Friday, August 28, 2009

သံယောဇဉ်



ဒီရက်ပိုင်း အလုပ်လေး နဲနဲ ရှုပ်နေတဲ့အတွက် စာတွေလဲ မရေးဖြစ်၊ အသစ်လဲ မတင်နိုင်သေးပါဘူး။
Tag ကြွေးတွေလဲ အမြန်ဆုံး ရေးပေးပါ့မယ်ခင်ဗျာ။ ကိုရွာသားလေး Tag တဲ့ ရင်ထဲက ပန်းလေးတစ်ပွင့် အကြောင်းက ရေးနေလက်စ၊ မပီးသေးပါဘူး။ ဖွားမေ့ (အဲလေ) မက်မက် ပြောပြခိုင်းထားတဲ့ အချစ်အကြောင်းဆိုတာကတော့ ခေတ္တ သည်းခံပေးပါအုံးလို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်။ မခင်လို့၊ အလေးမထားလို့ မရေးတင်ပေးသေးတာ မဟုတ်မှန်းလဲ နားလည်နိုင်ကြမယ် မျှော်လင့်ပါတယ်။
လာလည်ကြတဲ့ မိတ်ဆွေတွေ ဖတ်ဖို့ ကျွန်တော် ကြိုက်လို့ သိမ်းထားဖူးတဲ့ နေဆူးသစ် ရဲ့ ကဗျာလေးတစ်ပုဒ်နဲ့ ဆားချက် (ဟုတ်ပါဘူး) မျှဝေ ခံစားလိုက်ပါတယ်။





သံယောဇဉ်*




အိပ်မက်လို ပျောက်သွားခဲ့ရင်

ရယ်မောဟားတိုက်ပစ်လိုက်ချင်ရဲ့

အဲ့ဒီကြိုးနှစ်ချောင်းပူး.. ကျစ်ဆံမြီးကိုပဲ

အပ်ပေါက်ထဲ ဖြည့်စွက်ထည့်နေခဲ့ကြ...။


စက္ကူဖြူတွေလောင်ကျွမ်းသွားတဲ့မီး၊

ပြာမှုန်ဖြန့်ကျက်ဧကများ

ခဏခဏ ရေးချွတ်ခဲ့တဲ့အမှားတွေလေ...။


အတိုင်းအဆသက်သက်

အရည်အသွေးသက်သက်

ပိုင်းခြားဖို့ မဖြစ်နိုင်တဲ့

သတ်ပုံကလည်း အများသား...။


လက်ဖ၀ါး၊ ခြေဖ၀ါး၊

ပြီးတော့...

နှလုံးသား

အားလုံးကို တီးခေါက်ကြည့်မိခဲ့

သံစဉ်လှလှလေးတွေ ထွက်မထွက်...။


ချိတ်နှစ်ချောင်းနဲ့ မညီမျှ

အဓမ္မဖိစီးတဲ့ ၀မ်းတွင်းနာက

ရင်အုံတစ်ခုလုံးကို

ပြောင်းပြန်လှန်ပစ်နေတော့တယ်...။ ။



(နေဆူးသစ်)


ဓာတ်ပုံလေးကို ဒီကယူပါတယ်ဗျာ။
Photo Credit to....


မေတ္တာဖြင့်
မိုးကုတ်သား

15 comments:

  1. ကိုဘို...

    အဲဆွဲကြိုးလေးလိုချင်တယ်.. ချစ်စရာလေး ..:)

    ReplyDelete
  2. နေဒေးသစ်August 28, 2009 at 2:59 PM

    စာသားရယ်
    ပြောပြချင်တဲ့အကြောင်းအရာရယ် ..
    ရုပ်ပုံက ပြောပြနေတဲ့ သံစဉ်တွေရယ်
    အကြောင်းအရာ မိမိ ချိတ်ဆက်ထားနိုင်တော့
    အံ့သြရတယ် ..

