Wednesday, May 5, 2010

“လူချွန်လူကောင်း”


ဖွားမေ့ (ခေါ်) မက်မက် က မြန်မာသံစဉ်စစ်စစ်သီချင်း ဆိုပြီး တက်ဂ်ထားပါတယ်။ စည်းကမ်းချက် ငါးခုနဲ့ပါ..။

“မြန်မာသံစဉ် စစ်စစ် ဖြစ်ရမယ်” တဲ့.. (ဘောင်ဝင်မယ် ထင်ပါတယ်)

“ဗုဒ္ဓဝင်တေး မဖြစ်ရဘူး၊ ရှေးသီချင်းဆိုလည်း ရတယ်” ဆိုတော့ ကျွန်တော် ကြိုက်တဲ့ ကိုအံ့ကြီး သီချင်းတွေပဲ ပြေးမြင်မိပါတယ်...
ဦးဆုံး ကသစ်ပန်း ကို တင်မယ်ဆို ပို့စ် ပြင်ဆင်ပြီးကာမှ နောက်ကား ကျော်တက်ခြင်း ခံလိုက်ရတဲ့အတွက် လူချွန်လူကောင်း သီချင်းကိုပဲ တင်မယ် ဆုံးဖြတ်လိုက်တယ်...

“အချစ်တေးသီချင်းသာ (အလွမ်း၊ အဆွေး နှစ်သက်ရာ) ဖြစ်ရမယ်” သတ်မှတ်ထားပေမဲ့ ကျွန်တော် တင်ချင်တဲ့ သီချင်းက စည်းကမ်း ဖောက်သလို ဖြစ်နေပါရောလား......

“ပို့စ် ခေါင်းစဉ်က သီချင်း ခေါင်းစဉ် ဖြစ်ရမယ်” ..... ဒါတော့

“သီချင်းစာသား ပါ ရမယ်” လို့ စည်းကမ်း ထုတ်ထားတော့.. ဒီသီချင်းရဲ့ စာသား ရှာမရလို့ သီချင်းဖွင့် နားထောင်ပြီး.... နားထဲ ကြားမိသမျှ ချရေးရတာပေါ့..။ အမှားများ ပါခဲ့ရင်လဲ ပြင်ဆင်ပေးခဲ့ကြပါခင်ဗျာ.....

ကျွန်တော်တို့ မြန်မာတွေ အမျိုးကောင်းသား/သမီးများ..... “လူချွန်လူကောင်း” များ.... အဖြစ် နိုင်ငံတကာမှာ လက်မထောင် မော်ကြွားနိုင်သူတွေ ဖြစ်ကြပါစေ......။











“လူချွန်လူကောင်း


တေးရေး = မြို့ မငြိမ်း
တေးဆို = ကိုအံ့ကြီး



ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော့်မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။

ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော်တို့မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။


ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..ပင်.....။

ဆရာဝန် ပညာတွေကိုသင်....ခေတ်ရော ရှေးမှီ သမားကျော်များပင်...
လူထုကို ကိုယ်နဲ့ထပ်တူ..ချစ်ခင်.. ရင်ဝယ်... ထား......
ညွှန်ကြား... ညွှန်ကြား...... သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်........
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
လူချွန်လူကောင်းလေးတွေဖြစ်အောင်... မြေတောင်.. မြှောက်ကာ မြင့်တင်...

ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..... ပင်........။






မေတ္တာဖြင့်
မိုးကုတ်သား

13 comments:

Sein Lyan Tun said...

ကိုယ်တိုင် သီချင်းအတိုင်း လူချွန် လူကောင်း ဖြစ်အောင် ကြိုးစားပါခင်ဗျာ။


ကျေးဇူးတင်ပါသည်။

ချစ်ညီ


မျောက်ငို

Dream said...

