Wednesday, November 12, 2008

Whaling in the Faroe Islands, Denmark (ဒိန်းမတ်နိုင်ငံ၊ ဖာရိုးကျွန်းက ဝေလငါးသတ်ပွဲ)

ဒီနေ့ မနက် ကျွန်တော့် အီးမေးလ်ထဲ ရောက်လာတဲ့ သတင်းနဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တော်တော် တုန်လှုပ်သွားပါတယ်။ လောကကြီးမှာ ဒီလို ရက်စက်တဲ့ သားသတ်ပွဲ တွေ ရှိနေသေးသလား။ မယုံနိုင်တာနဲ့ အင်တာနက်မှာ ရှာကြည့်တော့ ဒီ ရက်စက်လွန်းလှတဲ့ သားသတ်ပွဲ အကြောင်းကို wiki(ဝီကီ) မှာ သွားတွေ့တယ်။ ခောတ်မှီတိုးတက်နေတဲ့ ဒီ လူသားတွေရဲ့ ယဉ်ကျေးလာမှုကြောင့် ကျွန်တော်တို့ လောကကြီးက သာယာစိုပြေ လာရဲ့လား။ ပတ်ဝန်းကျင် နဲ့ သဘာဝထိန်းသိမ်းရေးကို အရေးအကြီးဆုံး ရှေ့တန်းတင်ပြီး ကမ္ဘာကြီး ပူနွေးလာမှုကနေ အဆိုးဝါးဆုံး အခြေအနေ မရောက်အောင် အသဲအသန် ကာကွယ်နေရချိန်မှာ...။ ဒီလို တိုးတက်နေတဲ့ နိုင်ငံတစ်ခုက လူသားမဆန်တဲ့ ရက်စက်မှုတွေကို ရိုးရာယဉ်ကျေးမှု အနေနဲ့ ပျော်ပျော်ကြီးကို ပွဲတော်အဖြစ် ကျင်းပနေသေးသတဲ့လား။ တကယ်ကို မယုံနိုင်ပါဘူး။
စပိန်က နွားရိုင်းသတ်ပွဲကို ကျွန်တော် စသိတော့ ဘာကြောင့်များ အသက်တွေကို လောင်းကြေးထပ်နေကြသလဲ စဉ်းစား မရခဲ့ဘူး။ နွားရိုင်းဆိုတာ ကြောက်စရာလို့ သိထားပေမဲ့ ဒီ နွားရိုင်းသတ်ပွဲအတွက် လူတွေ၊နွားရိုင်းတွေရဲ့ အသက်ပေါင်း ဘယ်လောက်များ စတေးခဲ့ရပြီလဲ လို့တော့ တွေးခဲ့ဘူးတယ်။
အခု သိရပြန်တာက pilot whale လို့ခေါ်တဲ့ ဝေလငါးမျိုးနွယ်တွေကို သတ်တဲ့ပွဲ။ pilot whale တွေက နက်မှောင်တဲ့ အရောင်၊ ဒါမှမဟုတ်၊ မီးခိုးရောင်ရင့်ရင့် ရှိတတ်ကြတယ်။ ဆူးတောင်အရှည်နဲ့ ဆူးတောင်အတို နှစ်မျိုးရှိတယ်။
pilot whale တွေကို အမဲလိုက်တာက ဖာရိုးကျွန်း တစ်ကျွန်းလုံးရဲ့လူမှုရေး ထုံးတမ်းစဉ်လာ တစ်ခု ဖြစ်တယ်။ ဖာရိုးကျွန်းသားတွေက pilot whale အမဲလိုက်ပွဲကို ကျင်းပပြီး ဖာရိုးကျွန်းသားကွ လို့ ဂုဏ်ယူကြတယ်။ အမဲလိုက်ပွဲမှာ အမျိုးသမီးတွေ မပါဝင်ရဘူး။ ပွဲကြည့်ပရိတ်သတ်အဖြစ် အားပေးကြတယ်။ ယောက်ျားသားတွေရဲ့ အစွမ်းပြပွဲပေါ့။ ဒါဟာ ဖာရိုးကျွန်းသားတွေရဲ့ ရှေးရိုး အစဉ်အလာ ကစားပွဲ တစ်ခု ဖြစ်ပါတယ်။
pilot whale တွေကို အမဲလိုက်တဲ့အခါ ငါးဖမ်းသမားနဲ့ ငါးဖမ်းလှေတွေက စက်ဝိုင်းခြမ်းပုံ နေရာယူပြီး ဝေလငါးအုပ်ကို ကမ်းခြေဘက် မောင်းသွင်းကြတယ်။ ကမ်းခြေနဲ့ မလှမ်းမကမ်းက သတ်မှတ်ထားတဲ့ နေရာ ရောက်ပြီဆိုရင် ဝေလငါးတွေ ပင်လယ်ထဲဘက် ပြန်လှည့်မပြေးနိုင်အောင် ပိုက်ကွန်တွေနဲ့ တားထားလိုက်တယ်။ ပြီးရင် ဝေလငါးတွေကို ကမ်းခြေထိ ရောက်အောင် မောင်းသွင်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြတယ်။ ကမ်းပေါ်က ဝေလငါးတွေရဲ့ ကျောရိုး အာရုံကျောမကြီးကို ခွဲချလိုက်လို့ စီးကျလာတဲ့ သွေးတွေဟာ ပင်လယ်ကမ်းခြေက ရေပြင်တစ်ခုလုံး နီစွေးသွားစေလို့ ပွဲကြည့် ပရိတ်သတ် တစ်ချို့ကိုတောင် သွေးပျက်ခြောက်ခြား စေပါတယ်။




ဖာရိုးကျွန်းသားတွေရဲ့ ဝေလငါး အမဲလိုက်ပွဲကို ဆန့်ကျင်ဖို့ နှိုးဆော်ထားတဲ့ ဒီ e-mail ကို မိတ်ဆွေအားလုံး လက်ဆင့်ကမ်းပေးကြပါခင်ဗျာ။


Pass it on to your friends around the world! It is OUTRAGEOUS!!!!! Make Denmark STOP!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
DENMARK: WHAT A SHAME




This happens in Denmark .





























