Wednesday, January 13, 2010

ဘဲငန်းတစ်ကောင်ရဲ့ စိတ်

ဆောင်းဦး ရာသီတွေမှာ တောင်ဘက်ကို ဦးတည်ပြီး ပျံသန်းနေတဲ့ ကျွန်တော်တို့အုပ်စုကို တွေ့ရင် သတိထား ကြည့်မိကြ၊ တွေးမိကြလား မသိဘူး။ ကျွန်တော်တို့က 'V' ပုံသဏ္ဌာန် ပျံသန်း နေကြတာလေ၊ ကျွန်တော်တို့ ဘာလို့ အဲ့ဒီလို ပျံသန်း နေကြတာလဲ။ သိပ္ပံနည်းကျ ပြောမယ် ဆိုရင်တော့ ငှက် တစ်ကောင် ချင်းစီက တောင်ပံခတ်လိုက်တိုင်း သူ့ အနောက်က လိုက်ပါလာတဲ့ ငှက်တွေကို အလွယ်တကူ ပျံသန်းနိုင်မဲ့ အားအဟုန်တွေ ဖြစ်စေတယ်။ အဲ့ဒီလို V ပုံသဏ္ဌာန် ပျံသန်းတဲ့အခါမှာ ငှက်တစ်အုပ်လုံးရဲ့ ပျံသန်းမှု နှုံးဟာ ငှက်တစ်ကောင် ချင်းစီ ပျံသန်း တာထက် ၇၁ ရာခိုင်နှုံး ပိုပြီး ခရီး ရောက်စေတယ်။
အသင်းအဖွဲ့စိတ် အပြည့်နဲ့ အတူတကွ ခရီးသွားကြမယ်၊ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု အပြည့်နဲ့ ကူညီ စောင့်ရှောက်ကြမယ်ဆိုရင် လိုရာပန်းတိုင်ကို မြန်မြန် ရောက်နိုင် တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ ထဲက တစ်ကောင်ကောင်က ဖွဲ့စည်းမှု ပုံသဏ္ဌာန် (formation) ထဲကနေ အပြင် ရောက်သွားပြီဆိုရင် ပျံသန်းရာမှာ ခက်ခဲ လေးလံမှု၊ နှေးကွေးမှုတွေကို ချက်ချင်း ခံစားရတတ်တဲ့ အတွက် ငှက်အုပ်ထဲကို အမြန် ပြန်ဝင် ပေါင်းစည်းပြီး ရှေ့က ခေါင်းဆောင်ငှက် ဆီက ရတဲ့ မြှင့်တင်ခြင်း စွမ်းအား (lifting power) အထောက်အပံ့ကို ရယူ အားပြုပြီး ပျံသန်းကြတယ်။ ကျွန်တော်တို့က စုစည်းညီညွတ်စိတ် ရှိကြမယ်ဆို သွားရာ၊ ဦးတည်ရာချင်း တူတဲ့ သူတွေနဲ့ အတူသွားရင် ပိုမြန်လိမ့်မယ် ဆိုတာ နားလည်ကြတယ်။
ထိပ်ဆုံးကနေ ဦးဆောင် ပျံသန်းနေတဲ့ ဘဲငန်းက မောလာပြီဆိုရင် အုပ်စုရဲ့ နောက်တောင်ပံ ဘက်ဆီ ဆုတ်သွားပီး တခြား ငှက်တစ်ကောင်က အဲ့ဒီနေရာကို အစားထိုး နေရာယူပြီး ပျံသန်းကြတယ်။ တာဝန်ကို အလှည့်ကျ ယူကြပါတယ်။ ဒါဟာ စဉ်းစား ချင့်ချိန်မှုတွေနဲ့ ၀ီရိယအထူးစိုက်ထုတ်ပြီး စိတ်ရောကိုယ်ပါ ပါဝင် လှုပ်ရှားကြတဲ့ ကျွန်တော်တို့ တစ်တွေရဲ့အသင်းအဖွဲ့ စုစည်းမှုပဲပေါ့။
ကျွန်တော်တို့တစ်တွေဟာ ရှေ့က ဦးဆောင် ပျံသန်းနေတဲ့ ငှက်ကို ခွန်အား အပြည့်နဲ့ ပျံသန်းနိုင်ဖို့ နောက်ကနေ ဟစ်အော် အားပေးကြတယ်။ သင်တို့ ရော အနောက်ကနေ ဟစ်အော် ကြတဲ့အခါ ဘာတွေများ အားပေးစကား အဖြစ် ပြောကြ ဖူးပါသလဲ။
V ပုံသဏ္ဌာန် ပျံသန်းခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးက ကျွန်တော်တို့ တစ်တွေ အားလုံး တစ်ကောင်နဲ့ တစ်ကောင် မြင်နေနိုင် တယ်လေ။ ဒီတော့ အုပ်စုထဲက တစ်ကောင်ကောင် အနောက်မှာ ပြတ်ကျန်ခဲ့တာ၊ အကူအညီ လိုအပ်တာရှိရင် အလွယ်တကူ သတိထားမိ နိုင်တာပေါ့။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်က ကျွန်တော်တို့ အုပ်စုထဲက တစ်ကောင်ကောင်ဟာ နာမကျန်းလို့၊ ပင်ပန်းလို့ပဲ ဖြစ်ဖြစ်၊ သေနတ်နဲ့်ပစ်ခံရလို့ ဒဏ်ရာရ သွားတာပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းမှု ပုံသဏ္ဌာန်ထဲက အပြင်ကို ရောက်သွားတဲ့အခါ တစ်ခြား ဘဲငန်းနှစ်ကောင်က အုပ်စုထဲက ခွဲထွက်ပီး အဲ့ဒီငှက်ကို အကူအညီပေး ကာကွယ်ကြတယ်။ သူတို့က အဲ့ဒီဘဲငန်း ခွန်အားပြည့်လို့ ပျံသန်းလာနိုင်တဲ့အထိ၊ ဒါမှမဟုတ် သေဆုံးသွားတဲ့အထိ အတူတူ ရှိပေးကြတယ်။ နောက်မှ သူတို့ဖာသာ ဆက်လက် ပျံသန်းပြီး၊ ဒါမှမဟုတ် တခြား ငှက်အုပ်တွေနဲ့ ပေါင်းစည်းပြီး သူတို့ အုပ်စုဟောင်း ရှိရာကို မှီအောင် လိုက်ပါ ပျံသန်း သွားကြတယ်။
ဒါဟာ teamwork လို့ခေါ်တဲ့ အသင်းအဖွဲ့ ပေါင်းစည်းလုပ်ရှားမှုနဲ့ ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးကို အမြန်ဆုံး၊ အထိရောက်ဆုံး အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ပဲပေါ့။

