Sunday, December 13, 2009

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ(၂)


သုခရိပ်မြုံလေးနဲ့ပတ်သက်ပြီး တစ်ချို့က ဖေါ်ဝပ်မေးလ်တွေကတဆင့် တစ်ချို့က ဘလော့ကို ၀င်ဖတ်မိပြီး ထင်ထားတာထက်စိတ်ဝင်တစား မေးမြန်း လှူဒါန်းကြတဲ့ အတွက် အတိုင်း မသိ ၀မ်းသာကြည်နူးဖြစ်ရပါတယ်..။
သုခရိပ်မြုံမိသားစုကိုယ်စား မိဘမဲ့ ရောဂါသည်ကလေးလေးတွေရဲ့ကိုယ်စား အားလုံးကို
ကျေးဇူးတွေတင် မေတ္တာတွေပို့သနေပါတယ်..။
အခု ပိုစ့်လေးကတော့ သုခရိပ်မြုံနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲလေးပါ သုခရိပ်မြုံ(၂) လို့ နာမည်ပေးထားတာ ကတော့ နောက် သုခရိပ်မြုံနဲ့ပတ်သက်သမျှ ကို အလျင်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်လို့ပါ..။
သုခရိပ်မြုံနဲ့ ပတ်သက်တဲ့ ဘလော့လေးတစ်ခုလုပ်ဖို့လည်း ၀ိုင်းဝန်း ကြိုးစားနေကြပါတယ်..။
အားလုံးသဘောပေါက်ကြတဲ့ အတိုင်း အချိန်က အဓိကကျနေတော့ အခုလောလောဆည် မကြာမှီ လာမည် မျှော်.....လို့ပဲပြောနိုင်ပါသေးတယ်..။

အခုသုခရိပ်မြုံနဲ့ဆက်သွယ်မေးမြန်းစုံစမ်းထားသမျှအသေးစိပ်အချက်အလက်ကလေးတွေ
စုဆောင်းတင်ပြလိုက်ပါတယ်..။
သုခရိပ်မြုံကို တိုက်ရိုက်သွားမေးပေးတဲ့ မိုးလှိုင်ည ၊
မေးခွန်းတွေကို ဖြေပေးတဲ့ တာဝန်ခံဆရာမ ဒေါ်အေးအေးမြင့် ၊
ဖုန်းနဲ့ နားပူခံပေးတဲ့ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဆရာမစုထား အားလုံးကို ကျေးဇူးတင်ပါတယ်..။
အောက်မှာ ဖေါ်ပြထားတဲ့ပုံလေးကတော့ ဆရာမဒေါ်သန်းမြင့်အောင်က သုခရိပ်မြုံအကြောင်းကို
အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ပြောပြနေတဲ့ ပုံလေးဖြစ်ပါတယ်။



သုခရိပ်မြုံဂေဟာလေးမှာ ခုအချိန်အထိ

၁ နှစ် အရွယ် ကလေးငယ် ယောက် …
မူကြိုအရွယ် ကလေးငယ် ၂နှစ်မှ ၅နှစ်ကြား ၁၀ယောက်
၅ နှစ်ကလေး ယောက်
၅ နှစ် ကနေ ၁၀ ကြား ကလေး ၁၆ ယောက်
၁၀ နှစ်အထက် ယောက်
စုစုပေါင်း(၄၅)ယောက်တိတိကို ကျွေးမွေးပြုစုဆေးကုသပေးလျှက်ရှိပါတယ်..။

ကလေးငယ်များအတွက် အဓိက လိုအပ်ချက်မှာ…အစားအစာ နဲ့ ဆေးဝါး.. ဖြစ်ပါတယ်…

အစားအစာအနေနဲ့ ကလေးငယ်များအား တစ်နေ့ ခြောက်ကြိမ် ကျွေးမွေးပါတယ်…
ခွန်အားဖြစ်စေတဲ့ အစားအစာ ကိုယ်ခံစွမ်းအားတွေ သန်မာလာစေနိုင်မယ့် အစားအစာတွေကို
စနစ်တကျ ကျွေးမွေးရတယ်လို့သိရပါတယ်..။

