Monday, March 22, 2010

“တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ”






“ တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ




ကိုယ်က..
မင်းရဲ့ညတွေမှာ လင်းဖြာခွင့်မရတဲ့ လရောင်

ကိုယ်က..
မင်းရဲ့ကောင်းကင်က ဖယ်ရှားခံရတဲ့ နေ့အလင်း

ကိုယ်က..
မင်း ရှောင်ကွင်းသွားချင်တဲ့ မြစ်တစ်စင်းပေါ့။


အဲဒီလို တငြိမ့်ငြိမ့် စီးဆင်းရင်းး

ကိုယ့် ဈာပနကိုယ်ခင်းကျင်း

ဟော့ဒီ ပြာလွင်လွင်ပင်လယ်ခံတွင်းထဲ

(တစ်စတစ်စ) စိမ့်ဝင်ခါးသက်ခဲ့တော့တယ် ။ ။


မေတ္တာဖြင့်
မိုးကုတ်သား

10 comments:

  1. အိန္ဒြာMarch 22, 2010 at 8:46 PM

    ကိုယ့်ဈာပနကိုယ် ခင်းကျင်းနေမယ့် ပုံကိုမြင်ယောင်ကြည့်တော့ ကြောက်စရာကြီးးးးး
    new moon ထဲက ဇာတ်လိုက်လို
    နှုတ်ခမ်းတွေပြာနောက်နောက် မျက်နှာကဖြူလျော်လျော်...

    သွေးစုတ်ဖုတ်ကောင်ကြီးးးးးလို နေမှာ....း)

    ချစ်ခင်စွာ

    ReplyDelete
  2. လမိုက် ည တွေ


    နေ ကြတ်တဲ့ နေ့တွေ

    တိမ်ကောခြင်းခံရတဲ့ မြစ်တွေ

    ဒီလိုပါပဲ။။။

    ဘဝ ဆိုတာ


    ကိုယ့်ဈာပန မတိုင်ခင်တော့ အတတ်နိုင်ဆုံး ကိုယ့်ဘက်က အကောင်းဆုံးလုပ်ဆောင်ပေးလိုက်ပေါ့။


    တခါတလေ ချိုလွန်းရင် ခါးတတ်တယ်လေ...။


    ဒါကြောင့် မချိုလွန်း မခါးလွန်း။ ပေါ့။


    ဒါဆိုရင် နေတတ်သွားပါလိမ့်မယ်။

    လူပြို ကြီးက တခါတလေ ခံစားချက်သိပ်ပြင်းတယ်နော်။


    ချစ်စွာ


    မျောက်ငို

    ReplyDelete
  3. ကိုယ့် ဈာပနာ ကိုယ်ခင်းတယ်...:O

    ReplyDelete
  4. သက်ပြင်းချမိတယ်။ ခံစားနားလည်မိတယ်။ ကဗျာလေး အရမ်းကြိုက်တာပဲ ။တကယ့်ကို ခဏခဏရွတ်မိနေမိပြီ။

    ReplyDelete
  5. ကိုယ့် ဈာပနကိုယ်ခင်းကျင်း တဲ့ ကြောက်စရာကြီး....

    ReplyDelete
  6. လာပြန်ပြီး တို့ အကိုကြီးကတော့ ဒီအရွယ် ကြီးက
    ကိုယ့် ဈာပနကိုယ်ခင်းကျင်း နေတာလား ဟီးဟီး
    မထင် ကိုယ်မင်္ဂလာ ခန်းမကို ကိုယ်ပြင်နေတာနေမှာပါ။
    စင်္ကပူမှာ ဝန်ဆောင်ခစရိတ်တွေ များလို့ ချွေတာတာနေမှာ
းp :D :0 :)
    ကိုယ်ဘာသာတစ်ယောက်တည်းတော့ဟုတ်ပါဖူး မောင်နှမတွေ နောက်မှာများကြီး ပဲ အကုန်စီစဉ်ပေးမယ်
    မင်္ဂလာခန်းမကိုပြောတာ နော်
    ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ကြပါစေနော်
    မိုး

    ReplyDelete
  7. လာပြန်ပြီး တို့ အကိုကြီးကတော့ ဒီအရွယ် ကြီးက
    ကိုယ့် ဈာပနကိုယ်ခင်းကျင်း နေတာလား ဟီးဟီး
    မထင် ကိုယ်မင်္ဂလာ ခန်းမကို ကိုယ်ပြင်နေတာနေမှာပါ။
    စင်္ကပူမှာ ဝန်ဆောင်ခစရိတ်တွေ များလို့ ချွေတာတာနေမှာ
းp :D :0 :)
    ကိုယ်ဘာသာတစ်ယောက်တည်းတော့ဟုတ်ပါဖူး မောင်နှမတွေ နောက်မှာများကြီး ပဲ အကုန်စီစဉ်ပေးမယ်
    မင်္ဂလာခန်းမကိုပြောတာ နော်
    ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ကြပါစေနော်
    မိုး

    ReplyDelete
  8. gtalk မှာ တင်ကတည်းက ကြိုက်လို့ copy ကူးထားပြီးပြီ :)

    ReplyDelete
  9. ဟွန်းးးး ဦးဦးဘိုဘိုက ဆိုးပါ့...ဈာပန ခင်းကျင်းတာတောင် ဖိတ်ဖော်မရဘူး....

    ဟိဟိ
    ကဗျာလေးက မိုက်တယ်။..

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်