေးပျံ့နေတတ်သေးသည်။ လူနေအိမ်နှင့် ပလက်ဖောင်းကြားမှာတော့ ရာသီအလိုက်ပွင့်တတ်သော ပန်းများကို အရောင်စုံ တွေ့နေရတတ်သည်။ ထိုလမ်းကလေးကို ဖြတ်သန်းသွားတိုင်း ကျွန်တော် အင်မတန် စိတ်ကြည်နူးရပါသည်။
*********************
အိမ်မက် (၁)
“ညီညီ”
အိမ်မက် (၁)
“ညီညီ”
သူမကို ထို “ခရေပင်လမ်းကလေး” ပေါ်မှာ စတင် တွေ့ခဲ့သည်။ ဒီနေ့ ကျွန်တော် အလုပ်စောဆင်းလာခဲ့သည်။ ကျွန်တော် လျှောက်လာရာ လမ်းတစ်ဘက်ခြမ်း ပလက်ဖောင်းလေးဆီမှာ သူမက ခရေပင်တွေမော့ကြည့်လိုက်.. ခရေပန်းကြွေလေးတွေ ရှာကောက်လိုက်နှင့် တစ်ယောက်ထည်း ပြုံးပျော်လို့။ သီချင်းလေးများပင် ညည်းဆိုနေသလား ကျွန်တော်ထင်မိသေးသည်။ အဖြူရောင် ဇာအင်္ကျီနှင့် အဖြူရောင် ဂါဝန် ပျော့ပျော့လေးက သူမ၏ ဖြူဝင်းသော အသားအရည်ကို ပိုမို လင်းလက်နေစေသလို။ လေပြည်တစ်ချက်တိုက်တိုင်း လွင့်မျောသွားသော ဆံနွယ်ရှည်ရှည်တွေနှင့် သူမကို ကြည့်နေရတာက ညနေခင်းမှာ အလင်းဖွဲ့ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေရသလို....။ နေရာမှာ ရပ်တန့် မိန်းမောကာ သူမကို ကြည့်နေမိတာ ဘယ်လောက် ကြာသွားသလဲ သတိမထားမိ။ သူမက ကျွန်တော် ရှိရာ ဘက် ဖြတ်ခနဲ အကြည့်မှာ ရင်ခုန်သံတွေ အမှားမှား နိုင်စွာ ခြေကို ကပျာကယာ လှမ်းမိတော့မှ လူက မှောက်လျှက်လဲလေတော့သည်။ သူမက ကျွန်တော့်အဖြစ်ကို ကြည့်ကာ ရယ်မောတော့ ရှက်သွားရင်းက ပြေလျော့နေသော ဖိနပ်ကြိုးကို ဒင်းကြောင့်ဟုသာ တိတ်တိတ် ကျိန်ဆဲရင်း ပြန်ချည်နေရလေသည်။ ဘာပဲဖြစ်ဖြစ် “ခရေပင်လမ်းကလေး” နှင့်အတူ “သူမ” သည်လည်း ထိုနေ့ညနေခင်းမှ စကာ ကျွန်တော့် အိပ်မက်ထဲသို့ အလည်ရောက်လို့ လာကြသည်။
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေတယ်
င့ါ ခြေလှမ်းတွေယူပါ
မင်းရဲ့ အနမ်းတွေပေးပါ
လွမ်းမှန်းမသိ လွမ်းနေတဲ့
ငါ့ရဲ့ပန်းခင်းထဲမှာ
ရူးနှမ်းနှမ်း နှလုံးသားတစ်စုံက
ကာရန်မဲ့စွာ လဲပြိုကျ
မင်းခြေရင်းမှာ မလှမပလေးပေါ့။
ဒီညတော့ ဘ၀တစ်ပါးရောက်နေတယ်
င့ါ ခြေလှမ်းတွေယူပါ
မင်းရဲ့ အနမ်းတွေပေးပါ
လွမ်းမှန်းမသိ လွမ်းနေတဲ့
ငါ့ရဲ့ပန်းခင်းထဲမှာ
ရူးနှမ်းနှမ်း နှလုံးသားတစ်စုံက
ကာရန်မဲ့စွာ လဲပြိုကျ
မင်းခြေရင်းမှာ မလှမပလေးပေါ့။
အိမ်မက် (၁)
“ခရေ”
“ခရေ”
တနေ့က မကြည်လင်တဲ့ စိတ်တွေကို ဆေးကြောပစ်ဖို့ ဒီလမ်းလေးထဲ လျှောက်လာမိတယ် .. ခရေပင်တွေ စီစီရီရီနဲ့ အေးချမ်းလွန်းတဲ့လမ်းလေးပေါ့ .. ဒီခရေနံ့  သင်းသင်းလေး၊ ဒီပန်းသေးသေးလေးတွေ တွဲရရွဲခိုနေတဲ့ စိမ်းစိုစိုခရေပင်ကြီးတွေက ကိုယ် ဘယ်လောက်ပဲ စိတ်ညစ်ထွေ၊ မကြည်နေပါစေ အေးချမ်းမှုတွေကို ဆောင်ယူ၊ သယ်ယူလာပေးတယ် လို့များ ပြောရင် ခံစားချက်တူသူချင်းသာ ကိုယ့်ကိုနားလည်နိုင်မှာပါ။ မတူညီတဲ့ ခံယူချက်သာရှိခဲ့ရင် ကိုယ်အပိုပြောတယ် ထင်နေကြမယ်နော် ။ ဟိုးအမြင့် ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ ကြယ်လေးတွေက ကိုယ်တို့ ဆုတောင်းတွေကို ပြည့်စေလိုတဲ့ မေတ္တာဓာတ်နဲ့ မြေပြင်ကို သက်ဆင်းကြွေလာသလို ကိုယ်ချစ်တဲ့ ခရေလေးတွေကလဲ ကိုယ်တို့တွေ မွှေးကြူကြည်နူးနိုင်အောင် မင်းရဲ့ဘဝကို ဖြတ်ကြွေ ဆင်းသက် မြေခကြရတယ် ထင်တယ်နော်။
လမ်းအ၀င်ဝတည်းက မွှေးပျံ့နေတဲ့ ခရေနံ့တွေနဲ့ အတူ လောကကြီးကို အဆက်အသွယ်ပြတ်နေလိုက်တာ ..။ လူတယောက် ကိုယ့်ရှေ့မှာ ချော်လဲတာမြင်မှ သတိပြန်ဝင်လာခဲ့တယ် ..။ သူ့ပုံစံက ကို့ယို့ကားယားနဲ့မို့ ကိုယ်အမှတ်တမဲ့ ရီလိုက်မိတယ် ..။ မဆီမဆိုင် တွေးလိုက်မိသေးတယ်...။ ကမ္ဘာ့ gravity ဆွဲငင်အားက သူ့  ကို ဆောင့်ပြီး ဆွဲလိုက်လို့များ လဲကျတာလားလို့ ။ ကိုယ်သတိရလိုက်တဲ့ အချိန်မှာ သူက ဖိနပ်ကြိုးငုံ့ချည်နေတာတွေ့ လိုက်ရတယ်။ သူ့မျက်နှာ ငုံ့ထားပေမဲ့ တချို့ တဝက်သာမြင်နေရတဲ့ ပန်းသွေးရောင် နီမြန်း.... သူ့ မျက်နှာက သက်သေတည်လို့ပေါ့။ Alter ဂျင်းဘောင်းဘီပွပွ၊ အဝါနဲ့ အဖြူစင်းကျား POLO T-shirt ဝတ်ထားတဲ့ သူက ဆံပင်ကို Spiky ပုံစံ သထားတယ်။ ကိုယ်က Spiky ဆံပင်နဲ့ ကောင်လေးတွေကို အမြဲ ရှုံ့ချပေမဲ့ သူ့ကိုတွေ့တော့မှ ချွင်းချက်အနေနဲ့ ပစားပေးရမဲ့သူ ပေါ်လာတော့တယ်။ ဖိနပ်ကြိုး ချည်ပြီးလို့ ပြန်မော့လာတဲ့ သူ့ မျက်နှာမှာ နက်မှောင်တဲ့ မျက်ခုံးထူထူအောက်က သူ့ မျက်ဝန်းတစ်စုံ......၊ သိပ်ကို ထင်ရှားစူးရှလွန်းတယ်။ ရုတ်တရက် သူ ကျောခိုင်းလှည့်ထွက်သွားတော့မှ ကိုယ်အသက်ဝင်လာတော့တယ်..။ ကိုယ့်မျက်နှာ ရှက်သွေးဖြာ ပူနွေးသွားတာ ဘယ်သူမသိ၊ ကိုယ့်တယောက်သာ အသိဆုံးပါလေ..။ ကိုယ် သူ့မျက်ဝန်းတွေကို အဓိပ္ပါယ် မဖော်တတ်ခဲ့ဘူး ..၊ ကိုယ် ရင်ခုန်သွားသလား ..၊ သေချာတာတော့ ဒီနေရာ၊ ဒီခရေလေးတွေနဲ့ အတူ သူ့ ကိုတော့ မှတ်မိနေမှာပါ။
