သုံးဆယ့်တစ်ဘုံ အလွမ်း
နွေ၊မိုး၊ ဆောင်းတွေနဲ့ ဝေးနေခဲ့တာ
အချိန်အတော်ကြာခဲ့ပြီ။
တစ်ရာသီမှာမှ တစ်ခါတောင် မပွင့်ဝေနိုင်ခဲ့
အဲ့ဒီ အိမ်မက်ဖူးတွေက စိုစွတ်လှုပ်ခါလို့။
အိပ်တန်းပြန်ငှက်တွေကို စီးနင်းပျံသန်း
အိမ်အပြန်လမ်းတွေ ငေးရီနေခဲ့ရတာ
ရာသီစာ သုံးခု ကျော်ခဲ့ပြီ။
ငါ့ အိမ်အပြန်လမ်းတွေက မခက်ခဲလှပေမဲ့
ဒုတိယ နတ်ဘုရားကျိန်စာသင့်နေခဲ့လေတော့
သုံးဆယ့်တစ်ဘုံမှာ
စိတ်တွေသာ ခြေရာကျန်ရစ်...
အော်...
........
စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။
**************
နွေ၊မိုး၊ ဆောင်းတွေနဲ့ ဝေးနေခဲ့တာ
အချိန်အတော်ကြာခဲ့ပြီ။
တစ်ရာသီမှာမှ တစ်ခါတောင် မပွင့်ဝေနိုင်ခဲ့
အဲ့ဒီ အိမ်မက်ဖူးတွေက စိုစွတ်လှုပ်ခါလို့။
အိပ်တန်းပြန်ငှက်တွေကို စီးနင်းပျံသန်း
အိမ်အပြန်လမ်းတွေ ငေးရီနေခဲ့ရတာ
ရာသီစာ သုံးခု ကျော်ခဲ့ပြီ။
ငါ့ အိမ်အပြန်လမ်းတွေက မခက်ခဲလှပေမဲ့
ဒုတိယ နတ်ဘုရားကျိန်စာသင့်နေခဲ့လေတော့
သုံးဆယ့်တစ်ဘုံမှာ
စိတ်တွေသာ ခြေရာကျန်ရစ်...
အော်...
........
စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။
**************
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
25 comments:
အစ်ကိုရေ ကဗျာလေး ကြိုက်လိုက်တာ။ ခေါင်းစဉ်လေးကို အကြိုက်ဆုံးပဲ။
အလို...ထူးထူးဆန်းဆန်း ၁ တွေ ဘာတွေရလို့ =)
ပျော်လိုက်တာ :D
အဆင်မပြေသေးဘူးလား ဘိုဘိုရေ. ဟီးဟီး
ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး။
မှန်းလိုက်တိုင်းအဆင်ပြေနိုင်ပါစေလို့ပဲ ဆုတောင်းပေး
သွားတော့မယ်။
မကြီးဝါ
ကိုကိုရေ....
မှန်တယ်ဗျ.
စိတ်တွေဝေဒနာဖြစ်နေတယ်...
စိတ်တွေ စိတ်တွေ...
ကျိန်စာသင့် နေတဲ့စိတ်တွေ....
ဒုတိယ နတ်ဘုရားလက်မှ လွတ်ပါစေ....
၃၁ ဘုံ အလွမ်းတွေ ကျော်လို့
နိဗာန် အချစ်တွေ နဲ့လှပနိုင်ပါစေလို့.... ဆုတောင်းရင်းး....
ချစ်တဲ့
ညီ
မျောက်ငို
ဖိုးစိန်
ကိုဘိုရေ.. ကျနော်ကတော့ ၆၂ ဘုံအလွမ်းလေး လုပ်လိုက်မယ်.ဟဲဟဲ..
ပျော်ရွှင်ပါစေ..
ကဗျာလေးကို ကဗျာဆရာနဲ့ထပ်တူ ခံစားသွားပါတယ်..