DENMARK :


WHAT A SHAME, A SAD SCENE. THIS MAIL HAS TO BE CIRCULATED. THERE IS NO WORSE BEAST THAN MAN!!!!

While it may seem incredible, even today this custom continues, in Dantesque, - in the Faroe Islands, ( Denmark ) . A country supposedly 'civilized' and an EU country at that. For many people this attack to life is unknown– a custom to 'show' entering adulthood. It is absolutely atrocious. No one does anything to prevent this barbarism being committed against the Calderon, an intelligent dolphin that is placid and approaches humans out of friendliness.

Circulate this. Make this atrocity known and hopefully stopped.

Tuesday, November 11, 2008

စာတစ်အုပ်ကို သူ့ မျက်နှာဖုံးနဲ့ အကဲမဖြတ်ပါနဲ့

အရောင်လွင့်နေတဲ့ ဖလံနယ်အင်္ကျိကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဟောင်းနွမ်းနေတဲ့ အိမ်တွင်းဖြစ် ချည်ကြမ်းဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဘော့စတွန်မြို့ ဘူတာရုံ တစ်ခုကနေ ထွက်လာပြီး ဟားဗတ် တက္ကသိုလ်က ကျောင်းအုပ်ကြီးရုံးခန်းကို ချိန်းဆိုထားခြင်း မရှိဘဲ တွေ့ခွင့်ရဖို့ သွားခဲ့ကြတယ်။
ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရောက်တော့ ကျောင်းအုပ်ကြီးရဲ့အတွင်းရေးမှူးက တောသားပုံစံနဲ့ စုတ်စုတ် ပြတ်ပြတ် အသွင် ရှိတဲ့ သူတို့ ဇနီးမောင်နှံကို မြင်မြင်ချင်းပဲ ဒီလို အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေနဲ့ ဟားဗတ်ကျောင်းထဲ ဝင်လာစရာ ကိစ္စ မရှိကြောင်း၊ ဒီပုံမျိုးနဲ့ ဟားဗတ်မပြောနဲ့၊ ကင်းဘရစ်ခ်ျကျောင်း ထဲကိုတောင် ဝင်လာဖို့ မထိုက်တန်ကြောင်း ပြောလိုက်တယ်။
“ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့တွေ့ပါရစေ,” အမျိုးသားက သိမ်သိမ်မွေ့မွေ့ပြောလိုက်တယ်။
“သူ ဒီတစ်နေ့လုံးအားမှာ မဟုတ်ဘူး,” အတွင်းရေးမှူးက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။
“ကျွန်မတို့ စောင့်ပါ့မယ်,” အမျိုးသမီးက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
အတွင်းရေးမှူးက လေးနာရီလောက် ကြာတဲ့အထိ သူတို့ကို ဂရုမစိုက်ဘဲ နေနေတယ်။ အချိန်ကြာရင် သူတို့လက်လျှော့ပြီး ပြန်သွားလိမ့်မယ်လို့ သူကတွက်ထားတာကိုး။ ဒါပေမဲ့ အဲ့ဒီ ဇနီးမောင်နှံက သူထင်သလို ပြန်မသွားဘူး။ အတွင်းရေးမှူးလဲ တော်တော် စိတ်အနှောက်အယှက် ဖြစ်လာပြီး နောက်ဆုံးတော့ ကျောင်းအုပ်ကြီးကို သွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်များနေတဲ့ ကျောင်းအုပ်ကြီးကို ဘာမဟုတ်တဲ့ ဒီတောသား လင်မယားနှစ်ယောက်ရဲ့ ကိစ္စနဲ့ သွားပြီး နှောက်ယှက်ရမှာကို သူမ တော်တော် စိတ်ပျက်နေတယ်။
“သူတို့ကို ခဏလောက် ထွက်တွေ့လိုက်ရင် သူတို့ပြန်သွားမှာပါ,” သူမက ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။
ကျောင်းအုပ်ကြီးက တော်တော်လေး စိတ်ပျက်နေတဲ့ပုံနဲ့ သက်ပြင်းချလိုက်ရင်း ခေါင်းညိတ် လက်ခံလိုက်တယ်။ ရှင်းရှင်းပြောရရင် သူ့ အဖိုးတန်အချိန်တွေကို သူတို့အတွက် မပေးချင်ဘူး။ ဒါပေမဲ့ သူ့ရုံးခန်းရှေ့က အဲ့ဒီ စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့ လင်မယားက သူမှမတွေ့ရင် ပြန်တော့မဲ့ပုံမှ မရှိတာ။
ကျောင်းအုပ်ကြီးက ဒေါသထွက်နေတဲ့ သူ့မျက်နှာကို ကုနြေ္ဒဆယ်ရင်း သိက္ခာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်လို ခပ် မာမာထန်ထန်ပဲ အဲ့ဒီ လင်မယားနှစ်ယောက်ကို ကြည့်လိုက်တယ်။
အမျိုးသမီးက စကားစတယ်။
“ဒီ ဟားဗတ်မှာ တစ်နှစ်လောက် ကျောင်းတက်ခဲ့ဘူးတဲ့ ကျွန်မတို့ရဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ်ကို အရမ်းချစ်တယ်။ မမျှော်လင်.ဘဲ သူ ရုတ်တစ်ရက် ဆုံးပါးသွားတော့ သူအင်မတန် ချစ်တဲ့ ဒီကျောင်းဝင်း တစ်နေရာရာမှာ သူ့အတွက် အထိမ်းအမှတ် မှတ်တိုင်တစ်ခု လုပ်ပေးဖို့ ကျွန်မနဲ့ ကျွန်မယောက်ျား ဆုံးဖြတ်ခဲ့ကြပါတယ်”
ဒီအကြောင်းကြားရတော့ ကျောင်းအုပ်ကြီးက heartထိမသွားပဲ တော်တော် စိုးရိမ် တုန်လှုပ်သွားတယ်။
“ဒီမှာ အမျိုးသမီး,” ခပ်ထန်ထန်ပဲ သူပြောလိုက်တယ်။ “ဒီဟားဗတ်မှာ ကျောင်းတက်သွားတဲ့ ကျောင်းသားတိုင်းရဲ့ အထိမ်းအမှတ်၊ ရုပ်တုတိုင်းကိုသာ ဒီကျောင်းမှာ လက်ခံခဲ့မယ်ဆိုရင် ကျောင်းလဲ သုသာန် ဖြစ်နေလောက်ပြီ
“အိုး၊ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး,” အမျိုးသမီးက ပျာပျာသလဲ ရှင်းပြတယ်။ “ကျွန်မတို့က သားရဲ့ အထိမ်းအမှတ်၊ ရုပ်တုကို ဆောက်ပေးဖို့ မဟုတ်ပါဘူး၊ ကျောင်းအတွက် အဆောက်အဦး တစ်လုံး ဆောက်ပေးဖို့ စိတ်ကူးတာပါ”
ကျောင်းအုပ်ကြီးလဲ မျက်လုံးပြူးသွားတယ်။ နွမ်းဖတ်ဖတ် အဝတ်အစားနဲ့ အဲ့ဒီစုံတွဲကို တစ်ချက်ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်မိတယ်။
“အဆောက်အဦးတစ်လုံး၊ ဟုတ်လား။ အဲ့ဒီအဆောက်အဦးတစ်လုံးကို ဘယ်လောက်ထိ ကုန်ကျနိုင်မယ်ဆိုတာ ခင်ဗျားတို့ စိတ်ကူးကြည့်မိရဲ့လား။ ကျွန်တော်တို့ ဟားဗတ်တက္ကသိုလ်ရဲ့ ရှိသမျှ အဆောက်အဦး အားလုံးကို ဒေါ်လာ ခုနှစ်သန်းခွဲမက အကုန်အကျ ခံထားရတယ်ဆိုတာ ခင်ဗျားတို့ သိရဲ့လား”
အမျိုးသမီးလဲ ခဏတာ အသံတိတ်သွားတယ်။
ဒီလိုပြောပစ်လိုက်ရလို့ ကျောင်းအုပ်ကြီးလဲ တော်တော် အားရသွားတယ်။ မှတ်ပလားဆိုတဲ့ အကြည့်နဲ့ အဲ့ဒီ ဇနီးမောင်နှံကို ကျေကျေနပ်နပ်ကြီး ကြည့်နေလိုက်တယ်။
အမျိုးသမီးက အမျိုးသားဘက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။ “အဲ့ဒါ တက္ကသိုလ်တစ်ကျောင်း ဖြစ်ဖို့ အစဦးဆုံးလိုတဲ့ ငွေတဲ့လား။ ဒါဆို ကျွန်မတို့ ဘာလို့ ကိုယ့်ကိုယ်ပိုင် တက္ကသိုလ်တစ်ကျောင်း မဆောက်နိုင်ရမှာလဲ”
အမျိုးသားက ခေါင်းညိတ် ထောက်ခံလိုက်တယ်။
သူတို့ နှစ်ယောက်ကို ကျောင်းအုပ်ကြီးက ဇဝေဇဝါနဲ့ နားမလည်သလို ကြည့်နေတယ်။
မစ္စတာ နဲ့ မစ္စ လီလာ့ဒ် စတန်းဖို့ဒ် တို့ ဇနီးမောင်နှံလဲ ထိုင်နေရာက ထထွက်သွားကြတယ်။ သူတို့နှစ်ဦးသား ကာလီဖိုးနီးယားက ပါလိုအယ်လ်တို လို့ ခေါ်တဲ့ မြို့ကလေးမှာ သွားပြီး သူတို့ မိသားစု နာမည်ပါတဲ့ စတန်းဖို့ဒ် တက္ကသိုလ် ကို စတင်တည်ထောင်ခဲ့တယ်။ ဒါဟာ သူတို့ရဲ့ သေဆုံးသွားတဲ့ သားအပေါ် ဥပေက္ခာ ပြုခဲ့တဲ့ ဟားဗတ် တက္ကသိုလ်အစား သူတို့ လုပ်ပေးနိုင်တဲ့ သားအတွက် အထိမ်းအမှတ်၊ မှတ်တိုင် တစ်ခုပါ။