အိပ်မက်တွေထဲမှာ ကျွန်တော်က သူမကို အဖြူရောင်ဝတ်စုံလေးနှင့်သာ အမြဲ မြင်တွေ့နေရသည်...။ အပြင်မှာလိုပဲ.. သူမက နတ်သမီးလေးလို လှပဖြူစင်လို့....။ ခရေပန်းကုံးကလေးကို ခေါင်းမှာ ရစ်ခွေထားတော့ သူမက ရိုရိုးလေးနှင့် ချစ်ဖွယ်သောအသွင်ကို ဆောင်နေလေသည်။ သူမ၏ အပြုံးနုနုလေးတွေကို မြင်တွေ့နေရတိုင်း ကျွန်တော့်ရင်ထဲ အေးမြလှသည်။ အိပ်မက်ထဲမှာတော့ ခရေပွင့်တွေက ကြယ်လေးတွေလို လင်းလက်စွာ ကြွေကျနေ၏။ သူမကတော့ ထိုကြယ်ပွင့်လေးတွေ အလည်မှာ ထိုင်ကာ ကြွေကျလာသော ခရေကြယ်ပွင့်ကြွေတွေကို ဖမ်းယူ ဆော့ကစားလို့..။ သူမထံပါးသို့ ကျွန်တော် လျှောက်သွားရင်းက သူမကို မြင်တွေ့ကာစကထက် ပိုမို နက်ရှိုင်းသော၊ နွေးထွေးသော.. ကျွန်တော်နားမလည်သည့် ခံစားချက်တို့က နှလုံးသွေးထဲမှာ လှည့်ပတ်စီးမျောလို့လာသည်။ အနားရောက်တော့ သူမက ကျွန်တော့်ကို အပြုံးနှင့် စိုက်ကာကြည့်ရင်း လက်ကိုကမ်းပေး၏..။ သူမလက်ကို ကျွန်တော် ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားတော့ ကျွန်တော်၏ အဖြူရောင်နတ်သမီးလေးက ကျွန်တော်လက်လှမ်းမမှီအောင် ဝေးကွာသွားခဲ့လေသည်။ သူမနောက်သို့ လိုက်ကာနေရင်း ကျွန်တော် မောပန်းတကြီး ဖြစ်ကာ အဝေးကြီး ဝေးလို့သွားမှာ စိုးရိမ်ပြင်းပျ ဖြစ်လာတဲ့ အခါမှာတော့ ဗြုန်းခနဲ အိပ်မက်က လန့်နိုးလာတတ်ပါသည်။
ထိုစဉ်အခါတိုင်း.. ကျွန်တော်က သူမကို လွမ်းဆွတ်ကာနေရင်း.... ဒါ.. အချစ်လားး.. သူမကို ကျွန်တော်ချစ်နေမိပြီလား.. ဘာသာ ပြန်မေးရင်း အဖြေတစ်ခုက တိကျသေချာလာခဲ့တော့သည်။

အိပ်မက် (၂)
“ညီညီ”
ခရေတွေ မွှေးမြလိုက်တာ။ ချစ်သူပန်ဆင်ဖို့ပေါ့.. ခရေတွေ ကျွန်တော် ကောက်နေခဲ့တာ... တစ်ပွင့်ကောက်ပြီးတိုင်း တစ်ခါမွှေးကြူရင်း သူမကို ပေးဖို့ အနမ်းပွင့်တွေ စုဆောင်းနေခဲ့တာ။ ရူးလိုက်ပုံများ။ ဘယ်သူမှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ချစ်သူရှိလား၊ အိမ်ထောင်သည်လားမသိ...။ ဘာမှ ရေရေရာရာမသိပဲ မြင်မြင်ချင်း နှလုံးအိမ်ထဲက မထွက်တော့သော သူမ ပုံရိပ်လေးကိုသာ တမ်းတလို့..။ သူမကတော့ တစ်ခါသာ ဆုံလိုက်ပြီး ရက်ပေါင်များစွာ ပျောက်ဆုံးလို့။ သို့သော် ကျွန်တော့် အတွေးတွေထဲ၊ အိပ်မက်တွေထဲမှာ အဖြူရောင်သူမ၏ ပုံရိပ်တို့က တစ်ရိပ်ရိပ် တိုးလို့သာ နေရာ ယူလာကြသည်။“ညီညီ”
အိပ်မက်တွေထဲမှာ ကျွန်တော်က သူမကို အဖြူရောင်ဝတ်စုံလေးနှင့်သာ အမြဲ မြင်တွေ့နေရသည်...။ အပြင်မှာလိုပဲ.. သူမက နတ်သမီးလေးလို လှပဖြူစင်လို့....။ ခရေပန်းကုံးကလေးကို ခေါင်းမှာ ရစ်ခွေထားတော့ သူမက ရိုရိုးလေးနှင့် ချစ်ဖွယ်သောအသွင်ကို ဆောင်နေလေသည်။ သူမ၏ အပြုံးနုနုလေးတွေကို မြင်တွေ့နေရတိုင်း ကျွန်တော့်ရင်ထဲ အေးမြလှသည်။ အိပ်မက်ထဲမှာတော့ ခရေပွင့်တွေက ကြယ်လေးတွေလို လင်းလက်စွာ ကြွေကျနေ၏။ သူမကတော့ ထိုကြယ်ပွင့်လေးတွေ အလည်မှာ ထိုင်ကာ ကြွေကျလာသော ခရေကြယ်ပွင့်ကြွေတွေကို ဖမ်းယူ ဆော့ကစားလို့..။ သူမထံပါးသို့ ကျွန်တော် လျှောက်သွားရင်းက သူမကို မြင်တွေ့ကာစကထက် ပိုမို နက်ရှိုင်းသော၊ နွေးထွေးသော.. ကျွန်တော်နားမလည်သည့် ခံစားချက်တို့က နှလုံးသွေးထဲမှာ လှည့်ပတ်စီးမျောလို့လာသည်။ အနားရောက်တော့ သူမက ကျွန်တော့်ကို အပြုံးနှင့် စိုက်ကာကြည့်ရင်း လက်ကိုကမ်းပေး၏..။ သူမလက်ကို ကျွန်တော် ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားတော့ ကျွန်တော်၏ အဖြူရောင်နတ်သမီးလေးက ကျွန်တော်လက်လှမ်းမမှီအောင် ဝေးကွာသွားခဲ့လေသည်။ သူမနောက်သို့ လိုက်ကာနေရင်း ကျွန်တော် မောပန်းတကြီး ဖြစ်ကာ အဝေးကြီး ဝေးလို့သွားမှာ စိုးရိမ်ပြင်းပျ ဖြစ်လာတဲ့ အခါမှာတော့ ဗြုန်းခနဲ အိပ်မက်က လန့်နိုးလာတတ်ပါသည်။
ထိုစဉ်အခါတိုင်း.. ကျွန်တော်က သူမကို လွမ်းဆွတ်ကာနေရင်း.... ဒါ.. အချစ်လားး.. သူမကို ကျွန်တော်ချစ်နေမိပြီလား.. ဘာသာ ပြန်မေးရင်း အဖြေတစ်ခုက တိကျသေချာလာခဲ့တော့သည်။
အိပ်မက် (၂)
“ခရေ”
ဆုံတွေ့ခြင်းတွေကို တမ်းမက်နေသူတယောက်အတွက်
မလိုအပ်ချိန်တွေက ရှည်ကြာလွန်းတယ်
မျှော်လင့်ချက်ရောင်ခြည်နဲ့
ဖြတ်သန်းတဲ့နေ့ရက်တွေ
နေ၀င်နေထွက်ချိန်တွေက
လူကို လှောင်ပြောင်လွန်းတယ်
“ခရေ”
ဆုံတွေ့ခြင်းတွေကို တမ်းမက်နေသူတယောက်အတွက်
မလိုအပ်ချိန်တွေက ရှည်ကြာလွန်းတယ်
မျှော်လင့်ချက်ရောင်ခြည်နဲ့
ဖြတ်သန်းတဲ့နေ့ရက်တွေ
နေ၀င်နေထွက်ချိန်တွေက
လူကို လှောင်ပြောင်လွန်းတယ်
အချိန်ရှိတိုင်း ဖြတ်သန်းနေကျ လမ်းလေးပေမယ့် ဒီနေ့ မတူညီတဲ့ ခံစားချက်ကို ပေးတယ်.. ။ မျှော်လင့်ချက်တ၀က်ကို သိမ်းထုပ်လို့ ကိုယ် ဒီလမ်းကို လျှောက်ခဲ့တယ်...။ အရင်ကတော့ ခရေနံ့တွေ ရစ်သိုင်းထားတဲ့ ဒီပတ်ဝန်းကျင်မှာ ခရေနံ့ သင်းသင်းနဲ့ ပြေးလွှားဆော့ကစား၊ ခရေတွေကို လိုက်ဖမ်းကျီစယ် ဆော့မြူခဲ့တဲ့ကိုယ်၊ ခုတော့ ကြယ်ကလေးလို တောက်ပဝင်းဖြာတဲ့ မျက်လုံးပိုင်ရှင် ထိုလူသားပုဂ္ဂိုလ်လေးကိုသာ ပတ်ဝန်းကျင်တခွင်မှာ မျက်စိကစားဖွေရှာမိနေတဲ့ ကိုယ့် မသိစိတ်ကို ရှက်စိတ်နဲ့ မသိမသာ ခိုးကြည့်မိတော့ သူက ရိုးရိုးလေးနဲ့ "ဘာလဲ" တဲ့လေ။ အတွေးလိပ်ပြာလေးတောင် ရှက်စနိုးနဲ့တောင်ပံခတ်လို့..။
အင်း .. မဖြစ်နိုင်ပါဘူးလေ .. ကိုယ်တို့နှစ်ယောက်က မတော်တဆ ဆုံတွေ့ခဲ့ကြတာပါ .. ဒီမျက်ဝန်းတွေကို ထပ်မြင်ခွင့် မရတော့ဘူးလား .. ကိုယ် သိပ်ရူးလွန်တယ် ထင်ပါရဲ့ .. အချိန်တိုင်း မဟုတ်ပေမယ့် ဒီလမ်းလေးရောက်ရင်တော့ ဒီမျက်ဝန်းတစုံကို သတိရနေတတ်တော့တာပဲ ..

