Wednesday, March 17, 2010

“မျောက်စိတ်တို” မေးသော မိုးကုတ်သား (စနေသား) ရဲ့ “ခုတလော”




“ခုတလော” ဆိုတာကို “မျောက်စိတ်တို” တက်ဂ်လာလို့ ရေးမယ် ကြံတော့မှ အရင်က “စနေသား နဲ့ ခုတလောများ....” ကို သွား သတိရတယ်။ အဲဒီထဲက “ခုတလော” တွေနဲ့ အခုလက်ရှိ “ခုတလော” တွေက မတူကြတော့ဘူး။ အင်း.. ဒါကြောင့်လဲ ကျွန်တော်က အပြောင်းအလဲ များတယ် သတ်မှတ်ခံရတာ မဆန်းပါဘူး..။ တကယ်တမ်းကတော့ အရာရာတိုင်းက စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတာ မဟုတ်လား..။ တရားသဘောနဲ့ လိုရာဆွဲပြောပါတယ်....။ ဟဲ... ဟဲ..။

လက်ရှိ “ခုတလော” မှာ ကျွန်တော် ဘာတွေလုပ်၊ ဘာတွေတွေးပြီး.. ဘာတွေ ဖြစ်နေပါလိမ့်။ တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ပြန်မစဉ်းစားတာ ကြာပြီ။ လူနဲ့စိတ်နဲ့....အင်း..... ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အခန့်မသင့်လို့ ခွာပြဲနေတာလဲ ကြာပေါ့။ “မျောက်စိတ်တို” လက်တို့မေးမှ လူနဲ့စိတ်နဲ့ ပြန်ပေါင်းဖက်ဖို့ သတိရတော့တယ်။ အဲဒီအတွက် ကျေးဇူးပါ..။


“ခုတလော”

တွေးမိနေတာက

ကိုယ် နားမလည်နိုင်တဲ့ ကိုယ့်စိတ်တွေအကြောင်းပါ။ စိတ်တွေ အလိုလိုက်တာ များပြီ..။ ဖြစ်သင့်တာ.. လုပ်သင့်တာထက်.. ကိုယ့်စိတ်ပျော်ရွှင်မှုတွေနောက်သာ တတမ်းတမ်းစွဲလိုက်နေရင်း.. ပျော်ရွှင်လိုက်.. ဝမ်းနည်းလိုက်....။ တွေးကြည့်မိတော့.. အရာအားလုံးက အကောင်းအဆိုး ဒွန်တွဲနေကြတာချည်းပဲ..။ စိတ်ပျော်ရွှင်မှုနောက် လိုက်ချင်ရင် စိတ်ဆင်းရဲမှုတွေကိုလဲ ကြုံရ၊ လက်ခံရမယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လာအောင် ကြီုးစားလို့ မရတဲ့ တစ်ချို့သော ကိစ္စတွေမှာ.. လက်လွှတ်သင့်တာ.. လက်လွှတ်ရမယ်။ လောဘသိပ်မကြီးနဲ့။ အပျော်အပါး မမက်နဲ့..။ အဲဒီလို ကိုယ့်ဘာသာ သတိ ခဏခဏပေးဖို့ တွေးနေမိတယ်။

နောက်တစ်ခုက.. လူတွေကို ကိုယ်ကချည်းပဲ ချစ်ခင်နေရရင် ကျေနပ်နေတတ်ခဲ့တဲ့ ကျွန်တော် ဟာ... ခုတော့...... တစ်ဦးတည်း.. တစ်ယောက်တည်းဆီက အချစ်ခံရဖို့..၊ တန်ဖိုးထား၊ မြတ်နိုးမှုကို .... ငတ်မွတ်နေတတ်သူ တစ်ယောက်အဖြစ် ဘာတွေက ပြောင်းလဲသွားစေတာလဲ..။ တွေးမရတာကို ထပ်.. ထပ် တွေးနေမိတယ်..။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

“အချစ်မှာ ကျွန်တော်က အတ္တကြီးတယ်” တဲ့..။


ကျန်းမာရေး

လူက ကျန်းမာတယ်။ စိတ်ကတော့ မကျန်းမာဘူး.. (ဆေးရုံတော့ မတက်ခိုင်းကြနဲ့။...။ ကိုယ့်ရောဂါအတွက် ပျောက်စေဆရာ ရှိတယ်.. ဟဲဟဲ)

ဖတ်ဖြစ်နေတာက

ကိုယ့်စိတ်ကိုယ်...။ ခုတလော ထူးထူးဆန်းဆန်း.. မကြုံဖူးတာတွေ သူ့ထဲက ထွက်ထွက်လာလို့..။ (သို့သော်.. ဖတ်သာဖတ်တယ်..။ နားမလည်...။)