အဟားးးမိုက်တယ်..မိုက်တ်ယ...လူကောင်းဖြစ်အောင်ပဲ ကြိုးစားမယ်။ လူချွန်တော့ မလုပ်ချင်းဘူးးဟိဟိ

ဒီသီချင်းကို ကိုအံ့ကြီးဆိုတာ မကြားဖူးဘူး..ကိုသုမောင် ဆိုတာပဲကြားဖူးတယ်..ဟိုနေ့ကပဲ နားထောင်လိုက်တာ.....း))

မိုက်တယ်....ရေးပေးတဲ့အတွက် ကျေးဇူးးးးးးးးဦးဦးမိုးခိုသားရေးးးးး


ထုံးစံအတိုင်း အာဝါးးးးးးးးးးးအမြောက်နှစ်သိန်းးးးယူစေဗျားးးးးးးးးးးးးးးးး

Dream said...

ဒီသီချင်းထဲက စာသားအတိုင်း အားလုံးထပ်တူညီ ဖြစ်ကုန်ရင် သိပ်ကောင်းမှာပဲ.....း(

Dream said...

ဒီသီချင်းထဲက စာသားအတိုင်း အပြင်မှာ လက်တွေ့ဖြစ်ကုန်ရင် သိပ်ကောင်းမှာပဲနော်.... :(

d said...

အာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
ကွန်မကောင်းဘူးးးးးးးးးးးးဗျီုးးးးးးးးးးးးး


ကွန်မန့်တွေ မပေါ်ဘူးဆိုပြီး ထပ်ရေးမိတာာာ
ထပ်ရေးမိတော့ များသွားပီ......စိတ်အနှောင့်အယှက်ဖြစ်သွားလားမသိ........အဟီးးးးးးးးးးး

မြူးမြူး said...

သီချင်းစာသားလိုချင်နေတာနဲ့အတော်ပဲ.. ကျေးဇူးပါ.. :)

noblemoe said...

နောက်မှသီချင်းနားထောင်တော့မယ်။ ခုသီချင်းစာသားတွေကတော့တော်တော်ကောင်းပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

ဟိုးအရင် ငယ်ငယ်ကတည်းက ဦးအံ့ကြီးဆိုတာ အရင်ဆုံး နားထောင်ဖူးတာ။ ဒီသီချင်းကို သိပ်ကြိုက်တယ်။
လူချွန်လူကောင်းတွေ အများကြီး ရှိပေမယ့် ကိုယ့်တိုင်းပြည်မှာ မရှိတော့တာ၊ ကိုယ့်တိုင်းပြည်အတွက် မဟုတ်တော့တာတွေ တွေးမိတော့ စိတ်မကောင်း ဖြစ်ရတယ်။ :(

အိန္ဒြာ said...

တကယ်က ကိုယ်တိုင်ဆိုပြီး
အသံလေးပါထည့်ရမှာ...

စင်ကာကူမှာ တိုက်တစ်လုံးလောက်တော့ အသာလေး
ဆောက်နိုင်သွားမှာ သေချာတယ် :P

ခင်မင်စွာ

အိန္ဒြာ said...

တကယ်က ကိုယ်တိုင်ဆိုပြီး
အသံလေးပါထည့်ရမှာ...

စင်ကာကူမှာ တိုက်တစ်လုံးလောက်တော့ အသာလေး
ဆောက်နိုင်သွားမှာ သေချာတယ် :P

ခင်မင်စွာ

မိုးခါး said...

ဒီသီချင်းလည်း နားယဉ်ပြီးသား သီချင်းပဲ ..း)

Orange Chit Thu said...

Very Nice comment of Ma Eain Dra, hee hee hee....

mabaydar said...

အဲဒိသီချင်း ညီမလဲ ကြိုက်တယ်... အဖေအိမ်မှာ ဖွင့်လွန်းလို့ အလွတ်တောင်ရတယ်... ကောင်းကောင်းဆိုတတ်တယ်.. ဟဲ.. ဟဲ...