Sunday, September 13, 2009
မက်မက်မွေးနေ့အတွက် မုန့်ဟင်းခါး
September 13th, Sunday မှာ ကျရောက်မဲ့ ဖွားမေ့ (ခေါ်) တီဒွင်းခေါ် မက်မက် မွေးနေ့အတွက် မုန့်ဟင်းခါးနဲ့ မွေးနေ့ဧည့်ခံလိုက်ပါတယ်။ မိတ်ဆွေတို့အားလုံး ကြိုက်သလောက် စားသွားကြပါခင်ဗျား။
ကျွန်တော်ကတော့ ဖွားမေ့ ကျွေးမဲ့ ကြက်သားအာလူးပလာတာကို မကြာခင်မှာ သွားစားပါတော့မယ်။ မလိုက်နိုင်၊ မလာနိုင်တဲ့ သယ်ရင်းတွေအတွက်ပါ ပိုစား၊ ပိုပျော်ခဲ့ပါမယ်။
မုန့်ဟင်းခါး
မုန့်ဖတ်
ကြက်ဥ နဲ့ ပဲကြော်
ငါးဖယ်
ပဲသီး၊ နံနံပင်၊ ကြက်သွန်မိတ်၊ သံပုရာသီး
ကြိုက်သလောက် ထည့်စားပါ။
အော်၊ မေ့လို့
နဲနဲလေးပဲ ချက်ထားတယ် ထင်ပြီး အ၀ မစားရဘူး ပြောမှာ စိုးလို့။
အများကြီး ချက်ထားတယ်။ အ၀စားသွားပါဗျား။
ခူးခပ် မစားချင်သူတွေ အတွက်ကတော့
အဆင်သင့် ခူးခပ်ပြင်ဆင်ပြီးသားသာ
စားသွားကြပါခင်ဗျား။
မုန့်ဟင်းခါး စားပြီးရင်တော့
လဖ္ဘက်သုပ် နဲ့
သီးစုံ အချိုပွဲလေး
အားပေးသွားကြပါခင်ဗျာ။
မက်မက်၏ မွေးနေ့မှသည် ထာဝရ ပျော်ရွှင်ငြိမ်းချမ်းသော ဘ၀တစ်ခုကို ပိုင်ဆိုင် ပြီး အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလျှက်
(အင်း ပုံတွေကြည့်ပြီး စားဖို့ ဇွန်းမပါဘူး။ လဖ္ဘည်ရည်ကြမ်း သောက်ချင်တယ်။ အသံတွေ ကြားရတော့မယ်။ အသံတွေ ကြားရတော့မယ်။ လစ်ပြီ)
မေတ္တာဖြင့်
မိုးကုတ်သား
16 comments:
  1. စားရတာ ပြည့်ပြည့်စုံစုံတော့ရှိပါတယ်
    မုန့် ဟင်းခါး စားပြီးတော့ရေငတ်တယ်
    ရေပုလင်းလိုက်ချပေးထားရင်ကောင်းမယ်လို့ 
    ဟီး
    ဇွန်း တို့ လက်ဖက်ရည်ကြမ်းတို့ တော့တောင်းဘူးနော်
    မွေးနေ့ ရှင်မက်မက်လည်း ကျန်းမာပျော်ရွှင်ပါစေဗျာ
    ကိုမိုးကုတ်သားလည်း ကျန်းမာပျော်ရွှင်ပါစေ
    ခင်တဲ့
    ReplyDelete
  2. wowowwww... မုန့်ဟင်းခါးတွေ ကစားချင် စရာတွေပါလား...
    အ၀အပြဲကိုစားသွားတယ်..ဟိဟိ....
