Monday, February 15, 2010

သုခရိပ်မြုံ HIV ကူစက်ခံ မိဘမဲ့ကလေးများဂေဟာ အတွက် အလှူဒါနပွဲလေး





အလှူဒါနပွဲ အခမ်းအနားလေးအတွက်ဖိတ်စာလေးပါ။

သုခရိပ်မြုံ HIV ကူစက်ခံ မိဘမဲ့ကလေးများဂေဟာ အတွက် အလှူငွေကို ၁၁၊ ၀၂၊ ၂၀၁၀.. ကြာသပတေးနေ့ နံနက် ၁၀နာရီမှာ အလှူဒါနပွဲလေးတစ်ခု စီစဉ်ပြီး လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့တာ အောင်မြင်စွာ ပြီးဆုံး သွားခဲ့ပါပြီ။

အလှူဒါနပွဲလေးကို လျှပ်တပျက် ဂျာနယ်တိုက်မှာ ကျင်းပခဲ့တာပါ။

အလှူရှင်တွေ အားလုံးကိုယ်စား မကြီး မနော်ဟရီ က တာဝန်ယူ လွှဲပြောင်းပေးခဲ့တဲ့ ဒီ အလှူဒါနပွဲလေးကို ဦးမြတ်ခိုင်၊ ဦးမျိုး(ကြောင်နှစ်ကောင်)... လျှပ်တစ်ပျက်ဝိုင်းတော်သားတွေနဲ့ အားလုံးက ၀ိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။

အလှူဒါနပွဲလေးကို စာနယ်ဇင်း အတော်များများကလဲ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံနဲ့ နိုင်ငံအရပ်ရပ်က စေတနာရှင် ၁၁၁ ဦးတို့ထံမှ စုစုပေါင်း မြန်မာကျပ်ငွေ ၄၇သိန်း တိတိကို ကောက်ခံရရှိခဲ့ပါတယ်။ (အလှူရှင်စာရင်းကို side bar မှာ တင်ထားပေးပါတယ်ခင်ဗျာ)။

အလှူအတွက် လွှဲပြောင်းပေးလိုက်တဲ့ ချက်လက်မှတ်ကလေးပါ။



ငွေရကြောင်းလက်ခံဖြတ်ပိုင်းလေးပါ။


သနားစရာကောင်းတဲ့ ခလေးငယ်လေးတွေအတွက် အခုလို စေတနာထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းကြသော အလှူရှင်တွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ (နောင်ကိုလဲ ဒီလို အလှူဒါနလေးတွေ ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ရာမှာ ပါဝင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။)


ကျေးဇူးတင်မှတ်တမ်းလွှာလေးပါ။

ဒီ အလှူလေး ဖြစ်မြောက်ဖို့အတွက် စတင်စီစဉ်ခဲ့သူ အမ အိန္ဒြာ ၊ အလှူငွေ ဝိုင်းဝန်းကောက်ခံပေးခဲ့ကြသူ မိတ်ဆွေအပေါင်းအသင်းများ အားလုံးကိုလည်း အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ။

နောက်ပြီး နေမကောင်း၊ မအားလပ်တဲ့ကြားက အလှူဒါနပွဲလေးအတွက် စိတ်ရောလူရော အမောခံ စီစဉ်ပေးခဲ့တဲ့ မကြီး မနော်ဟရီ ကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

အလှူဒါနပွဲလေး ဖြစ်မြောက်အောင် ဝိုင်းဝန်း ကူညီပေးခဲ့ကြသူတွေ အားလုံးကိုလဲ ကျေးဇူးအထူး တင်ရှိကြောင်းပါ....။

ဒီ အလှူဒါနပွဲလေး အကြောင်းကို အမ အိန္ဒြာ ဆီမှာ ၁၁ရက်နေ့ကတည်းက ပို့စ်တင်ထားတာ ဖတ်ပြီးသူတွေ ရှိကြမှာပါ။ ပိုပြီး စုံစုံလင်လင် သိချင်ကြတဲ့ မိတ်ဆွေများကိုလည်း အမ အိန္ဒြာ ရဲ့ဘလော့မှာ လည်ပတ် ဖတ်ရှုနိုင်ပါတယ်ခင်ဗျား...။

ကျေးဇူးတင်လျက်

မေတ္တာဖြင့်
မိုးကုတ်သား

5 comments:

Anonymous said...

တချို့လူတွေသာဓုခေါ်ရခက်နေကြတာတွေ့ရပေမယ့်
ကိုယ့်အလှူကိုပီတိဖြစ်နေဖို့က အဓိကပါ ..
ကျေးဇူးတင်ပါတယ်။

နေ၀သန် said...

သာဓုပါ... သာဓု.. သာဓု....း))

ရေတမာ said...

ဝမ်းသာပိတီဖြစ်မိပါတယ်။ စီစဉ်ပေးတဲ့ သူများကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်များလည်းဒီလို လှူနိုင်အောင် များများစီစဉ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

noblemoe said...

သာဓု... သာဓု... သာဓု ပါရှင်းးးးးးးးးးးးးးးးးးးးးးးးးးး
ခုလိုလှူဖြစ်အောင်စီစဉ်ပေးတေဲ မောင်နှမများလားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်
သာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

သာဓု သာဓု သာဓု အကျယ်ကြီးးးး ခေါ်သွားပါသည်။ နောက်လဲ ဒီလိုလှူဒါန်းခွင့်ရအောင် များများတိုက်တွန်းစည်းရုံးနိုင်ပါစေသောဝ်။း)