ခုတလောမှာမှ လုပ်ချင်တာတွေ အများကြီး၊ ဖတ်ချင်တဲ့စာအုပ်တွေ၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ အများကြီး၊ သွားချင်တဲ့ နေရာတွေ အများကြီး၊ စားချင်တာတွေ အများကြီး။ ဒီကြားထဲ ကြွားချင်တဲ့ ရောဂါက ပြင်းနေပြန်တယ်။ ဒီတော့ သတိလေး ထားပီး ရေးပါမှပဲ။
ခုတလော တွေးနေမိတာက
စိတ်တွေအကြောင်း
( ကိုယ့်စိတ်ကိုယ် တောင် နားမလည်တာ။ သူတပါး စိတ်တွေ လိုက် နားလည်ပေး ချင်နေမိတယ်။ )
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာကအချိန်တွေ သိပ်ပြီး ဖြုန်းတီးနေတယ်။
ကျန်းမာရေးကိုယ်၊ စိတ် ဖျားနာနေသူတွေကို အားပေးဖို့ ကိုယ်တိုင်က ကျန်းမာဖို့ လိုတယ်။ ကျန်းမာအောင် နေ နေပါတယ်။
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ပိတောက်ပွင့်သစ်
မစန္ဒာ ရဲ့ ပန်းစကား ၊ အရိပ်။
ရောက်နေဖြစ်တာကမချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အိပ်ခန်းလေး ( ၀ိဥာဉ်တစ်ခုနဲ့ အတူ နေရလို့ ခုတော့ နဲနဲ ပျော်စ ပြုလာပြီ)
ရေးဖြစ်နေတာကလောလောဆယ် ဘာမှ မရှိသေးဘူးတဲ့
နားထောင်ဖြစ်နေတာကCry On My Shoulder
( ချမ်းသာတာက ချစ်ခြင်းမေတ္တာပဲလေ။ ဒါပေမဲ့ ကျွန်တော့် ပခုံးက သိပ်မကျယ်လှတော့လဲ ခက်သားလား။ )
ရွတ်နေမိတဲ့ကဗျာကသင်တို့သည် ဘုရားကျောင်း၏ တိုင်လုံးများလို
အတူတကွ သီးခြား ရပ်တည်ကြပါ။
( ဆရာတာရာမင်းဝေ ဘာသာပြန်ထားတဲ့ ကဗျာလေး။ အရင်က အဲဒီကဗျာလေး အလွတ်ရနေအောင်ကို ရွတ်မိတတ်ပီး ခု မရွတ်တာ ကြာလို့ မေ့သွားတဲ့ ဒီခေါင်း၊ ရိုက်ခွဲပစ်ဖို့ပဲ ကောင်းတယ်။ ခါလီဂျီဘရမ်ရဲ့ ကဗျာ မူရင်းကိုတော့
Z က ရှာဖွေတင်ထားပေးတဲ့ အတွက် ကျေးဇူးပါ။ )
ဖြစ်ချင်နေတာက
မဆုံးတဲ့ အိပ်မက်တွေကို မက်ရင်း အိပ်မက်ကနေ ခဏ၊ ခဏ နိုးထဖို့ သတိတရ ရှိဖို့ပေါ့။ ( ကိုယ်ဘာဖြစ်ချင်နေမှန်း မသိတော့ဘူး။ ဖြစ်ချင်တာတွေ များလို့ မေ့တွားဘီ။ ဖြစ်ချင်တာလေး ရေးမယ်ဆို အမှတ်ရမိတာက အမည် မသိ သူတယောက် ပြောတဲ့ စကား။ သူက သူ့အိမ်မက်တွေကိုတောင် သူ့ဗိသုကာ ပညာတွေနဲ့ ထုဆစ်လို့မပြီးစီးသေး။ တဲ့ )