မှတ်သားစရာကတော့ ဘယ်အရာကိုမှ သူတို့ရဲ့ အပေါ်ယံ ပင်ကိုလက္ခဏာကို ကြည့်ပြီး ချက်ချင်း ကောက်ချက် ချလို့ မရဘူး။ အမြင်အရ ဘာမှ အသုံးမကျ ဘူးလို့ ထင်ရပေမဲ့ တစ်ချို့အရာတွေက ကိုယ် မမြင်နိုင်တဲ့ တန်ဖိုးတွေ ရှိနေနိုင်တယ်။ ဆိုလိုချင်တာက ဘာကိုမှ လွယ်လွယ်ကူကူ အထင်မသေးနဲ့၊ အထင်လဲ မကြီးနဲ့ ဆိုတာပါ။

P.S အထက်ပါ ပုံပြင်က အစစ်အမှန်လား၊ ကောလဟာလ လား ကျွန်တော်မသိပါဘူး။ ဒီအကြောင်းကို ဖတ်ပြီးတော့ ဟုတ်မတုတ် အင်တာနက်မှာ ရှာ ကြည့်တော့ ကောလဟာလ လို့ သိရပါတယ်။ လီလာ့ဒ် စတန်းဖို့ဒ် ဟာ ၁၉၇၆ခုနှစ်ပိုင်းကာလ က ကာလီဖိုးနီးယားကို အုပ်ချုပ်ခဲ့သူလို့ သိရပါတယ်။ သူက ဆန်ဖရန်စစ်စ်ကို၊ ပန်နင်စွဲလား မှာ ဧကပေါင်းရှစ်ထောင်ကျော်တဲ့ မြေကိုစတင် ဝယ်ယူခဲ့တယ်။ လီလာ့ဒ် နဲ့ ဂျိန်း စတန်းဖို့ဒ် တို့ ဇနီးမောင်နှံမှာ လီလာ့ဒ်, ဂျူနီယာ ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ် မှာ တစ်ခါမှ ကျောင်း မတက်ခဲ့ဖူးပါဘူး။ အသက် ဆယ့်ငါးနှစ် အရွယ်မှာ မိသားစုနဲ့အတူ အီတလီကို အလည် သွားရင်း တိုက်ဖွိုက်ဖြစ်ပြီး အဖျားဒဏ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။ သူတို့ရဲ့သား ဆုံးပါးပြီး နာရီပိုင်း မကြာခင်မှာပဲ လီလာ့ဒ် စတန်းဖို့ဒ် က သူ့ဇနီး ဂျိန်း စတန်းဖို့ဒ် ကို ပြောတယ်။ “ကာလီဖိုးနီးယားက ခလေးတိုင်းဟာ ငါတို့ရဲ့ခလေးတွေ ဖြစ်လာရမယ်” ဒါဟာ စတန်းဖို့ဒ် တက္ကသိုလ် ရဲ့ အစစ်အမှန် သမိုင်းကြောင်းလို့ သိရပါတယ်။ မူရင်းကို ဒီမှာ ဖတ်လို့ ရပါတယ်။