မျက်ဝန်းတစုံကြောင့်
ငါ အိပ်ရေးပျက်ရသတဲ့
ထူးဆန်းလွန်းပါလား
ငါဟာ ငါမဟုတ်တော့သလို
ကြည်ကြည် လင်လင်နိုးလာလို့ နာရီကြည့်မိတော့ မနက် ၄နာရီခွဲ .. အတန်းချိန်လိုနေသေးတယ် .. အချိန်တွေကို နှမြောလို့ အတင်းပြန်ခွေအိပ်ပေမယ့် ချက်ချင်း ပြန်အိပ်မပျော်နိုင် .. မဆီမဆိုင်သတိရမိတာက မျက်ဝန်းတစုံ .. ကိုယ့်နှုတ်ခမ်းတွေ ပြုံးသွားမိသလား .. အချိန်တွေရယ် ငါ့ကိုလေ ဒီမျက်ဝန်းတစုံနဲ့များ ပြန်ဆုံတွေ့ခွင့် ထပ်မပေးနိုင်တော့ဘူးလား ..ငါ အိပ်ရေးပျက်ရသတဲ့
ထူးဆန်းလွန်းပါလား
ငါဟာ ငါမဟုတ်တော့သလို
*********************
အိပ်မက် (၃)
“ညီညီ”
“ညီညီ”
ကျွန်တော် ဒီလမ်းလေးကို ဖြတ်လျှောက်တိုင်း သူမကို အမှတ်ရတဲ့ အထိမ်းအမှတ်နဲ့ တစ်ရက်ကို ခရေတစ်ပွင့်စီ ကောက်ပြီး စုဆောင်းခဲ့တာ ခုဆို ခရေပွင့်လေးတွေ လေးဆယ့်ရှစ်ပွင့်တိတိ ရှိနေခဲ့ပြီ။ ခုချိန်ထိ အဖြူရောင်လွလွ သူမ၏ ပုံရိပ်တွေက ကျွန်တော့်နှလုံးသားထဲ...၊ အမြင်အာရုံထဲ...၊ အိပ်မက်ထဲက.... ပျောက်ကွယ်မသွားခဲ့သလို.. ပိုလို့သာ စွဲလန်းလာတော့တာ။ ခရေပင်လမ်းကလေး ကို ဖြတ်လျှောက်သွားချိန်များ လေပြည်တစ်ချက် မဝေ့ဝဲလိုက်နှင့်။ ဆံနွယ်စတွေ ကပိုကရို လွင့်မျောသွားတတ်သော အဖြူရောင်ပုံရိပ်တစ်ခုက အာရုံမှာ ဖြတ်ခနဲ မြင်သည်။ သူမကို စတွေ့သည့် နေရာကို ရောက်တိုင်းလဲ ပြန်တွေ့လေမလား ရင်ခုန် မျှော်လင့်နေမိတတ်ပြန်သည်။
ဒီနေ့လည်း ထုံးစံအတိုင်း သူမကို မတွေ့နိုင်ဘူးထင်ပါရဲ့ ဟု စိတ်လျှော့ကာ လမ်းကလေးထဲ ဝင်လာခဲ့သည်။ သူမ၏ ပုံရိပ်လေးကို မျှော်လင့်နေမိသော စိတ်တို့ကလဲ ညအမှောင်ကို အံတုနေရသော ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းလို မှိန်ဖျော့ ပါးလျလို့။ အဲဒီအချိန်မှာပဲပေါ့... ကျွန်တော့်အာရုံတွေက ခြေသံလေးတစ်ခုမှာ နူးညံ့စွာ စီးဆင်းသွားခဲ့တော့တာ။
အမြဲ လူရှင်းနေတတ်ခဲ့ပြီး ကိုယ်ပိုင်ကားကလေး တစ်ချို့သာ အဖြတ်အသန်းရှိတတ်တဲ့ ဒီ လမ်းကလေးမှာ ကျွန်တော့်ခြေသံအပြင် မိန်းခလေးတစ်ယောက်ရဲ့ ဒေါက်ဖိနပ်သံကို ကျွန်တော့်နောက်နားကနေ ကြားနေရတာ။ ကြွေကျနေတဲ့ ခရေပွင့်တစ်ချို့ကို ကျွန်တော် ကောက်ဖို့ ပလက်ဖောင်းပေါ်ကနေ ခရေပင်တွေဘက် မြက်ခင်းပေါ် ဆင်းကာ လျှောက်တော့ ဒေါက်ဖိနပ် ပိုင်ရှင်လေးက ကျွန်တော့်ကို ကျော်ဖြတ်ကာ ဆက်လျှောက်သွားသည်။ ဆံနွယ်ရှည်ရှည်လေးတွေကို ဖြတ်ခနဲ တစ်ချက် ဝှေ့ယမ်းရင်း ကျွန်တော့်ဆီ အကြည့်တစ်ချက် ရောက်လာခိုက်မှာတော့ ရင်ဘတ်ထဲက နှလုံးသား တစ်ခုလုံး ထွက်ကျသွားမတတ် ကျွန်တော် ရင်ခုန်ပျော်ရွှင်သွား၏။ ကျွန်တော် အမျှော်လင့်ကြီး မျှော်လင့်နေခဲ့တဲ့ အိပ်မက် နတ်သမီးလေး...။ ဟားးးးးး..... သူမ မျက်ဝန်းတွေထဲမှာ ကျွန်တော့်ကို မှတ်မိကြောင်း ဖတ်လိုက်ရသည်။ နောက်ပြီး... ဖြတ်ခနဲ အကြည့်လေးတစ်ချက်မှာပဲ ကျွန်တော်တို့ မျက်လုံးတွေက စကားများစွာ ပြောဖြစ်နေကြသလို..။
ကွန်ဒိုတိုက်ခန်းတွေ ရှိရာ ခြံဝင်းထဲ သူမ ဝင်ရောက် ကွယ်ပျောက်သွားသည်ထိ ကျွန်တော်က နေရာမှာ ငြိမ်သက်စွာ ငေးမောနေရင်း ရုတ်ချည်း သူမကို လွမ်းဆွတ်သွားရပြန်သည်။ သေချာတယ်..။ အဖြူရောင်သူမပုံရိပ်ကလေးကို တမ်းတသမျှ အခုတော့ သူမရဲ့ မျက်ဝန်းကြည်လဲ့ကိုပါ ကျွန်တော် လွမ်းဆွတ်နေရတော့မယ် ဆိုတာ...။
အတန်းချိန်ကို အမြဲနောက်ကျတတ်လို့ သူငယ်ချင်းတွေ နာမည်ပေးထားတာက လိပ်လေးတဲ့ .. ခုလည်း သေချာပြီလေ နောက်ကျပြန်ပြီပေါ့ .. ကားပေါ်တက်မလို့ ကျောင်းသားကဒ်ကိုရှာတော့ မပါလာပြန်ပါ .. လွယ်နေကျ အိတ်ကို ထားခဲ့တဲ့အကျိုးပေါ့ .. ပြန်ပေဦးတော့ အိမ်ကို တခေါက် .. ဘယ်အချိန်ပဲ ဖြတ်ဖြတ် ဒီလမ်းလေးကတော့ သစ္စာရှိစွာ ခရေနံ့လေးတွေနဲ့ ကြိုမြဲပါပဲ .. ရှေ့မှာ ပုံရိပ်တခု ..

