Tuesday, May 25, 2010

“တောင်တန်းတစ်ခုရဲ့အိပ်မက်”




“တောင်တန်းတစ်ခုရဲ့အိပ်မက်”



မရေရာမှုတွေနဲ့ စနေနဂါး တစ်ဖြစ်လဲ သစ်သားကျားဟာ သက်ဝင်နိုးထခဲ့တယ်
နဂါးတစ်လှည့် ကျားတစ်လှည့် အပူသင့်တဲ့ ကျိန်စာတစ်ခုဟာ.... ငါ.. .တဲ့

ဒေါသတစ်ဝက်.. လောဘတစ်ဝက်နဲ့ သွေးပျက်တဲ့ နေ့ညတွေထဲမှာ
ငယ်ရွယ်ခြင်းတွေဟာ..ခြောက်ခြောက်ချားချား
ငါဟာ... မီးတစ်စ တဲ့လား...


အားကိုးတကြီး ဖက်တွယ်မိတာ...
တစ်ရက်မှာ တစ်ခါသာတဲ့.. နေနဲ့လရဲ့ရင်ခွင်ပေါ့

နေကြတ်တဲ့နေ့ နဲ့ လကွယ်ညတွေမှာ

ငါ့ အိပ်မက်ထဲ လက်ညှိုးပေါင်းအထောင်အသောင်းရှိတဲ့ နတ်ဆိုးတွေကမင်းမူ..

အို.. ငါ့ကို မငြူစူကြပါနဲ့.....

နေနဲ့လအတွက် ငါ အသက်ဆက်ခဲ့တာပါ
နောက်တော့ ငါ့နံဘေးမှာ ကြယ်ကလေးတစ်ချို့
သူတို့...လင်းလက်စေဖို့.....
နဂါးလို ဒေါသ.. ကျားလို လောဘ..
နောက်တော့ ငါ...ဆိုတဲ့ အတ္တတွေ မီးသင်္ဂြိုလ်လိုက်တယ်..
လောကဓံ လှိုင်းတံပိုးတွေကြား... သူတို့ဟာ... ငါ့...ခွန်အား......။


နဂါးတစ်ကောင်လို မာန်တင်း..ထားတယ်...
ကျားကုပ်ကျားခဲ ကြိုးပမ်းတယ်...

နောက်.. သိုးတစ်ကောင်လို ငါ့ကိုယ်ငါ သိမ်မွေ့အောင် ထိန်းကျောင်းတယ်...

ဘဝမှာ.. တန်ဆာဆင်စရာ အလှ မရှိပေမဲ့...

ငါ့တောတောင်တန်းကလေးမှာတော့.. ငါဟာ... ခန်း...နား... လို့

တောကပဲ နက်သလား...
လမ်းကပဲ ကြမ်းသလား.....

တောင်တန်းကပဲ သိပ် မြင့်နေသလား...
သွားရင်း.. နားရင်း..
အဲဒီ...တောင်ထိပ်ဖျားနဲ့...

နီးလာလိုက် ဝေးသွားလိုက်....

ခြေချော်လဲလိုက်.. ထူမတ်လိုက်...

တစ်ခါတစ်ခါ.. အချစ်ဆိုတဲ့ မာယာထောင်ချောက်မှာ.. ငါ ပိတ်မိလား ပိတ်မိရဲ့..
..
ရခဲ့သမျှဒဏ်ရာတွေဟာ.... သင်ခန်းစာတွေ ဖြစ်လိုဖြစ်....
အချစ်ဆိုတာလဲ ဝဋ်နာကံနာ တစ်မျိုးသာ ဖြစ်ခဲ့လေတော့


ချက်ကြိုးဖြတ်တုန်းက.. အမှတ်သည်းခြေပါ.. ပါသွားတဲ့ငါ....

နဂါးတစ်ကောင် ဖြစ်ခဲ့တာလဲ မေ့

ကျားတစ်ကောင်ဖြစ်ခဲ့တာလဲမေ့

အဲဒီလို.. ငါ့ကိုယ်ငါ မေ့... ပစ်ရင်း...
သိုးလေး ဘဝမှာ..... ပျော်မွေ့နေတတ်ခဲ့ရင်း...

ငါခန်းနားရာ တောတောင်တန်းတွေဆီ....
စိမ်းစို နွေးထွေးစေရင်း.....


ငါ့ခြေဖဝါးအောက်မှာ

နတ်ဆိုးကင်းတဲ့ အိပ်မက်တစ်ခုသာ ဖြစ်ထွန်းချင်ခဲ့တယ်...၊

လမ်းဆုံးမှာ...
တောင်တန်းဟာ... ထီးတည်းငြိမ်သက်ဆီးကြိုလို့....။ ။





၂၀၁၀ခုနှစ်
မေလ ၂၅ ရက် အတွက် အမှတ်တရ.....