ဘာသာပြန်သူ - မိုးကုတ်သား

Transitional Words

Transitional Words

The following are common words and phrases that help show logical connections between sentences or between ideas.

Additional facts- again, also, another, and besides, finally, further, furthermore, in conclusion, initially, next, to begin with

Similarities- as, as though, also, in the same way, like, similarly

Contrasts- although, but, despite, either, even though, however, if, in spite of, instead, neither, still, unless, yet

Place- above, among, adjacent, below, beyond, farther, nearby, opposite, there, under

Cause- because, since, for this reason

Result- as a result, consequently, for this reason, obviously, so, therefore

Specific Examples- a few of these are, especially, for example, in particular, specifically

Emphasis- basically, essentially, certainly, in fact, indeed, of course

Time- after, afterward, as soon as, before, finally, later, now, not long after, until, when, while

shared by Mogok.tar

Saturday, November 8, 2008

ပန်းစကား ၂ (နှင်းဆီ)


နှင်းဆီပန်းတွေက သူတို့ ပွင့်ရာဒေသ၊ နှစ်တစ်နှစ်ရဲ့ အချိန်၊ ဒေသအလိုက် ရာသီဥတု အခြေအနေနဲ့ ရာသီ အပြောင်းအလဲတွေပေါ် မူတည်ပြီး အရောင်တွေ ပြောင်းလဲနေတတ်တယ်။ နှင်းဆီပန်းတွေက အမျိုးအစားစုံ၊ အရောင်အသွေးစုံ ရှိပါတယ်။ ပန်းစကား ၂ မှာ ပြောပြချင်တာကတော့ လူကြိုက်များတဲ့ နှင်းဆီ အရောင်တွေနဲ့ ပန်းစကား ပုံဖော်တဲ့ အကြောင်းပါ။

အနီရောင်နှင်းဆီ
အနီရောင်နှင်းဆီက ချစ်ခြင်းမေတ္တာတရား၊ ရိုသေလေးစားမှုနဲ့ ရဲရင့်ခြင်းကို ရည်ညွှန်းပါတယ်



သန္တာရောင်နှင်းဆီ
သန္တာရောင်နှင်းဆီက အလိုဆန္ဒ နဲ့ တောင့်တမှုကို ရည်ညွှန်းပါတယ်



လိမ္မော်ရောင်နှင်းဆီ
လိမ္မော်ရောင်နှင်းဆီက စွဲလန်းနှစ်သက်မှုကို ရည်ညွှန်းပါတယ်



မက်မွန်ရောင်နှင်းဆီ
မက်မွန်ရောင်နှင်းဆီက ဣနြေ္ဒရှိမှု၊ တည်ငြိမ်မှုကို ရည်ညွှန်းပါတယ်



ပန်းရင့်ရောင်နှင်းဆီ
ပန်းရင့်ရောင်နှင်းဆီက ကျေးဇူးတင်ရှိခြင်းနဲ့ ခင်မင်ရင်းနှီးမှုကို ရည်ညွှန်းပါတယ်



ပန်းနုရောင်နှင်းဆီ
ပန်းနုရောင်နှင်းဆီက ကျက်သရေရှိခြင်းနဲ့ ပျော်ရွှင်မှုကို ရည်ညွှန်းပါတယ်



အဝါရောင်နှင်းဆီ

အဝါရောင်နှင်းဆီက ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ နဲ့ မိတ်ဆွေ သူငယ်ချင်းကို ရည်ညွှန်းပါတယ်



အဖြူရောင်နှင်းဆီ

အဖြူရောင်နှင်းဆီက သန့်ရှင်းဖြူစင်မှု၊ ရိုသေမှုနဲ့ ရင်းနှီးမှုကို ရည်ညွှန်းပါတယ်



ခရမ်းပြာနု
ရောင်နှင်းဆီ
ခရမ်းပြာနုရောင်နှင်းဆီက စွဲလန်းနှစ်သက်မှု နဲ့ ညှို့ယူဆွဲဆောင်နိုင်ခြင်းကို ရည်ညွှန်းပါတယ်



အပြာရောင်နှင်းဆီ
အပြာရောင်နှင်းဆီက နက်နဲသိမ်မွေ့မှု နဲ့ မဖြစ်နိုင်၊ မရနိုင်တဲ့အရာ ဆိုတာကို ရည်ညွှန်းပါတယ်



အနက်ရောင်နှင်းဆီ
အနက်ရောင်နှင်းဆီက နှုတ်ဆက်လမ်းခွဲခြင်း နဲ့ သေခြင်းတရားကို ရည်ညွှန်းပါတယ်






နှင်းဆီပန်းလေးတွေနဲ့ ကိုယ့်ချစ်သူကို စကားပြောကြရအောင်ဗျာ။

နှင်းဆီ တစ်ခိုင်၊ တစ်ပွင့်ထဲဆိုရင် ကိုယ်ချစ်တာမင်းတစ်ယောက်ထဲပါ ။ မြင်မြင်ချင်းပဲ ချစ်မိပါတယ်