ဒီနေ့မနက် ဖတ်ဖြစ်တာက ဥယာဉ်မှူးလေး ဇက် ရဲ့ “ဟာသနဲ့ဆန့်ထွက်တွေးခြင်း (၂)” ပါ။ ရင်ဘတ်ထဲ ရောက်လာတဲ့ ဇက် ရဲ့ အတွေးတွေကို ဒီကနေ မျှပေးချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

.... ဟာသက တိုတိုလေးပဲ ...။ ဒါပေမယ့် အရှည်ကြီးတွေးမိတယ်။ ဇွန်းမဖယ်ဘဲ သောက်ခဲ့တဲ့ ကော်ဖီခွက်တွေနဲ့ တူတဲ့ တခြားအရာတွေ။ ... အဲဒီတုန်းက ဒီဟာသကို တစ်သက်လုံး မှတ်မိနေမယ်လို့ မသိခဲ့သေးဘူး။ ဒါပေမယ့် ဒီဟာသရဲ့ လွှမ်းမှိုးမှုက တော်တော်လေး ရှိခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်လည်း ဒီဟာသကို အရမ်းကြိုက်ပါတယ်။ သူ စိတ်ညစ်စရာ မဟုတ်တာကို စိတ်ညစ်နေတဲ့ အခါတိုင်းမှာ "ဇွန်းဖယ်လိုက်ပါ" လို့ပြောပြီး သတိပေးလေ့ ရှိပါတယ်။ .... ဒီဟာသလေးဟာ တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ ... ဒီနေ့လည်း ဟာသလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်း ကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲ ဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီး ထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့ သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကို ဘယ်လို ကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

အဲဒါလေးဖတ်ပြီး တော်တော်သဘောကျနေပါတယ်။ တစ်ခါတစ်ခါ ထင်ထားတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ကိုယ့်ရဲ့ တောင်ဝှေးအပုလေးပဲ။ အဲဒီ တောင်ဝှေးအပုလေးကြောင့် ခါးကိုင်းနေတာမျိုးဖြစ်နေတတ်တယ်။ စိတ်ထဲမှာ ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေဟာ အဘွားအိုကိုင်ထားခဲ့တဲ့ တောင်ဝှေးပုလေးတွေဖြစ်နေတတ်တယ်။ ကိုယ့်ဒုက္ခကိုယ်ရှာထားသလိုမျိုး တန်ဖိုးထားမှု အလွဲတွေကြောင့် ကိုယ်ပဲပင်ပန်းတယ်။

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

Z


ရောက်နေတဲ့နေရာက

ကိုးဆယ့်ရှစ်ဖြာသော မင်္ဂလာနဲ့ ပြည့်စုံတဲ့အရပ်... ဘုံ သုံးရာ့ကိုးခု ရဲ့ ခုနှစ်ထပ်မှာ ရှိတယ်..။ (ဘယ်လို မင်္ဂလာတွေလဲ လာမေးကြရင်တော့.... ဒွတ်ခ...)


မုန်းနေမိတာက

ကိုယ့်ကိုယ်ကိုယ်...။


ချစ်နေတာက

အရာရာ.. အားလုံးကို... (ကိုယ့်ကိုယ်ကိုယ်မှ လွဲ၍)


စိတ်ပျက်နေမိတာက

အင်း.. အဲတာလဲ ကိုယ့်ကိုယ်ကိုယ် ပဲ...။


နားထောင်နေမိတဲ့သီချင်း

တစ်ပုဒ်ထဲ.. မပြောင်းမလဲ..... (သီချင်းတော့ မဟုတ်ဘူး)


တမ်းတနေမိတာက

အိမ် ထမင်း.. ဟင်း...။ (ရုံးတက်ရက် နေ့လည်ဖက်တွေကျ ခါတိုင်း.. စားနေကျ.. ဆိုင်က အစားအသောက်တွေ စားလို့ မျိုမကျတော့လို့)


စွဲလမ်းနေမိတာက

ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု...။


မေ့လျှော့ပြစ်နေတာက

အချိန်တွေလေ...။ သိပ်မြန်မြန်ဆန်ဆန် ကုန်နေတာ သိသိကြီးနဲ့ မေ့.. မေ့.... ထားမိတယ်။


လိုအပ်နေတာက

ပိုက်ဆံ (လ မကုန်ခင် သူက အရင် ကုန်ကုန်သွားလို့)
နားလည်မှု (လွဲလွဲ နေတတ်လို့)


စားဖြစ်နေတာက

ချစ်ညီ..၊ ညီမလေးတွေ ဖျော်တိုက်တဲ့ ကော်ဖီ ရယ်... ချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ..ရယ်..။


လွမ်းနေမိတာက

အင်း..... အဲတာကလဲ...... ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု... ပါပဲ.....။
(အရင်လို အဖေ၊အမေ. မိသားစု.. ၊ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးကိုလည်း လွမ်းဆဲ.. လွမ်းမြဲ.. ပါ...)


