မှောင်ကျဉ်းကျဉ်း မှုန်ကုပ်ကုပ် အခန်းငယ်လေးတစ်ခုထဲမှာ သူမ နေသည်။ ပြူတင်းတံခါးမရှိသော နံရံသုံးဘက်နှင့် တံခါးတစ်ချပ်ပါသော နံရံတစ်ဘက်သာ ရှိသည့် တစ်ကိုယ်ရေစာ အခန်းငယ်လေးထဲမှာ အထီးကျန်ခြင်းတွေကို အဖော်ပြုရင်း သူမက နေ့ရက်တွေကို ခြောက်သွေ့စွာ ခါးခါးသီးသီး ဖြတ်သန်းနေခဲ့တာ ကြာခဲ့ပြီ။
သူမက အပေါ်ယံ အခွံမာကျောခြင်းလည်း အလျဉ်းမရှိပါ။ မာန်၊မာနတွေကလည်း သူမနှင့် မသက်ဆိုင်သော နယ်မြေသာ ဖြစ်သည်။ သူမသည် ကဗျာတွေကို ရူးမူးစွာ ချစ်တတ်ပြီး သူမကိုယ်တိုင်ကလည်း အဖြူရောင် ကဗျာတစ်ပုဒ် ဖြစ်နေသေးသည်။
သူမသည် ကျွန်တော်၏ သစ္စာတရား ကြီးသော သွေးသောက် မိတ်ဆွေတစ်ယောက်လည်း ဖြစ်သလို၊ ကြင်နာစွာ စောင့်ရှောက်တတ်သော အမတစ်ဦးလည်း ဖြစ်သေးရဲ့။ သူမက အမြဲတမ်း ရဲဘော်ရဲဘက်စိတ် အပြည့် ရှိတတ်ပြီး အရေးအကြောင်းဆို စစ်ကူပေးဖို့လဲ တွန့်ဆုတ်တွေဝေနေတတ်သူမျိုး မဟုတ်ချေ။တစ်ခါတစ်ခါတော့လည်း ခလေးဆိုးတစ်ယောက်လို ဂျီကျတတ်ပြန်သေးသည်။ နောက်ပြီး မိန်းခလေးပီသစွာ လှတယ် ပြောက ကျေနပ်တတ်သေးသည်။ (ကျွန်တော်က သူမကို သိပ်လှတယ် ပြောပြီး မုန့်ဝယ်ကျွေးခိုင်းတတ်သည်လေ)။
သူမက ကျွန်တော်ထက် ငါးလမျှသာ ကြီးသော်လည်း သူမမျက်စိထဲတွင် ကျွန်တော်သည် သူမ၏ မောင်ငယ်လေးသာ ဖြစ်သည်။ ကျွန်တော်ကလည်း ငါးလမျှ ငယ်တာကို အခွင့်ယူကာ သူမအပေါ် ဆိုးနေကျ။ သူမရဲ့ ကဗျာတွေ၊ ၀တ္ထုတိုတွေကို ဖတ်နေသည့် ပရိတ်သတ် ဘ၀ကနေ အခုလို မောင်နှမရင်းချာတွေပမာ ရင်းနှီးခဲ့ကြရသည်က ကျွန်တော့်အတွက်တော့ ကံကောင်းခြင်းလက်ဆောင် ဖြစ်ခဲ့သည်။
သူမကတော့ မိုးကုတ်သားနဲ့ ခင်ရတာ ငါတော့ ကံဆိုးတာပဲ ဟု မကြာခဏ ညည်းညူတတ်ပြီး ကျွန်တော် ဂျီကျသမျှ သည်းညည်းခံ အလိုလိုက်တတ်ပါသည်။ သူမကို ကျွန်တော် ချစ်ခင်ခြင်းမှာ ကျွန်တော် ဆိုးသမျှ သည်းခံသောကြောင့်ဟု မထင်လိုက်ပါနှင့်။ သူမမှာ လှပနူးညံ့သော အဖြူရောင် နှလုံးသား ရှိသည်။ ထိုနှလုံးသားမှ ထက်ရှရဲရင့်သော ကဗျာများ စီးဆင်းနေ၏။ ကဗျာများသည် သူမ၏အိမ်မက်လဲ ဖြစ်သလို သူမ၏ ဘ၀လည်းဖြစ်သည်။
ကျွန်တော်၏ အဖြူရောင် ကဗျာမလေး..... သူမချစ်သော... ကဗျာများကို ရေးဖွဲ့သီရင်း လင်းလက်သော ကဗျာကြယ်တစ်စင်းအဖြစ် သမိုင်းတွင်ရစ်နိုင်ပါစေ.......။ စိတ်ကူးအိမ်မက်ပေါင်း များစွာတို့ လက်တွေ့မှာ အမှန်တကယ် (အမြန်ဆုံး) ဖြစ်မြောင်လာနိုင်ပါစေ။ ကိုယ၊် စိတ်၊ နှလုံး.... သုံးပါး စလုံး ကျန်းမာချမ်းသာစွာဖြင့် ငြိမ်းချမ်းအေးမြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးကုတ်သား
စိတ်ဘွဲ့ရတု
စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့
လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..
သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..
စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့
ပရိတ်သတ်အလည်မှာ...
စိတ်ဟာ..စိတ်ရှိလက်ရှိပျော်ရွှင်လို့ရယ်ပေါ့...
ဘယ်မှာ အထီးကျန်ပါ့မလဲ...
ငါတို့ဘေးနားမှာ...
ဆွေမျိုးအရင်းအချာ
စိတ်တွေ..ရာထောင်မကရှိနေတယ်...။
(ဖိုးစိန် ရဲ့ မွေးနေ့မှာ အမအိန္ဒြာ မွေးနေ့လက်ဆောင်ပေးခဲ့ဖူးတဲ့ ကဗျာလေးနဲ့ ဆားချက်လိုက်ပါတယ်)
happy birthday ပါမမ
ReplyDeleteပျော်စရာကောင်းသော မမမွေးနေ့မှာ လိုအင်ဆန္ဒတွေပြည့်ဝပါစေဗျာ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Happy birthday မမ
ReplyDeleteရီနိုမာန်
ဟားဟား..
ReplyDeleteမိုးကုတ်သားတို့လုပ်ချလိုက်ပြန်ပြီ...
တကူးတက ပိုစ့်ရေးတင်တာအတွက်ရောပို့သတဲ့ဆုတောင်းမေတ္တာတွေအတွက်ပါကျေးဇူးတင်တယ်..
တစ်ခုပဲ
နောက်ပြီး မိန်းခလေးပီသစွာ လှတယ် ပြောက ကျေနပ်တတ်သေးသည်။ (ကျွန်တော်က သူမကို သိပ်လှတယ် ပြောပြီး မုန့်ဝယ်ကျွေးခိုင်းတတ်သည်လေ)။
ဆိုတာ...း(
မလှတာကျလို့....းP
မောင်ငယ် ညီမငယ်များအားလုံးကို ချစ်ခင်စွာ
အိန္ဒြာ
Happy birthday to pretty ma ma! :)
ReplyDeleteပျော်ရွှင်ဖွယ်မွေးနေ့လေးပါ မမ
ReplyDeleteဆိုးချက်
ဟုတ်သားးး
ဒီလောက်လှတဲ့မမကိုများး :D
မမ အိန္ဒြာ မွေးနေ့လား...........
ReplyDeleteဘ၀ တစ်လျှောက် ချစ်သော ကဗျာ များနဲ့ ပျော်ရွှင်ပါစေရှင်...။
Happy Birthday to Pretty Ma Ma :)))
ReplyDeleteပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ. မ အိန္ဒြာ.။
ReplyDeleteခင်မင်လျှက်
ညီညီ
hello... hapi blogging... have a nice day! just visiting here....
ReplyDeleteမအားလို့ နောက်ကျပြီးမှ ရောက်လာရတယ် ချစ်ကိုရေ ....။
ReplyDeleteမအိန္ဒြာအတွက် ပျော်ရွှင်ဖွယ် နေ့ရက်လေးတွေ ရရှိပါစေလို့ ဆုတောင်းပါတယ်ဗျာ။ အစစအရာရာ အဆင်ပြေပါစေ