နံနက်စာကို မနက် ၇ နာရီတွင် ကျွေးမွေးပြီး… ပဲပြုတ်ထမင်း၊ ခေါက်ဆွဲပြုတ်နဲ့ …
ဗိုက်ပြည့်စေမယ့် အခြားအမယ်များပါကျွေးမွေးပါတယ်..။
နံနက် ကိုးနာရီအချိန်တွင် .. အဆာပြေ နွားနို့ ဘီစကစ်
နံနက် ၁၁ နာရီနဲ့ ၁၂ အချိန်တွင် နေ့လည်စာ ထမင်း
နေ့လည် ၂ နာရီ အချိန်မှာ အဆာပြေ အိုဗာတင်းနဲ့ ဘီစကစ်
ညနေ ၅ နာရီအချိန်တွင် ညနေစာ ကျွေးမွေးပါတယ်…။
ည အဆာပြေကို ည ၈ နာရီအချိန်တွင် ကြက်ဥ၊ နွားနို့ တို့ ထပ်မံကျွေးမွေးပါတယ်…။

ကလေး(၄၅)ယောက်စာတစ်နေ့ကို စားစရိတ် ငွေ ကျပ် ၅၀၀၀၀ ကနေ ကျပ်၆၅၀၀၀ ၀န်းကျင်အထိကုန်ကျပြီး
ဆေးဝါးအနေနဲ့ကတော့ ကုထုံးဆေးဝါးများအပြင် အားဆေးအဖြစ် Multivita နဲ့ ပရိုဗီမင် အားဆေးတွေကို တိုက်ကျွေးတယ်လို့သိရပါတယ်.။

လက်ရှိအဆောက်အဦနဲ့မြေနေရာကကျဉ်းမျောင်းနေပြီး.အဆောက်အဦတိုးချဲ့ဖို့လည်း
လိုအပ်နေပါတယ်.။ကလေးလေးတွေ ကစားကွင်းသေးသေးလေးလဲလိုအပ်နေပါတယ်.။

နောက် လက်ရှိကလေးလေးတွေ အရွယ်ရောက်လာတဲ့ အခါ မိန်းကလေး ယောက်ျားလေး သီးသန့်
GROUP HOME ပုံစံထားပေးနိုင်ဖို့အတွက် မြေကွက်တစ်ကွက်ဝယ်ပြီး အဆောက်အဦဆောက်ဖို့
အစီအစဉ် ရှိတယ်လို့ ဆရာမစုထားက ပြောပြပါတယ်။

သူတို့လေးတွေ အတန်းပညာဆက်သင်ချင်တဲ့သူတွေအတွက် သူတို့ရောက်နိုင်တဲ့ ပညာအဆင့်အတန်း အထိပြီးမြောက်အောင် ၊
အသက်မွေးဝမ်းကျောင်းပညာတွေတတ်ချင်သူတွေအတွက် ၀ါသနာပါရာလက်မှုပညာတွေ
ကိုယ်စီကိုယ်ငှ တတ်မြောက်အောင်၊
လူတစ်လုံးသူတစ်လုံးလူလောကထဲမှာတင့်တောင့်တင့်တယ်အခြေချနိုင်သည်အထိ
ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ကြောင်း ကြည်နူး ၀မ်းသာဖွယ်ရာကြားသိရပါတယ်.။

အလှူအနေနဲ့ကတော့ စားစရိတ်ကို အပေါ်မှာ
ဖေါ်ပြထားတဲ့ အတိုင်း ဘယ်အနပ်အတွက်ဘယ်လောက်စသဖြင့်လှူဒါန်းနိုင်သလို

ကလေးလေးတစ်ယောက်စားစရိတ်အဖြစ်
တစ်နေ့ကို ၁၅၀၀ ကျပ်နှုန်း တစ်လကို ၄၅၀၀၀ကျပ်သတ်မှတ်ထားရှိပါတယ်.