ခင်မင်လျှက်
အဆိပ်ခွက်
တော်တော်ဆိုးတဲ့ ဆိတ်တွေ
ခြေရာတွေကျန်ခဲ့တော့ ခွာရသေးသေးလေးတွေ
ဖြစ်နေမှာပေါ့... (နောက်တာ) =)
တစ်ရာသီမှာတစ်ခါတောင်မပွင့်ဝေနိုင်ခဲ့ပေမယ့်
စိုစွတ်လှုပ်ခါနေတဲ့အဖူးတွေထဲမှာလည်း
ရနံ့အလင်းတွေသင်းနေခဲ့မှာပါ...(အတည်) .. :)
ကိုဘို ကဗျာတစ်ပုဒ်က ဒီလိုလေးနက်နေရင် ကျနော် ဖတ်ရတာ အားရတယ်ဗျာ လွတ်ကောင်းပဲဗျို့........
ကဗျာလေးကို ခံစားဖတ်ရှုသွားတယ်ဗျ
ကိုဘိုရေ
ဆောင်းနဲ့က မနေ့ကမှ တွေ့ထားတယ်လေ...
:D စတာ
ဝေဒနာတွေ ဖြေသာပါစေဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
သူလုပ်မှပဲ... သူအိမ်ပြန်ချင်တာကိုရေးတော့..မမီးပါအိမ်ပြန်ချင်စိတ်လေး..အလုပ်မအားတဲ့ကြားမှာမေ့နေတာ..ခုတော့ တတိရသွားပြီ.. ငိုချင်တယ်
အဟင့်...ဒီအိမ်ကိုရောက်တော့လဲ
လွမ်းတဲ့...ဘလော့မှာအလွမ်းပန်းတွေ
ဝေနေကြပြီဗျို့...မထူးပါဘူး...
ကျနော်လဲလွမ်းပါတယ်...
ကိုဘိုလိုပဲခံစားသွားတယ်ဗျို့ :)
ဝေဒနာကို မကြေငြာတော့ဘူးဆို....
တော်ရာမှာ ကျနော်တို့ ပျော်အောင်သာ ကြိုးစားရတော့မှာပဲ အကိုရေ
ဒီရက်ပိုင်းတွင်းမှာ..
ဒီလိုကဗျာတွေပဲ ဖတ်နေရပါလား..
ပေါချင်ဘူးကွာ.. ပေါချင်ဘူးကွာ..
ကိုဘိုဘိုရေ..မထင်ရဘူးဗျာ
တကယ်ပြောတာပါ..
ရေးချလိုက်တော့မှ..
ပြောတော့ဘူးဗျာ..
ပျော်ရွှင်ပါစေ။
ဒီဘုံဘ၀ကနေ အပြန်ကျွတ်ပါစေလို့ ဆုတောင်းပေးရမှာလား ၊ ဘာပြောရမှန်းတောင် မသိတော့ဘူး ဘိုဘိုရေ...
ကဗျာလေးက အရမ်းကောင်းတယ်ဗျာ အိမ်အပြန်လမ်းကို ငေးရီနေခဲ့တာ ရာသီ ၃ ခုတောင် ကျော်လွန်နေပြီလား တခါတလေတော့လဲ အရောက်ပြန်သင့်ပါတယ် အကိုရေ
လေးစားလျက်
တောင်ပေါ်သား
အော် သူလဲဘဲ လွမ်းနေတာကိုးးးး
ဟူးးးးးး မွေးရပ်မြေ ပြန်ချင်တယ်
ဒုတိယ နတ်ဘုရား........... အဲ့ဒါ ...
ဘာလဲ.... ငွေ လား... နောင့် တို့ တကယ် ကျိန်စာ သင့်နေတာလား...။
a yen kg te' poem lay be' .... miss home so much ............ :(
ခိုင်ကတော့လွမ်းဘူး..လောလောဆယ်..