စားဖြစ်နေတတ်တာကခေါက်ဆွဲခြောက်ထုပ်တွေ ( အသီးအရွက် စိမ်းစိမ်း၊ လတ်လတ်ဆတ်ဆတ်ဆတ်တွေ ဆာလိုက်ထာ။ ကိုယ်တိုင် ချက်စားရတာ ပျင်းလို့ ခုတော့ သူတပါး ချက်တာ လိုက်စားနေပါတယ် )
သနားနေမိတာက
မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ
လွမ်းနေမိတာကထုံးစံအတိုင်း၊ အဖေ၊အမေ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးပေါ့
မေ့လျော့ပစ်နေမိတာကအသက် နဲ့ ရက်စွဲများ
ခါးသက်နေမိတာကအရိုးမရှိတဲ့ လျှာ တွေ
တမ်းတနေမိတာက
အမေ့ရဲ့ ရှမ်းထမင်းချဉ်၊ အဖေ့ရဲ့ ၀က်ခြေထောက် စွပ်ပြုတ်၊ ဘာဘူကြီး ဆိုင်က နံပြားနဲ့ မလိုင်၊ ဆိုက်ပရပ်စ်က စားဖိုမှူးတစ်ယောက်ရဲ့ စပါဂတီ (လေထဲမှာပဲ စားဖူးသေးတယ်) ၊ ဂရုဏာရှင်မလေးရဲ့ ၀က်သားမွကြော်၊ ကဗျာဆရာမရဲ့ ငါးခူနိုင်းချင်းနဲ့ မုန့်ဟင်းခါး၊ အမောင်ငယ်ရဲ့ ဒညင်းသီး လက်ဖက်၊ ကြက်သား ကလေးဖေချက် (အင်းးး၊ ဆက်ရေးရင် ဘယ်လောက် ငတ်လဲ ပို ပေါ်လွင်တော့မယ်)
အိမ်နဲ့ မြို့ကလေးကို တမ်းတနေမိတာ ရေးရရင် စာက ရှည်မယ်။
လျှောက်ခဲ့တဲ့ လမ်းလေး တစ်ခုတော့ တမ်းတနေမိတယ်။ သုံးနှစ်ကျော်လောက် နေ့တိုင်းလျှောက်ခဲ့တဲ့ အဓိပတိ လမ်းမပေါ်က တစ်ယောက်ထဲသော ညတွေဆီ။
ကြိတ်ပြီးချီးကျူးနေမိတာကတဖြည်းဖြည်း ခက်ခဲ ကျပ်တည်းပြီး၊ ပူလောင်မွန်းကျပ်လာတဲ့ ဘ၀တွေမှာ ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။
ကြိတ်ပြီးအထင်သေးနေမိတာကမရှိပါ
ဆန္ဒမရှိတဲ့နေရာဆေးရုံ
ဆန္ဒရှိနေတဲ့ကိစ္စFace Book ထဲက လယ်ကွက်ထဲမှာ ရတဲ့ ပိုက်ပိုက်တွေ၊ မာဖီးယား ဂိုဏ်း ၀င်မိလို့ ပိုင်ထားတဲ့ ပိုက်ပိုက်တွေ အပြင်မှာ တကယ်ထုတ်သုံးလို့ ရရင် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ၀ယ်ပီး လူတွေ အကုန် ပေးပလိုက် ချင်တယ်။ ကမ္ဘာကြီး စိမ်းလန်း စိုပြေစေချင်တယ်။
မုန်းတီးနေမိတာကကမ္ဘာကြီးကို ဖျက်စီးနေကြသူများ
ချစ်နေတာကလယ်တောလေးး
ကိုယ်ပိုင်လယ်တောလေး အပြင်၊ မကြီးက မျောက်တစ်ကောင်ကို အမွေပေးထားမိတဲ့ လယ်တောလေး သွား သွားပြီး ထိန်းသိမ်းပေးရင်း ခု ချစ်စရာက လယ်နှစ်ကွက် ဖြစ်နေဘီ။
စိတ်ပျက်နေမိတာကကိုယ့် ကိုယ်ကိုယ်
(ဘာတွေ လျှောက်လုပ်နေမှန်းမသိဘူး...)
