Thursday, October 1, 2009

စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

(အမ မနော်ဟရီ နဲ့ ညီလေး ဇက်တို့ လက်စွမ်းပြထားတဲ့ စိတ်နဲ့မမီနိုင်သောအရပ် ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး ရင်ဘတ်ထဲက ထွက်ကျလာတဲ့ ကဗျာလေးပါ။ အမ မနော်ဟရီဆီမှာ ဒီကဗျာလေး လျှံချထားခဲ့ပြီး အခု ကျနော့် အိမ်လေးထဲမှာ အမှတ်တရအနေနဲ့ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား

13 comments:

  1. စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားနေပေမယ့်
    နှလုံးသားက ပြောနေတဲ့စကားက အလင်းအဟုန်လို
    လျင်မြန်စွာ ရောက်ရှိကြားနာနိုင်မှာပါ...။

    တုန့်ပြန်မှုမဲ့ပေမယ့် မျှော်လင့်ချက်များနဲ့
    နှလုံးသား တံခါးကိုခေါက်
    ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်နေမိအုံးမှာပဲ...

    အလင်းတွေရဖို့မမျှော်လင့်ဘူး
    ဂီတသံကို နားဆင်ဖို့ ကြိုးလဲမညှိ ချင်ဘူး..
    အသံတွေရဲ့တိတ်ဆိတ်ခြင်းကိုလဲ မလိုချင်ဘူး...
    တရားလဲ မရချင်ဘူး...
    လိုနေတာတစ်ခုက စိတ်ကိုနားလည်နိုင်မယ့်
    စိတ်စွမ်းအင်တစ်ခုကိုပဲ ရစေချင်ခဲ့တာပါ...

    နားလည်သလို ထပ်ဆင့်ခံစားသွားပါတယ်

    ဘာဖြစ်ဖြစ် မကြီးနဲ့ ဇက်တို့ရဲ့ ကဗျာလေးကြောင့်
    ကိုမောင်ဟန်ကဗျာလေးတစ်ပုစ်ဖြစ်လာတာပေါ့...

    ဖတ်လို့ကောင်းတယ်...

    ချစ်ခင်ခြင်းများစွာဖြင့်

    မျောက်မျောက်

    ReplyDelete
  2. အမှတ်တရပါပဲ။

    ReplyDelete
  3. ကဗျာလေးကောင်းပါ၏

    ReplyDelete
  4. ကဗျာကောင်းလေး လာဖတ်တယ်။ ဘာမှ မပြောတော့ဘူးနော်။

    ReplyDelete
  5. စိတ်နှင့်မမီနိုင်သောအရပ်
    ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်..

    ReplyDelete
  6. တိတ်ဆိတ်ခြင်း ခင်တန်းမှာ
    ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

    အဲဒီနေရာလေးက ကိုရင်နော် မန့်သွားတဲ့စာကြောင်းလေးနဲ့ ပိုလှလို့ ပြင်ထားလိုက်ပါတယ်။
    ကျေးဇူးတင်ပါတယ် ကိုရင် ရေ့။

    စိတ်နဲ့မမီနိုင်သောအရပ် မှာ
    ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

း-)

    ReplyDelete
  7. ကဗျာကောင်းကို နှစ်ခြိုက်စွာ ရွတ်ဆိုမိပါတယ်။

    ခင်မင်ခြင်းများနှင့်
    တလနွန်

    ReplyDelete
  8. အကို့ ကဗျာလေးက ကောင်းပါတယ်..

    ReplyDelete
  9. စိတ်မမှီနိုင်တဲ့ အရပ်တစ်ခုကို..

    စိတ်နဲ့ထွက်လာခဲ့လိုက်တဲ့...

    စိတ်ချည်းသက်သက်ခရီး...တစ်ခု..။

    စိတ်နဲ့တော့ ရောက်ခွင့်ရနိုင်မယ်..

    ယူဇနာ..အကွာအဝေး...
    ရေခံမြေခံ..အပိုင်းအခြား
    ရာသီဥတု...ယဉ် ယန္တရား
    ဗီဇာနဲ့
    အချိန်နာရီ ငဲ့ကွက်စရာမလိုတဲ့..စိတ်ဟာ..

    အချိန်မရွေး..ခရီးသွားပါပဲ...

    ရောက်ခဲ့ပါလိမ့်မယ်...

    စိတ်နဲ့ဖြစ်ဖြစ်ပေါ့....

    ReplyDelete
  10. အစ်ကိုရေ..ကဗျာလေး ကြိုက်လိုက်တာ။ အဲဒီမှာ ရေးသမျှ ကဗျာအားလုံးကြိုက်တယ်...

    ReplyDelete
  11. ကိုဘိုရေ..

    ခရီးတွေ အတော်ကို ဆန့်မိပြီလား
    ......................

    ငါ့ကိုငါ တရားပြနေပြီလား
    အဲလိုဆို ခေါ်ဗျာ..

    လိုက်ခဲ့မယ်..

    ပျော်ရွှင်ပါစေ။

    ReplyDelete
  12. စိတ်နဲ့မမှီနိင်သောအရပ် တဲ့လား လှလိုက်တဲ့ စကားလုံး လေးတွေပါပဲ ချစ်ကိုရေ။

    အလင်းတွေမျှားဘို့ အသံတွေမြုံးထောင် ..... ဘယ်လို ညွှတ်ပျောင်းမှုမျိုးနဲ့ ဒီလို ဖွဲ့နိင်ခဲ့တာလဲ။

    စိတ်နဲ့မမှီနိင်တဲ့အရပ်ကို ခံစားချက်အာရုံတွေနဲ့ပဲ ဖြန့်ကျက်ခွင့်ရှိမှာလားးး။

    အဲဒီအရပ်မှာ.............

    ReplyDelete
  13. အခုတလော လက်ရာတွေ ကောင်းနေတယ်။ ဒါနဲ့ဆို မှတ်ထားတာ နှစ်ပုဒ်ရှိသွားပြီ။

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်