လမ်းကတော့ ဖြောင့်ဖြောင့်ပါပဲ
ခြေလှမ်းတွေကသာ ယိုင်နဲ့လေတာ
ကိုယ့်ပယောဂနဲ့ ကိုယ်
ခြေလှမ်းသွက်သွက်နဲ့ ရှေ့က ပုဂ္ဂိုလ်ကို ကျော်တက်လိုက်တယ် .. မသိစိတ်က သတိပေးလိုက်သလို ကိုယ် နောက်ကို ပြန်ကြည့်မိတော့ မျက်ဝန်းတစုံ .. မျက်ဝန်းတွေက အရောင်တမျိုးနဲ့ ညှို့တယ် .. နှုတ်ခမ်းတွေကရော ပြုံးပြနေတာလား .. ကိုယ်ကရော ပြန်ပြုံးပြလိုက်မိသလား .. ဟင့်အင်း .. ကိုယ် သူနဲ့မှ မသိတာ .. သူ့ရှေ့ကနေ ခြေလှမ်းသွက်သွက်နဲ့ ကိုယ့်အိမ်ဘက် အပြေးသွားလိုက်တယ် .. ကိုယ့်ရင်ခုန်သံကိုလည်း သူကြားသွားမှာ စိုးပါတယ်လေ .. ခြေလှမ်းတွေကသာ ယိုင်နဲ့လေတာ
ကိုယ့်ပယောဂနဲ့ ကိုယ်
ကိုယ်…. ရင်ခုန်ခဲ့တာတော့ အမှန်ပါ
ကိုယ်ပြောမယ်ချစ်သူ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြဖို့
ကိုယ့်မှာ လုံလောက်တဲ့ သတ္တိမရှိခဲ့ပေမယ့်
အပြုံးရဲ့ ရိုက်ချက်ကို
ကိုယ်ကျောကော့နေအောင် ခံလိုက်ရတယ်
ရယ်စရာထင်ရင် ရယ်ပါချစ်သူ
ကိုယ်ကတော့ နွယ်စရာမို့ တွယ်တာခဲ့တာပါ
မယုံရင်တော့ မပြုံးပြပါနဲ့
အရှုံးဆိုတာ ငါအမုန်းဆုံးဒဏ်ရာမို့ပါ။
ကိုယ်ပြောမယ်ချစ်သူ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြဖို့
ကိုယ့်မှာ လုံလောက်တဲ့ သတ္တိမရှိခဲ့ပေမယ့်
အပြုံးရဲ့ ရိုက်ချက်ကို
ကိုယ်ကျောကော့နေအောင် ခံလိုက်ရတယ်
ရယ်စရာထင်ရင် ရယ်ပါချစ်သူ
ကိုယ်ကတော့ နွယ်စရာမို့ တွယ်တာခဲ့တာပါ
မယုံရင်တော့ မပြုံးပြပါနဲ့
အရှုံးဆိုတာ ငါအမုန်းဆုံးဒဏ်ရာမို့ပါ။
*********************
အိပ်မက် (၄)
“ညီညီ”
အိပ်မက် (၄)
“ညီညီ”
တွယ်နှောင်မိသော သံယောဇဉ်တို့၏ ဆွဲအားတို့ကြောင့် ကျွန်တော့်အိပ်မက်တွေက ချစ်သူကို ထာဝရ တမ်းတနေသည်။ ခရေပင်လမ်းကလေးထဲမှာ သူမ၏ ပုံရိပ်တို့ကို ရှာဖွေရင်း သူမ၏ ရယ်သံလွင်လွင်ကို စိတ်ကူးယဉ်၏။ ရုံးပိတ်ရက်တွေမှာလည်း သူမကို မြင်တွေ့ချင်စိတ်တို့ဖြင့် ခရေပင်လမ်းလေးထဲ ကျွန်တော် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်နေမိသည်။ သူမ ဝင်ရောက် ပျောက်ကွယ်သွာဖူးသော ကွန်ဒို တိုက်ခန်းများ ရှိရာ တိုက်မြင့်ကြီးတွေဆီကိုလည်း အဓိပ္ပါယ်မဲ့ ငေးမော ကြည့်နေတတ်ခဲ့သည်။ ကျွန်တော့်မျက်ဝန်း ဆိုက်ရာ ပြူတင်းတစ်ခုခုမှာများ သူမ၏ မျက်နှာလေးကို မြင်ရမလား တိတ်တဆိတ် မျှော်လင့်နေမိတတ်ပြန်လေသည်။
သိပ်မကြာခင်မှာ ရောက်လာတော့မယ့် သင်္ကြန်မှာ သူမအတွက် ကျွန်တော် တမြတ်တနိုး စုဆောင်းခဲ့သော ခရေလေးတွေကို လက်ဆောင်ပေးချင်စိတ်တွေနှင့် စိတ်ကူးယဉ် ရူးသွပ်နေမိပြန်သည်။ ခရေချစ်သူ.. သူမကရော.. ကျွန်တော် တစ်ရက်တစ်ပွင့် စုထားသော ခရေပွင့်လေးများကို တန်ဖိုးထားပါ့မလား။ နောက်ပြီး အခါအခွင့်သင့်တဲ့အခါမှာ ထိုခရေတစ်ပွင့်တိုင်းတွင် ကျွန်တော့် အနမ်းတစ်ပွင့် သိမ်းထားကြောင်းကိုလဲ ပြောပြခွင့် ကြုံချင်ပါသေးသည်....။ သူမအတွက် ကျွန်တော့်ရဲ့ ခရေအိပ်မက်တွေ အဘယ်မျှလှပကြောင်း သူမ သိစေချင်ပါသည်...။
ကံကြမ္မာ နှင့်ရေစက်ကို အိပ်မက်နှင့် အလဲအထပ်တစ်ခုလုပ်ကာ.. သူမျှော်လင့်ရင်ခုန်နေသော နေ့မှာ... သင်္ကြန်အကြိုနေ့ ဖြစ်၏။ ထိုနေ့ကျ... သူမနှင့် စတင်ဆုံစည်းခဲ့ရာ ခရေပင်အောက်မှာ သူမနှင့် တွေ့ဆုံလို တွေ့ဆုံငြား... ကျွန်တော် တစ်နေကုန် သွားထိုင်စောင့်နေလိုက်မည်..။ မျက်လုံးကို စုံမှိတ်ပြီး သူမ မျက်နှာကြည်လဲ့ကို မြင်ယောင်ကာ “ကိုယ်စောင့်နေမဲ့ ခရေပင်အောက်ကို လာခဲ့ပါ အိမ်မက် နတ်သမီးလေးရယ် ” ဟု တိတ်တဆိတ် ဆန္ဒပြုလိုက်မိတိုင်း ဘယ်ဘက်ရင်အုံတစ်ခုလုံးက မျှော်လင့်ခြင်းတွေနှင့် ပြည့်မောက်လို့ လာဆဲ...။
သူများတွေက သင်္ကြန်ဆို ပိတောက်နဲ့ တွဲမှတ်ကြပေမဲ့ ခရေကတော့ ထုံးစံအတိုင်း ခရေပန်းလေးတွေ သီဖို့ ခရေပင်ကြီးအောက် သွားကာ သင်္ကြန်ကျအုံးမယ်ပေါ့။ သူသာ ရေလာလောင်းခဲ့ရင် လို့ စိတ်ကူးနဲ့တင် ရင်က ခုန်လာပြီ။ မဖြစ်နိုင်ပါဘူးကွယ်...
မသိ မမြင် မတွေ့ပါပဲနဲ့ အလိုလိုနေရင်း သတိတရ ရှိနေတတ်တယ် .. ဒါဟာ စွဲလန်းခြင်းလား .. အကြည့်တွေကို မြင်ယောင်မိတိုင်း ကိုယ့်နှလုံးသားကို ကိုယ်ပြန်ရှက်ရတဲ့ အဖြစ် .. ခုတော့ ဒီခရေလမ်းက မျှော်လင့်ချက်တွေ ထမ်းပိုးပေးထားသလို တခါတလေလည်း စိတ်ပျက် အားလျှော့ခြင်းတွေကို ပေးတယ် .. ခရေပင်ကြီးကလည်း လမ်းပေါ်ကို ခရေပန်းတွေ ခြွေချမြဲ .. အင်း .. အချိန်တန်တော့လည်း ဒီလမ်းရဲ့ ပွေ့ဖက်မှုကို ခံယူဖို့ မြေပြင်ကို ဆင်းသက်ရတာပါပဲ .. အကျ မနာပါစေနဲ့ ခရေပွင့်လေးရယ် ..

အမှတ်တမဲ့ပါပဲ
အမှတ်မရချင်ပါပဲနဲ့
အတွေးထဲ စွဲထင်တယ်
ပုံရိပ်တွေ တမ်းတမ်းတ စွဲလန်းရင်း
မျှော်လင့်ချက်တွေ အရိပ်လို ကပ်တယ်
အတွေးနဲ့ ကိုယ်
သိပ် ဝေးကွာလွန်းနေပါသလား
မျှော်လင့်ခြင်းကို
စိတ်ကူးနဲ့ပုံဖော်
အိပ်မက်ထဲတောင်
ခရေတွေ တပွေ့ တပိုက်နဲ့

ခရေအိပ်မက်
အချစ်ဆိုတာ
တစ်ယောက်ရဲ့ နွေကန္တာကို
တစ်ယောက်က အမောပြေစေတဲ့
အိုအေစစ်လေးလဲ ဖြစ်တယ်..။
အချစ်ဆိုတာ
တစ်ယောက်ရဲ့သွေ့ခြောက်မှုကို
တစ်ယောက်က စိုပြေစေတဲ့
မိုးရေစက်လေးလဲ ဖြစ်တယ်...။
အချစ်ဆိုတာ
တစ်ယောက်ရဲ့ ပူပန်မှုကို
တစ်ယောက်က အေးမြစေတဲ့
နှင်းစက်လေးတွေလဲ ဖြစ်သေးရဲ့...။
အချစ်က.... အချစ်ကို သီကုံး
တစ်ဘဝလုံးစာ
အိပ်မက်ရာသီမှာ
ခရေတွေလို ထာဝရမွှေးမြတဲ့
ကြယ်ဖွဲ့တေးတွေ သီလို့....။
ဒီလိုနဲ့
နှစ်ယောက်တစ်ဘဝအတွက်
အိပ်မက်တစ်ခု....