နှင်းဆီ နှစ်ပွင့်ဆိုရင်တော့ နှစ်ကိုယ်တူချစ်သမျှပေါ့

ချစ်သက်တမ်း တစ်လတာ အထိမ်းအမှတ် ဆိုရင်တော့ နှင်းဆီ သုံးပွင့် လက်ဆောင်ပေးလိုက်ပါ

တစ်ယောက်ယောက်ကို အကြောင်းပြချက်မရှိ အရူးအမူး စွဲလန်းနေမိပြီ ဆိုရင်တော့ သူ့ကို နှင်းဆီ ခြောက်ပွင့်ပေးပြီး ရင်ဖွင့်လိုက်ပါ

နှင်းဆီကိုးပွင့်ဆိုရင် ဒို့နှစ်ယောက် ရာသက်ပန် ချစ်မြတ်နီုးကြမယ်

နှင်းဆီဆယ်ပွင့်နဲ့ ကိုယ့်မိတ်ဆွေ စုံတွဲတွေကို မင်းတို့အချစ်က အင်မတန် အပြစ်အနာအဆာကင်းတယ်၊ လိုက်ဖက်ညီတယ် လို့ ပြောကြရအောင်

နှင်းဆီဆယ့်နှစ်ပွင့် (တစ်ဒါဇင်)နဲ့ မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်ရမယ် လို့ ရဲရဲကြီး ပြောလိုက်မယ်ဗျာ

နှင်းဆီဆယ့်သုံးပွင့်ကတော့ မင်းဟာ ကိုယ့်ရဲ့ ထာဝရ သူငယ်ချင်းပါ

တစ်ယောက်ယောက်ကို စိတ်မကောင်ပါဘူး။ ခွင့်လွှတ်ပါ လို့ ပြောချင်တဲ့အခါ နှင်းဆီဆယ့်ငါးပွင့် ပို့ပေးလိုက်မယ်

နှင်းဆီ အပွင့်နှစ်ဆယ်ကတော့ မင်းအတွက် ငါ့ရင်ထဲက ခံစားချက်တွေက စစ်မှန်ပါတယ် လို့ အာမခံလိုက်တာပေါ့

မင်းအတွက် အရာရာ အားလုံးကို စွန့်လွှတ်ရဲတယ် ဆိုတာကို သိစေချင်ရင်တော့ နှင်းဆီ နှစ်ဆယ့်တစ်ပွင့်နဲ့သာ အသိပေးလိုက်ပါ

နှင်းဆီ နှစ်ဆယ့်လေးပွင့် (နှစ်ဒါဇင်) ကတော့ ငါဟာမင်းအတွက်ပါ တဲ့

တစ်ယောက်ယောက်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ရင်တော့ နှင်းဆီ နှစ်ဆယ့်ငါးပွင့် ပို့လိုက်ပါ

မင်းကို ချစ်မြတ်နိုးရလွန်းလို့ အရူးတစ်ပိုင်းဖြစ်နေပါပြီ ဆိုရင်တော့ သုံးဆယ့်ခြောက်ပွင့်သော နှင်းဆီ (သုံးဒါဇင်)ကိုသာ သူ့လက်ထဲ အပ်လိုက်ပါဗျာ

နှင်းဆီ အပွင့်လေးဆယ်နဲ့ ကိုယ်မင်းကို အချစ်စစ် အချစ်မှန်နဲ့ ချစ်တာပါ လို့ သက်သေပြနိုင်ပါတယ်

မင်းအတွက် ကိုယ့်အချစ်တွေက အဆုံးအစမဲ့ပါ လို့ အသိပေးချင်တယ်ဆိုရင်တော့ အဖိုးအတန်ဆုံး၊ အလှဆုံး နှင်းဆီတွေကို အပွင့်ငါးဆယ် အနည်းဆုံးထားပြီး များနိုင်သမျှ များများသာ စုစည်းပြီး ပေးလိုက်ပေတော့ဗျို့။

နောက်မှ နှင်းဆီနဲ့ ပတ်သက်တာတွေကို ဆက်ရေးပါဦးမယ်ခင်ဗျာ။

စုဆောင်းတင်ပြသူ - မိုးကုတ်သား

ပန်းစကား ၁


ပန်းစကား

ကျွန်တော့် စာအုပ် အဟောင်းလေးတွေ ပြန်ရှင်းရင်းနဲ့ Floral Dictionary ဆိုပြီး ကူးမှတ်ထားတဲ့ ဒီ ပန်းစကား ကို သွားတွေ့လို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

