Thursday, September 10, 2009

ပန်း စွယ်တော်

“ပန်း စွယ်တော်”


နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ အရိပ်လေးရေ
ချစ်မြတ်နိုးမှုတွေအတွက်
ရင်ချင်းဆက်ခဲ့တဲ့မင်း
မာန်တင်းကာ မစိမ်းလိုက်လေနဲ့။

ရင်ခြင်းဆက် အဲဒီ သစ်ရွက်လေးကြားက
ဖြူလွှလွှ ပန်းငုံလေး
ဖူးရာကငုံ
ငုံရာက ပွင့်
ပွင့်ရာက ကြွေ ရလိမ့်ပေဦးမယ်။

ရင်ချင်းဆက် သစ်ရွက်လေးလဲ
စိမ်းရာက ၀ါကျင့်
လေနှင်ရာ လွင့်ပါးရဦးမယ်။

အရိပ်လေးရေ
ရင်ချင်းဆက်နေတဲ့ ငါ့ရဲ့ အရိပ်ကလေးရေ
တို့တွေ ရင်ထဲ အချစ်တွေဖူးငုံလိုက်
ရဲရဲကြီး ပွင့်အာကြွေလွင့်လိုက်စမ်းကွဲ့
အချစ်နဲ့ စတဲ့ပန်း
အမုန်းလမ်းတွေ မခွဲကြေး
အပြုံးတွေလဲ မနွမ်းကြေး။

စင်တော်ဖွင့်အမှီပေါ့
ဟော့ဒီရင်မှာ
စွယ်တော်တွေ ပွင့်နေခဲ့ပြီ။

•.¸¸.•♥☆´¨`☆♥•.¸ ¸.•` ♥•.¸¸

(မမ၀ါ ဖန်ဆင်းသောပန်းတစ်ပွင့်ကြောင့် ကျွန်တော့်ရင်ထဲက စွယ်တော်နဲ့ သူ့ပန်းကလေး အကြောင်း တစေ့တစောင်း ပွင့်ပြထားပါတယ်။ ဒီလောက်နဲ့ပဲ မမ၀ါ ကျေနပ်နိုင်လိမ့်မယ် ထင်ပါတယ်ဗျာ။ ဓာတ်ပုံလေးကတော့ ကိုယ်တိုင် ရိုက်ထားတာ ဖြစ်လို့ ကိုယ့်ကိုကိုယ်ပဲ ခရက်ဒစ် ပေးလိုက်ပြီ။ )


မေတ္တာဖြင့်
မိုးကုတ်သား

16 comments:

  1. ရင်ထဲမှာ စွယ်တော်တွေ ပွင့်နေပြီးလား...


    နှစ်လွှာပေါင်းမှာ တစ်ရွက်...

    ဒီစွယ်တော် နဲ့ ဒီတစ်သက်....

    မမြဲ မခွဲ ရင်ဆင်ဆက်လို့...

    စွယ်တော်ပွင့်တွေလို ပင်ယံထက်မှာ ဝေဝေဆာဆာပွင့်နိုင်ပါစေ..


    ခြောက်သွေ့လို့ ကြေလွင့်သွားခဲ့ရင်တောင်


    ကောက်ယူပြီး သိမ်းထားလိုက်ပါဗျာ...



    ချစ်တဲ့

    မျောက်မျောက်

    မျောက်ငို

    ဖိုးစိန်

    ReplyDelete
  2. ဟောဒီ ရင်မှာ စွယ်တော်တွေ ပွင့်နေပြီတဲ့လား ကိုကိုမိုးကုတ်ရေး)
    ၂လွှာ ပေါင်းမှ တရွက် တသက်မခွဲ ရပါစေနဲ့လို့ ဆုတောင်းပေးသွားတယ် နော်

    ReplyDelete
  3. ဟိုက်ရှားဘား...

    လူပျိုကြီး....

    တယ်လဲ..နု..တယ်လဲ..လှသကိုး.......