    (ဒီမွေးနေ့ရှင်ကလဲ အငတ်လေး..ဟိဟိ... စားမယ်ဆိုတာပဲ.. :P)
    ကျေးဇူးပါ ကိုဘိုရေ....အခုလို ဘလော့မှာ မက်မက်မွေးနေ့လေးကို ကျင်းပပေးတာ အင်မတန်ပျော်ရွှင် ၀မ်းသာပါတယ် ။
း))
    ReplyDelete
  3. Happy Birthday မက်မက်ရေ၊ ကိုကိုဘိုဘို ကိုယ်တိုင်ချက်တာလားဟင်၊ တူများချက်ထားတာလား၊ နဲနဲ စားသွားမယ်နော်း)
    ReplyDelete
  4. ဟမ်..
    မုန့်ဟင်းခါး စားချင်လိုက်တာနော်.
    ငါးဖယ်ကြော်နဲ့ စားချင်နေတာ။
    ဘိုဘို့ လက်ရာလား.. စားသွားတယ် ၂ပွဲ။
    ညီမလေးမက်မက် မွေးနေ့မှာ သူငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
    မမ၀ါ
    ReplyDelete
  5. ဗိုက်ချာတယ်ချိုမှဗျာ...
    ကြည့်လေ..ပိုဆာလေပဲ...
    မရတော့ဘူး ဗြဲ...
    ReplyDelete
  6. မုန့်ဟင်းခါး လာတီးသွားတယ် ကိုမိုးကုတ်သားရေ..
    yu ya
    ReplyDelete
  7. HAPPY BIRTHDAY !!!
    MANY HAPPY RETURNS!!!
    မုန့်စားသွားပြီး ဆုတောင်းပေးဖို့ ကျန်သွားလို့...အဟီး။
    yu ya
    ReplyDelete
  8. စားချင်စရာတွေကြီးပဲ အားလုံးကြိုက်တယ်ဗျို့
    လာငတ် အဲ...လာအားပေးသွားပါတယ်
    မက်မက်မွေးနေ့မှာလည်း အခုလို အမှတ်တရ ရက်မျိုးမှာ ပျော်ရွှင်နေမှာ အမှန်ပါပဲနော်။ အားလုံးပဲ ပျော်ရွှင်ပါစေ....
    ခင်လျက်
    ReplyDelete
  9. အားပါးပါး စားချင်စဖွယ်ကြီး
    ReplyDelete
  10. ညက ကမ်းပါပြိုလို့ အိပ်ရေးပျက်နေတယ်။ ဟိဟိ
    လာနိုင်တော့ဘူးနော်။ ဘွာတေး
    Happy Birthday!!!
    ReplyDelete
  11. မက်မက်ရေ ၂၄၈ ကမ်းပါးပြိုတော့ ၂၅၂ ဘက်မှာ ရေတွေကြီးတာပေါ့။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ
    အခု ပြန်အိပ်လိုက်ဦးမယ် ညကရေခပ်နေရတာ အားလုံးရေထဲမျောကုန်လို့ :P
    ReplyDelete
  12. မက်မက်ရေ
    နာ့လဲ ကမ်းပါးပြိုတဲ့ထဲပါလို့ မလာနိုင်တာ ခွေးလွှတ်ပါနော် အဲလေ ခွင့်လွှတ်ပါနော်
    ReplyDelete
  13. ဟာ... ဦးဘို လက်ရာတော့ မဖြစ်နိုင်ပါဘူး.. ဒါပေမယ့်...တကယ့် စားချင်စရာကြီး... အပြင်မှာ စားချင်လိုက်တာ...း)
    ReplyDelete
  14. :P ......... ta kal sar ya yin ..thate kg mar be' ......shaaaalooot
    ReplyDelete
  15. ဟဟားးးးးး ကိုဘိုကြီးလက်ရာလားဗျ။
    ကောင်းချက်ဗျာ။ အငမ်းမရ စားသွားတယ်။ ဟဲဟဲ
    ReplyDelete
  16. Good fill someone in on and this mail helped me alot in my college assignement. Say thank you you on your information.
    ReplyDelete
မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်