    နေဒေးသစ်။

    ReplyDelete
  3. ဟုတ်တယ်...စာသားရယ် ရုပ်ပုံလေးရယ် တွဲဖတ်လိုက်တော့ မိုက်သွားတယ်...။

    ReplyDelete
  4. လည်တယ် ၊၊ ဖတ်တယ် ၊၊ ကြည့်တယ် ၊၊ ပြီးတော့ ခံစားသွားပါတယ် ၊၊

    ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  5. သံယောဇဉ် အတိမ်အနက်

    ငိုကြွေးခြင်း ၊ မငိုကြွေးခြင်းသည်

    မျက်ရည်များနှင့် မသက်ဆိုင်

    နှောင်ကြိုးရှိခြင်း ၊ မရှိခြင်းသည်

    ချစ်ခြင်းတရားနှင့် မသက်ဆိုင်

    တကယ်ဆိုရင်
    ချစ်ခြင်းတရား တွေအတွက်

    သံယောဇဉ်ပန်းလေးတွေ လန်းဆန်းနေမှ ကောင်းမှာပေါ့....


    ချစ်တဲ့

    ညီ

    ReplyDelete
  6. ကောင်းကင်ရိပ်ထဲက ကဗျာ
    တခါတခါ သတိရတိုင်းရွတ်မိတတ်တဲ့ကဗျာ
    စာအုပ်တွေထဲလည်းထည့်ရေးဖူးတဲ့ ကဗျာ
    (ကဗျာဆရာမကြားစေနဲ့သိလား)း)

    ReplyDelete
  7. အော် သံယောဇဉ် ...သံယောဇဉ် ...သံယောဇဉ်ဆိုတာ ရှိတယ်း)

    ReplyDelete
  8. ချစ်ကိုရေ ကဗျာလေးဖတ်သွားတယ် ..။

    သံယောဇဉ် ဆိုတာ အခိုင်ဆုံးကြိုးတချောင်းနဲ့တူပါရဲ့...။

    ReplyDelete
  9. သံယောဇဉ်တဲ့လားဗျာ။
    ကိုလေးဖြူကတော့
    သံယောဇဉ် လူကိုအရူးတပိုင်းဖြစ်စေတယ်တဲ့။
    အင်း သံယောဇဉ်...........
    ကဗျာလေး ကောင်းချက်။

    ReplyDelete
  10. ကောင်းလိုက်တဲ ကဗျားလေး...
    မမီး ကြိုက်ပေမယ့်
    အဲ့ဒီကဗျာလေးကို မကူးသွားဘူး.. နောက်တစ်ကြိမ်လဲးပြန်မဖတ်တော့ဘူး...

    ReplyDelete
  11. ကိုမိုးကုတ် ရေးလိုက်တိုင်း တကယ်ကို နူးနူးညံညံလေးနဲ့ စိတ်ထဲ တသိမ့်သိမ့်ဖြစ်အောင် ရေး
    နိုင်တယ်။ တော်လိုက်တာ။
    သံယောဉ်ဇဉ်ဆိုတာ တကယ်ကို ဆန်းကြယ်ပါတယ်လေ။

    ReplyDelete
  12. ကဗျာလေးဖတ်ကာခံစားသွားတယ်။ တဂ်ပို့စ်လေးတွေလည်း ဖတ်ချင်သဗျ။ မြန်မြန်ရေးပါဗျာ

    ReplyDelete
  13. အစ်ကိုရေ...မျှဝေပေးတဲ့ ကဗျာလေးလည်း ဖတ်သွားပါတယ်။ စာသစ်လေးလည်း မျှော်နေတယ်နော် =)

    ReplyDelete
  14. အစ်ကိုရေ...မျှဝေပေးတဲ့ ကဗျာလေးလည်း ဖတ်သွားပါတယ်။ စာသစ်လေးလည်း မျှော်နေတယ်နော် =)

    ReplyDelete
  15. ကဗျာလေးကို ခံစားသွားပါတယ်..

    မက်မက် ပြောပြခိုင်းထားတဲ့ အချစ်အကြောင်းဆိုတာ မပြောသေးတာ ပုံမှန်တော့ မဟုတ်ဘူး.. အကြောင်း တစ်ခုခုရှိရမယ်..း))

    ချစ်ခင်စွာဖြင့်..

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်