အစပြုခဲ့ကြပြီလေ...။ ။
----------------------------------------------------------------------
----------------------------------------------------------------------
မေတ္တာဖြင့်
မိုးကုတ်သား
ဖိုးစိန်
မိုးခါး
မေသူ
Sunday, December 29, 2013
2013နှုတ်အဆက် 2014အကြို စေတနာဆိုတာနဲ့ အစပြု အလှူလေးတစ်ခု
Book Collection 01
ဒီ အလှူလေးကို လုပ်ချင်တယ် လို့ ဆရာတစ်ယောက် (ဆရာဦးငွေစိုး)က မနှစ် ဒီဇင်ဘာတုန်းက ပြောလာတော့ ကျွန်တော်တို့ MIT/ MTU မှာ ကျောင်းတက်ခဲ့ရတုန်းက ကျောင်းသားဘ၀ကို သွား သတိရတယ်။ အဲဒီတုန်းက ကျောင်းက စာကြည့်တိုက်ထဲမှာရော၊ ကိုယ်တွေ ဗိသုကာဋ္ဌာနက စာကြည့်တိုက်ထဲမှာရော ဗိသုကာဆိုင်ရာ စာအုပ်စာတမ်းဆိုတာ မရှိသလောက် ရှားတယ်။ စာအုပ်တွေ ငတ်ခဲ့ကြရတယ်။ ကိုယ်တွေရဲ့ ဗိသုကာဋ္ဌာနက စာကြည့်တိုက်ထဲမှာ ဖတ်စရာ လေ့လာစရာတွေ အများကြီး ရှိရင် သိပ်ကောင်းမှာပဲ လိုလိုလားလား တောင့်တခဲ့ကြတယ်။ အတန်းကြီးတွေဆီက စာအုပ် မြင်သမျှ ငှားဖတ်ပြီး ထမင်းအငတ်ခံ မိတ္တူပွားခဲ့ရတာတွေလည်း ရှိဖူးရဲ့။
ဒီလိုနဲ့ Decemberမှာ ကျင်းပနေကျ Page One စာအုပ်တိုက်က စာအုပ်ဈေးရောင်းပွဲမှာ ဗိသုကာပိုင်းဆိုင်ရာ စာအုပ်တွေကို ကိုယ်တွေရဲ့ ဗိသုကာကျောင်းတွေဆီ ၀ယ်လှူမယ် ဆိုတဲ့ စိတ်ကူးအိပ်မက်ကလေးနဲ့ 2013 ဒီဇင်ဘာကို စောင့်နေခဲ့ကြတယ်။ တစ်ယောက်တည်းနဲ့လည်း များများစားစား မတတ်နိုင်တော့ ကျွန်တော်တို့တွေလိုပဲ ကျောင်းက ဗိသုကာဋ္ဌာနကို စာအုပ်လှူချင်ကြသူ ဗိသုကာမောင်နှမများဆီက အလှူငွေ စုဆောင်းပြီး ၀ယ်လှူကြမယ်ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ပေါ့။
မျှော်နေတဲ့အတိုင်း စာအုပ်ဈေးရောင်းပွဲအတွက် ကြော်ငြာထွက်လာ၊ ဈေးပွဲတော်ရက်ကို သိရပြီ ဆိုတာနဲ့ ကျွန်တော်တို့တတွေ လက်လှမ်းမှီရာကနေ အလှူငွေတွေ စုတယ်။ စာအုပ်သွားဝယ်မယ် လုပ်ချိန်မှာ S$1500လောက် ရနေပြီ။
နည်းနည်းတော့ စိတ်ပူတယ်။ ဗိသုကာဋ္ဌာနကလဲ ခြောက်ခုလောက် ရှိနေတော့ တစ်ကျောင်းကို ဆယ်အုပ်လောက်စီမှ လှူနိုင်ပါ့မလား ဆိုပြီးတော့ပေါ့ဗျာ။ ဆရာရယ်၊ ကျနော်ရယ်၊ ဗိသုကာကျောင်းဆင်း ညီလေးတစ်ယောက်ရယ် စာအုပ်ဈေးပွဲတော် လုပ်တဲ့နေရာကို သွားကြတယ်။ ရင်တွေကလည်း ခုန်နေပြီ။ မနေ့ညကတည်းက သူငယ်ချင်းတစ်ယောက်က သူ ၀ယ်လာတဲ့ စာအုပ်တွေ ဓာတ်ပုံရိုက်ပြီး ပို့ထားတာကိုး။ များလိုက်တဲ့စာအုပ်တွေ။ ကိုယ်တွေ ရထားတဲ့ အလှူငွေနဲ့တောင် ဘယ်နှစ်အုပ်လောက်ပဲ ၀ယ်နိုင်ပါ့မလဲ ဆိုပြီး မနေ့ညကတည်းက ရင်ခုန်ပျော်ရွှင်နေခဲ့တာ။
စာအုပ်ဈေးပွဲတော်ကို ရောက်တော့ ဗိသုကာပိုင်းဆိုင်ရာ စာအုပ်တွေ အဲဒီလောက်များများ တွေ့ရမယ် မျှော်လင့်မထားတဲ့ ကျွန်တော့်အတွက်တော့ ၀မ်းသာလုံးဆို့တာပဲပေါ့။ စာအုပ်တွေရွေးကြ၊ အိတ်တွေထဲ သွားထည့်ပြီး တစ်နေရာမှာစုပုံထားလိုက်ကြ၊ ကောင်းတဲ့စာအုပ်လေးတွေ့ပြီဆို ဒီစာအုပ် ၀ယ်မလားဆို တစ်ယောက်ကိုတစ်ယောက် အပြေးရှာပြီး မေးကြနဲ့ (တစ်ယောက်တစ်နေရာစီ ခွဲပြီး စာအုပ်တွေ ရွေးနေကြရတာကိုး) ကျွန်တော်တို့ သုံးယောက်သား ပျော်နေကြတာ။ ထုံးစံအတိုင်း ကိုယ်တွေက အကဲဆုံးပေါ့။ ကိုယ့်ဘာသာကိုယ်တောင် ခုန်ပေါက်ပျော်နေမိတာ သတိမထားမိဘူး။
စာအုပ်ဈေးပွဲတော်မှာ ဗိသုကာကျောင်းဆင်း ညီမလေးတစ်ယောက်နဲ့တွေ့တော့ သူကလည်း အလှူငွေထည့်ရင်း ၀င်ကူညီပေးသွားသေးတယ်။ သူလည်း ပျော်လို့ ပီတိတွေ ဖြစ်လို့။ စာအုပ်ပုံကြီးက တဖြည်းဖြည်းများလာပေမဲ့ ရွေးစရာတွေက မကုန်နိုင်သေးဘူး။ အဲဒီ စာအုပ်ဈေးရောင်းပွဲမှာ အလုပ်ဝင်လုပ်နေတဲ့ သူတွေက ကျွန်တော်တို့တွေ စာအုပ်ကို ပြန်ရောင်းစားဖို့ လောဘတကြီးလိုက်ဝယ်နေကြတယ် ထင်နေပုံရတယ်။ ဒါဟာ ကျောင်းစာကြည့်တိုက်ကို လှူဖို့ပါ ဆိုတာလဲ သိရော ၀ိုင်းဝန်းကူညီကြရာမှာ သူတို့ပါ အပျော်တွေ ကူးစက်ကုန်ကြရော။ ကိုယ်တွေ ရွေးပြီးတော့ ပုံထားတဲ့ စာအုပ်ပုံကို သူတပါးက မသိပဲ မ သွားမှာစိုးလို့ နာမည်တွေ ရေးမှတ်ပြီး တက်ဂ် (Tag) လေးတွေ ကပ်ပေးကြတယ်။
စာအုပ်တွေ အတော်များများ ရွေးပီးတော့ ရပ်မှ ရပ်မှ ဆို ငွေသွားရှင်းတော့လဲ ကိုယ်တွေအတွက် ငွေရှင်းကောင်တာကို တစ်ခု သပ်သပ် လုပ်ထားပေးကြတယ်။ ငွေရှင်းမယ်ဆို ကျသင့်ငွေကို ကြည့်လိုက်တော့ S$800လောက်ပဲ ရှိသေးတာနဲ့... ဟာ အလှူငွေတွေ ကျန်သေးတယ် ထပ်သွားရွေးမယ် ထပ်သွားရွေးကြမယ် ဆို အစောနက လိုချင်ပေမယ့် ငွေမလောက်မှာစိုးလို့ ချထားပစ်ခဲ့ရတဲ့ စာအုပ်တွေ ပြန်သွားမကြတာပေါ့။ ကျွန်တော်ကတော့ နဂိုတည်းက ခပ်ကဲကဲလူဆိုလေတော့ ပျော်နေတာကို မဖုံးနိုင်ဘူး။ နှုတ်ကနေ ပျော်လိုက်တာ ပျော်လိုက်တာ တဖွဖွ ရွတ်လို့။ ဒီစာအုပ်တွေ ကျောင်းက ဋ္ဌာနကို ရောက်သွားရင် ကျောင်းသူကျောင်းသားတွေသာမက ဆရာတွေ ဆရာမတွေပါ ပျော်နေကြမှာ မြင်ယောင်ပြီး ပီတိဖြစ်နေတာလဲ ပါတာပေါ့။