"Coming together is a beginning.
Keeping together is progress.
Working together is success. "
~ Henry Ford

"Teamwork divides the task and multiplies the success. "
~ Unknown


"Talent wins games, but teamwork and intelligence wins championships. "
~ Michael Jordan

A SENSE OF A GOOSE ကို ခံစား ရေးဖွဲ့ပါသည်။
မိုးကုတ်သား

13 comments:

  1. အရမ်းကြိုက်တယ် ဗျို့

    ReplyDelete
  2. ခိုက်တယ်ဗျို့......... ငှက်လေးတွေတောင် အဲ့လို ပျံသန်းနိုင်သေးရင်....နောင့် တို့ကရော..... ??.. ရှေ့က ငှက်တွေ ခွန်အား အပြည့်နဲ့ ပျံသန်းနိုင်ဖို့ နောက်ကနေ...ဟစ်အော် အားပေးနေပါ့မယ်... :))

    ReplyDelete
  3. ကြိုက်တယ်ဗျာ.... စည်းလုံးခြင်းသည် အင်အားပေါ့. နောင့်လိုပဲ အားပေးနေပါတယ်။ မောပန်းတဲ့အခါ ရှေ့က တောင်ပံခတ်ပေးမယ်။ နာမကျန်းရင် တွဲခေါ်မယ်။ မခွဲခွါခင်အထိအတူရှိနေပေးးမယ်။။။။။။။

    ReplyDelete
  4. ရသမြောက်တဲ့ အရေးအသားတွေကို နှစ်သက်ပါတယ်
    ဇွဲလုံလမလျှော့ပဲ အားအင်တွေကိုပြုလို့ ဆက်လက် ချီတက်နိုင်ပါစေ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. This post shows the importance of being harmonization in successful team work. Good one!