သနားနေမိတာက

သနားသင့်၊ သနားထိုက်သော အရာ အားလုံးးးးး.... (ကိုယ့်ကိုယ်ကိုယ် မပါ)


တောင်းမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။ (အဲတာကတော့ ဘယ်တော့မှ မပြောင်းလဲဘူး...။ အပြောင်းအလဲ များတယ် လာမပြောနဲ့။ ဒီတစ်ချက်နဲ့ ကြေပြီ..)


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

((((((((((((((((((ချစ်တယ်)))))))))))))))))))))))


ကြိတ်ပြီး ချီးကျုးနေတာက

ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။ (အဲတာလဲ မပြောင်းမလဲ...)


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ (ဒါလဲ မပြောင်းမလဲ... လူအားလုံး...၊ အရာ.. အားလုံးဟာ သူ့ တန်ဖိုးနဲ့သူ.. ရှိနေခဲ့ပြီးသား... အဲတာကို... မြင်တတ်ဖို့ပဲ လိုတယ်)


ဝန်ခံချင်တာက

မျောက်စိတ်တို ချီးပေါက်ရုံမက.. အခန့်မသင့်လျှင် သူ၏ နှပ်ချေးလုံးစာ မိမည် စိုးသောကြောင့် “ခုတလော” ကို အမြန် ရေးရပါသည်။ ကျေနပ်နိုင်ပါစေ..။


မေတ္တာဖြင့်
မိုးကုတ်သား

13 comments:

Sein Lyan Tun said...

ကြောက်လို့ ပဲ တော်သေးတယ်..


မကြောက်များ မကြောက်ရင် ပိုစ့်က ဒီထက်မက ရှည်ဖို့ ရှိတယ်...း)


အင်းး

လူပျိုကြီး က ချစ်တယ် ကိုခဏခဏ အော်နေတယ်လား...

ဝက်ကမ်ထဲက ဘယ်သူတုန်းး

များလိုက်တာ

ဒါကြောင့်လဲ လူပြိုကြီး ဖြစ်နေတာပေါ့..

အခုတလောမှာ ချစ်နေတာက အရာအားလုံးကို ဆိုပဲ..

မဖြစ်နိုင်ဘူး... သက်သေတွေ ရှိတယ်...


း)))


မယုံရင် တစ်ယောက်သော သူကိုမေး သူဖွလိမ့်မယ်..


ရေးပေးလို့ ကျေးဇူးတင်ပါတယ်...


ဘယ်သူ က ဘယ်သူ့ ကိုချီးပေါက်လဲ ဆိုတာ လာပေးတဲ့ကော့မန့်ကို ကြည့်ပြီး သိနိုင်ပါတယ် ခင်ဗျာ

ချစ်ဆုံး

မျောက်ငို

ပုံ့မေ said...

အဟတ်... ကိုဖိုးစိန်ကို ကြောက်တယ်ပေါ့... မကြောက်နဲ့ လေ... မေသူ ကူဖိုက်ပေးရင် ကိုဖိုးစိန် ပြားပြားဝပ်...မထနိုင် ကူပါကယ်ပါ အော်နေရမယ်....

အဟမ်းးးးးးးး ဝပ်ကမ်က ပုံရိပ်က ဘီဒူယဲ...

ဒါ မသင်္ကာစရာအချက်ပဲ... ခုံရုံးတင်စစ်ဆေးရမယ်...

ဝဲ.....ဝူ.........

Anonymous said...
This comment has been removed by a blog administrator.
puluque said...

web cam ထဲက ပုံရိပ် အသူလဲဟင်........

တောင်ပေါ်သား said...

ဘူတွေတုန်း ၀က်ကမ်းထဲက အဟားးးးးး
ကိုယ့်ကိုယ်ကိုလားးးးး ကိုကို့ကို လားးးးး ကိုယ့်ကို့ကိုး လားးးးးးးး (((((((((အားးးးးးးးးးး))))))) ရှုပ်တယ်း) အော်ချင်သလို အော်ပလိုက် တခါတလေ အဲ့လိုလေး အော်ချင်ပါ့ စိတ်လွတ်လပ်အောင် အဟားးးးးး ကိုယ့်ဟာကိုယ် သိပ်မမုန်းနဲ့ မကောင်းဘူးရယ်.... အဆင်ပြေ ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ကျန်းမာရေး စိတ်မကောင်းပါဆိုတော့ စိတ်ကုတဲ့ ဆေးရုံသွားမလား .. :P
ဝပ်ကန်တဲ့ ဒါကြောင့် အခန်းထဲကကို ထွက်မလာတာ .. ခုမှသိတယ် ကြည့်စမ်း

ရေတမာ said...

