Thursday, April 22, 2010

“သေစေညွှန်းသူသို့”




“သေစေညွှန်းသူသို့”



မကြာခဏ

သစ်စိမ်းလို ချိုးခံရတဲ့ မာနတွေ

မင်း... နင်းခြွေပစ်လိုက်စမ်းပါ......

ငါ.... ဆိုတာ...... မင်းအတွက်

ဘယ်တော့မှ မပေါက်ကွဲတော့မဲ့ မီးတောင်သေတစ်လုံးသာ.....။

ငါ့ အတ္တမီးတွေ.. ငြိမ်းသေဖို့

ငါ့ အစွယ် ငါချိုး

ငါ့အဆိပ် ငါပြန်မျိုရင်း

မင်းဘက်က..အခါခါ စစ်ခင်းသမျှ

ငါ့ဘက်က..အလံဖြူ တလူလူလွှင့်ခဲ့တယ်....။ ။


မေတ္တာဖြင့်
မိုးကုတ်သား

17 comments:

Anonymous said...

heeeeeeeeeeee

:D bla bla said...

I couldn't believe you...

Anonymous said...

who fought with you?
:D

SHWE ZIN U said...

အင်း ကဗျာလေးဖတ်ပြီး ရန်လိုနေတဲ့ လူတောင် အရည်ပျော်သွားတော့မှာဘဲ..

အရေးကောင်းပါ့ဗျာ

ရွှေစင်

chocothazin said...

ကဗျာ သိပ်ကောင်းတယ်။ (Mc ဘာဂါ တစ်လုံး တော့ မမေ့ပါနဲ့ ။ ကြုံတုန်းသတိပေးတာ :D )

Ree Noe Mann said...

ဪ ခုတော့ အလံ ထောင်လိုက်ပြီပေါ့လေ

Anonymous said...

ဒီကဗျာကို မြင်ဖူးနေတာကြာပြီ။
အခုမှပဲ အစအဆုံးသေချာဖတ်ရတော့တယ်။
ကောင်းပါတယ်။

noblemoe said...

အရှုံးပေးရင် နှလုံးအေးတယ်တဲ့ 
အတကယ်တော့အရှုံးပေးတာထက် ခွင့် လွှတ်သည်းခံတတ်တာပြောရင်ပိုမှန်မလားနော်
သာယာချမ်းမြေ့ပါစေနော်
မိုး

~ဏီလင်းညို~ said...

ကိုမိုးကုတ်ကြီး...
“ငါ.... ဆိုတာ...... မင်းအတွက်
ဘယ်တော့မှ မပေါက်ကွဲတော့မဲ့ မီးတောင်သေတစ်လုံးသာ”.... တဲ့လားဗျာ....။
ခံစားမိတယ်....။
ကဗျာလေးလည်းကောင်းတယ်...။
အဓိပ္ပါယ်ရှိတယ်ဗျာ....။
အနော့်အတွက်တော့ အရှိုက်တည့်တည့်ပဲ.... ထိချက်ကတော့....း((

ခင်မင်တဲ့
ဏီလင်းညို

ခရေညို said...

ကဗျာထဲကလို စိတ်မျိုးအမြဲထာဝရ ရှင်သန်နိုင်ပါစေ

Sein Lyan Tun said...

အလံဖြူ လွှင့်ထားတာတောင် စစ်ခင်းနေချင်တုန်း။

ဇွန်မိုးစက် said...

ကြိုက်တယ်ရှင့် ... ဒီကဗျာလေးကိုး)

Orange Chit Thu said...

Thu lo pae pyaw twer chin par dae...
"ကဗျာထဲကလို စိတ်မျိုးအမြဲထာဝရ ရှင်သန်နိုင်ပါစေ "

မြရေလျဉ် said...

ဘယ်တော့မှ မပေါက်ကွဲတော့မဲ့ မီးတောင်သေတစ်လုံးသာ.....။

???????????
:)

mabaydar said...

ကဗျာတွေတော့ သိပ်မခံစားတတ်ပင်မဲ့... ဒီနေရာရောက်တော့ ခံစားရတယ်...
"ငါ့ အစွယ် ငါချိုး

ငါ့အဆိပ် ငါပြန်မျိုရင်း"... " အမယ်လေး.. တော်တော်နာမှာပဲလို့...

Anonymous said...

Visit http://www.dofollowarticles.com to post articles in the following categories: credit-counseling, pet, strategic, wood., remedy, gardening, loving and more...

Anonymous said...

Visit http://www.dofollowarticles.com to post articles in the following categories: pages, phoenix, exfoliation, researchers, Accomodation, rock, CV and more...