၆လတစ်ခါလောက်ပြန်ရလွန်းလို့...အလုပ်ကမန်နေဂျာတွေနဲ့ရန်ဖြစ်ဖြစ်ပီး..အလုပ်ထွက်ထွက်နေရလို့လေ......လေယာဉ်လက်မှတ်ဖိုးမတတ်နိုင်တော့ဘူး....ဟီးဟီး.
ကိုဘိုကတော့အိမ်လွမ်းလဲကဗျာနဲ့...လွမ်း
ကျွန်းခံရင်လဲကဗျာနဲ့...ဖြေ
သွားနာရင်တောင်..ကဗျာနဲ့...အော်....တာ...
ခံစားချက်တွေနဲ့ဆက်လက်ပြီးကဗျာတွေရေးပါနော်...
အားပေးနေမယ်..
ခိုင်
ကဗျာမရေးတတ်ဘူးတဲ့... ကာရံကလန်းတယ်...
မိုက်တယ်... ခြေရာကျန်ရစ် ဝေဒနာပြန်ဖြစ်... ဒါကိုအကြိုက်ဆုံးပဲ... စင်ကာပူမှာနေတာကို တစ်ရာသီပဲရှိမှာပေါ့... ဟုတ်ဝူးလား...
အလွမ်းတွေနဲ့ (ကိုဘိုဘိုပေးတဲ့ comment ကြောင့်)
မင်းကိုချစ်တဲ့သူ
အလုပ်တွေရှုပ်နေလို့..ခုမှရောက်တော့တယ်...
အဝေးငေး..အိမ်လွမ်းနာ..ထက်...
နာကျင်စေတာ..ဘာမှမရှိနော်...
တကယ်က ကိုယ် စိတ်တိုင်းကျ..ရွေးချယ်ခဲ့တဲ့ လမ်းပေါ်မှာ..
ကိုယ် အလူးအလဲ..ကျဆုံးခဲ့ရတာ..
ရရှိနေတာလား..
ဆုံးရှုံးနေတာလား..
ပေးရတဲ့ စိတ်အရင်းအနှီးကတော့..
ကြီးလွန်းလှပါတယ်..
ခင်မင်စွာ
အမိပြေကို ပြန်နိုင်ပါစေ အစစအရာရာ အဆင်ပြေပါစေ.. နော့်...
စိတ်တွေလဲ ဝေသနာတွေနဲ့ ကျန်ခဲ့တယ်...
လူတွေလဲ ရောဂါတွေနဲ့ ကျန်ခဲ့တော့မယ် ကိုဘိုရေ...
ကဗျာကလဲ ရတာပဲနော်..ကဗျာဆရာတွေ ထိုင်ငိုနေတော့မယ်... ရေးချက်တွေက လန်ထွက်နေတာပဲ...ကိုဘိုတို့က....
သုံးဆယ့်တစ်ဘုံမှာ ရှိကြကုန်သော အချစ်...အချစ် အချစ်... ယူတော်မူကြ ပါကုန်သော်..... ဟတ်ဟတ်..
:p :P
(အလွမ်းအလွမ်းအလွမ်း..ပပျောက်စေတည်း...)
:P
ကဗျာက တအားလှပါလား ကိုမိုးကုတ်ရေ...။ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးပဲ။
“စိတ်တွေသာ ခြေရာကျန်ရစ်...
အော်...
........
စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။”
ကိုယ်လည်း “အိမ်အပြန်လမ်းတွေ ငေးရီ”နေရတဲ့ သူမို့လို့ထင်တယ်။ အဲဒီစာသားက စိတ်ထဲစွဲကျန်ခဲ့တယ်...
ဒုတိယနတ်ဘုရားရဲ့ကျိန်စာ....
အခါခါသင့်နေခဲ့ရတယ်...။
စာရွက်ပေါ်မှာ အိမ်ပုံလေးဆွဲပြီး ခေါင်းအုံးလေးမှာ ကပ်ထားလိုက်တယ်..။အိပ်မက်ထဲမှာ ကျွန်တော်ဟာအိမ်(home) ကိုေ၇ာက်နေပေါ့..။
Post a Comment