စာအုပ်ဆိုင်ကလူတွေလဲ ကျွန်တော်တို့တွေ ၀ယ်ပြီးတဲ့ စာအုပ်တွေကို သေချာ စက္ကူပုံးတွေထဲ ထည့်ပေး၊ ကားငှားပြန်ရမှာဆိုလို့ ဆိုင်ရှေ့ဘက်ကို သယ်ပြီးသွားစီပေးနဲ့ အလုပ်တွေ များကုန်ကြပေမယ့် သူတို့တွေလဲ တပြုံးပြုံးနဲ့ပါပဲ။ ကျွန်တော်တို့က နောက်ထပ် စာအုပ်တွေ ထပ်သွား မ ပြီး ကောင်တာကို ပြေးပုံကြနဲ့ တခြားသူတွေ မျက်စိနောက်စရာများတောင် ဖြစ်နေမလားပဲ။ ၀ယ်ချင်စရာ စာအုပ်တစ်ချို့ ကျန်နေသေးပေမယ့် စိတ်ကို ဖြတ်ပြီး မနည်း ရပ်ရတယ်။
စိတ်ဖြတ်ပြီး အ၀ယ်ရပ် ငွေချေပြီး သူတို့ နေရာချထားပေးတဲ့ စာအုပ်ပုံးတွေနားရောက်တော့မှ ဟိုက် ဒီလောက် ပုံးတွေအများကြီး အလေးကြီးကို ဒီလူနဲနဲလေးနဲ့ ဘယ်လို သယ်ရပါ့ဆို မျက်ဖြူဆိုက်ရတော့တာ။ တော်သေးတယ်။ တက္ကစီတစ်စီးမလောက်လို့ နှစ်စီးငှားသယ်ရပေမဲ့ ဆိုင်ကလူတွေ ကျေးဇူးနဲ့ ကားပေါ်အတင်မှာ သူတို့ ၀ိုင်းကူ တင်ပေးကြလေတော့ သိပ်မမောလိုက်ရဘူး။
ဆရာတို့အိမ်ရောက်တော့လည်း အိမ်အောက်မှာ စာအုပ်ကူသယ်ပေးဖို့ ညီမနှစ်ယောက်နဲ့ ညီလေးတစ်ယောက်က စောင့်နေကြတယ်။ စာအုပ်ပုံးတွေကို ကားပေါ်က ချပြီး အိမ်ပေါ်ရောက်အောင် မနဲကို တင်လိုက်ရတယ်။ ပြီးသွားတော့ လူတွေလည်း အတော် ဟိုက်သွားပြီ။ ခဏ နားပြီး စာအုပ်ပုံးတွေကိုဖွင့် စာအုပ်တွေ ထုတ် စားရင်းလုပ်မယ်ဆိုတော့ ၀ယ်လာတဲ့စာအုပ်တွေကို ကြည့်ပြီး ၀ိုင်းသယ်ကူကြသူတွေကလဲ အားရ၀မ်းသာဖြစ်ကုန်ကြရော။ အစောနက မောထားသမျှတွေတာင် သူတို့လည်း မေ့သွားကြတယ်။
အားလုံးတစ်လေသံထဲ ထွက်ကြတာကတော့ ကျောင်းသားတွေတင်မဟုတ်ဘူး ကျောင်းက စာသင်နေတဲ့ ဆရာတွေလည်း ဘယ်လောက် ပျော်ကြမလဲ ဆိုတာပါပဲ။
ကိုယ်တွေကလည်း လိုချင်ပေမဲ့ ချန်ထားပစ်ခဲ့ရတဲ့ စာအုပ်တစ်ချို့ကို အလှူလောဘတက်ကာ အလှူငွေလေးတွေ ထပ်ရရင် ကောင်းမှာပဲလို့ စိတ်က တောင့်တမိပြန်တယ်။
နှစ်ပါတ်ကျော်ကျော်လောက်ပဲ အချိန်ရတော့ တစ်ချို့ မလှူရသေးတဲ့သူ၊ မသိလိုက်ရတဲ့သူတွေလည်း ရှိချင်ရှိမယ်။ သူတို့တွေ လှူချင်ကြအုံးမလား၊ ဇန်န၀ါရီ တစ်ရက်နေ့ကျ စာအုပ်တွေ ကျန်နေသေးရင် အလှူငွေတွေ ထပ်ရရင် ပြန်သွားဝယ်ကြအုံးမလား ဆိုတဲ့ စိတ်တွေ ဖြစ်ကြပြန်တယ်။
ကိုယ်တွေတောင် အတော်ကြီးကို ပျော်နေတာ.... ဋ္ဌာနက ကျောင်းသားလေးတွေဆို ဘယ်လောက် ပျော်ကြမလဲဆိုတာ တွေးတွေးပြီး ပီတိဖြစ် အမောပြေရတယ်။
ဘာပဲဖြစ်ဖြစ် 2013ခုနှစ်အကုန် 2014 အစမှာ ကောင်းမှုကုသိုလ်လေးတစ်ခုနဲ့ စာမျက်နှာတစ်ခု စဖွင့်လိုက်ရတာ အင်မတန် ကျေနပ်ကြည်နူးဖို့ကောင်းပါတယ်။
စာအုပ် အလှူငွေ ထည့်ဝင်ကြသူများ၊ မိမိတို့ဆီမှာ ရှိတဲ့ ကိုယ်ပိုင်စာအုပ်များကို လှူကြသူများ၊ စင်္ကာပူကနေ မြန်မာပြည်ကို စာအုပ်တွေ ကူညီ သယ်သွားပေးမဲ့သူများ၊ မြန်မာပြည်ကနေ ဆိုင်ရာ ဗိသုကာဋ္ဌာန အသီးသီးကို စာအုပ်သွားရောက် လှူဒါန်းပေးကြမဲ့ သူတွေ အားလုံးကို အင်မတန် ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် ပီတိဖြစ်စရာ ဒီစာလေးကို ရေးပြီး ဂုဏ်ပြုအပ်ပါတယ်။
Book Collection 02
Book Collection 03
2014 နှစ်သစ် မှသည် အချိန်တိုင်း နေရာတိုင်းမှာ အောင်မြင်မှုပေါင်းများစွာ၊ စိတ်ချမ်းသာပျော်ရွှင်မှုပေါင်းများစွာ ရရှိကြပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ပေါင်းများစွာထဲက တစ်စိတ်တစ်ဒေသကို တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်သူများဖြစ်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
Saturday, November 30, 2013
ကိုယ် လည်း လေ လော ကီ သား ပေ မို့
ဒီကနေ့ X-Factor USA မှာ ကိုယ်
ဖိုင်နယ်ရောက်မယ်လို့ထင်ထားတဲ့ သူ သုံးယောက်ထဲက တစ်ယောက်ဟာ ထွက်သွားရတယ်။
ကျန်တဲ့ နှစ်ယောက်က Bottom 2ထဲမှာ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ဖိုင်နယ်ထိ
တက်မယ်ထင်ထားတဲ့ ဒီသုံးယောက်စလုံး ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင် ကြုံတွေ့
ခံစားကြရတယ်။ ပြိုင်ပွဲဆိုတာ ပထမဆုကို လိုချင်မက်မောလို့ ပြိုင်ဆိုင်ကြတာပဲ
မဟုတ်ဘူးလား။ အရှုံးဆိုတာကို ဘယ်သူ လိုချင်မလဲ.. နော။ ကိုယ်လည်း
ကိုယ်သိပ်သဘောကျတဲ့ အဆိုရှင်ကို ပထမ ရစေချင်တာပဲ။ ဒီထဲက တစ်ယောက်ဟာ Final 6
အထိတောင် တက်မသွားရရှာပဲ Final 8 အဆင့်ကနေ နောက်ထပ် မတက်နိုင်ပဲ
ထွက်လိုက်ရတယ်။ နှစ်ယောက်ကလဲ Final 6 ထဲ ပါဖို့အတွက် Survival Song ကို
ဆိုကြရတယ်။ ဒါ.. ကိုယ် ဘယ်လိုမှ ခံစားမရတဲ့ပွဲ။ တကယ်ဆို
တစ်ယောက်နဲ့တစ်ယောက် ဆိုပုံ သံပေါက် မညီတဲ့ ဟိုသုံးယောက်အဖွဲ့ ထွက်ရမှာ။
အသံသိပ်မရပေမဲ့ ရုပ်ကလေးနဲ့ ဗုတ်ကလေးနဲ့ တက်လာတဲ့ ချာတိတ်လေးက ထွက်ရမှာ..။
အဲဒီလို အလိုမကျစိတ်တွေနဲ့ ကျိတ်မနိုင်ခဲမရ။ ဒေါသတောင်
စွက်လာလိုက်သေးတာများ....။ Final 6 ကို တက်ဖို့ အသည်းအသန် ယှဉ်နေရသူ
နှစ်ယောက်ကို ဒါ Final 2 သာ ဖြစ်လိုက်စမ်းပါ လို့ မဖြစ်နိုင်တာ သွားပြီး
စိတ်ကူးယဉ်နေမိလိုက်သေးတာ..။ ကိုယ်ဟာ ပုထုစဉ် လူသား ဆိုတော့လဲ...။