၁။ ကံ့ကော် - မပြောင်းလဲတဲ့ ထာဝရ အချစ်
၂။ ကြာ - မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ရင်းနှီးခင်မင်ကြရအောင်
၃။ ခရေ - မေ့မသွားပါနဲ့
၎။ ခတ္တာ - အားငယ်ရသူမို့ ညှာတာပါ
၅။ ချယ်ရီ - တစ်နေ့နေ့တော့ ဝေးရဦးမယ်
၆။ ခေါင်းလောင်း - အမြန်ဆုံး နီးခွင့်ရချင်ပြီ
၇။ ဂန္ဓမာဖြူ - ငြိမ်းချမ်းပါစေ
၈။ ဂန္ဓမာဝါ - သတိရနေမယ်
၉။ ဂမုန်း - မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရသူပါ
၁၀။ စပယ် - မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်
၁၁။ ဆပ်သွားဖူး - သစ္စာမရှိသူအတွက် ဝမ်းနည်းနေရသူပါ
၁၂။ ဆောင်တော်ကူး - မင်းကြောင့် ရူးနေပြီ
၁၃။ ဆယ့်နှစ်ရာသီပန်း - ရိုးသားဖြူစင်ခြင်း
၁၄။ ညမွှေးပန်း - အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
၁၅။ ဒေလီယာ - မကြာခင်မှာ ဆုံတွေ့ကြရအောင်
၁၆။ ဒန်း - ဘဝကို အရှုံး မပေးနဲ့
၁၇။ ဒေါန - တို့တွေ ခွဲခွာကြပါစို့
၁၈။ နှင်း - အဆင်မပြေမှုတွေက ခဏပါ
၁၉။ နှင်းဆီ - ကိုယ်တော့ မင်းကို ချစ်မိနေပြီ
(နှင်းဆီဝါက မိတ်ဆွေဖြစ်မှုကို ရည်ညွှန်းသလို၊ မနာလိုဘူး လို့လဲအဓိပ္ပါယ်ရပါတယ်။ နှင်းဆီနီကတော့ အချစ်ကို ကိုယ်စားပြုပါတယ်)
၂၀။ နေကြာ - မင်းဘဝရှ့ရေး အဆင်ပြေဖို့ တာဝန်ယူတယ်
၂၁။ ပိတောက် - မင်းဟာ ကိုယ့်ဘဝအတွက် ရှားပါးတဲ့ ဆုလာဘ်ပါ
၂၂။ ပျားခတ် - မင်းဟာ ဒီပန်းလေးလို လှတဲ့သူ တစ်ယောက်ပါ
၂၃။ ဖယောင်း - အထီးကျန်၊ ကြေကွဲ အားငယ်နေရသူပါ
၂၄။ မြတ်လေး - ဇွဲသတ္တိရှိပါ
၂၅။ မိုးမခ - လွမ်းဆွတ် ကြေကွဲနေရပြီ
၂၆။ သဇင် - ကျေးဇူးပြု၍ မမုန်းပါနဲ့
၂၇။ သစ်ခွ - ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
၂၈။ သော်က - ကိုယ့်ကို ခွင့်လွှတ်ပါကွာ
၂၉။ သံလွင် - အောင်မြင်မှုကို ဂုဏ်ပြုပါတယ်
၃၀။ ရွက်လှ - နှုတ်ဆက်ပါတယ်
၃၁။ ဝိုင်အိုလက်(ခရမ်း) - မျှော်လင့်သလို ဖြစ်လာပါစေ
၃၂။ အုန်း - ကံကောင်းခြင်း

ရေးသားသူ - မိုးကုတ်သား

Friday, November 7, 2008

ငှက်ကလေးတစ်ကောင်


ငှက်ကလေးတစ်ကောင်



ငှက်ကလေး တစ်ကောင် ဟာ ဆောင်းခိုဖို့ အတွက် တောင်ပိုင်းကို ဦးတည်ပြီး ပျံနေတယ်။ ရာသီဥတုက အေးလွန်းလှတဲ့အတွက် ငှက်ကလေးဟာ အင်မတန် အေးခဲလာပြီး ဆက်မပျံနိုင်တော့ဘဲ ကွင်းပြင်ကျယ်ကြီးထဲ ပြုတ်ကျသွားခဲ့တယ်။
သူက ကွင်းပြင်ကြီးထဲမှာ လှဲပြီး အနားယူနေတုန်း နွားတစ်ကောင်က သူ့ကိုယ်ပေါ် မစင်စွန့်သွားခဲ့တယ်။
ငှက်ကလေးက သူ့ အတောင်တွေ အေးခဲနေတဲ့ အတွက် အဲဒီနောက်ချေးပုံထဲက ပျံမထွက်နိုင်သေးဘူး။ နောက်ချေးပုံထဲမှာ လဲလျောင်းနေရင်း တဖြည်းဖြည်းနဲ့ သူနွေးထွေးလာတာကို သတိထားမိလာတယ်။
အိုး၊ ဒီနောက်ချေးကြောင့် သူ အေးခဲနေရတာတွေ သက်သာရာ ရသွားတာကိုး။
သူက အဲဒီနောက်ချေးပုံထဲမှာ နွေးနွေးထွေးထွေး လဲလျောင်းနေလိုက်ရင်းက ပျော်ရွှင်လာတယ်။ ဒါနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ သီချင်း တစ်ပုဒ်ကို စပြီး သီဆိုလိုက်တယ်။
အဲ့ဒီအချိန်မှာ ကွင်းပြင်ကိုဖြတ်သွားတဲ့ ကြောင်တစ်ကောင်က ငှက်ကလေး သီချင်းဆိုနေတဲ့ အသံကို ကြားပြီး ဘယ်နေရာက လာသလဲ စူးစမ်းရှာဖွေတော့တယ်။ အသံထွက်လာရာနောက်ကို ခြေရာခံလိုက်ရင်း နောက်ဆုံးတော့ နောက်ချေးပုံထဲမှာ ငှက်တစ်ကောင်ရှိနေတာကို သိသွားခဲ့တယ်။ ဒါနဲ့ အဲ့ဒီကြောင်က ငှက်ကလေးကို နောက်ချေးပုံထဲက ဆယ်ယူလိုက်ပြီး စားလိုက်တော့တယ်။

၁) ကိုယ့်အပေါ် မစင်စွန့်သွားတဲ့ (ဒုက္ခရောက်စေတဲ့) သူတိုင်းဟာ ကိုယ့်ရန်သူတွေ ဟုတ်ချင်မှ ဟုတ်မယ်။
၂) ကိုယ့်ကို မစင်ပုံ (ဒုက္ခ) ထဲက ဆွဲထုတ်ပေးတိုင်းလဲ မိတ်ဆွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မရဘူး။

၃) နောက်ပြီး မစင်တွင်းနက်ထဲ (ဒုက္ခ တွင်းနက်ထဲ) ကျနေတဲ့အခါ ကိုယ့်ပါးစပ်ကို ပိတ်ထားတာ အကောင်းဆုံးပဲ။


ဘာသာပြန်သူး မိုးကုတ်သား

Wednesday, November 5, 2008

HKM+YMK Wedding Day (November 02; 2008; Sunday 7:00pm)


HKM+YMK Wedding Day (November 02; 2008; Sunday 7:00pm)