    ReplyDelete
  4. ကဗျာလေးက မိုက်သဗျာ...
    ကျနော်က ပန်းစွယ်တော်ဆိုတော့
    လက်ဘက်ရည်ဆိုင်ထင်လို့...ဟီး

    ReplyDelete
  5. “စင်တော်ဖွင့်အမှီပေါ့
    ဟော့ဒီရင်မှာ
    စွယ်တော်တွေ ပွင့်နေခဲ့ပြီ။”

    ဟီး...ကိုမိုးကုတ်သားကြီးကတော့ ဝန်ခံနေပါပြီ...
    စင်တော်ဖွင့်အမှီ ဆိုဘဲ ဆိုဘဲ...

    ReplyDelete
  6. အစ်ကိုရေ..ကဗျာလေး ကြိုက်တယ်....
    ကိုလင်းဒီပ ကတော့ ပြောနေပြီနော် =)
    ဓာတ်ပုံလေးလည်း ကြိုက်တယ် ...

    ReplyDelete
  7. စွယ်တော်ပွင့်တဲ့
    သိဘူး အရွက်ကတော့ တောင်ကြီးကလူတွေက
    ကြော်စားကြသတဲ့ ..း)) ကဗျာမဆန်လိုက်ပုံများနော်
    စင်တော်တောင်ဖွင့်လိုက်ရမယ်မထင်ဘူး
    ဒါထက် စကားမစပ် အစကတော့
    နှင်းဆီဝါ ဆို...=)

    ReplyDelete
  8. နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ အရိပ်လေးရေ
    ချစ်မြတ်နိုးမှုတွေအတွက်
    ရင်ချင်းဆက်ခဲ့တဲ့မင်း
    မာန်တင်းကာ မစိမ်းလိုက်လေနဲ့။

    ရင်ခြင်းဆက် အဲဒီ သစ်ရွက်လေးကြားက
    ဖြူလွှလွှ ပန်းငုံလေး
    ဖူးရာကငုံ
    ငုံရာက ပွင့်
    ပွင့်ရာက ကြွေ ရလိမ့်ပေဦးမယ်။

    ရင်ချင်းဆက် သစ်ရွက်လေးလဲ
    စိမ်းရာက ၀ါကျင့်
    လေနှင်ရာ လွင့်ပါးရဦးမယ်။

    အရိပ်လေးရေ
    ရင်ချင်းဆက်နေတဲ့ ငါ့ရဲ့ အရိပ်ကလေးရေ
    တို့တွေ ရင်ထဲ အချစ်တွေဖူးငုံလိုက်
    ရဲရဲကြီး ပွင့်အာကြွေလွင့်လိုက်စမ်းကွဲ့
    အချစ်နဲ့ စတဲ့ပန်း
    အမုန်းလမ်းတွေ မခွဲကြေး
    အပြုံးတွေလဲ မနွမ်းကြေး။

    စင်တော်ဖွင့်အမှီပေါ့
    ဟော့ဒီရင်မှာ
    စွယ်တော်တွေ ပွင့်နေခဲ့ပြီ။

    *****************
    ကဗျာလေးကတော့ကောင်းပါတယ်..
    မော်ဒန်တက်ဂ်ပို့တွေလေ.. ရွာသားကစလိုက်တာ.
    တွေ့မယ် အဲရွာသား... သူဖျက်လို့ ပျက်ကုန်ပြီ.

    နှစ်လွှာပေါင်းမှ တစ်ရွက်.
    နှစ်ယောက်ပေါင်းမှ တစ်ဘ၀ ဖြစ်လာနိုင်ပါစေ။
    မောင်ငယ်မိုးကုတ်သား မျှော်လင့်နေတဲ့ စွယ်တော်ပွင့်လေး လှပစွာနဲ့ အမြန်ဆုံးပွင့်ပြီး လှပပျော်
    ရွှင်ဖွယ်ကောင်းတဲ့ ဘ၀ခရီးလမ်းကို ချစ်သောသူနဲ့အ
    တူ တစ်သက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေ.