ကိုယ်က X Factor ကို UK, USA, Australia အကုန် အားပေးလာခဲ့တာ။ ပြိုင်ပွဲအစမှာတော့ ရီစရာတွေလဲ ရှိ မောစရာတွေလဲ ရှိ.. တဖြည်းဖြည်း Final 10 ကနေ စပြီး.... ကိုယ်မကြိုက်တဲ့သူတွေက တက်သွားရင် စိတ်တွေတို၊ ကိုယ် ကြိုက်တဲ့သူတွေ ထွက်သွားရရင် ဒေါမနဿတွေ ပွားရ ၀မ်းနည်းရ....၊ ကိုယ် ကြိုက်တဲ့သူ ကျန်နေသေးရင် final 8, Final 6, Final 4 ကနေ နောက်ဆုံး ပထမဆု ပေးတဲ့ အချိန်အထိ ဒေါသဖြစ်လိုက်၊ အားမလို အားမရ ဖြစ်လိုက်၊ စိတ်မကောင်းဖြစ်လိုက်၊ ထခုမ်မိတဲ့အထိ ပျော်ရွှင်လိုက်၊ စိတ်လှုပ်ရှားမှု အမျိုးမျိုးနဲ့ အားပေးလာရတာ။ ကိုယ် အားပေးနေတဲ့သူတွေထဲက တစ်ယောက်က ပထမဆု ရသွားတယ်ဆို အဲ့တစ်နှစ်စာ ကျေနပ်လို့ မဆုံးပေါ့။ ဒီနှစ် Australia မှာ Demi ဆိုတဲ့ တရုတ်မလေး ပထမဆု ရသွားတော့လည်း အော် သူတို့ နိုင်ငံသူ နိုင်ငံသား လူမျိုးရင်း မဟုတ်ပေမဲ့ မျှမျှတတ စိတ်ရှိသားပါလားဟ ဆိုပြီး အော်ဇီသူ အော်ဇီသားတွေကို ကျေးဇူးတင်ရ လေးစားရတာလဲ အမော။
ကနေ့ည X-Factor USA ကတော့ တကယ်ကို စိတ်မကောင်း အကြီးကြီး ဖြစ်ရတဲ့ညပေါ့။ ဒါတောင် နောက်ဆုံး Final ပွဲစဉ် မဟုတ်သေးဘူး။ ဒီ အစီအစဉ်က နှစ်တိုင်း ရှိနေတာပဲ။ နှစ်တိုင်းလည်း X-Factor Seasonမှာ ကိုယ်က ခုလို ရောဂါတက်နေကျပါပဲ။ မထူးဆန်းပါဘူးလေ..။ ပြိုင်ပွဲဆိုတာ အနိုင် နဲ့ အရှုံးပဲ ရှိတာ။ မနိုင်ရင် ရှုံးမှာပဲပေါ့။ ပြိုင်ပွဲဝင်နေချိန်မှာတော့ အကောင်းဆုံး ကြိုးစားကြရတာကြီးပါပဲ။
ကိုယ်ကတော့ အရှုံး ဆိုတာကို ရင်မဆိုင်ချင်တဲ့သူ၊ ပီးတော့ ကြိုးစားရမှာလဲ ပျင်းတဲ့သူ ဖြစ်နေလေတော့ ပြိုင်ပွဲ ဆိုတာတွေနဲ့ ဝေးဝေးမှာသာ နေခဲ့ပြီး ပရိတ်သတ်ထဲမှာပဲ ပုန်းကွယ်နေတတ်တဲ့သူ တစ်ယောက်ပါ။ စင်ပေါ်ကခေါ်လို့ မိတ်ဆက်ခွင့်ရမယ်ထင်ပြီး ဘုမသိ ဘမသိ စင်ပေါ်တက်မိကာမှ မထင်မှတ်ပဲ ပြိုင်ပွဲတစ်ခုထဲ အလိုလို ရောက်သွားရတဲ့အခါ... ကိုယ်က မပြိုင်ချင်ပါဘူး လို့ ဘယ်လောက်ပဲ ငြင်းဆန်လို့ မရတဲ့အခါ.... အရှုံးပေးပါတယ် ပန်းပေးပါတယ် ဆိုပြီး စင်ပေါ်ကနေ စကတည်းက ပြေးမဆင်းပဲ တွေဝေမိတဲ့အခါ..... ကိုယ်ထင်မှတ်မထားတဲ့ ပြိုင်ပွဲမှာ... ယက်ကန်ယက်ကန်နဲ့ ဒလိမ့်ခေါက်ကွေး ရုန်းကန်နေရတော့တာ..။ ..... အနိုင်မလိုချင်ပေမဲ့ အရှုံးလဲ မပေးချင်တဲ့ စိတ်အခံလေး ရှိနေလေတော့ ပထမဆုလေး ရလေမလားး လို့ ကိုယ် ဆက်ကြိုးစားရမှာလားး...။ ခုချိန်မှာတော့ အရှုံးပေးပါတယ် ဆိုကာ မျက်နှာငုံ့ချဖွက်ပြီး စင်အောက်ကို ပြန်ဆင်းဖို့ရာကလည်း ကိုယ်က ရှက်နေပြန်သေးလေတော့..။ အလိုမတူပါပဲ၊ ကိုယ် ထင်မှတ်မထားပါပဲ အလိုလို ဖန်တီးလာတဲ့ ယှဉ်ပြိုင်ပွဲမှာ အစကတည်းက ပြတ်ပြတ်သားသား နှုတ်ထွက်ခဲ့သင့်တာ လို့ အကြိမ်ကြိမ် နောင်တရမိပေမဲ့....
ကိုယ်လည်းလေ လောကီသားပေမို့....
ကိုယ် လည်း လေ လော ကီ သား ပေ မို့ ... ပေါ့ ကွယ်။ ။

Saturday, August 24, 2013
ဆည်းဆာ
ဆည်းဆာ (၁)
နေ၀င်ဖျိုးဖျ...
ဟိုခပ်လှမ်းလှမ်းက
ကွန်ကရစ်တောင်တန်းတွေကြား မေးတင်..
မနှုတ်ဆက်ချင်ပဲ နှုတ်ဆက်လိုက်ရတဲ့ ညနေခင်းများ
အိပ်တန်းပျံစရာမဲ့ ငှက်ပေါင်းများစွာ....
'ငါ" .....ဘယ်မှာခိုနားရမလဲ.....
ဟိုခပ်လှမ်းလှမ်းက
ကွန်ကရစ်တောင်တန်းတွေကြား မေးတင်..
မနှုတ်ဆက်ချင်ပဲ နှုတ်ဆက်လိုက်ရတဲ့ ညနေခင်းများ
အိပ်တန်းပျံစရာမဲ့ ငှက်ပေါင်းများစွာ....
'ငါ" .....ဘယ်မှာခိုနားရမလဲ.....
ဆည်းဆာ (၂)
ကိုယ့်နေ့ကို လင်းချင်းစေတဲ့
အပျိုမလေးရဲ့ မျက်လုံး...
နှုတ်ဆက်အပြုံးတို့ ရောင်စုံခြယ်သ
အကျည်းတန်တို့ လှချိန် ပေါ့
နီမှိုင်းမှိုင်းမှာ .. ခရမ်းရင့်တွေပါချင်ပါမယ်
နီစွေးစွေးနဲ့ ပုဇွန်ဆီရောင်သွေးတွေ ဖြန်းချင်ဖြန်းထားမယ်...
မီးခိုးမှိုင်းမှိုင်းနဲ့ မဟာဆန်ကာ ငြီးငွေ့စရာ ကောင်းချင်ကောင်းပေမပ...
သူ အချက်ပြနေတာက..

မကြာခင် အမှောင်လာတော့မယ်
မကြာခင် အိပ်စက်အနားယူရတော့မယ်...
မကြာခင် အိပ်စက်အနားယူရတော့မယ်...
"ဘ၀ဟာ.... ဒါပါပဲ..."
သူမကတော့ နောက်နေ့မနက်ကျ
မရိုးတဲ့ ဒီဝတ်စုံနဲ့ပဲ မိုးသောက်ပြန်အုံးမယ်...
နေ၀င်ချိန်လွန်ပါမှ.....
သူမကတော့ နောက်နေ့မနက်ကျ
မရိုးတဲ့ ဒီဝတ်စုံနဲ့ပဲ မိုးသောက်ပြန်အုံးမယ်...
နေ၀င်ချိန်လွန်ပါမှ.....
ကြယ်စင်တွေ က တာ မြင်ရချင်မြင်ရမယ်
လရောင်ကို ချိုးလှုံခွင့်ရချင်ရမယ်
တိမ်ညိုမဲမဲနဲ့ မှောင်မိုက်ညတွေလဲ ကြုံနိုင်သေးရဲ့
အတိတ်..
ပစ္စုပ္ပန်...
အနာဂါတ်....
အဲဒီအားလုံးသော လိုက်ကာတွေကို ဆွဲချလိုက်
ပိတ်ပစ်လိုက်..
ငါ့ အသက်ရှုမှုတွေကို မမေ့မလျော့ သတိရလိုက်...
နောက် ရင်ခွင်နှလုံးသားကို နူးညံ့သိမ်မွေ့စေလိုက်...
အဆိပ်လို ခါးတဲ့အမုန်းတရား အတ္တများကို ခြေလက်တွေနဲ့အတူ ဆေးကျောသုတ်သင်လိုက်...
အမှောင်တွေကို မေတ္တာနဲ့ လုံခြုံစေလိုက်..
ပျံသန်းရောက်ရှိလာမဲ့ အိပ်မက်တွေကို ကြိုဆိုဖို့
ငါ့ရင်ခွင်တံခါးကို ဖွင့်ထားရအုံးမယ်..
မနက်ဖြန်မှာ တောက်ပတဲ့ အာရှုဏ်ဦးကို

ငါတို့ မြင်ရအုံးမယ်လို့ ယု့ကြည်စိတ်နဲ့....