    ReplyDelete
  6. အလွန်ကောင်းတဲ့ အကြောင်းအရာအဖွဲ့လေးပါပဲခင်ဗျာ..
    သဘောကျနှစ်ခြိုက်မိပါရဲ့

    We all work together, we all win together.

    ကျနော်တို့မှာ အဲဒီအချက်တစ်ခုတော့ဖြင့် လိုအပ်နေတယ်လို့ ထင်မိပါတယ်။

    အခုလို အကောင်းဆုံး ဆက်လက်ကြိုးစားရေးသားသွားနိုင်ပါစေ အကိုရေ..

    ReplyDelete
  7. Very good post!
    I like it.

    ReplyDelete
  8. ကောင်းတယ် အစ်ကိုရေ... ငှက်တွေ ဘာကြောင့် ဗွီ ပုံသဏ္ဍာန်ပျံသန်းလဲဆိုတာကို သိလိုက်ရတယ်.. ကျေးဇူး.. စည်းလုံးမှုရဲ့ အကျိုးကျေးဇူးတွေပေါ့နော်..။

    ReplyDelete
  9. အရင်တုန်းကတော့ သိန်းငှက် တစ်ကောင်လို လေဟုန်မှာ တစ်ကောင်းတည်းပျံဝဲပြီး မြေပြင်ပေါ်က အစာတွေကို ထိုးသုတ်ရတဲ့ အရသာကို အရမ်းကျေနပ် ဂုဏ်ယူမိတယ်... တစ်ယောက်တည်းပေါ့.. ရဲရင့်တယ်.. ပြတ်သားတယ်.. စွန့်စားတယ်..


    ခုတော့ ကောင်းကင်ကြီး အရောင်ပြောင်းသွားတယ်လားမသိ... အသင်းအဖွဲ့ ဆိုတဲ့ ဘာသာဗေဒကို နားလည်လာမိတယ်..

    ခုတော့ ဦးတည်ရာချင်းတူညီတဲ့သူတွေ နဲ့ ခရီးတစ်ခု ကို အမြန်ဆုံးရောက်ဖို့ စုပေါင်းအင်အားနဲ့ ပျံသန်းရမယ် ဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံ မိသွားပါပြီး..

    ခုလို မောင်နှမတွေ တစ်စုတစ်စည်းထဲ ရှိနေတဲ့ အချိန် မှာ ဒီစာလေးကို ချက်ကျလက်ကျ ၊ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ သတိပေး တာကို ကျေနပ် အားကျ ဂုဏ်ယူပါတယ်..

    အမြဲတမ်းတွက် ဒီမောင်နှမတွေ စုစည်းနေသ၍ ဒီပိုစ့်လေးက အထောက်အကူ ပြု မြင်ယောင်မိမှာပါ..

    အပေါ်က ညီအကိုမောင်နှမတွေ ပြောခဲ့ကြသလိုပဲပေါ့...

    အမြဲတမ်းစည်းလုံးချစ်ခင်ပါစေ..

    ပိုစ့်ကို ဘာသာပြန်ရေးတဲ့ ကိုမောင်ဟန်လဲ ကျန်းမာ ချမ်းသာပါစေတော်...

    ချစ်တဲ့

    မျောက်ငို

    ReplyDelete
  10. အရမ်းသဘောကျ နှစ်ခြိုက်မိပါတယ်

    ReplyDelete
  11. ရေးထားတာ ကောင်းတယ် ဗျို့ .. !

    ReplyDelete
  12. ကောင်းပါလေ့ ဦးဦး။ အသိတချို့ ရသွားပါတယ်။

    ReplyDelete
  13. စာလေးတိုတိုလေးနဲ့ ကောင်းလိုက်တာ အစ်ကို။ အခုလို ငှက်ပျံတဲ့အကြောင်းလေးပါ သိရလို့ ကျေးဇူး။

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်