မေတ္တာဖြင့်
မိုးကုတ်သား











မိုးကုတ်


ရတနာ မြေသြဇာနဲ့မို့
တောင်နေကြာတွေ ၀င်းဝါနေသလိုမျိုး
လမ်းဘေးကျောက်စရစ်ခဲလေးတွေတောင်
အသွေးတကျ လှပနေသလိုမျိုး
ဘုရားသခင်ပေးသနားရာ မြေသားမြေဆိုင်မှာ
အိပ်မက်တွေ အရိုးခံအတိုင်း ရှင်သန်ဖူးပွင့်နေသလိုမျိုး

မြူခိုးဝေေ၀မြင်ကွင်းတွေ
အလွမ်းနဲ့ရင့်ကျက်ယဉ်ပါး နေသလိုမျိုး
အပူပိုင်းဥတုမြေမျက်နှာသွင်ပြင်မှာ
ရာသီကို အချိုးတကျအေးမြနေစေသလိုမျိုး
ဘယ်လောက် ဒဏ်ရာတွေရရ..
သွေးစက်က ပတ္တမြားပွင့်ပြတတ်သလိုမျိုး

လင်းလက်ခြင်း နာမတစ်ခုနဲ့
ခန့်ငြားမှု လည်ဆွဲရတနာ

သူဟာ..
တောတောင်တွေခြံရံထားတဲ့ နန်းတော် မှာ
ငြိမ်းချမ်းတည်ကြည်စွာ..
တော်ဝင်ခမ်းနား နေခဲ့ပေါ့..။



"" အကောင်းဆုံးဆိုတဲ့ ဆန္ဒဆုမွန်များစွာဖြင့်""


မိုးကုတ်ဆန်သော မိုးကုတ်သားအတွက် မွေးနေ့အတွက် အမှတ်တရ



အိန္ဒြာ
(၂၃-၅-၂၀၁၀)


“မဆောင်မယောင်နှင်းဆီရှင်”


အသွယ်သွယ်အလဲ့လဲ့ကန်ရေပြင်လို
သူ့ဘဝလမ်းဟာမငြိမ်မွေ့မကြည်စင်ပေမယ့် ...
ခပ်ဖြောင့်ဖြောင့်ရထားသံလမ်းတွေကိုတော့
သူ့နေ့စွဲကြမ်းကြမ်းတွေက ဖြူး...ဖြောင့်...ဆန့်...ကျင်...လို့...
တိမ်လွှာတောင်တွေမျက်မှောင်ကျုံ့ရင်
သူ့မျက်ဝန်းတွေလက်ဖြာဝေ့ဝဲလာတတ်တယ်
ပုံသေကားချပ် မမတ်တမတ်ရပ်ဝန်းထဲမှာ
နှလုံးအိမ်ဖြူဖြူကို.. သူဆုပ်ကိုင်ထားရင်းနဲ့ပဲ
လှမ်းလင့်ငံ့မောနေတဲ့ သူ့ရဲ့ကြမ္မာရောင်လက်အဆုံဟာ
ကရုဏာရနံ့သစ်တွေသာ တစ်ရက်ပြီးတစ်ရက်တိုးချဲ့စိုက်ပျိုးလို့
မလှပနေ(သေး)တဲ့ မနက်ဖြန်ရဲ့အရုဏ်ဦးလေပြည်ထဲ
သူ ... မစူးမရဲစွာ အနာဂတ်ကိုစုပ်ထွေးခြွေငင်လိမ့်ဦးမယ်။ ။


့ “ဦးဘိုမွေးနေ့အတွက် ညီလေးမှ အမှတ်တရ...”



Craton
(25.05.2010)


22 comments:

  1. အိန္ဒြာMay 25, 2010 at 12:12 AM

    အကောင်းဆုံးဆိုတဲ့ ဆုတွေထဲမှာ
    ဒီနှစ်ထဲ စွံပါစေ ပါတယ်နော်..လူပျိုကြီးးးးးး

    ReplyDelete
  2. ငါ့တောတောင်တန်းကလေးမှာတော့.. ငါဟာ... ခန်း...နား... လို့

    အမြဲတမ်းဒီလိုဖြစ်နေပါစေလို့ ဆုတောင်းပေးပါတယ်

    ReplyDelete
  3. :P
    ဦးဘိုက စွံပါဒယ်ဗျ..။ ဟက်ဟက်
    ဟက်ပီးဘသ်ဒေးးးးး ပါဦးဘို။
    မွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပါစေ။။။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. HaPpY bIRtHdAy ပါ..
    ဒီနေ့ မှာကျရောက်တဲ့ မွေးနေ့ မှသည်...
    နောက်နှစ်ပေါင်းများစွာအထိစိတ်ရောကိုယ်ပါကျန်းမာပျော်ရွင်စွာဖြင့် ချစ်သောမိသားစု. သူငယ်ချင်းမိတ်ဆွေ. ညီအကိုမောင်နှမများနှင့်အတူတူဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  6. လူမှုဝန်ထမ်းစိတ်အပြည့်ရှိသော အများအကျိုးကိုသယ်ပိုးတတ်သော အစ်ကို ဘိုဘို မွေးနေ့မှစ ရာသက်ပန် ပျော်ရွှင်ပါစေ။

    ReplyDelete
  7. အပေါ်ကလူတွေရေးတာတွေ တခုမှ မသိရပါလာ့း

    မောင်ကိုကို

    ReplyDelete
  8. *****HAPPY BIRTHDAY BROTHER ကြီး*****
    ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင်မှုတွေနဲ့အတူသာယာချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ကိုယ်ပိုင်မိသားစုလေးနဲ့ဖြတ်သန်းနိုင်ပါစေရန်တောင်းဆုပြုပါတယ် အကိုကြီးမိုးစက်ကြီးကြီး ဘရားသားကြီးရယ်။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  9. Happy Birthday Ko Bo,

    Wishing you all the best....