နိုဝင်ဘာ နှစ်ရက်၊ ၂၀၀၈ခုနှစ်၊ တနင်္ဂနွေနေ့ ညနေ ၇း၀၀နာရီ။
တစ်ဖွဲဖွဲ ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေက စုံသလောက် ဖြစ်နေပြီ။ သူငယ်ချင်း တစ်ချို့ဆို စောစောလာဖီု့ မှာထားတဲ့အတွက် ၆း၀၀နာရီ လောက် ကတည်းက ရောက်လို့ နေကြတယ်။ သတို့သား၊ သတို့သမီး ထွက်အလာကို စောင့်ရင်း သူငယ်ချင်းဟောင်း၊ မိတ်ဆွေ ဟောင်းတွေ အားလုံး ပျော် တစ်ပြုံးပြုံး စကား လက်ဆုံကျလို့။
၇း၃၀နာရီ။ ဧည့်ပရိတ်သတ် တွေက စုံနေပြီ။ သတို့သား၊ သတို့သမီးက ထွက်မလာနိုင်သေး။ အားလုံးက လည် တစ် ဆန့်ဆန့်။ တော်ပါသေးရဲ့။ RIT Alumini အနုပညာ အသင်းအဖွဲ့က ပရိတ်သတ်ကို ထိန်းထားနိုင်ပေလို့။ မကြားရတာ ကြာပြီဖြစ်တဲ့ မြန်မာသီချင်းတွေက နားမှာ အေးချမ်း ငြိမ့်ညောင်း လို့နေတယ်။
(ပရိတ်သတ်ကတော့ သတို့သမီး အလှပြင်တာ မပြီးသေးလို့ လို့ ထင်နေကြသည်။ တကယ်တော့ သတို့သားမှာ တောင်ရှည်ပုဆိုး မ၀တ်တတ်လို့ ၀တ်တတ်တဲ့သူ လိုက်ရှာပြီး အကူအညီ တောင်းနေရတာ။ ကယ်တင်ရှင် ကိုဩဘာ မစပေလို့ အဆင်ပြေသွားရသည်။ ဟီးဟီး ဖွလိုက်ပြီ။ သွားမပြောနဲ့၊ အနော်ဖွတာလို့)။
၈း၀၀နာရီ။ သတို့သား၊ သတို့သမီး ထွက်လာတော့မယ်တဲ့။ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ပေးနေတဲ့ ဘော်ဒါတွေကို အပြေးအလွှား လိုက်ခေါ်နေတာ မြင်တဲ့ ပရိတ်သတ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ အားလုံးရဲ့ အကြည့်တွေက ခန်းမ အ၀င်ဝဆီကို။ စင်မြင့်ပေါ်က သတို့သား၊ သတို့သမီးကို ဆင့်ဆို ဖိတ်ခေါ်လိုက်တယ်။ ငြိမ့်ညောင်းတဲ့ မင်္ဂလာတေးသွားနဲ့ အတူ၊ သတို့သား၊ သတို့သမီးက ခန်းမထဲ တစ်လှမ်းချင်း။ မြန်မာ့ရိုးရာ ၀တ်စုံကို မမြင်ဖူးတဲ့ ဧည့်ပရိတ်သတ် တွေဆီက အံ့ဩတဲ့ အသံတွေ ထွက်လာပြီး ရင်သပ်ရှုမော ဖြစ်လို့။ လက်ခုပ်သံတွေက တစ်ဖြောင်းဖြောင်း။
သတို့သား၊ သတို့သမီး စင်မြင့်ပေါ်ကနေ ဧည့်ပရိတ်သတ်ကို နှုတ်ဆက်ပြီး နောက်တော့ မင်္ဂလာ လက်စွပ်ကို ဦးမိုးမြင့်၊ ဒေါ်မို့မို့ဟန် တို့က ဆင်မြန်းပေးပါတယ်။ မင်္ဂလာ ပန်းကုံးကို ဦးသန်းဝင်း၊ ဒေါ်သင်းဝင်းအေးတို့ကနေပြီး ချီးမြှင့်ပေးကြပါတယ်။
သတို့သား၊ သတို့သမီး စားပွဲဝိုင်းမှာ နေရာယူပြီးတာနဲ့ ခန်းမတစ်ခုလုံး က မီးတွေမှိတ်သွားတယ်။ တီးလုံးသံက မြူးမြူးကြွကြွ။ မီး အလင်းစလေးတွေ ခန်းမ၀င်ပေါက်ကနေ တီးလုံးနဲ့ အတူ ပြေးဝင်လာကြတယ်။ အဲ့ဒီ ဆီမီးစလေးတွေ တန်းစီ ၀င်လာပြီးတော့ ဧည့်စားပွဲဝိုင်းတွေ ဘေးတစ်ဘက်တစ်ချက်ဆီမှာ နေရာယူကြတယ်။ မီးတွေ ပြန်လင်းလာတော့ တူညီဝတ်စုံ ၀တ်ဆင်ထားတဲ့ မိန်းခလေးတွေက ဆီမီးခွက်လေးတွေ ပါတဲ့ ဗန်းကလေးတွေ ကိုယ်စီနဲ့ ဧည့်ပရိတ်သတ်ကို စားဖွယ်ရာ တည်ခင်းဧည့်ခံဖို့ အဆင်သင့် ဖြစ်နေပြီ။
၈း၃၀ နာရီ။ နောက် ၀တ်စုံ တစ်စုံလဲရမဲ့ အချိန် ရောက်နေလို့ သတို့သား၊ သတို့သမီးလဲ သုံး၊လေးဝိုင်း လောက်ပဲ ဧည့်ခံနိုင်ပြီး အ၀တ်လဲခန်းကို ပြေးရပြန်တယ်။ အချိန်က သိပ်မကျန်တော့ ဧည့်ခံပွဲကို တာဝန်ယူထားတဲ့ ဟိုတယ်လ် မန်နေဂျာလဲ လိုက်လောဆော်ရင်း မောနေပုံပဲ။
၈း၃၀နာရီ။ ဒီတစ်ခါတော့ သတို့သား၊ သတို့သမီးက အနောက်တိုင်း ၀တ်စုံနဲ့ ပြန်ဝင်လာပါတယ်။ စင်မြင့်ပေါ်မှာ ရှန်ပိန်ပုလင်းကို ဖောက်ဖို့တောင် အားမရှိတော့တဲ့ သတို့သားခင်ဗျာ တော်တော်လေး ခက်ခက်ခဲခဲကို ပုလင်းဖုံးပွင့်အောင် ကြိုးစားနေရတယ်။
ဖောင်း ပုလင်းဖုံးပွင့်သွားတော့ လက်ခုပ်သံတွေ ပြန်ကြားရတယ်။ ရှန်ပိန်နဲ့ ချီးမြှောက်ပွဲ ပြီးတော့ သတို့သား၊ သတို့သမီးက ဧည့်ပရိတ်သတ်ကို ဧည့်ခံနှုတ်ဆက်ပါတယ်။ (အင်း၊ ကျွန်တော့်လေသံလဲ မကြည့်ရတာ ကြာပြီဖြစ်တဲ့ မြ၀တီ သတင်းသံ ပေါက်နေပြီ။) သတို့သား၊ သတို့သမီးလဲ ရုံးတော်သားတွေ နှိပ်စက်လိုက်တာ တော်တော် များသွားလို့ ကျန်တဲ့ဝိုင်းတွေကို မနဲ ပြီးအောင် လိုက်နှုတ်ဆက်ရတယ်။
၉း၃၀နာရီ။ ၀ိုင်းတော်သူ ၀ိုင်းတော်သား၊ ရုံးတော်သူ ရုံးတော်သား၊ မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းတွေ အားလုံး ပျော်ပျော်ပါးပါးနဲ့ မင်္ဂလာဧည့်ခံပွဲလဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါတယ်ခင်ဗျာ။
မင်္ဂလာ ဧည့်ခံပွဲပုံတွေကို စုဆောင်းမပြီးသေးလို့ ရှိသမျှ ပုံလေးတွေကိုပဲ လောလောဆယ် တင်ထားပေးပါတယ်။