ညတွေကို အိပ်စက်စေခဲ့ကြတာပေါ့ကွယ်...
ညတွေကို အိပ်စက်စေခဲ့ကြတာပေါ့ကွယ်...
ဆည်းဆာရေ..
နင်ဟာ.. မနက်ဖြန်တိုင်းမှာ...
အာရှုဏ်ဦး အဖြစ်နဲ့ ပြန်ရောက်လာခဲ့တာ..
ကမ္ဘာဦး အစကနေ အဆုံးထိပေါ့ကွယ်...။
ငါတို့မှာသာ...
အာရှုဏ်ဦး အဖြစ်နဲ့ ပြန်ရောက်လာခဲ့တာ..
ကမ္ဘာဦး အစကနေ အဆုံးထိပေါ့ကွယ်...။
ငါတို့မှာသာ...
မှောက်မှားခြောက်ခြားးး..
တိမ်းမူးနေခဲ့ကြ...
"ဒါဟာဘ၀ပဲပေါ့" လို့ မရိုးတဲ့ အိပ်ယာဝင်ပုံပြင်တွေ ပြောပြီး
"ဒါဟာဘ၀ပဲပေါ့" လို့ မရိုးတဲ့ အိပ်ယာဝင်ပုံပြင်တွေ ပြောပြီး
နင် အပြုံးမပျက်.. နှုတ်ဆက် ဆက် သွားခဲ့တာ...။
မေတ္တာဖြင့်
မိုးကုတ်သား
Wednesday, August 21, 2013
"လ" ၀ှက်ထားတဲ့ ကိုယ်
နီးနီးလေးပေမဲ့ နီးစပ်ခွင့်မရခဲ့ကြ |
မင်းဟာ...... ကိုယ် နာကြားလို့ မရတဲ့ တရား.......
မင်းဟာ...... ကိုယ် ရှာဖွေမတွေ့ရှိနိုင်မဲ့ လျှို့ဝှက်သောလမ်း ....
မင်းဟာ...... ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားစေတဲ့ မာယာ .......
မင်းဟာ...... ကိုယ့်ကို ဖြတ်ရှစီးဆင်းသွားတဲ့ ဂီတ....
မင်းဟာ...... ကိုယ့် စိတ်စေတသိက်ကို လိုရာ ကြိုးဆွဲနိုင်တဲ့ ကဝေ ....
မင်းဟာ...... ကိုယ့်အိပ်စက်ခြင်းတွေကို ဖွက်ထားတတ်တဲ့ တစ္ဆေ .....
မင်းဟာ...... ကိုယ့် ၀ိဥာဉ်ကို တစ်လွှာခြင်း ဖဲ့ခြွေနေတဲ့ မိစ္ဆာ ......
မင်းဟာ...... ကိုယ့် မျက်ဝန်းအိမ်ကို လှိုင်းထန်စွတ်စိုစေတဲ့ မုန်တိုင်း....
မင်းဟာ...... ကိုယ် ဝေခွဲမရတဲ့ တိမ်တိုက်တစ်ခုပေါ့ .....
ဇူလိုင်အလွန်မိုးနဲ့ ... ကိုယ့် သီလတွေ ခိုးခိုးသွားတဲ့ "လ"...
အဲဒီ "လ" ကိုမှ ..... ကိုယ်က... နှစ်နှစ်... ကာကာ........
သံ သ ရာ .... တစ်........ ဆုံး.........
သံ သ ရာ .... တစ်........ ဆုံး.........
မေတ္တာဖြင့်
မိုးကုတ်သား
Thursday, August 15, 2013
Put It On Me [teaser] - Angie Miller
Put It On Me by Angie Miller
အပြုံးတုတစ်ခုနဲ့ ပြုံးလို့နေပေမဲ့
မင်းရဲ့ မျက်လုံးက တောက်ပတဲ့ အရိပ်တွေ စွန်ပခွာထွက်ပြေးသွားခဲ့ကြ
မင်း.. မျက်ရည်ကျပြီး မငိုကြွေးခုဘြူး
မင်းရဲ့ ရင်တွင်းမှာသာ ထိခိုက်ကြေကွဲ ပြိုလဲနေခဲ့တာလေ
မင်း က မာကျောတယ်... စိတ်ခိုင်တယ် လို့.. ပြောပေမဲ့
ငါ့ကို မင်းဘ၀ထဲ ၀င်ခွင့်ပေးပါ အချစ်ရယ်...
ငါ.. မင်းကို ကူညီပေးချင်လို့ပါ
တစ်ယောက်ယောက်ကိုတော့ မင်းလိုအပ်ပါတယ်
မပြီးဆုံးနိုင်သေးတာတွေအတွက်...
မင်းရဲ့ နာကျင်ဆင်းရဲတွေဟာ ငါ့အတွက်တော့ တုန်လှုပ်စရာ မဟုတ်ခဲ့ပါဘူးကွယ်
မင်း ထမ်းပိုးထားတဲ့ တာဝန် ၀တ္တရားတွေက အင်မတန် လေးလံလွန်းလှရဲ့
ငါ့ကို မင်းရဲ့ ၀န်ထုပ်ဝန်ပိုးတွေသာ အကုန် ပေးလိုက်ပါ..
အကုန်ပေးလိုက်စမ်းပါ့
မင်း ထပ်ပီး ထမ်းပိုးထား မနေပါနဲ့တော့
ကိုယ့်ကိုသာ သယ်ယူခွင့် ပေးလိုက်စမ်းပါ
မင်းရဲ့ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အားလုံး ကိုယ့်တာဝန်သာ လွှဲပေးလိုက်စမ်းပါ
မင်းတစ်ယောက်ထဲ အဲ့ဒီ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အခုချက်ချင်းသာ ကိုယ့်ကို ကူညီသယ်ပိုးခွင့် ပေးလိုက်ပါတော့
ကိုယ်ဟာ ဒီနေရာလေးမှာ (မင်းအပါးမှာ) ရှိနေခဲ့တာ...
ဘာကြောင့်များ မင်းတစ်ယောက်ထဲ ရုန်းကန်ဆင်းရဲ ခံနေခဲ့သလဲ ကိုယ့်ကို ပြောစမ်းပါ့
မထိုက်တန်လိုက်တာအချစ်ရယ်...မင်း နိုးထလာတဲ့အခါ
မနက်ခင်း မနက်ခင်းတိုင်းမှာ.... ပိုပိုပြီး အထီးကျန်နေတော့မှာပေါ့....
မင်း က မာကျောတယ်... စိတ်ခိုင်တယ် လို့.. ပြောပေမဲ့
ငါ့ကို မင်းဘ၀ထဲ ၀င်ခွင့်ပေးပါ အချစ်ရယ်...
ငါ.. မင်းကို ကူညီပေးချင်လို့ပါ
တစ်ယောက်ယောက်ကိုတော့ မင်းလိုအပ်ပါတယ်
မပြီးဆုံးနိုင်သေးတာတွေအတွက်...
မင်းရဲ့ နာကျင်ဆင်းရဲတွေဟာ ငါ့အတွက်တော့ တုန်လှုပ်စရာ မဟုတ်ခဲ့ပါဘူးကွယ်
မင်း ထမ်းပိုးထားတဲ့ တာဝန် ၀တ္တရားတွေက အင်မတန် လေးလံလွန်းလှရဲ့
ငါ့ကို မင်းရဲ့ ၀န်ထုပ်ဝန်ပိုးတွေသာ အကုန် ပေးလိုက်ပါ..
အကုန်ပေးလိုက်စမ်းပါ့
မင်း ထပ်ပီး ထမ်းပိုးထား မနေပါနဲ့တော့
ကိုယ့်ကိုသာ သယ်ယူခွင့် ပေးလိုက်စမ်းပါ
မင်းရဲ့ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အားလုံး ကိုယ့်တာဝန်သာ လွှဲပေးလိုက်စမ်းပါ
မင်းတစ်ယောက်ထဲ အဲ့ဒီ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အခုချက်ချင်းသာ ကိုယ့်ကို ကူညီသယ်ပိုးခွင့် ပေးလိုက်ပါတော့
တို့တွေ.. အတူတကွ ပြိုလဲကျကြ
တို့တွေ.... အတူတကွ ပြန်လည်ထူမတ်ကြ
အခက်အခဲတွေ... ဘယ်လောက် ပဲ ကြုံလာကြစမ်းပါစေလေ
မင်းဟာ ကောင်းမွန်တဲ့ လူသားတစ်ယောက်ဆိုတာ မင်းကိုယ်မင်း သိပါတယ်
တို့တွေ.. အတူတကွ ပြိုလဲကျကြ
တို့တွေ.... အတူတကွ ပြန်လည်ထူမတ်ကြ
အခက်အခဲတွေ... ဘယ်လောက် ပဲ ကြုံလာကြစမ်းပါစေလေ
...........................
Put It On Me by Angie Miller
Fake smile won't hide
The spark that has left your eyes
The tears you don't cry
Just break you down from the inside
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
Oh I wanna help you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me
I've been right here
Tell me why you did it on your own
It's not worth it you'll wake up
Every morning feeling more alone
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
Oh I wanna lift you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me now
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down
We get up
Let it out
'Cause you know you're good enough
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me
And on ….
မေတ္တာဖြင့်
မိုးကုတ်သား
Subscribe to:
Posts (Atom)