    With Peace,
    Zephyr

    ReplyDelete
  10. ဖိုးစိန်ရေးတဲ့ Birthdayပို့စ် ဖတ်ပြီး၊ ၄င်းမှလင့်များလည်း ဖတ်ပြီး...
    ဇွန်ရေးသော Birthdayပို့စ် ဖတ်ပြီး၊ ၄င်းမှလင့်များလည်း ဖတ်ပြီး...

    Happy Birthday!!!

    (စကားစပ်လို့...အမရဲ့ အကို အငယ်ဆုံးက May 21 မွေးနေ့ရှင်...အသက်လေးဆယ်မှ အိမ်ထောင်ကျတာ။
    ဆေးပေးမီးယူ၊ လက်တွဲဖော်၊ ပါရမီဖြည့်ဖက် ..စတဲ့ ကောင်းခြင်းတွေ အားလုံးပြည့်စုံသူလေးနဲ့ပါ။)

    ReplyDelete
  11. သုဒြေ္နMay 25, 2010 at 4:28 PM

    ညီပျော်ရွှင်ပါစေ စိတ်ရောကိုယ်ပါ ကျမ္မာခြင်း ချမ်းသာခြင်း သုခနဲ့ ပြည့် စုံပါစေ ဘေးဘယာဝေးကွာ အောင်မြင်မှုများနဲ့ ပြည့် စုံပါစေ BIRTH DAYHAPPY HAPPY BIRTH DAY လိုအင်ဆန္ဒတွေလဲပြည့် စုံပါစေ ညီ ခင်တဲ့  ကိုကြီး သုဒြေ္န

    ReplyDelete
  12. တတိယ ဆုတောင်းပါ

    ပျော်ရွှင်ပါစေ မွေးနေ့မှာ

    ညီရီနိုမာန်

    ReplyDelete
  13. ဟတ်ပီးဘတ်ဒေး ဦးဘို....
    ချစ်သောမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ
    နေ့ရက်ပေါင်းများစွာကိုဖြတ်သန်းနိုင်ပြီ....
    ဒီဝါကျွတ်အမှီ အမြန်စွံပါစေဗျိုးး)

    ReplyDelete
  14. ပျော်စရာမွေးနေ့လေး ပိုင်ဆိုင်လိုက်ရတယ်ဆိုတာ မောင်နှမတွေရေးထားတဲ့ စာတွေ ဖတ်ကြည့်ယုံနဲ့ သိရပါတယ်... နောင်နှစ်များမှာလဲ ဒီထက်မက ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့များစွာကို ချစ်သော မောင်နှမတွေအပြင် ကြင်နာသူလေးကိုပါ ဘေးနားထား၍ ပိုင်ဆိုင်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ် ကိုဘိုရေ....

    ReplyDelete
  15. မနေ့ကကော့မန့်သွားမရေးရလို့ တိုင်ပင်ထားလို့ ခုမှလာဆုတောင်းပေးရတယ်အကိုတော်ရေ

    Happy Birthday!!!!!!!!!!

    ReplyDelete
  16. ဘာမှမပေးလိုက်ရပေမယ့် ရင်ဘတ်ချင်း ထပ်တူကျ ခဏလေးတွေ့ခွင့်ရလိုက်တာ မမေ့ဘူး ညီဂျောင်ရေ...

    မွေးနေမှစ၍ နေ့စဉ်နေ့တိုင်း အဆင်ပြေပျော်ရွှင်ပါစေ..

    ချစ်ခင်စွာ..

    ReplyDelete
  17. Happy Birthday..........မိုးစက်ကြီးးးးး

    ReplyDelete
  18. မမကောင်း.. ဘယ်လို ခေါ်တာပါလိမ့်.. မိုးစက်ကြီး ဆိုတော့ မီးစက်ကျိုး အဲ့.. မီးစက်ကြိုးး)))

    ReplyDelete
  19. အဲ့ ကိုကိုနော် ညလေးဆီ ကို စာလာ မဖတ်ပဲနဲ့ မိုးစက်ကြီး ကို လာ ဘာသာ ပြန်နေတယ်....အဟက်...:P

    ReplyDelete
  20. မိုးစက်ကြီးရော

    အနော်ကြီးရော

    အပြာကြီးရော


    အင်္ကြီးတွေနော်.

    တယ်လဲပြောချင်ဘူး..


    ဟိဟိ

    ReplyDelete
  21. ဘဝတလျှောက်လုံး သာယာ ပျော်ရွှင် ချမ်းမြေ့ပါစေ
    ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်ပါစေ .. :D

    ချစ်ညီမ :D

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်