Sunday, May 6, 2012

တစ်နေ့နေ့



တစ်နေ့နေ့




လေစီးကြောင်းထဲမှာ
စီးမျောပါရွှေ့လျား
တိမ်လွှာပါးပါးလေးတွေက
ငါနဲ့လမင်းကြား
ပ၀ါပါးပါး
ခြားထားသလိုပေါ့ ။

လေနှင်လို့ တိမ်မျှင်တွေ လွင့်ပြယ်တဲ့အခါ
ငါ....
လမင်းလေးကို
ဝင်းဝင်းပပ
မြင်ခွင့်ရမှာပါ ။    ။


မိုးကုတ်သား

9.10.1997

4 comments:

mstint said...

ဒီလို နူးညံ့သိမ်မွေ့တဲ့ စကားလုံးလေးတွေနဲ့
ကဗျာတစ်ပုဒ်ကို ဘိုဘို ဖန်တီးတတ်မယ်လို့
မထင်ခဲ့ဘူး။ Bravo !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

:P said...

တိမ်မျှင်.. (ဒုတိယပိုဒ်)

နုဖတ် အုအတ်နေတာပါလား...ကွယ်..

Mogok Thar said...

မစဉ်စဉ်ရေ
ပြင်လိုက်ပါပြီခဗျ
တီတင့်ရေ လာလည်တာ ၀မ်းသာပါ၏


ကျေးဇူးတင်ပါတယ်ခဗျာ

သိ င်္ဂါ ရ said...

ဒီရက်ပိုင်းတော့ ...

တိမ်လွှာပါးပါးလေးကို တွေ့နေမိပါတယ် ...။

ပြင်ဦးလွင် ဟိုတယ် တစ်ခု ဆလိုက်ထိုးတာလို့လည်း

ပြောတော့ ပြောကြတာပါပဲ ... :)