စွဲလန်းနေမိတာကသဘာဝ လောကကြီးကို
သဘောကျနေမိတာက (မပါလဲ ရေးချင်လို့ ထည့်လိုက်ပါတယ်ခင်ဗျာ)
ဂျီကျ ကောက်လိမ်ပြရင်း ကလေးပေါကြီး လုပ်ကာ စိတ်ဆိုးပြီး ငိုတိုင်း မျောက်အိုကြီးနှင့် တူနေတတ်သော တစ်ယောက်ကို ကြည့်ကြည့်ပြီး ထိုင်၊ ထိုင် ရယ်နေရတာ (သူတပါး ငိုတာကို အနော်က ရယ်စရာ ဖြစ်နေတာက ကောင်းတော့ မကောင်းဘူးပေါ့ဏော)
လိုအပ်နေတာကအချိန်
( မိတ်ဆွေ၊ သယ်ရင်းတွေကို သူတို့ လိုအပ်ချိန်တိုင်း၊ သတိတရ ရှိချိန်တိုင်း အတူ ရှိပေးချင်တယ်။ မအားဘူး ပြောရလွန်းလို့ စိတ်ဆိုးသူတွေ များနေဘီ။ )
တောင်းနေမိတဲ့ဆုသတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အိမ်ပြန်ချင်တယ်
ဝန်ခံချင်တာကဂဂျိုးညီနောင် ဂဂျောင် တစ်ယောက် အမတော် မဂေါက်နဲ့ ညီမတော် မယ်ပေါက် ထက် အရင် ဦးအောင်
မကြီးနော် (မနော်ဟရီ) ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။
မကြီးနော် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။
အချစ်အကြောင်း ရေးဖို့ ပြောထားတာ မရေးပေးသေးတဲ့ အတွက် ချစ်ညီမလေး
မက်မက် ရေ၊ ရေးပေးမှာပါဏော။ ချိတ်ချိုးနဲ့။ (ခုလောလောဆယ် အချစ်နဲ့ ဝေးဝေး နေချင် နေမိလို့ပါကွယ်)
ခုတလော ဘာတွေများ လုပ်နေကြသလဲ ကျွန်တော် သိချင်နေသူတွေကတော့
၁။ ချစ်ခင်လေးစားရပါသော ဆရာမ
အပြုံးပန်း၂။ ကဗျာဆရာလေး ညိမ်းညို (ရေးဖို့ အချိန်အားလေး ရှိမယ်ဆိုရင်ပေါ့ နယ်ရေ)
၃။ ညီလေး မင်းအိမ်ဖြူ (အမြန်ဆုံး ရေးပေးပါ)
၎။ စာဖတ်အားကောင်း၊ စာရေးကောင်းသလောက် စာကို ဇိမ်ဆွဲ ရေးတတ်လေသော ဖန်သကြိုး
၅။ ကျွန်တော့်ကြောင့် ခရမ်းရောင်ဘ၀ ပြောင်းသွားရ ရှာလေသော ကောင်းကင်ပြာ
၆။ လလခ လို့ ကျနော်ခေါ်တဲ့ ညီမလေး မေလေး
၇။ ကလေးအဖေ သီဟသစ်
၈။ ရေးချင်တာလေးတွေ ရေးနေတဲ့ ညီမလေး နောင့်
၉။ မော်လမြိုင်သားလေး တလနွန်
ဆက်ပြီး Tag ရရင်ဖြင့် ရှည်ရော့မယ်။ ကိုးန၀င်းနဲ့တင် ချေထားလိုက်ပါတယ်။
ဆက် tag တဲ့ထဲမှာ မပါလို့ စိတ်ဆိုးကြမဲ့ မိတ်ဆွေတွေ ....
ဒီအောက်ထိ ဆက်ဖတ်လာပြီးကတည်းက တက်ဂ်ပီးသား ပါ တဲ့ ခင်ဗျားးးးးးးးးးးးး။
tag မှာပဲ၊ tag မှာပဲ.. အနော့်ကို လာမတားနဲ့..... :-P
အားလုံးရဲ့ ခုတလော တွေကို သိချင်နေတဲ့
မေတ္တာဖြင့်
မိုးကုတ်သား