Wednesday, April 28, 2010

စံပယ်ငုံ နဲ့ စံပယ်ရုံ



ဟိုး ခပ်ဝေးဝေးဆီက ရထားဥဩသံက တရုန်းရုန်းနဲ့ တိတ်တဆိတ် ပွင့်ကြွေတဲ့ စံပယ်ရုံလေးကို လှုပ်နှိုးသွားတယ်။


နံနက်ခင်းရဲ့ လေပြည်တွေက သူ့ရနံ့ကို ခိုးယူသွားမလား။ တထိတ်တလန့်နဲ့ သူ့ခမျာ မရဲတရဲ ပွင့်လို့။
ကောင်းကင် ပြာပြာမှာ ပြေးလွှားနေတဲ့ တိမ်ဖြူတွေကို မော့ကြည့်ရင်း သူ့ရဲ့ ဖြူလွှလွှ ပွင့်ဖတ်လေးတွေက နူးညံ့စင်ကြယ်မှုကိုတုပြိုင်ချင်နေလေသလား။ သူ့ပွင့်ဖတ်လေးတွေ တလွှာချင်းစီ ဖြန့်ခင်းချရင်းက တွေးနေမိသေးရဲ့။






သူ့ပွင့်ဖတ်လေးတွေ ပိုမို သန့်စင်စေမဲ့ မိုးကိုလဲ သူ မျှော်တတ်သလို နံနက်ခင်းမှာ သူ့ကို အေးမြစွာ ထိတွေ့ ခိုတွဲတတ်တဲ့ နှင်းစက်လေးတွေကိုလဲ ချစ်မြတ်နိုးတတ်ပြန်တယ်။ နေခြည်နုထွေးရဲ့ နမ်းရှိုက်မှုကိုလဲ သူက သာယာချင်သေး။









သူ့ဝတ်ဆံ ၀ါဝါလေးတွေကို ပျားပိတုန်းတွေ၊ လိပ်ပြာလေးတွေ ရစ်ဝဲ ကြည်စယ်ကြလေမလား။ အတွေးနဲ့တင် သူက ရင်ခုန်တိမ်းမူးလို့။ အခန့်မသင့်လို့ ခူးခြွေလက်တွေထဲ ပါသွားရင်တောင် ဘုရားတန်ဆောင်မှာ စီရရီ သီကုံး မွှေးမြပြခွင့်ရရင် အင်မတန် ကံကောင်းမှာပဲ။







နေရှိန်မြင့်လာလို့ သူ သိပ်ပူလောင် မလာခင် ဖြတ်ခနဲ ခုန်ချ ကြွေကျပစ်ချင်လဲ ကြွေကျလိုက်မယ်လေ။ တခဏ လောက် လောကကြီးကို အလှဆင်ခွင့် ရတယ် ဆိုတဲ့ အသိလေးနဲ့တင် သူက ကြွေကျနွမ်းခြောက်လိုက်ဖို့ ရဲဝံ့လို့ နေလေတယ်။ သူ ပွင့်ကြွေခဲ့တဲ့ စံပယ်ရုံလေးကတော့နောက်ထပ် သူ့လို စံပယ်ဖြူလေးတွေ ထပ်ပြီး ဖူးပွင့်ဝေဆာပေးလို့ နေပါအုံးမယ်။










ဘာပဲဖြစ်ဖြစ် စံပယ်ရုံလေး သူ့ကိုသတိထား အမှတ်ရသည် ဖြစ်စေ၊ လွမ်းဆွတ်သည်ဖြစ်စေ၊ မေ့လျော့သည်ဖြစ်စေ၊ သူကတော့ ခေတ္တ ပွင့်ဝေခွင့်ရသော စံပယ်ရုံလေးကို သူ နွမ်းကြွေသည်အထိ သစ္စာရှိစွာ မွှေးမြ ဖြူဆွတ်ပြလို့ နေပါဦးမည်လေ။









ပုံလေးတွေအားလုံးကို Flickr ကနေ ယူထားတာပါခင်ဗျာ။
( အိမ်က စံပယ်ရုံလေး အတွက် အမှတ်တရ)

မေတ္တာဖြင့်
မိုးကုတ်သား

21 comments:

နွေးနေခြည် said...

