Monday, March 28, 2011

“အရူး” ပုံပြင်

ဒီလမ်းဟာ အန္တရယ် ရှိမှန်းလည်း သိတယ်။ ကိုယ့်ဘဝအတွက် အကျိုးမရှိရုံမက၊ အကျိုးယုတ်စေဖို့ အခြေအနေလည်း ရှိနေတယ်ဆိုတာ အတွေ့အကြုံအရ သူသိနေတယ်။ ဒါပေမဲ့ ပျော်ရွှင်လွတ်လပ်မှု တချို့က ဒီလမ်းမှာ ရှိနေပြန်တယ်။ သူရဲကောင်းဟာ အန္တရယ်လမ်းကို ရွေးချယ်တယ်။ သူရွေးချယ်တဲ့လမ်းဟာ ဆူးပြွမ်းပေမဲ့ အများကောင်းကျိုးဖြစ်တဲ့အတွက် သူဟာ သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရတယ်။ အခုလမ်းက တော့ သူရဲကောင်းလို့ ဂုဏ်ပြုခံရမဲ့လမ်းလည်း မဟုတ်တာ၊ အခန့်မသင့်ရင် “ကိုယ်အလို့ ဒီလမ်းကိုရွေးတာ၊ ခံပေါ့” လို့ မေးငေါ့ခံရနိုင်သေးတာ သူသိနေပြန်တယ်။ ဒါပေမဲ့ မီးလျှံကိုမှ တိုးဝင်ချင်တဲ့ ပိုးဖလံလိုမျိုး သူဟာအဲဒီလမ်းကို ရွေးခြယ်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ “အို..ဒီလမ်းဟာ.. ချစ်ခြင်းတွေရှိပါတယ်၊ သံယောဇဉ်တွေပေါပါတယ်။” အဲဒီလို သူ့ကိုယ်သူ လှည့်စားရင်း သူ့ဘာသာ၊သူ့ကိုယ်သူ အယဉ်ကျေးဆုံးဘွဲ့ထူးတခု ချီးမြှင့်ပေးလိုက်တယ်။ “အရူး” တဲ့။ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

6 comments:

  1. ဝေ့စမော့ မိုင်ဘရားသား ??? ;)

    ReplyDelete
  2. နည်းနည်း သိသလိုပဲ။ များများတော့ မသိဘူး။ သိသလောက်နဲ့ပဲ မသိသလို သိသလို နေလိုက်ပါ့မယ်။

    ReplyDelete
  3. ကောမန့် မပေးဖြစ်တာတောင် အတော်ကြာပေါ့ အဟား ဟား....

    လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်.. ကိုယ့်ရွေးချယ်တဲ့လမ်းဟာ ဆူးတွေ ရှိခဲ့မယ်ဆိုရင် အဲ့ဒီ ဆူးတွေကို ကိုယ်တိုင် ကျော်ဖြတ်ရဲဖို့ စိတ်ဓါတ်ဆိုတာ လိုပါတယ်... တကယ်၍ ကိုယ်ရွေးချယ်တဲ့လမ်းဟာ ပန်းခင်းလမ်းလေး ဖြစ်မယ်ဆိုလဲ ပျော်ရွှင်ကြည်နူးစွာနဲ့ ဖြတ်သန်းဖို့ လိုပါတယ်... အဓိကကတော့ လူတိုင်းဟာ ကိုယ့်လမ်းပေါ် ကိုယ်လျှောက်နေကြတာပါပဲ... အမှန်ကန်ဆုံးလမ်းပေါ်မှာ ရပ်တည်ဖို့ဆိုတာ ကိုယ့်ရဲ့ စိတ်အနေအထားပေါ်မှာပဲ မူတည်ပါတယ်... ဘယ်သူတဦးတယောက်ကြောင့် ဆိုပြီးတော့ ကိုယ့်ရွေးချယ်မဲ့လမ်းကို မထိခိုက်စေချင်ဘူး.. အမှန်ကန်ဆုံး ရွေးချယ်နိုင်ပါစေ... လမ်းဆိုတာ တဖြောင့်တည်း ရှိတတ်သလို လမ်းကွေ့လမ်းဆုံ တွေလဲ ရှိတတ်ပါတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် တလမ်းလမ်းမှာတော့ ဆုံတွေ့ကြရဦးမှာပါပဲ...



    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  4. သူ့ကိုယ်သူ လှည့်စားရင်း သူ့ဘာသာ၊သူ့ကိုယ်သူ အယဉ်ကျေးဆုံးဘွဲ့ထူးတခု ချီးမြှင့်ပေးလိုက်တယ်။ “အရူး” တဲ့။

ိဖြစ်ရပ်မှန်လား။ ကောလဟလလား။ အားလုံးက အရူးပေမို့ စာဖတ်သူမှာ ဇဝေဇဝါး)

    ReplyDelete
  5. ဘရားသားကြီးတစ်ယောက် ဘာတွေဖြစ်နေပါလိမ့်
    ဘရာသားကြီး ပုထုဇဉ်ဆိုတာ အရူးတွေအကန်းတွေပါပဲနော် ဘာပဲလုပ်လုပ်ပါ နောင်တမရဖူးဆိုဆက်လုပ်ပေါ့ နောင်တရမယ့်အရာဖြစ်မယ်ဆိုရင်တော့ သေချာတယ် ဒီလမ်းကမှားသွားပြီပေါ့ အချိန်တွေနဲ့ရင်းနေရတဲ့ဘဝကြီးမို့  ကိုယ့်ကိုကိုယ်မလှည့်စားတာအကောင်းပဲလို့ မိုးကတော့ယူဆတာပါပဲ။ မိုးတို့ အကိုကြီးတစ်ယောက် စိတ်ရောကိုယ်ပါကျမ်းမာလို့ 
    သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေ...
    ညီမအရင်းခေါက်ခေါက်း)
    မိုး

    ReplyDelete
  6. Actually dont know how to write comment for this post coz I think it will be continued.
    I like the Mae Coe Comment, so nice :)

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်