ကလေးလေး တစ်ယောက်ချင်းစီအတွက်
စားစရိတ်တာဝန်ယူပြီးလည်း လစဉ်လှူဒါန်းနိုင်ပါတယ်.။
လစဉ်လှူဒါန်းလိုသူတွေအနေနဲ့ " thukhayeikmyone@gmail.com " ကို
တိုက်ရိုက်မေးလ်ပို့ပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်.။

သုခရိပ်မြုံ ဂေဟာလေးရဲ့တည်နေရာကတော့

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ဆက်သွယ်လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့

(၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)

(၂) ဒေါက်တာ ထားထား ( စုထား ) suhtar@gmail.com
( ၀၉-၂၀၁-၇၉၆၁) တို့ဖြစ်ပါတယ်..။

နေ့စဉ်အလှူ့ရှင်စာရင်းတွေကို ဆိုဒ်ဘားမှာတင်ပေးသွားမှာဖြစ်ပြီး
စာရင်းပေးသွင်းထားသူတွေအနေနဲ့
ကျေးဇူးပြုပြီး ၂၀၁၀ ဇန်န၀ါရီ ၅ ရက်နေ့နောက်ဆုံးထား
ငွေပေးပို့ လွှဲပြောင်းပေးစေ့လိုပါတယ်..။

သုခရိပ်မြုံလေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလည်း
ဒီဘလော့လေးမှာ ဆက်လက် ရေးသားတင်ပြပေးသွားပါ့မယ်..။

ကျွန်မတို့ တစ်ဦးချင်းစီရဲ့ငွေကြေးလေးတွေကိုစုပေါင်းပြီး
သူတို့လေးတွေအတွက် အစားအစာလေးပဲရရ..ဆေးဝါး..ဒါမှမဟုတ် နေစရာ ထိုင်ခင်းလေး...
ကျောင်းစရိတ်လေးပဲဖြစ်ဖြစ်.............. လိုနေတဲ့ ကွက်လပ်တစ်ခုခုကိုတော့ ဖြည့်စွမ်း ပေးနိုင်ကောင်း မှာပါ...။
တွေးမိတိုင်း ကြည်နူးပိတိဖြစ်ကြရမယ့်
အမှတ်တရ အလှူဒါနလေး ဖြစ်နေမှာတော့မှာဖြင့် သေချာနေပါတယ်လေ..။



အမ အိန္ဒြာရဲ့ ဘလော့မှ ကူးယူဖော်ပြပါတယ်။



ဆက်လက်လှူဒါန်းကြမယ့်အလှူရှင်များကိုလည်း ဖိတ်ခေါ်ပါတယ်။ လှူဒါန်းနေကြသော၊ လှူဒါန်းခဲ့ကြသော အလှူရှင်များ အားလုံးကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း.....။

အလှူရှင်များ၏ အမည်များကို ဆိုဒ်ဘားတွင် အမြဲ update လုပ်ပေးသွားမှာဖြစ်ပါကြောင်း....။

မေတ္တာဖြင့်

မိုးကုတ်သား

2 comments:

ဆောင်းချမ်းမိုး said...

ကျနော်တို့ချွေးနည်းစာလေးတွေနည်း အခုလိုလှူလိုက်ရလို့ ၀မ်းသာပီတိဖြစ်မိပါတယ်ဗျာ..။ နောင်လည်း အလျဉ်းသင့်သလို လှူပါအုံးမယ်။

ဒဏ္ဍာရီ said...

ပရဟိတ လုပ်ငန်းတွေအတွက် သာဓုခေါ်ပါတယ် ကိုမိုးကုတ်သားရေ....
တစ်ခုလောက် ပြောမလို့ .. ဟိုး... အပေါ်ဆုံးမှာ ရေးထားတဲ့ 'အလှူငွေ သိုင်းသန်း" ဖြစ်နေတယ်။ "၀ိုင်းဝန်း" မဟုတ်ဘူးလား။ မသိဘူးနော် ထင်တာ ပြောသွားတာပါ။

ခင်မင်လေးစားလျှက်