ကိုယ့်ကိုယ်ကို မမုန်းပါနဲ့.. အားလုံးအဆင်ပြေသွားမှာပါ။ အပေါ်ကလူနောက်တွေပဲး)))))))))))))

Anonymous said...

ရောက်နေတဲ့ နေရာကြီးက ဘယ်နေ၇ာ ကြီးလဲ..

ကိုယ့်ကိုယ်ကို မမုန်းပါနဲ့..

အရာအားလုံးကို ချစ်နေတာ မဖြစ်နိုင်ဘူး...

အန် စိတ်ပျက်တာလဲ ကိုယ့်ကိုယ် ကို တဲ့...အဟက်

နားထောင်တာ သီချင်းမဟုတ်တော့ တရားခွေလား..

ဒီနေ့ အိမ်မှာ ဘာမှ မချက်ဘူး တဲ့..

ဝက်ကမ် တဲ့ ဟဟ( လူ တယောက်လုံး တွေ့ဖူးနေတာ ဝက်ကမ် လိုနေသေးလားကွယ်)

အချိန် တွေ မေ့ချင်တာ :o(အသက်ကြီး လာလို့ လား)

ပိုက်ဆံ ကတော့ လူတိုင်းလိုတာ ထားတော့ နားလည်မှု က မလွဲ အောင် လုပ်လို့ ရပါတယ်...

ကော်ဖီ ဖျော်ထားတယ် လာခဲ့ ဆရာ

ဝက်ကမ် ကို လွမ်းမနေနဲ့ အဖေ နဲ့ အမေ နဲ့ မြို့လေးပဲ လွမ်း

ကိုယ့်ကိုယ်ကို လဲ သနားပါ..

တောင်းတဲ့ဆု ပြည့်ပါစေ..

ချစ်တယ် ဆိုတာ ဘယ်နားသွားအော်လဲ မကြားမိ သလိုပဲ..

မျောက် ချီးပေါက်တာ နှပ်ချီးလုံးစာ မကြောက်ပါနဲ့ ခံနေကျ ပဲဟာ မထူးတော့ဘူး....နောက်လဲ ပေါက်နေဦးမှာပဲဟာ...း)

ကွန်မန့် ရှည် သွားတယ် စိတ်ဆိုးရဘူးနော်..

noblemoe said...

ကိုယ်ကိုကိုယ်တော့  မုန်းတယ်ဆိုတာ မယုံပါဖူး
ကိုယ်ကိုကိုယ် မုန်းတဲ့သူက သူများတွေကိုချစ်တယ်ဆိုတာဖြစ်နိုင်ပါ့ မလား?
မုန်းတာလို့ အထင်မှားတာပါ ကိုယ်ကိုကို အားမရတာ စိတ်တိုင်းမကျတာဆို ဖြစ်နိုင်ပါတယ် ခုတော့မုန်းတယ် တဲ့ ဖြစ်နိုင်ဖူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုယ်ကိုကိုယ် မဆုတောင်းတဲ့အကိုကြီးတွက် ညီမတွေကပဲဆုတောင်းပေးလိုက်ပါ့ မယ်
ကိုဘိုကြီးရဲ့ ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့မှုနဲ့ပြီးပြည့် စုံတဲ့ ဘဝလေးကိုပိုင်နိုင်ပါစေနော်

Ree Noe Mann said...

လာဖတ်သွားတယ်လို့ ပဲပြောရင်
ဝတ်ကျေတန်ကျေ လို့ အပြောခံရမှာ သေချာတယ်။

ရေးထားတဲ့ အကြောင်း အရာတွေ အားလုံးကိုသိတယ်။
ဒါပဲ။ မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ ဟားဟား

နောက်သွားတယ် ခပ်တည်တည်ကြီးနဲ့။
မောင်နှမတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။

chocothazin said...

အမလေး ဖြေးဖြေး အော်ပါ အစ်ကိုမိုးကုတ်သားရယ် ကောင်မလေး လန့် ပြေးပါမယ်။

Anonymous said...

အင်းးးးးး
ထပ်ပြန်တလဲလဲ ပြန်မေးမိနေ တာကတော့
ကိုယ်ဘာလုပ်မိလို.လဲ သဲသဲရယ်
သဲမကြိုက်ရင် ကိုယ်လေ
အင်းးးးးး
(((((((((((((((( )))))))))))))))))

Orange Chit Thu said...

Di sakar lay ah yan khait twer lo copy lite tae naw U Bo :P
"ကော်ဖီ ဖျော်ထားတယ် လာခဲ့ ဆရာ"
Ta kal so ma lar ng par bu, ta nya lout Dinner sar phot tg ma nae khaw ya dar...U Bo toe busy tar pyaw par dae lay...Hoonnn!