အိမ်မှာလည်း စံပယ်ရုံလေးရှိတယ်။ ပွင့်ရင် အရွက်ကလေးတွဲခူးပြီး ပန်တတ်တယ်။ ပန်းမပန်ရတာတောင် အတော်ကြာပြီ.. ဟင့်

အရေးအသားနုညံ့လိုက်တာ...

Anonymous said...

ပြန်စိုက်ခိုင်းထားလိုက်လေ။

kaungkinpyar said...

စပယ်ပန်းလေးတွေ တို့လဲ ကြိုက်တယ်၊ ပန်တော့ မပန်တတ်ဘူး

Anonymous said...

စံပယ် စံပယ်ပန်းရယ် သင်းရနံ့ကြူဖြူဖြူဖွေးတယ်
မွှေးမွှေးလေးပေးချင်အောင်ကွယ် မူယာစုံကြွယ်
ညာဘယ်သွဲ့သွဲ့ နွဲ့ကာသာယိမ်းဖယ်

စိမ်းစိမ်းလန်းပင်နန်းငုံဝယ်
ခိုင်ပန်းငုံဆန်း
ရောင်စုံသန်းတယ်

ကိုစောညိမ်းကို လွမ်းသွားတယ်ဗျာ

Sein Lyan Tun said...

ရေးတတ်လိုက်တာဗျာ.....


စံပယ်နံ့လေးတောင် ရလိုက်မိပါရဲ့....း)

စံပယ်တွေ မွှေးရင် တအားသင်းပျံ့တယ်နော်....


“စံပယ်ရုံလေး သူ့ကိုသတိထား အမှတ်ရသည် ဖြစ်စေ၊ လွမ်းဆွတ်သည်ဖြစ်စေ၊ မေ့လျော့သည်ဖြစ်စေ၊ သူကတော့ ခေတ္တ ပွင့်ဝေခွင့်ရသော စံပယ်ရုံလေးကို သူ နွမ်းကြွေသည်အထိ သစ္စာရှိစွာ မွှေးမြ ဖြူဆွတ်ပြလို့ နေပါဦးမည်လေ”....


ကောင်းလိုက်တဲ့စာသားလေး....

အောက်ဆုံးက ပုံက စံပယ်လို့ခေါ်လား....

ဇွန်ပန်းလို့ ခေါ်လား...


ချစ်တဲ့

ညီ

မင်းအိမ်ဖြူ said...

သူ့ပွင့်ဖတ်လေးတွေ ပိုမို သန့်စင်စေမဲ့ မိုးကိုလဲ သူ မျှော်တတ်သလို နံနက်ခင်းမှာ သူ့ကို အေးမြစွာ ထိတွေ့ ခိုတွဲတတ်တဲ့ နှင်းစက်လေးတွေကိုလဲ ချစ်မြတ်နိုးတတ်ပြန်တယ်။ နေခြည်နုထွေးရဲ့ နမ်းရှိုက်မှုကိုလဲ သူက သာယာချင်သေး။

တော်တော် မျက်နှာများတဲ့ စံပါယ် ..............

အဲဒီလို မျက်နှာများတာ မုန်းပါတယ်ဗျာ...

နောက်တာပါ ၊။

ကိုကြီးမိုးကုတ်သားက
တော်တော်နုတယ်နော........

အိန္ဒြာ said...

စံပယ်တွေ...
မွှေးနေတာ မြင်လိုက်လား...

ညှာတံစိမ်း ပွင့်လွှာဖြူ ဘ၀နဲ့..
စံပယ်ဖူးလေးတွေ..သည်းကနဲကြွေတာ..ကြားလိုက်လား..

ကြွေတာကိုက ပွင့်ခြင်းတစ်မျိုးတဲ့...
အစားထိုးမရနိုင်တာတွေ....
အကြိမ်ကြိမ်ကြွေခဲ့တယ်...

(ဓါတ်ပုံလေးနဲ့ လိုက်လိုက်ဖက်ဖက် ကဗျာဆန်ဆန်ရေးထားတဲ့ စာလေးတွေကို..နှစ်သက်စွာဖတ်သွားပါတယ်..
မိုးကုတ်သားရေ...။)

Lucifer said...