ဒီဓာတ်ပုံတွေကို Picasa မှာလဲ တင်ထားပါတယ်။ ဒီကနေ သွားလို့ ရပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Tuesday, November 4, 2008

Knowledge is Free (ဗဟုသုတတွေကို အခမဲ့ မျှဝေပေးနေတဲ့ website တစ်ချို့)

Knowledge is Free (ဗဟုသုတတွေကို အခမဲ့ မျှဝေပေးနေတဲ့ website တစ်ချို့)


ဒီ website လေးက ကွန်ပျူတာနဲ့ ပတ်သက်တဲ့ e-book တော်တော်များများကို download လုပ်နိုင်အောင် စုံစုံလင်လင် တင်ပေးထားပါတယ်။ တော်တော် အသုံးတဲ့ပါတယ်။

ဒီ website လေးကနေ softwares, musics, movies, games, e-books တွေကို download လုပ်နိုင်ပါတယ်။

website တွေကို သွားချင်ရင် ပုံကို နှိပ်ပါခင်ဗျာ။

Monday, November 3, 2008

Presentation @ HKM+YMK Wedding


Presentation @ HKM+YMK Wedding

ကျွန်တော်လဲ သူငယ်ချင်း မင်္ဂလာဆောင်နဲ့ နဲနဲ အလုပ်ရှုပ်သွားတော့ စာတွေလဲ ၀င်မဖတ်ဖြစ်သလို ဘယ်သူ့ အိမ်ကိုမှလဲ အလည်မရောက်နိုင်။ မင်္ဂလာ ဧည့်ခံပွဲကို နွှဲလိုက်ရသူ၊ မနွှဲလိုက်ရသူ မိတ်ဆွေ၊ အပေါင်းအသင်း၊ ရောင်းရင်း၊ သူငယ်ချင်း အားလုံးအတွက် မင်္ဂလာဆောင်နေ့မှာ ပြခဲ့တဲ့ Slide Show Presentation ကို လောလောဆယ် တင်ပေးထားချင်လို့ပါ။ မင်္ဂလာပွဲနေ့က ဓါတ်ပုံတွေကတော့ စုဆောင်းနေဆဲ မို့ နောက်မှပဲ........



Saturday, November 1, 2008

အမှတ်တရ ညလေး


2008 October 31; 8:00pm
အမှတ်တရ ညလေး

ဆရာလှိုင် စီးတီးဟောကို လာမယ်တဲ့။
ရုံး ဆင်းခါနီး ဝင်လာတဲ့ သတင်းကြောင့် ဟုတ်တာ မဟုတ်တာ အပထား၊ စီးတီးဟောကို အပြေးအလွား သွားလိုက်တယ်။ ဆရာလှိုင် ဆိုတာက ကျွန်တော်တို့ရဲ့ ဆရာသမား အရင်းခေါက်ခေါက်ကြီး ပဲဗျာ။
စီးတီးဟောကို ရောက်တော့ တကယ်ပဲ ဆရာ ရောက်နေတာကိုး။ အမယ်၊ ဆရာက နေအောင်လိုလို၊ ညွန့်ဝင်းလိုလိုနဲ့ အလန်းပဲဗျ။


Dr. Maung Hlaing

ဆရာရောက်နေတယ် သတင်းကြားတဲ့ တပည့်တွေလဲ အလျှို အလျှို ရောက်လာကြတာ၊ ဆရာလဲ မတွေ့ရတာ ကြာနေတဲ့ တပည့်တွေနဲ့ အခုလို ပြန်ဆုံရတော့ ပျော်နေတယ်။ ကျွန်တော်တို့ အားလုံးလဲ မမျှော်လင့်ပဲ ဆရာနဲ့တွေ့ရတော့ ပျော်ကြတယ်။
လာတွေ့ကြတဲ့ တပည့်တွေအားလုံး စုပေါင်းပြီး ဆရာ့ကို ထိုင် ကန်တော့ကြတော့ ဆရာက ပီတိတွေဖြာလို့။ နောက်တော့ ဆရာနဲ့ အနီးအနားတစ်ဝိုက် တစ်ပျော်ကြီး လမ်းလျှောက် ထွက်ကြတယ်။





နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ ဆရာ့ကို လေဆိပ် လိုက်ပို့ နှုတ်ဆက်ကြရင်း



နောက် နောင်မှာလဲ ဆရာဟောင်း၊ တပည့်ဟောင်းတွေ ပျော်ရွှင်ရင်းနှီး ချစ်ကြည်စွာ ဆုံတွေ့နိုင်ဖို့ ဆုတောင်းလျှက်