    ရေးပေးပါ ကျေးဇူးစ်စ်စ်

    ခင်မင်စွာနဲ့
    မကြီးဝါ

    ReplyDelete
  9. အကောင့် မှားသွားဒယ်.

    ဒါနဲ့ မကြာခင်ကမှ စွံသွားတဲ့ မောင်ရွာသားကို အမှီလိုက်
    နိုင်ပါစေ... နောက်တစ်ခေါက် စင်္ကာပူအလည်လာရင်
    စုံတွဲလေးတွေနဲ့ တွေ့ချင်ပါတယ်လေ။း)))

    ခရီးစဉ်လျှောက် တက်ကြွပျော်ရွှင်စွာ ဓါတ်ပုံတွေရိုက်ပေးခဲ့တဲ့ မောင်ငယ်မိုးကုတ်သားကို
    အများကြီးပဲ ကျေးဇူးတင်မိပါတယ်။
    အမြန်ဆုံး စွံနိုင်ပါစေ။

    ReplyDelete
  10. မိုးကုတ်ရေ အဲဒီပုံလေးရိုက်လိုက်တုန်းက ဒီလောက်လှမယ် မထင်ဘူးနော်။ အသက်ဝင်လိုက်တာ
    ကဗျာလေးနဲ့ ပန်းလေးနဲ့ လိုက်ဖက်ပါတယ်။

    ခင်တဲ့ မရောင်

    ReplyDelete
  11. ကိုဘိုရေ....ဒီကဗျာလေးကကောင်းလှချည်လားဗျ။
    ခံစားချက်တွေပါနေတယ်ထင်ပါ့။
    အနော်ကစွယ်တော်ကိုသိပ်ချစ်လို့လားမသိ Heart ထိသွားတယ်။
    အနော်ကစွယ်တော်ကိုအနော်တို့
်ကျောင်း (Uni) နဲ့လဲတွဲပြီးချစ်သေးတာလေ။
    "အချစ်နဲ့ စတဲ့ပန်း
    အမုန်းလမ်းတွေ မခွဲကြေး
    အပြုံးတွေလဲ မနွမ်းကြေး။"
    အဲဒီနေရာလေးလှတယ်။
    ဒါနဲ့စကားမစပ်....ကိုရွာသားက အဆင်ပြေသွားပြီပေါ့နော် :)))
    ကြားရတာဝမ်းသာပါတယ်လို့။
    (ညီမလေး လိမ်မော်သီး)

    ReplyDelete
  12. လာလည်သွားတယ်ကိုဘို...
    ကဗျာနဲ့ပုံနဲ့အရမ်းလိုက်ပါတယ်...
    ကိုဘို့စွယ်တော်ပန်းလေးနဲ့လဲမိတ်ဆက်ပေးအုံးနော်..:P
    ကံကောင်းပါစေ..ကိုဘို

    ခင်တဲ့..
    ခိုင်

    ReplyDelete
  13. ကိုဘိုရေ

    အနော်တို့ကတော့ စွယ်တော်တစ်ပွင့်ထဲလို့ မထင်ပေါင်..
    ကိုဘို့နား ပန်းတွေကများ..

    :D


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  14. ကဗျာလေးက ဖြူစင်နူးညံ့ပြီး လှလိုက်တာ ကိုမိုးကုတ်ရေ။ ရင်ထဲက စွယ်တော်လေးနဲ့ ထာဝရအတူ ပျော်နိုင်ပါစေ...း)

    (စွယ်တော်ပန်းပုံလေးလည်း တော်တော်လှတယ်)

    ReplyDelete
  15. စွယ်တော်ရွက်လေးတွေ အမြဲတမ်း ပျော်ရွှင်ပါစေဗျာ...
    ကဗျာလေးက သိပ်လှတယ်။

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်