အကို.. အနံမရှိပေမယ့် လှတဲ့ စံပယ်ဝါကိုလည်း ရေးပေးလေ...

မေလေး said...

နောက်ကျနေပြီ။သူများတွေ ခံစားကုန်ပါလား။
ခြံထဲက စံပယ်ရုံ လွမ်းမိတယ်။ခုဆို ပန်သူမဲ့နေရောပေါ့။
ခုဒီမှာ စိုက်ထားမိတဲ့ စပယ်ရုံကတော့ အပျင်းစံပယ်ရုံ
ကိုကြီးရ။ တကယ်ကိုနူးနူးညံညံ ခံစားတတ်တဲ့နာ့ကိုကြီးဘဲ။

မေဇင် said...

ပန်းတွေ ထဲမှာ စံပါယ်ကို အကြိုက်ဆုံးပဲ....။ အိမ်မှာနေတုန်း ကအမြဲ အစောကြီး ထခူးပြီး ဘုရားလှုတယ်.။ ခုတော့ ၀ယ်ချင်တာတောင် ဘယ်မှာဝယ်ရမလဲ မသိတော့ပါဘူး...။

သီဟသစ် said...

စပယ်ပန်းနံ့သင်းသင်းလေးကို ကြိုက်တယ်

ကိုကြီးဘိုရဲ့ ကဗျာဆန်ဆန်စာသားနုနုလေးတွေနဲ့ တွဲဖတ်သွားပြီ

ခင်မင်စွာဖြင့်
သီဟသစ်

မယ့်ကိုး said...

စာသားလေးတွေကို ကြိုက်တယ်။
ညီမကတော့ တရားလေးနာလိုက်ရသလို အသိလေးဖြစ်သွားတယ်အစ်ကိုရေ...

မငုံ said...

စပယ်ပန်းကို ကြိုက်တယ်။ ပန်းတော့ မပန်တတ်ဘူး။ ဒါပေမဲ့ စပယ်မွှေးတာလေးကို သဘောကျသလို ဖြူစင်တယ်လို့လဲ ယူဆတယ်။

အခုမှသိတယ်။ မြင်ဖူးတယ် ။စပယ်ပန်းမျိုးတွေ အများကြီးတွေပဲ။

လပြည့်ရိပ် said...

စာသားလေးတွေရော ၊ စံပယ်ပန်းလေးတွေရော အရမ်းကိုလှပါတယ်။ ရနံ့လေးတွေကလည်းသင်း.....လို့ ။

ဖိုးသင်္ကြန် said...

သြော်....စံပယ်ဆိုတာ ဒါကိုး။

မိုးခါး said...

အရမ်းမိုက်ပါတယ် ..း)) ပုံလေးနဲ့ စာလေးနဲ့ ...

ဇွန်မိုးစက် said...

တစ်နေ့ကပဲ အိမ်မှာ စိုက်ထားတဲ့ စပယ်ပင်က ပွင့်လို့ ဘုရားတောင် တင်လိုက်သေး။

ကျီစယ်နော်...ကြည်စယ် ... ဟုတ်ဘူး။

စပယ်ရုံက စပယ်တွေငုံမှ ကိုရွာသားပေါ်လာတော့တယ်။


အလည်မလာ၍ စိတ်ဆိုးနေသူတစ်ဦး

Orange Chit Thu said...

သြော်....စံပယ်.....စံပယ်...

noblemoe said...

လှ မွှေး ပန်း စံပယ်လေး ကဗျာ ကောင်းမှကောင်း
သာယာချမ်းမြေ့ပါစနော်
မိုး

မြရေလျဉ် said...

ဩော် သူကလဲ စံပယ်ခရေဇီ ပဲကိုးးးးးးးးးးးးးး

:D

~ဏီလင်းညို~ said...

ကိုမိုးကုတ်.......

ပန်းတွေလည်း...အကုန်ကြိုက်တယ်.....မြင်ရတာ...စိတ်ချမ်းသာစရာကောင်းလို့လေ.......။

ရေးထားတာလေးတွေ အရမ်းမိုက်တယ်....။
ခံစားမိတယ်........

ခင်မင်တဲ့
ဏီလင်းညို